I have read about " MIBA KYAY SUU ",thank for your message,best regds
ဦးလောကနာထ: ဝမ်းသာပါတယ် ဒကာမကြီး Ma Thuzar Thwin ရေ... လွယ်ကူစွာနဲ့ ဆောင်ရွက်နိုင်ပါစေ...
13 Oct 09, 15:06
အောင်ဦး: မပြုကောင်းတဲ့ကုသိုလ် ရှိပါသလားဘုရား .. အမေးအဖြေသည် သာသနာအတွက် များစွာကျေးဇူးကြီးမားပါတယ် ဘုရား။ တပည့်တော်ကို လာမေးထားတဲ့ မိတ်ဆွေတဦးကိုလည်း အခု အမေးအဖြေနဲ့ ပြောပြလိုက်ပါမယ်ဘုရား။ ကျန်းမာစေဘုန်းဘုန်း။
ဦးလောကနာထ: ဒကာလေး အောင်ဦး ရေ... ကောင်းပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
13 Oct 09, 07:21
အလှတရား: ရောက်ပါတယ်ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး အလှတရားရေ... စောင့်ရှောက်နိုင်ပါစေ...
13 Oct 09, 02:05
ဂျေဂျူဝိုင်: အလည်ရောက်ခဲ့ပါတယ်ဘုရား
ဦးလောကနာထ: ဒကာလေး ဂျေဂျုဝိုင်ရေ... စိတ်ချမ်းသာပါစေ...
13 Oct 09, 00:10
thandarsoe: ကျေးဇူးတင်ပါတယ်ဘုရား....သံသရာမှ လွတ်မြောက်နိုင်ပါစေ။
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး thandarsoe ရေ... စိတ်ချမ်းသာစွာနဲ့ ခန္ဓာ့ဝန်ကို ထမ်းနိုင်ပါစေ...
11 Oct 09, 23:09
uzin: ဘုန်းဘုန်းအဖြေကို ထပ်တူထပ်မျှ သဘောကျ လက်ခံပါတယ်ဘုရား။ ဘုန်းဘုန်းတို့လို သာသနာ့ခံတပ်ကြီးတွေ ရှိနေသေးတဲ့အတွက် သာသနာတော်အတွက် ၀မ်းမြောက် ဂုဏ်ယူမိပါတယ် ဘုရား၊ ဘုရားရှင်၏ ဓမ္မအလံတော်ကိုဆက်လက်လွှင့်ထူနိုင်ပါစေ
ဦးလောကနာထ: မြတ်ဗုဒ္ဓသာသနာအတွက် ကြိုးစားသွားပါ့မယ် uzin... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေဘုရား...
10 Oct 09, 21:29
thandarsoe: ဦးဇင်းဘုရား အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဘုရား....... သာသနာဆက်လက်ပြုနိုင်ပါစေ။ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ။ ဦးဇင်းဘုရား... တပည့်တော်က ပညာဒါနကျောင်းမှာ မအားလပ်တဲ့ကြားက သင်ပေးမယ်လို့ ရည်စူးပြီး သွားတာပါဘုရား။ တစ်ပတ် နှစ်ပတ် လောက်တော့သွားခဲ့ပါတယ်ဘုရား.... နောက်တော့ စာကို သိပ်လိုချင်မှု မရှိတဲ့ ကျောင်းသားတွေ ဖြစ်နေတော့ တပည့်တော်ရဲ့ ဒါနလုပ်ချင်စိတ်က ပျောက်သွားပြီး မသွားတော့တာပါဘုရား.... မဟုတ်မမှန်ပြောဆိုလိုသော စိတ်တော့ မရှိပါဘူးဘုရား.... တပည့်တော် စိတ်ထဲမှာတော့ မကောင်းဖြစ်ရပါတယ် ဘုရား။ ဦးဇင်းအနေနဲ့ ဝေဖန်သုံးသပ်ပေးပါဘုရား... ကျေးဇူးတင်ပါတယ်ဘုရား.... စိတ်ချမ်းသာပါစေ။
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... မဟုတ်မမှန် ပြောဆိုလိုသောစိတ် မရှိတဲ့အတွက် ဝမ်းသာပါတယ်... စေတနာလည်း ကောင်းပါတယ်... ပညာ မလိုချင်တဲ့ တပည့်တွေဆိုတော့ စိတ်ပျက်မယ်ဆိုလည်း ပျက်စရာပါ... ကုသိုလ်ဆိုတာကတော့ ရခဲတယ်လေ... ခက်ခဲမှုမရှိရင်တော့ ကြိုးစားကြည့်ဦးပေါ့... ကိုယ်ပြုတာ ကိုယ့်ကုသိုလ်ပါ... ယူတာမယူတာက သူ့အပိုင်းပေါ့... ဒီလိုလေး သဘောထားကြည့်လိုက်ရင် လုပ်ချင်စိတ်ကလေး ပြန်ပေါ်လာပါလိမ့်မယ်... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
10 Oct 09, 19:11
shwebo: အသစ်တင်တိုင်းမေးလ်ပို့ပေးပါခင်ဗျာ
ဦးလောကနာထ: shwebo ရေ... သီသန့်ကြီးတော့ ဖြစ်နေတယ်... ကြိုးစားကြည့်ပါ့မယ်... မေ့နေလို့မပို့ဖြစ်ရင် သည်းခံပါ... ပို့ပေးရမှာကို ဝမ်းသာပါတယ်... စိတ်ချမ်းသာပါစေ...
10 Oct 09, 03:40
sankooo: အထက်မှာရေးထားတဲ့ အရှင်ဆန္ဒာဓိကဆိုတာ ရွှေပါရမီဆရာတော် မဟုတ်ပါ ဂရုတစိုက် ရေးကြပါဗျာ. အထင်လွဲမှားစရာတွေဖြစ်တယ်။ အရှင်ကောသလ္လဟောတာ ထေရ၀ါဒစစ်စစ်တွေလို့ ထင်တယ် သူဟောတာတွေ သာသနာသန့် ရှင်းအောင်ဟောနေတာပဲ..
10 Oct 09, 10:57
shweso: မှန်ပါတယ်၊ သာသနာကို ရှင်းအောင် လုပ်ပေးနေတာပါ။ ဟီး ဟီး
ဦးလောကနာထ: ဒကာလေး sankooo ရေ... ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ ဟောတာတွေ အကုန်လုံး မှားတာ မဟုတ်ဘူးလို့တော့ ထင်တာပဲ... စွဲချက်တင်တဲ့ဆရာတော်တွေကလည်း အကုန်မှားတယ်လို့တော့ ပြောတာ မတွေ့ရသေးဘူး... တချို့ဟာတွေ မှားတယ်လို့တော့ ပြောနေပြီပေါ့... ဆရာစဉ်ဆက်ကလည်း လူသေလူဖြစ် ရှင်ဥက္ကဋ္ဌရဲ့ မြေးမြစ်လို့ ဆိုနေကြတယ်... အရင်တုန်းကတော့ မသိပါဘူး ခုမှသိရတာ... ဆရာတော် အနေနဲ့ မဟုတ်ဖူးဆိုရင်တော့ သာသနာအတွက် အမှန်တရားတွေ ဖြေရှင်းပေးနိုင်ပါစေလို့ မေတ္တာပို့ရမှာပါပဲ... ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ...
ဦးလောကနာထ: ဒကာလေး shweso ရေ... ဆရာတော်က သာသနာတော်ကို ဘယ်လိုများ ရှင်းအောင် လုပ်ပေးတာလည်း မသိဘူး... စကားကြီးကလဲ... ဟိုလိုလို ဒီလိုလိုနဲ့... ဟီး ကလည်းပါသေး... စိတ်ချမ်းသာကြပါစေလေ...
10 Oct 09, 02:53
uzin: ဘုန်းဘုန်းဘုရား ဖုန်းဖြင့် ဒေသနာကြားသော် အာပတ်မှ ထ မထ ကျမ်းကိုးဖြင့် ဖြေကြားပေးသနားတော်မူပါဘုရား။
ဦးလောကနာထ: uzin ရေ... ဒေသနာပြောသူက သိမ်အတွင်းက ဒေသနာခံသူက သိမ်အပြင်က ဆိုလျှင်တောင် ဒေသနာပြောမှု အထ,မမြောက်ပါဟု... (ပရိဝါဘာသာဋီကာ၊၂၂၇။ ခုဒ္ဒသိက္ခာဘာသာဋီကာ၊ ၅၀၀-၅၀၁။) ဆိုထားသည့်အတွက် ဖုန်းဖြင့် ဒေသနာကြားသော် အာပတ်မှ မထနိုင်, မပြေနိုင်ဟု တပည့်တော်ယူပါသည်... တစ်ချို့သော ဘုန်းကြီးများ ဤသို့ ပြုကျင့်နေသည်ဟု ကြားရပါတယ်... တပည့်တော်မနှစ်သက်ပါ... မြတ်ဗုဒ္ဓသာသနာကို ပေါ့ပျက်စေသည်ဟု ထင်မှတ်မိပါတယ်... ဆွမ်းကပ်သည့် ကိစ္စလေးတောင် နှစ်တောင်ထွာအတွင်းမှာ ဖြစ်ရမယ်လို့ ဆိုထားသည့်အတွက် မသင့်သော အလုပ်များကို ဘုရားသားတော်များ ဆင်ခြင်သင့်ပါသည်...
ဒေသနာကြားလျှင် နောင်မလုပ်တော့ပါဟု အာမဘန္တေ ခံရသည့်အတွက် နောင်လုပ်ဦးမည့် စိတ်ရှိနေပါကလည်း မသင့်တော်ဟု ယူဆမိပါတယ်...
ကျမ်းညွှန်းကို ရှာဖတ်ဖို့ တိုက်တွန်းလိုက်ပါတယ် အရှင်ဘုရား...
အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့စွာနဲ့ သာသနာပြုနိုင်ပါစေ...
7 Oct 09, 20:33
ဇာဏီထက်: ပရိယတ် ပဋိပတ် သာသနာတော် အကြောင်း သိချင်ပါတယ်ဘုရား။ ဘာကြောင့် သူများပေါ် မကောင်းကြံမှုက မိမိပေါ် ပြန်လာရတာလဲဘုရား။ သိချင်လို့ပါဘုရား။
ဦးလောကနာထ: ဒကာလေး ဇာဏီထက် ရေ... မြတ်ဗုဒ္ဓသာသနာက သုံးရပ် သုံးမျိုးခွဲပါတယ်... ပရိယတ်... ပဋိပတ်... ပဋိဝေဓ,ရယ်ပေါ့... ပရိယတ်ဆိုတာကတော့ မြတ်ဗုဒ္ဓ ဟောဖေါ်ညွှန်ကြားခဲ့တဲ့ တရားတော်တွေ အဆုံးအမတွေကို သင်ကြားခြင်း သင်ပေးခြင်း နာယူခြင်း လေ့လာခြင်းစသည်ပေါ့... ပဋိပတ်ဆိုတာကတော့ သင်ယူလေ့လာထားတဲ့ အဆုံးအမတွေအတိုင်း ရှောင်သင့်တဲ့ တရားတွေကိုရှောင် ဆောင်သင့်တဲ့ တရားတွေကိုဆောင်... မကောင်းမှုဆို ရှောင်ပြီးကျင့်... ကောင်းမှုဆို ဆောင်ပြီးကျင့်ရမယ်နော်...
ထိုင်နေရုံတင်ပြောတာမဟုတ်ဖူး... ကံသုံးပါးလုံး ကောင်းမွန်စွာထားတာမျိုးပေါ့... ဒီလို သိထားတဲ့အတိုင်း ကျင့်တဲ့အခါ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းတဲ့ ပဋိဝေဓကို ဆိုက်ရောက်ပါ့မယ်... ပဋိဝေဓဆိုတာ ထိုးထွင်း၍သိခြင်းလို့ အဓိပ္ပါယ်ရပါတယ်... အမှန်ကို ထိုးထွင်းသိသွားသူဟာ မကောင်းမှုမှန်သမျှ မလုပ်တော့ပါဘူး... ကံသုံးပါး စင်ကြယ်သွားပါတယ်... ကံသုံးပါး စင်ကြယ်သူတစ်ဦး မိမိအနားမှာများ ရှိရင် ဘယ်လောက်အေးချမ်းလိုက်မလဲ... လို့ တွေးမိပြီးနောက်... ငါလည်း ဒီလို ကံသုံးပါး စင်ကြယ်အောင် နေရမှာ ကျင့်ရမှာပါလားလို့ သတိကောင်းကောင်း ရသွားပါတယ်...
သူများပေါ် မကောင်းကြံမှုက မိမိပေါ် ပြန်လာရတာလဲဘုရား။ ဆိုခဲ့ရင်တော့ ကိုယ်က လုပ်ခဲ့လို့ပါ ဆိုရင်... ဘုဂလန့်အဖြေများ ထင်နေမလားမသိဘူး... ဘုဂလန့် မဟုတ်ဖူးနော် တကယ်ပြောတာပါ... လုပ်ခဲ့ရင် လုပ်ခဲ့တဲ့ စေတနာအတိုင်း အကျိုးပေးတတ်တာ လောကသဘာဝလေ...
ကံ, ကံ၏အကျိုးအတိုင်းလို့ မြတ်ဗုဒ္ဓက ဟောကြားပါတယ်... ဗုဒ္ဓဘာသာဝင် စစ်စစ် ဖြစ်ဖို့ရာ ကံ, ကံ၏အကျိုးကို နားလည် ယုံကြည်ကြဖို့လိုပါတယ်... ကံဆိုတာ ပြုလုပ်ခြင်းကို ခေါ်ပါတယ်... ပြုလုပ်မှုတိုင်းမှာ တန်ပြန် သက်ရောက်မှုတွေ ရှိနေပါတယ်... ဒါကို အကျိုးတရားလို့ ခေါ်ပါတယ်... မကောင်းမှုတွေလုပ်မယ်ဆို မကောင်းကျိုးတွေ ခံစားရမယ်... ကောင်းမှုတွေ လုပ်ကြမယ်ဆို ကောင်းသော အကျိုးတရားတွေ ပြန်လည်ခံစားရမယ်...
ပြုလုပ်မှုတိုင်းမှာ စေတနာကဦးဆောင်ပါတယ်... မကောင်းမှုကံတွေမှာ စေတနာရဲ့နောက်ကနေ လောဘ ဒေါသ မောဟ ခေါ်ဆိုရတဲ့ တရားဆိုးတွေ ခြံရံပြီးလိုက်ပါနေတယ်... သူတို့ပါနေတဲ့ကံမှန်သမျှ မကောင်းကျိုးတွေပဲ ပေးနေပါတယ်... လောကကြီး တစ်ခုလုံးမှာ စိတ်ဆင်းရဲနေသူ ကိုယ်ဆင်းရဲနေသူ အားလုံး လောဘ ဒေါသ မောဟနဲ့ လုပ်ခဲ့တဲ့အလုပ်ရဲ့ အကျိုးတရားတွေကို အားရပါးရ အခံချိမခံသာ ခံစားနေကြရတာပါ... ဘယ်နတ်ဗြဟ္မာကမှ လာပေးတာမဟုတ်ဘူးလို့ မသိသေးတဲ့သူများပေါ့ မှတ်ထားစေချင်ပါတယ်... ကိုယ်တိုင်လုပ်ခဲ့လို့ပါ... လုပ်ခဲ့တာလေး သတိရစေချင်တယ်...
လူတစ်ယောက် အလုပ်လုပ်တယ် ဒီအလုပ်ရဲ့ အကျိုးတရားတွေ သူခံစားရတယ် ဒါ...လက်တွေ့ သိနေကြပါတယ်... ထိုနည်းအတူသာ အကျိုးတရားတွေ ပြန်လာမယ်... အားနည်းတဲ့ အကျိုးတရား အားကောင်းတဲ့ အကျိုးတရား ဒါလောက်ပဲကွာသွားမယ်... အားကောင်းတဲ့ ကံတွေကတော့ သံသရာတစ်လျှောက် ဒို့နဲ့အတူ လိုက်ပါလာတော့မယ်...
အကြောင်းကင်းသော အကျိုးတရား မရှိတဲ့ အတွက်ကြောင့်... ကောင်းသောအကျိုးတရားများ ခံးစား စံစားနိုင်စေဖို့... ကောင်းသော မိမိသူတစ်ပါး မထိခိုက်သော အကြောင်းတရားတွေ ပြုကြပါလို့ တိုက်တွန်းလိုက်ပါတယ်... ကိုယ်တိုင်လည်း ကြိုးစားသွားပါ့မယ်... အချိန်တွေနည်းလာပြီ... နောက်တစ်စက္ကန့်ဟာ ကိုယ်ပိုင် မဟုတ်ပြီ...
သံသရာတစ်လျှောက် ကမ္မဿကတာဉာဏ်နဲ့ ပြည့်စုံနိုင်ကြပါစေ...
8 Oct 09, 03:11
soe: ဦးတင်ပါတယ်အရှင်ဘုရား၊ တရားတော် ရုပ်သံ ဖိုင်တွေ မတင်တာကြာပြီနော်ဘုရား၊ အခါသင့်လျင် တင်ပေးပါဦးဘုရား၊
ဦးလောကနာထ: soe ရေ... ရုပ်သံဖိုင်တွေက အသစ်မရှိသေးလို့ပါ ရလာတဲ့အခါ တင်ပေးပါ့မယ်... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
7 Oct 09, 20:17
thandarsoe: ဦးဇင်းဘုရား...... ကိစ္စတစ်ခုခုကို လုပ်ပေးမယ်လို့ ပြောထားပြီး အကြောင်း တစ်စုံတစ်ခုကြောင့် ပျက်သွားရင် ငရဲကြီးလားဘုရား။ မုသာဝါဒ သီလပျက်ပါသလား ဘုရား သိခွင့်ပြုပါဘုရား...
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... ဂတိပေးထားပြီးရင်တော့ လုပ်ပေးနိုင်ရင် အကောင်းဆုံးပါ... အကြောင်းပြချက် ခိုင်လုံမယ်ဆိုရင် မဆိုးသေးပါဘူး... အောက်ပါအင်္ဂါတွေနဲ့ လွတ်ကင်းမယ်ဆိုရင်တော့ မုသာဝါဒမဖြစ်ပါဘူး... မုသာဝါဒမဖြစ်ပေမဲ့ အပြစ်ကတော့ ရှိသင့်သလောက် ရှိနိုင်ပါသေးတယ်...
၁... မဟုတ်မမှန်သော အကြောင်းအရာဖြစ်ခြင်း...
၂... မဟုတ်မမှန် ပြောဆိုလိုသောစိတ်ရှိခြင်း...
၃... ပြောလည်းပြောခြင်း...
၎... လိမ်လည်သောအဓိပ္ပါယ်ကို အလိမ်ခံရသူ သိခြင်း...
ဒီအင်္ဂါ ၄-ပါးစုံရင် မုသာဝါဒကံ မြောက်ပါတယ်...
ကိုယ်ရောစိတ်ပါငြိမ်းချမ်းပါစေ...
7 Oct 09, 04:41
Mg Ogga: တပည့်တော်မေးချင်တာလေး တစ်ခုရှိလို့ပါဘုရား ဘိက္ခုနီ သာသနာဟာ လာအိုနိုင်ငံတို့ ထိုင်းနိုင်ငံတို့မှာ ပေါ်ထွန်းနေပြီး တပည့်တော်တို့ နိုင်ငံမှာ ဘာလို မရှိတော့တာလဲဘုရား နောက် ဘိက္ခုနီသာသနာဟာ နှစ်ငါးရာပဲ ခံမယ်ဆိုတာ ဘုရားဟောတာလားဘုရား၊ နောက် ဘိက္ခုနီ သာသနာအကြောင်းလေး ရှင်းပြပေးပါဘုရား ဦးတင်ပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေး မောင်ဥဂ္ဂါ ရေ... ကိုယ်စိတ်နှစ်ပါးမျှတပါစေ... ထေရ၀ါဒ မြန်မာနိုင်ငံက ဘိက္ခုနီဖြစ်ဖို့ရာအတွက် ဘိက္ခု ဘိက္ခုနီ နှစ်ဖက်သံဃာထံမှာ ရဟန်းပြုရပါမယ်... ဒါဟာ ဘုရားဟော သံဂါယနာတင်အတိုင်းပါပဲ... ခုဘိက္ခုနီအစစ် မရှိတော့ဘူးလို့ မြန်မာနိုင်ငံ သံဃာတော်များအဖွဲ့က ဆုံးဖြတ်ထားလို့ ဘိက္ခုသံဃာနဲ့တင် ဘိက္ခုနီ မဖြစ်နိုင်တော့ဘူးလို့ သတ်မှတ်ပါတယ်... တခြားတိုင်းပြည်များကတော့ သူတို့ဆန္ဒအတိုင်း ပြုလုပ်ပေးနေပါတယ်... ထေရဝါဒ မြန်မာနိုင်ငံကတော့ ခုချိန်ထိ လုံးဝ အသိအမှတ်မပြုပါဘူး... ဘုန်းကြီးလည်း အသိအမှတ် မပြုပါဘူး... နှစ် ၅၀၀-ဆိုတာက
ဒီစာလေးကို အဓိပ္ပါယ်ဖွင့်ကြတာပါ... မူရင်းကို ဖတ်ပြီး ကိုယ်တိုင် အဓိပ္ပါယ်ဖွင့်စေချင်တယ်... ဝါဒကွဲ ဖြစ်ပေါ်လာခြင်းဟာ အဓိပ္ပါယ်ဖွင့်တာတွေ ကွဲလွဲမှုကြောင့် အများကြီးပါတယ်... အကျယ်ကိုတော့ မူရင်းစာအုပ်မှာ ဖတ်စေချင်တယ်... သူ့,ငါ ပါးစပ်ဖျားမှာပဲ လမ်းဆုံးနေကြတာများတယ်...
ဘိက္ခုနီ ဝိနိစ္ဆယ စာအုပ် လုပ်ပေးလိုက်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...
6 Oct 09, 07:10
သစ္စာ: ဆရာတော်ဘုရားကို ဦးတင်ပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ သစ္စာ ရေ... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ...
3 Oct 09, 17:17
Bokaw: မှန်ရင် ဒီနရာမှာ လေ့လာမယ်နော်
ဦးလောကနာထ: Bokaw ရေ... စိတ်ချမ်းသာပါစေ ဒုက္ခဆင်းရဲကင်းဝေးပါစေ...
3 Oct 09, 07:41
sankooo: ဦးကောသလ္လ၏ တရားများသည် မှန်ကန်ပါ၏ တိုင်းပြည် သာသနာ လူမျိုး တိုးတက်အောင် သတ္တိရှိရှိ ဟောပေးနေပါ၏
ဦးလောကနာထ: ဒကာလေး sankooo ရေ... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ...
3 Oct 09, 00:28
သစ္စာအလင်း: အရှင်ဘုရား၏ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်တို့ကို ရည်မှန်း၍ အဘိဓမ္မာအခါတော်နေ့ထူးတွင် ဦးတင် ကန်တော့လိုက်ပါတယ်။ ဘုရား...
ဦးလောကနာထ: သာဓုပါ သစ္စာအလင်း မိသားစုရေ... ပဝါရဏာနေ့မှာ သံဃာတွေဆီက အဆုံးအမခံသလိုပါပဲ... ဒကာဒကာမအပေါင်းလည်း ဘုန်းကြီး အပေါ်မှာ ဆုံးမစရာရှိရင် တွေ့ရင် ဆုံးမနိုင်ပါတယ်... မြတ်ဗုဒ္ဓတရားတော်နဲ့ညီရင် အားလုံး လက္ခံပါတယ်... စိတ်ချမ်းသာကြပါစေ...
2 Oct 09, 18:11
အောင်မြင့်: သီတင်းကျွတ်လပြည့်၊ အဘိဓမ္မာအခါတော်နေ့မှာ တပည့်တော် အရှင်ဘုရား ရဲ့သာသနာပြုဂုဏ်ကျေးဇူး များကိုလေးစားစွာ ဦးနှိမ်ရှိခိုး ကန်တော့ပါတယ် အရှင်ဘုရား..။
ဦးလောကနာထ: ဒကာလေးအောင်မြင့်ရေ... ပဝါရဏာနေ့မှာ သံဃာတွေဆီက အဆုံးအမခံသလိုပါပဲ... ဒကာဒကာမအပေါင်းလည်း ဘုန်းကြီး အပေါ်မှာ ဆုံးမစရာရှိရင် တွေ့ရင် ဆုံးမနိုင်ပါတယ်... မြတ်ဗုဒ္ဓတရားတော်နဲ့ညီရင် အားလုံး လက္ခံပါတယ်... စိတ်ချမ်းသာကြပါစေ...
2 Oct 09, 05:42
su: လူသေလူဖြစ်ဝါဒါနုဝါဒ၀ိနိစ္ဆယကို ဘယ်မှာဒေါင်းလို့ ရနိုင်ပါသလဲ ဘုရား။
ဦးလောကနာထ: su ရေ... လူသေလူဖြစ်ဝိနိစ္ဆယက နည်းနည်းစီပဲတင်ထားထာပါ... အားလုံးကူးပြီးသားမရှိပါ... တင်ထားပြီးသားတွေ လိုရင်တော့ ပို့ပေးလိုက်ပါ့မယ်... စိတ်ချမ်းသာပါစေ...
2 Oct 09, 05:29
ခွန်နောင်: ဆရာနတ်နွယ်ရေးတဲ့ ဆရာပါရဂူအကြောင်း ဆောင်းပါးမှာ-- ပါရဂူကို လူဝတ်လဲပေးသူမှာ မိမိတို့ပင် ဖြစ်သည်။ အရက် သောက်တတ်အောင် သင်ပေးသူမှာလည်း မိမိတို့ပင် ဖြစ်သည်။ မိန်းမယူဖို့ သင်ပေးတာတော့ မရ-- လို့ ရေးထားတာ ဖတ်ရ ပါတယ်ဘုရား။ ဆရာနတ်တို့က ကွန်မြူနစ်တွေမို့ ဦးဇင်းပါရဂူကို လူဝတ်လဲဖို့ လူလိုနေဖို့ မြှောက်ပေးတာ နားလည်ပေမယ့် တပည့်တော် သိလိုတာ ရှိပါတယ်။ လူက ရဟန်းကို လူဝတ်လဲပေးလို့ ရပါလားဘုရား။
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... ရတယ် မရဘူးကို အောက်ကအချက် ၆-မျိုးနဲ့ တိုက်ကြည့်ရပါ့မယ်... ဒီအချက်တွေညီရင် သိက္ခာကျပါတယ်... ပါရာဇိကကျသူအတွက်ဆို ဘာမှမလိုတော့ပါ...
၁... အမှန်တကယ် ရဟန်းအဖြစ် မနေလိုခြင်း...
၂... သိက္ခာချ စကားလုံး မှန်ကန်ရခြင်း.. (၂၆-မျိုးရှိသည်)
၃... ပစ္စုပ္ပန် ကာလဖြင့် ပြောဆိုရခြင်း...
၎... နှုတ်ဖြင့် ပီသစွာ ဆိုရခြင်း...
၅... နားထောင်သူက လူသားစင်စစ် ဖြစ်ရခြင်း...
၆... နားထောင်သူက ချက်ခြင်း နားလည်ခြင်း...
လူသားစင်စစ်လို့သာ စာပေမှာ ဆိုထားသည့်အတွက် တတ်သိနားလည်သူ လူထံမှာ သိက္ခာချလို့ရပါတယ်... ယာယီရဟန်းဝတ်များ အနေနဲ့ကတော့ တတ်သိနားလည်သူ ဆရာရဟန်းထံမှာပဲ သိက္ခာချခြင်းက ပိုသင့်လျှော်ပါတယ်... တော်ကြာ ရဟန်းဝတ်နဲ့ ပါရာဇိကမကျပဲ လူဝတ်လဲပြီးမှ ပါရာဇိကကျမှာ စိုးရလို့ပါ... စိတ်ချမ်းသာပါစေ...
29 Sep 09, 06:46
News: အရှင်ဆန္ဒာဓိက (ခ) ကိုညီညီစံကို စစ်ကြောရေးစခန်းတွင် ရိုက်နှက်ထားသည့် ဒဏ်ကြောင့် အူကျသည့် ဝေဒနာကို ခံစား tp://toiletwall.ning.com/profiles/blogs/2387570:BlogPost:793181
ဦးလောကနာထ: ရွှေပါရမီ အရှင်ဆန္ဒာဓိကတော့ မဟုတ်ဖူးနဲ့တူပါရဲ့... ဘယ်သူပဲဖြစ်ဖြစ်လေ... ရောက်ရာအရပ်မှာ စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
28 Sep 09, 10:13
အောင်ဦး: ကျန်းမာချမ်းသာစွာနှင့် သာသနာ အကျိုးဆောင်ရွက်နိုင်ပါစေ ဘုန်းဘုန်း၊ တပည့်တော် ပိုစ့်အသစ်ရေးထားပါတယ်
ဦးလောကနာထ: ဖတ်ခဲ့ပါပြီဒကာလေး... ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ သာသနာ့အကျိုး သည်ပိုးနိုင်ပါစေ...
27 Sep 09, 19:17
kyaw81: dhammaknowledge.blogspot.com
ဦးလောကနာထ: kyaw81 ရေ စိတ်ချမ်းသာပါစေ...
26 Sep 09, 00:15
lynn: ဆရာတော့်ဆိုဒ်တွင် တင်ထားသော ဆရာလေးက ဘယ်သူပါလဲ ဘု၇ား.......
ဦးလောကနာထ: lynn ရေ... သီလရှင်ဆရာလေးက တခြားသူမဟုတ်ပါ ဆရာလေးသုစာရီဖြစ်ပါတယ်... စိတ်ချမ်းသာပါစေ...
24 Sep 09, 02:45
24 Sep 09, 02:45
uzin: ဘုန်းဘုန်းဘုရား ဒီထဲကစာအုပ်တွေ ဒေါင်းချင်ရင် ဘယ်လိုဒေါင်းရပါသလဲဘုရား။ ၀ိနည်းအပြစ်လွတ်မယ်ဆို ဒေါင်းချင်ပါတယ်ဘုရား။
ဦးလောကနာထ: uzin ဘုရား... လောလောဆယ် ဆလိုက်ရှိုးထုတ်ပေးထားကြည့်ပါတယ် အဆင်ပြေရင် နောက်ကို အကုန်ထုတ်ပေးထားလိုက်ပါ့မယ်... ခုတော့ ပုံ ၅၀၀-ပေါ့... စာအုပ်တွဲပြီးသားကတော့ မရှိသေးပါ... အဆင်ပြေပါစေဘုရား လိုအပ်တာမိန့်ပါဘုရား...
ဧဏီ: တပည်.တော်ကို ဖြေကြားပေးလို. ကျေးဇူးတင်ပါတယ်ဘုရား ဒေါသကြီးတက်တဲ. တပည်.တော်အဖို. အဘိဓမ္မာတွေ တတ်နေလို.စိတ်ကိုအတတ်နိုင်ဆုံးလျော.ထားပေမဲ. အခုဒေါသတွေပိုကြိးနေသလိုဘဲ သင်ထားတဲ.တရားတွေကို အားနာမိပါတယ် ဆရာတော်ဘရား သာသန၀န်ကိုလွယ်ကူစွာဆောင် ရွက်နိုင်ပါစေဘုရား
ဦးလောကနာထ:
ဒကာလေး ဧဏီ ရေ... အဘိဓမ္မာသင်တန်းတက်ထားတော့ အနာဂါမ်ကြမှ ဒေါသကုန်မယ်ဆိုတာ သိပြီးသားပါ... အဲဒီမရောက်ခင်မှာတော့ ဒေါသကို နည်းမျိုးစုံနဲ့ ထိန်းသိမ်းကြရမှာပါပဲ... သင်ထားတဲ့တရားတွေကို သိရုံမျှသာဆိုရင်တော့ အကျိုးကျေးဇူးတွေ မခံစားရသေးဘူးပေါ့... ရှိထားတဲ့ရတနာတွေကို မီးခံသေတ္တာထဲမှာ အလုံပိတ်သိမ်းထားမှတော့ သူ့ရဲ့အကျိုးတရားတွေကို မခံစားရသေးဘူးလို့ ပြောရင်ရပါတယ်... ထုတ်ပြီး သင့်လျှော်သလို အသုံးချမှသာ အကျိုးတရားတွေ ဖြစ်ပေါ် ခံစားရမှာပါ... များသောအားဖြင့်လည်း သိတဲ့တရား သင်ထားတဲ့တရားတွေကို သိမ်းထားကြတာများပါတယ်... သိရင် သိသလောက်ကလေး ကျင့်ပါလို့ တိုက်တွန်းလိုပါတယ်... သိထားတာတွေကို စာအတိုင်းမထားပါနဲ့... မေတ္တာတရားနဲ့လည်း ဒေါသကို ပယ်ပါ... ကရုဏာတရားနဲ့လည်း ဒေါသကိုပယ်ပါ... ဒေါသရဲ့ ဆိုးကျိုးတွေကို ဆင်ခြင်ပါ... ဒေါသဟာ မစင်နဲ့တူပါတယ်... မကိုင်ပါနဲ့ လက်ပေတယ်လေ... သူတော်ကောင်းတရားအားလုံးဟာ ဒေါသကို သင့်သလို ပယ်ပါတယ်... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
23 Sep 09, 05:43
Ahlataya: အရှင်ဘုရားကို ဦးတင်ပါတယ်ဘုရား။ အရှင်နာရဒနဲ့ အရှင်ဝိစိတ္တတို့ကို လည်း ဦးတင်ပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီဒကာလေး Ahlataya ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာသနာ့အကျိုး အများအကျိုး သည်ပိုးနိုင်ပါစေ...
22 Sep 09, 20:39
thandarsoe: ဘုန်းဘုန်းဘုရား အခုလိုသိခွင့်ရသည့်အတွက် ကျေးဇူးများပါတယ် ဘုရား။ ကိုယ်စိတ်နှစ်ပါးကျန်းမာပါစေ။
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
21 Sep 09, 22:13
Kyaw Kyaw: အရှင်ဘုရား ဆိုက်အသစ်လေးတွေ.လို.ဝေမျှလိုက်ပါသည်။ http://www.ledidapani.com/ အရှင်ဘုရား ကျန်းမာပါစေ။ သာသနာအကျိုး ဆထက်ပိုး သယ်ပိုးနိုင်ပါစေ။
ဦးလောကနာထ: ဒကာလေးကျော်ကျော်ရေ... လယ်တီဆရာတော်ကြီး စာအုပ်တွေပဲ ကောင်းပါတယ်.... သာဓု... သာဓု... စိတ်ချမ်းသာပါစေ...
20 Sep 09, 01:31
ပန်းကမ္ဘာ: မရိုးနိုင်တဲ့ ပို့စ်လေးတွေကို စောင့်ဖတ်နေပါတယ် ဘုရား
ဦးလောကနာထ: မှန်လှပါ အရှင်ဘုရား... ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေဘုရား...
19 Sep 09, 07:54
အောင်မြင့်: ရှိခိုးဦးတင်ကန်တော့ပါသည် အရှင်ဘုရား။ အမှားနှင့်အမှန်(မစိုးရိမ်စာသင်သား) များကို ဖတ်ရှု့မှတ်သား ကူးယူ သွားပါတယ်။ သာသနာအတွက် များစွာ ကျေးဇူးများလှပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေးအောင်မြင့်ရေ... ဒကာဒကာမတို့အတွက် အထောက်အပံ့ဖြစ်တာ သိရတော့ ဝမ်းသာမိပါတယ်... စိတ်ချမ်းသာပါစေ...
17 Sep 09, 01:54
Ahlataya: အရှင်ဘုရားကိုလည်း ရှိခိုးသွားပါကြောင်း မစိုးရိမ်စာသင်သား ဆရာတော်ကိုလည်း ရှိခိုးဦးတင်သွားပါတယ်
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး Ahlataya ရေ... ကိုယ်စိတ်နှစ်ပါး မျှတပါစေ... သာသနာ့အကျိုး သည်ပိုးနိုင်ပါစေ...
အားလုံးပဲ စာမျက်နှာ ၂၃- ကျန်နေတာ ဖြည့်ပေးထားပါတယ်...
ရဟန်းတော်များ C Box မှာ ဝါစဉ်အရ အဂါရဝလေးများ ပါခဲ့သော် သည်းခံတော်မူကြပါဘုရား...
16 Sep 09, 03:33
ဦးကောဝိဒ: တပည့်တော်ရောက်ခဲ့ပါတယ်ဘုရား။ မေးပို့ထားပါတယ်ဘုရား
ဦးလောကနာထ: ကောင်းပါပြီ အရှင်ဘုရား... လက်ခံရရှိပါတယ်... ၀မ်းမြောက်မိပါတယ်... ဆောင်ရွက်ပေးတဲ့ သူများအားလုံးနဲ့ ဟို ဒကာမကြီးကို ကျေးဇူးတင်ကြောင်း ပြောပေးပါ အရှင်ဘုရား... ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ သာသနာ့အကျိုး ဆောင်ရွက်နိုင်ပါစေဘုရား...
15 Sep 09, 17:52
ရဟန်းငယ် တစ်ပါး: ဒီထဲက စာအုပ်တွေ ဒေါင်းလုပ်ကူးချင်လို့ ဘယ်နှယ့်လုပ်ရပါ့မလဲ ၊ ကျေးဇူးပြု၍ ဒေါင်းလုပ်ကူးခွင့် ပြုစေချင်
ဦးလောကနာထ: အရှင်ဘုရား စာအုပ်တင်ထားတာ မရှိပါဘူးဘုရား... တပည့်တော် တနေ့ချင်း နဲနဲစီ ကူးပြီး တင်နေပါဘုရား... စာတစ်ရွက်ချင်းပဲ ဒေါင်းလုပ်ရပါ့မယ်... တနည်းတော့ရှိပါတယ်... တပည့်တော် အကောင့်ထဲမှာတော့ ပို့ထားပါတယ်... မေးလ်ကနေပို့ရင်တော့ ရနိုင်မယ်ထင်ပါတယ်... စိတ်ချမ်းသာစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေ အရှင်ဘုရား...
အလှတရားမှာတော့ တင်ထားတဲ့ စာအုပ်တွေ ရှိပါတယ်ဘုရား လိုတာလေး သွားပြီး အလှူခံလို့ရပါတယ်... ဒီနေရာမှာပါဘုရား...
15 Sep 09, 11:11
အောင်ဦး: ဘုန်းဘုန်း... ကျန်းမာပါစေ ဘုရား... ဘယ်သူ့ အတွက်လဲ စာအုပ်ကို တင်ပေးလို့ ရရင် တင်ပေးစေချင်ပါတယ် ဘုရား. သာသနာအတွက် များစွာ ကျေးဇူးများလှပါတယ် ဘုရား.. ကျန်းမာပါစေ ဘုရား...
ဦးလောကနာထ: ဒကာလေး အောင်ဦး ရေ... အမြန်ဆုံး ဆက်ပြီး တင်ပေးသွားပါ့မယ်... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ...
13 Sep 09, 21:43
thandarsoe: ဘုန်းဘုန်းဘုရား....ဗောဓိဥာဏ်၏ အသင်းဝင် ၃၇ ပါးကို သိခွင့်ပြုပါဘုရား....... ဘုန်းဘုန်းဘုရား............... အကုသိုလ်အလုပ်တွေလုပ်နေပြီး ချမ်းသာနေတာဟာ ဘယ်လိုအကြောင်းပါလဲဘုရား.... သိခွင့်ပြုပါဘုရား....
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... ဗောဓိပက္ခိယတရား ၃၇-ပါးကို ၂၀၀၈-ခု ၁-လပိုင်းတုံးက ဒကာတွေကို သင်ပေးခဲ့တဲ့ဖိုင်လေးပါ ဒီမှာ ထည့်ပေးလိုက်ပါတယ်... ဒါကို အခြေခံပြီး သင်ပေးခဲ့တာပေါ့... ဒကာမကြီးတို့ကတော့ ကိုယ်ဟာကို အကျယ်ချဲ့ပေတော့...။
အကုသိုလ်တွေလုပ်ပြီး ချမ်းသာတာကတော့... ဒီလိုပါ... ကုသိုလ်သည် ကောင်းသော အကျိုးပေး၏... အကုသိုလ်သည် မကောင်းကျိုး ပေး၏ ဆိုထားတဲ့အတွက်... အကုသိုလ်လုပ်ပြီး ချမ်းသာနေတယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး... ဖြစ်နေပါတယ်ဆိုရင် ဘုရားစကားကို ပယ်ရာရောက်နေပါတယ်... ဘုရားစကားနဲ့ မကိုက်ညီဘူးပေါ့... ဒီလိုနားလည်ပါ... သူ မကောင်းမှု လုပ်နေသည် ယခု မကောင်းကျိုးကား မပေးသေး... ယခင်က သူပြုခဲ့သော ကောင်းမှုတို့ အကျိုးပေးနေ၍ ချမ်းသာနေခြင်းသာ... ဒီလို သဘောပေါက်ကြမယ်ဆိုရင် ကံ၏အကျိုးပေးလေးတွေကို နားလည်သင့်သလောက်နားလည် လက်ခံလာမှာပါ... အကျယ်ကိုတော့ စာတွေ များများဖတ်ကြပါ... လေ့လာကြပါ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
12 Sep 09, 21:59
shuyin2: အ၇ှင်ဘုရား အတော်စုံတာပဲ သိချင်တာတွေလည်း သိရပါတယ် ကျေးဇူးတင်ပါတယ် ဘုရား။။။:aghast:
ဦးလောကနာထ: ကောင်းပါပြီး ဒကာမကြီး shuyin2 စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
12 Sep 09, 01:24
ခွန်နောင်: ဓမ္မဓူတ အရှင်ပညာဇောတရဲ့စာက ဖတ်ရတာ သူတော်ကောင်းစကား မဟုတ်သလိုပဲ ဘုရား။ အကျင့်ကောင်း လာဘ်လာဘပေါရင် ဘုန်းကြီး၊ ကျန်တာ ဘုန်းချာနဲ့ ဘုန်းညာဆိုတော့။ အကျင့်ကောင်း တရားရှိပြီး လာဘ်နည်း ဆင်းရဲနေတဲ့ သံဃာတွေလဲ ဘယ်သွားထားမလဲ ဘုရား။ လာဘ်တွေပေါပြီး အကျင့်ပျက်နေတဲ့ ဘုန်းကြီးတွေလဲ ရှိပါတယ်။ ကိုယ့်မှာ ဘဝကံအကျိုးပေးကြောင့် လာဘ်ပေါတိုင်း ငါလိုလူစားသာ ဘုန်းကြီး၊ ငါလိုလာဘ်မရှင်(ရွှင်)ရင် ဘုန်းချာနဲ့ ဘုန်းညာ ပြောရင်တော့ မကောင်းဘူး ထင်လို့ပါ။
ဦးလောကနာထ: ဒကာလေး ခွန်နောင်ရေ... ဒကာလေးပြောသလို ဆရာတော်ရဲ့စာကတော့ တမျိုးတော့တမျိုးပေါ့လေ... အကျင့်ကောင်း တရားရှိပြီး လာဘ်နည်း ဆင်းရဲနေတဲ့ သံဃာတွေလဲ ရှိပါတယ်... ဒါပေမဲ့ သူတော်ကောင်းစကား မဟုတ်သလိုပဲလို့ အဓိပ္ပါယ် မဖွင့်သေးပဲ စာ,မပြည့်စုံသေးဘူးလို့သာ သဘောထားကြည့်ပါ... ((ဆရာတော်စာထဲက လာဘ်လာဘတွေပေါများ, ခြွေအရံ ပရိသတ်များများပြား)) ဒီစကား မပါရင်တော့ ပိုရှင်းသွားနိုင်ပါတယ်... စာတိုတိုနဲ့ ချုံ့ရတဲ့အခါမျိုး အခြေအနေအရ ရေးရတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်... နောက်တစ်ခုက မြန်မာစကားကိုပဲ မြန်မာလို အနည်းငယ် ပြန်ပေးတဲ့ သဘောလောက်ပါ... ပါဠိတော်မူရင်း ဘိက္ခုကို ပြန်တာမျိုးဆိုရင်တော့ ပိုအရေးကြီးပါတယ်... ဆရာတော်ဘိက္ခုကို အဓိပ္ပါယ်ပြန်မယ်ဆိုရင်တော့ ပြည့်ပြည့်စုံစုံ ပြန်မှာပါ... ဘုန်းကြီးအနေနဲ့ကတော့ သီလ သမာဓိ ပညာ ပြည့်စုံသူ... ဘုရားစကားလိုက်နာသူကို ဘုန်းကြီးလို့ အဓိပ္ပါယ်ယူပြီး... ဒီတရားသုံးပါး ပြည့်စုံအောင် မကျင့်ပဲ လိမ်ညာနေသူများကိုတော့ ဖုံးကြီးလို့ ဒကာဒကာမများကို ပြောခဲ့ဖူးပါတယ်... လုပ်ချင်တာလုပ်ပြီး အဖုံးကြီးကြီးနဲ့ ဖုံးကာနေကြလို့ပါ... ဒီစကားဟာလည်း အကုန်လုံးအတွက် ပြည့်စုံချင်မှ ပြည့်စုံမှာပါ... ပါဠိတော်များ အဓိပ္ပါယ်ဖွင့်တာ မမှားဖို့ကတော့ ပိုအရေးကြီးပါတယ်... ဒကာလေးစိတ်ထဲ မရှင်းတာတွေ့ရင် ဒီလိုပဲ မေးပါ... ဒကာဒကာမများလည်း လေ့လာရတာပေါ့... ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ...
ဘုန်းကြီးလို့ ဘာ့ကြောင့်ခေါ်... မူရင်း...
12 Sep 09, 00:29
ပန်းမြတ်ညို: လာရောက်ဖတ်ရှု မှတ်သားသွားပါသည်။ ရှိခိုးဦးတင်ပါသည် အရှင်ဘုရား။
ဦးလောကနာထ: ဒကာမကြီး ပန်းမြတ်ညိုရေ... ကောင်းပါပြီ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ...
11 Sep 09, 22:02
flowerpoem: ဘုန်း၂ဘုရား တရားဆိုဒ်တွေအားကြီးပဲနော် ဘုန်းဘုန်း
ဦးလောကနာထ: ဟုတ်ပါတယ် ဒကာမကြီး ပန်းကဗျာ ရေ... သာသနာအတွက် တစ်ထောင့် တစ်နေရာက နိုင်သလောက်လေးပါ... အများအတွက်လည်း အကျိုးရှိနေတော့ တန်ဖိုးရှိသွားတာပေါ့လေ... မိသားစု စိတ်ချမ်းသာကြပါစေ...
11 Sep 09, 06:06
အောင်ဦး: ဘုန်းဘုန်း ကျန်းမာပါစေ ဘုရား... တပည့်တော် စာပေများကို ကူးယူမှတ်သားလျှက်ပါ ဘုရား။ သာသနာအတွက် များစွာ ကျေးဇူးကြီးမားပါတယ် အရှင်ဘုရား...
ဦးလောကနာထ: ဒကာလေး အောင်ဦး ရေ... ကိုယ်စိတ်နှစ်ပါးမျှတစွာနဲ့ ခန္ဓာ့ဝန် သာသနာ့ဝန်ကို ရွက်ဆောင်နိုင်ပါစေ...
10 Sep 09, 08:32
ကျော်စည်သူ: အဘယ့်ကြောင့် ဘုန်းကြီးလို့ ခေါ်ပါသလဲ...ဆိုတဲ့ Post ကို ဖတ်ချင်ပါတယ်ဘုရား ၀င်နေတာ ခုထိ အဆင်မပြေ ဖြစ်နေပါတယ် page က ကျမလာဘူး ဖြစ်နေပါတယ် ဘုရား
ဦးလောကနာထ: ဒကာလေး ကျော်စည်သူ ရေ... မနေ့က E လိုင်းကြောင်တယ် ဒါကြောင့်ဖြစ်နိုင်ပါတယ်... ဒီနေ့ ပြန်ဖွင့်ကြည့်ပါ... အစဉ်ပြေမယ်ထင်ပါတယ်... ဒီမှာတော့ ခု ဖွင့်လို့ရသွားပါပြီ... မရသေးရင် ထပ်ပြီးစီစဉ်ပေးပါ့မယ်... စိတ်ချမ်းသာပါစေ...
9 Sep 09, 23:32
အနှစ်ကမ္ဘာ: အရှင်ဘုရား ဘလော့ဂ်က သာသနာအတွက် ကျေးဇူးများလှပါတယ် ဘုရား။
ဦးလောကနာထ: အနှစ်ကမ္ဘာရေ... ဘုရားသားတော် ဖြစ်လာပြီဆိုတော့... သာသနာအလုပ် ကြိုးစား လုပ်သွားတော့မယ်ကွယ်... စိတ်ချမ်းသာပါစေ...
9 Sep 09, 22:26
May Kyu Aung: သည်းခံခြင်းသည် အောင်မြင်ရာ၏။တဲ့။ တပည့်တော်မ အရာရာကို သည်းခံပါတယ်ဘုရား။ လူမှုဝန်းကျင်၏ activity တွေကို သည်းခံစိတ်ဖြင့် ရင်ဆိုင်ပါသည်။ အဲဒါကို လူညွန့်တုံးတယ် ခေါ်ပါသလား ဘုရား။
ဦးလောကနာထ: ဒကာမကြီး May Kyu Aung ရေ... သည်းခံခြင်းဆိုတဲ့ စကားအဓိပ္ပါယ်ကို မသိနားမလည်သူ... လက်မခံတတ်သူများက... လူညွန့်တုံးတယ်လို့လည်း ပြောကြပါတယ်... ကြောက်လို့ခံနေတယ်လို့လည်း ဆိုကြပြန်တယ်... မိမိဖက်က သည်းခံခြင်းတရား အစစ် ဖြစ်မယ်ဆိုရင် ဘုရားဟော တရားတော်နဲ့ ညီပါတယ်... သည်းခံပါ... လိုအပ်ခဲ့ရင်လည်း အမျက်ဒေါသ မပါဘဲ ပြန်လည် တုန့်ပြန်နိုင်ပါတယ်... ခုခေတ်ကတော့ ဟုတ်ဟုတ် မဟုတ်ဟုတ် တုန့်ပြန်နိုင်မှ လူတော် အညွန့်အတက် ရှိသူလို့ သတ်မှတ်နေကြပါတယ်... မပြည့်စုံပါဘူး... ကက်ကက်လန် ရန်တွေ့သူသာ ဖြစ်သွားဖို့ များပါတယ်... ဘုန်းကြီးအနေနဲ့ ဆိုရင်တော့ သည်းခံစိတ်နဲ့ နေထိုင်ခြင်းကို နှစ်သက်ပါတယ်... အဆုံးမှာ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်ထိ ရောက်နိုင်ပါတယ်... အပေါက်ခြောက်ပါး သည်းခံငြား အဆုံးနိဗ္ဗာန် တိုင်လိမ့်မည်...
9 Sep 09, 20:37
thandarsoe: ဘုန်းဘုန်းကျန်းမာပါစေ ဘုရား။ လာရောက်ဖတ်ရှုသွားပါတယ်ဘုရား။
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... စိတ်ချမ်းသာပါစေ ဒုက္ခဆင်းရဲကင်းဝေးပါစေ...
9 Sep 09, 05:54
စိုးစိုး: အရမ်းကောင်းပါတယ် ဘုရား.... တပည့်တော် အခုမှရောက်ဖူးတာ... နောက်ဆို ရောက်မှာပါ ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာ စိုးစိုးရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
8 Sep 09, 23:28
အောင်မြင့်: ဦးနှိမ့်ရှိခိုး ကန်တော့ပါတယ် အရှင်ဘုရား... ဓမ္မ-အဓမ္မ သဘောကို ရှင်းပြဆုံးမမူကို ကျေးဇူးများစွာသိရှိရပါတယ် သစ္စာဓမ္မ များကို လေ့လာဖတ်ရှု့ နာကြား နိုင်အောင် ကြိုးစားအားထုတ်ထားသည့် အရှင်ဘုရား၏ ဓမ္မဒါန များကို ဖတ်မှတ် နာကြား လိုက်နာ ကျင့်သုံးလျှက်ပါ အရှင်ဘုရား..။
ဦးလောကနာထ: ဝမ်းသာပါတယ် ဒကာလေး အောင်မြင့်ရေ... အများလေ့လာနိုင် ကြိုးစားပြီး တင်ပေးသွားပါ့မယ်... စိတ်ချမ်းသာပါစေ...
8 Sep 09, 08:30
ကျော်စည်သူ: ကျေးဇူးများလှပါတယ် အရှင်ဘုရား။ အရင် ကတော့ မရောက်ဖူးပါဘူး။ ဒီနေ့တော့ တပည့်တော်သိချင်တာလေးတွေကို သိလ သူများတွေ မေးတာကို ပဲ အရင် လိုက်ဖတ်လိုက်ပါဦးမယ်။ နောက်လည်း သိချင်တာလေး တွေကို လာမေးပါမယ် ဘုရား၊
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး ကျော်စည်သူရေ... သိလိုတာလေးတွေ သိသလောက်ထဲက ပြောပြပေးပါ့မယ်... စိတ်ချမ်းသာပါစေ ဒုက္ခဆင်းရဲကင်းဝေးပါစေ...
8 Sep 09, 01:30
ဆုမြတ်: အရှင်ဘုရားဦးတင်ပါသည်။ တပည့်တော် ဆရာတော်ဦးသုမင်္ဂလ နှင့်ဆက်သွယ်လို့ရမည့် လိပ်စာလိုချင်ပါသည် ဘုရား။ အကြောင်းပြန်ပေးပါဘုရား။
ဦးလောကနာထ: ဒကာမကြီး ဆုမြတ် ရေ... ဆရာတော်နဲ့ဆက်သွယ်ရမယ့် လိပ်စာ ရှာမတွေ့သေးပါ... တွေ့လျှင် အကြောင်းကြားပေးပါမည်... စိတ်ချမ်းသာပါစေ...
8 Sep 09, 00:55
ပန်းမြတ်ညို: ပြည့်ပြည့်စုံစုံ သိရှိရပါပြီ။ ကျေးဇူးကြီးလှပါသည် အရှင်ဘုရား။
ဦးလောကနာထ: ဒကာမကြီး ပန်းမြတ်ညို ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
6 Sep 09, 20:39
ပန်းမြတ်ညို: လာရောက်ပြီး အသိပညာတွေ ယူသွားပါသည်။ ရှိခိုးဦးတင်ပါသည် ဘုရား။
ဦးလောကနာထ: ဒကာမကြီး ပန်းမြတ်ညို ရေ... ဘေးရန်းကင်းပါစေ...
6 Sep 09, 07:55
moon: ဘုန်းဘုန်းဘုရား... စာတွေလာဖတ်ပါတယ်ဘုရား... ဦးတင်ပါတယ်ဘုရား..
ဦးလောကနာထ: moon ရေ... ကောင်းပါပြီ စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
6 Sep 09, 02:27
Ahlataya: နေကောင်းကျန်းမာပါစေဘုရာ့...အရှင်ဇဋိလ စာများ ဖတ်သွားပါတယ်ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး Ahlataya ရေ... လောလောဆယ် မျှတပါတယ်... ဒကာလေးလည်း ကိုယ်စိတ်နှစ်ပါး မျှတပါစေ...
5 Sep 09, 01:26
thandar: ဦးဇင်းဘုရား.........သံသရာက လွတ်မြောက်အောင် ဘယ်လိုကြိုးစားရမယ်ဆိုတာကို သိခွင့်ပြုပါ ဘုရား...........
ဦးလောကနာထ: ဒကာမကြီး thandar ရေ... ငါ-ကို, ဖယ်လျှင် သံသရာက လွတ်မြောက်ပါပြီ... ဒါပေမဲ့ ငါကို တွယ်တာနေကြသည်... ငါ့ဟာ... ငါ့ကိုများ... နင်က ဘာမို့လို့လဲ ငါနော်... ငါနော်... တငါတည်း ငါဆိုတာ ရှိနေသေးလျှင်... သံသရာမှ လွတ်မြောက်နိုင်မည် မဟုတ်ပါ... ငါတစ်လုံးကိုသာ ပယ်လိုက်ပါ... ဆင်းရဲဒုက္ခ ချုပ်ငြိမ်းမှာ... လုပ်ရမည်ကား ဗောဓိဉာဏ်၏ အသင်းဝင် ၃၇-ပါးကို သင့်သလိုသာ ပွားများကြပါ... ပွားများသူသာ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းမှာ...
4 Sep 09, 05:22
soe: ဦးတင်ပါတယ်အရှင်ဘုရား၊ တပြည့်တော် ယခု ဦးကောသလ္လ၏တရားများကို နာနေပါသည်အရှင်ဘုရား၊ ပါဠိတချက်အနက်ဆယ်ထွေ ကို ဦးသုမင်္ဂလတရားတော်ကတဆင့် ကြားသိမိလို့ ဆရာတော်အစုံရဲ့ တရားအစုံကို လေ့လာချင်မိပြီး တောင်းဆိုမိပါတယ် တပြည့်တော်ငယ်စဉ်က လူသေလူဖြစ်ဝါဒါနုဝါဒ စာအုပ်ကို ကိုရင်ဝတ်ခဲ့ဖူးတဲ့ကျောင်းမှာ ဖတ်ခဲ့ဖူးပြီး ရှင်ဥက္ကဌ ရဲ့ ပါဠိအနက်ပေးမဖြောင့်စင်းပုံကို သိရှိခဲ့ဖူးပါတယ်၊ ခုလဲ ဦးကောသလ္လဆရာတော်က အနက်ပေးပုံတွေ ထူးခြားနေတယ်လို့ ခံစားမိနေတုန်း အရှင်ဘုရားရဲ့ သတိပေးချက်ကို သိမှတ်ရပါသဖြင့် ကျေးဇူးအထူးတင် ရှိပါတယ် အရှင်ဘုရား၊ သတိတရားနဲ့ စေ့ငု နာယူပါမည်လို့ ကတိပြုပါတယ်အရှင်ဘုရား၊ “ရွံစရာကောင်းတယ် ” ဆိုတာကို “ရွံစရာ ကောင်းတယ်” “ရွံစရာက ကောင်းတယ်” ဆိုသလို ဘာသာပြန်ပုံမျိုးတွေဖြစ်လာ တာရှိမလားဆိုတာ လေ့လာချင်တာပါအရှင်ဘုရား၊ ဆရာတော်နာကြားသမျှကိုလည်း တပြည့်တော်များကို သွန်သင်ပေးတော် မူပါအရှင်ဘုရား၊
ဦးလောကနာထ: ကောင်းပါပြီဒကာလေးစိုးရေ... ဒကာလေးဥပမာတော့ ကြိုက်သွားပြီ... သာသနာရေးနဲ့ ပါတ်သက်တာတွေကိုတော့ အဆင်ပြေသလို တင်ပေးသွားပါ့မယ်... ပါဠိတချက်အနက်ဆယ်ထွေဆိုတာ စာဆိုရှိခဲ့လို့ ပြောကြဟောကြပါတယ်... ၁၀-လည်း ဖြစ်ချင်ဖြစ်မယ်... အတိုးအလျော့လည်း ရှိချင်ရှိမယ်ပေါ့... အရေးကြီးတာကတော့ အနက်ပေးတဲ့အခါ မြတ်ဗုဒ္ဓအလိုကျ ဖြစ်ဖို့ပါပဲ... ဒါကိုတော့ သီလ သမာဓိ ပညာ ခိုင်မာသော ဆရာတော်ကြီးများက တည်းဖြတ်ကြမှာပေါ့လေ... ဒကာလေး ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
3 Sep 09, 23:13
ပန်းမြတ်ညို: ကျေးဇူးကြီးလှပါသည် အရှင်ဘုရား။ အခုလောက်ဆို တပည့်တော် အဒေါ်ကို ပြန်လည်ရှင်းပြနိုင်ပါပြီ တစ်ခု ရှိသေးတာက သူငယ်ချင်း ယုံကြည်သည့် ဓာတ်စီးသည်ဆိုသည်မှာ လောကကိုစောင့်တဲ့နတ်ကို ပြောသည်ဟု သူက ခံငြင်းပါသည်ဘုရား၊ နတ်ကောင်းနတ်မြတ်ကိုသာ သူက ဆိုလိုသည် ၃၇ မင်းကို သူတို့လည်း မကိုးကွယ်ပါဆိုပြီ ပြောနေပါသည်ဘုရား။ ၄င်းနတ်က ကူညီနိုင်သည်။ သူတို့ကလည်း ဘုရားကိုသာ ကိုးကွယ်၍ ၄င်းနတ်များက ကူညီနိုင်သည် ဆိုနေပါသည်ဘုရား ။ တပည့်တော်က ရတနာမြတ် (၃) ပါးမှလွဲ၍ အခြားမည်သည်ကမှ ကောင်းသောကိုးကွယ်ခြင်း ကယ်တင်နိုင်မည်ဆိုတာမဟုတ်ပါ။ မြတ်စွာဘုရားက ကိုယ်တိုင်ကျင့်ပါဟု ပြောသည်ကို သူများအားကိုးနေခြင်းသည် အယူလွဲခြင်းလို့ တပည့်တော် ပြောလိုက်ပါသည် ဘုရား ။ အရှင်ဘုရား အချိန်ရပါလျှင် လောကစောင့်နတ်ဆိုတဲ့ အကြောင်းလည်း တပည့်တော်အား အစဉ်သနားသည်ကို အကြောင်းပြုပြီး ဖြေကြားပေးပါဦး ဘုရား။ ရှိခိုးဦးတင်လိုက်ပါသည် အရှင်သူမြတ်ဘုရား။ ပြည့်ပြည့်စုံစုံ မေးလ်ပို့ ထားပါတယ်ဘုရား ။ အချိန်ရှိမှသာ မေးလ်ဖြင့် ဖြေပေးပါဘုရား ။
ဦးလောကနာထ: ဒကာမကြီးပန်းမြတ်ညိုရေ... မေးလ်ကတော့သင့်သလောက်ရေးပြီးပြီ... ခု ဒကာမကြီးက မေးပေမဲ့ အားလုံးအတွက် ရည်မှန်းပြီး ရေးပါ့မယ်... ရတနာသုံးပါးရှိပြီး ကိုးကွယ်ပြီးသူများမှာ ၃၇-မင်း နတ် ဆိုသူများနှင့်အတူ မည်သည့်နတ်ကိုမျှ ကိုးကွယ်ရန် မလိုတော့ပါ... ကိုးကွယ်ရာ ပြည့်စုံပြီး ဖြစ်ပါသည်... နတ်ဆိုသည်မှာ ဘုရား တရား သံဃာထက် နိမ့်ကျပါတယ်... သိကြားမင်းကတောင်မှ ယနေ့ဝတ်တဲ့ ကိုရင်လေးကို ရှိခိုးပါတယ်... သီလရှိတဲ့ လူကိုလည်း ရှိခိုးပါတယ်... ဇာတ်တော်တွေ ပြန်ကြည့်ရင် တွေ့ရပါလိမ့်မယ်... မိမိတို့မှာ သီလသာပြည့်စုံပါစေ... နတ်သိကြားတွေက ရှိခိုး ပူဇော်ပါလိမ့်မယ်... ခုတော့ မိမိတို့က နတ်စုတ်နတ်ပဲ့သော် လည်းကောင်း... နတ်မင်းကြီးလေးပါးကိုသော် လည်းကောင်း... လောကကိုစောင့်သောနတ်ဟုပြောသော လောကပါလနတ်သော် လည်းကောင်း... ကိုးကွယ်ပူဇော်နေပါလျှင်... မိမိတို့သည် သီလပြည့်စုံသူများ ဖြစ်မဖြစ်... နတ်တွေထက် အဆင့်နိမ့်မနိမ့်... ဝေဖန်ဖို့လိုပါတယ်... ဘုန်းကြီးအနေနဲ့တော့ နတ်တွေက ပူဇော်တဲ့ သီလရှိသူဖြစ်အောင် ကြိုးစားမယ်... သူတို့ကို ပူဇော်ရသူနေရာမှာ မနေတော့ဘူး... နတ်ဘဝကို ရခဲတယ်လို့မပြောပဲ... လူ့ဘဝရခဲတယ်လို့ ပြောတဲ့ မြတ်ဗုဒ္ဓရဲ့ စကားတော်ကို သတိထားသင့်ပါတယ်... လောကကိုစောင့်သောနတ်ဆိုတာ သူတို့က ဘာကိုပြောမှန်းကို မသိပါ... ဘုန်းကြီးအထင်တော့ လောကကိုစောင့်တယ်ဆိုတာ တစ်ဦးမှ မရှိဘူးထင်မိပါတယ်... ကမ္ဘာကြီးမှာ ဘေးဒဏ် အမျိုးမျိုးဖြစ်နေတယ် လောကကိုသာ တကယ်စောင့်ရှောက်ရင် ကာကွယ်ပေးမယ် ထင်ပါတယ်...သူ့တစ်ယောက်တည်းကိုတော့ လောကစောင့်နတ်ကြီးက ဝင်မစီးလောက်ပါဘူး... ချင့်ချိန်ကြရမှာပေါ့... နာဂစ်ဘေးမှာလည်း မစောင့်ရှောက်ဘူး... စူနာမီတုန်းကလည်း မစောင့်ရှောက်ဖူး... တရုပ်ပြည်မှာလည်း ငလျှင်လှုပ်ခဲ့တယ် မစောင့်ရှောက်ဖူး... အမေရိကားမှာလည်း တောမီး အကြီးအကျယ် လောင်နေတယ် မစောင့်ရှောက်ဖူး... သူတို့ကိုပဲ ဓာတ်ဝင်စီးနေတာ ဒီနတ် မတရားဘူး ပြောရမလိုပါပဲ... ချင့်ယုံဖို့ လိုပါတယ်...
ကြားဖူးထားတဲ့ လောကပါလနတ် ကတော့... လောကပါလ= လောကကိုစောင့်ရှောက်သူ... မြန်မာပြည်မှာ အရုပ်ကို ပုံစံမျိုးစုံ လုပ်ကြပါတယ်... လောကပါလကို လောကနတ်လို့လည် ခေါ်ကြပါတယ်... လောကနတ်ဆိုတော့ လောကနာထ... ဘုန်းကြီးဘွဲ့နဲ့တော့တူနေပြီ... လောကနာထ= လောက၏ ကိုးကွယ်ရာ... နောက်တနည်း မဟာယာနကိုးကွယ်သော ဘုရားလောင်း အ၀လောကိတေသရ သူ့ကိုလည်း လောကနတ် လောကပါလ,လို့ ခေါ်ကြပြန်တယ်... ဒီလိုဆိုရင် လောကပါလနတ်ကို ကိုးကွယ်နေသူများ အစောင့်အရှောက် ခံယူနေသူများဟာ မဟာယာန အနွယ်ဝင်များသာ ဖြစ်ပါတယ်... မဟာယာနကိုးကွယ်သူဟု အပြောမခံလိုသူများဟာ... လောကပါလ=လောကနတ် ကိုးကွယ်မှုကို ရှောင်ရှားသင့်ပါတယ်... ရှေးသူတော်ကောင်း မထေရ်ကြီးများ၏ ၀ါဒကို နှစ်သက်သူများမှာ... ကိုးကွယ်ရာ သုံးပါးသာ... ဘုရား တရား သံဃာသာရှိသင့်ပါတယ်... နောက်တမျိုးတိုးပြီး ကိုးကွယ်ချင်လည်း ကိုးကွယ်ပါ ကျန်းမာရေး မကောင်းခဲ့ရင် ဆရာဝန်ကို ကိုးကွယ်ပေါ့... သရဏဂုံ မပျက်ပါဘူး... ကျန်တာတွေ ကိုးကွယ်ရင်တော့ ပျက်ဖို့ရာ ရာနှုန်းပြည့်နီးပါးပါပဲ... မဟာယန ဗုဒ္ဓဘာသာကနေ ထေရဝါဒ ဗုဒ္ဓဘာသာ ဖြစ်နိုင်ကြပါစေ... ဗုဒ္ဓဘာသာမှာ ကိုးကွယ်ရာ ဘယ်နှစ်မျိုး သုံးမျိုးနော် ... ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...
3 Sep 09, 20:10
ခွန်နောင်: ရှင်ဥက္ကဌဝါဒက အပြီး ကျဆုံးသွားပြီတောင် ထင်တာ။ ဒီလောက် နှစ်တွေကြာပြီးမှ ဘုန်းကြီးတပါးဆီကနေ ပြန်ခေါင်းထောင်လာတယ်ဆိုတော့ ဆိုးလှချည်လားဘုရား။ သူ့တရားမှာ မြင်နေရတဲ့ခန္ဓာကို ဝိပဿနာ မရှုရဘူး။ ဥပါဒါန်ဆွဲအားကြောင့် ကိုယ့်စိတ်ထဲ ပေါ်လာတဲ့ ခန္ဓာကိုမှ ရှုရမယ်ဆိုတော့ မြင်နေရတဲ့ မိန်းမတို့၊ ငွေတို့၊ ဇိမ်ခံပစ္စည်းတို့ကို ဝိပဿနာ မရှုရဘူး၊ ဒီမြင်နေရတာတွေက အနိစ္စဒုက္ခအနတ္တ မဟုတ်ဘူးဆိုတော့ ဘယ်လိုကြီးလဲဘုရား။ ဒါတွေမရှုဘဲ ကိုယ့်စိတ်ထဲက အဲဒါတွေကို သတိရနေတဲ့ ဥပါဒါန်ခန္ဓာကိုပဲ ရှုရမယ်တဲ့။ စိတ်ထဲက တွေးကြံနေတာတွေဟာ ကိုယ့်သန္တာန်မှာ ဖြစ်တဲ့ ဝိညာဏခန္ဓာသာ ဖြစ်တယ်၊ သူများခန္ဓာ မဟုတ်ဘူးလို့ တပည့်တော် သိထားပါတယ်။ ကိုယ့်ခန္ဓာကလဲ သူများ စိတ်ထဲ အတွေးထဲ မဆီမဆိုင် ခန္ဓာသွားပေါ်လို့ မရပါ။ ကိုယ့်ရုပ်နာမ်ဟာ ကိုယ့်ဆီမှာသာ ဖြစ်ချုပ်ပါတယ်။ ခု သူ ဟောမှ ကိုယ့်ခန္ဓာကလဲ ဥပါဒါန်ခန္ဓာဆိုပြီး သူများစိတ်ထဲ သွားဖြစ်လိုဖြစ်နေနဲ့ မကြားဖူးဘူးဘုရား။ တဏှာလဲ ပယ်စရာ မလိုဘူးဆိုတော့ သူ့တရားက တဏှာရူးတွေအကြိုက် တရားပဲ။
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... တရားအားလုံးဟာ ရှေးရှေးကထဲက ရှိပြီးသားတွေပါပဲ... တစ်ချိန်တစ်ခါမှာ ပြန်လည် ပေါ်ပေါက်လာတတ်ပါတယ်... မှန်တဲ့ဝါဒကလည်း ရှေးယခင်ကထဲက ရှိခဲ့တဲ့တရားပါပဲ... မှားတဲ့တရားလည်း ရှေးယခင်က ရှိခဲ့ဘူးတဲ့ တရားတွေပါပဲ... မြတ်ဗုဒ္ဓရဲ့ဝါဒကို ကြည့်မယ်ဆိုရင် ရှေးရှေး သဗ္ဗညုတဘုရားရှင်တို့ရဲ့ ဝါဒအတိုင်းသာဖြစ်ပါတယ်... မှားယွင်းသောသူများရဲ့ ၀ါဒတွေကလည်း ရှေးရှေးသော မှားယွင်းခဲ့ဘူးသူများရဲ့ ဝါဒတွေသာဖြစ်ပါတယ်... ဘုန်းကြီးအနေနဲ့တော့ ဆုံးဖြတ်နိုင်တဲ့ စွမ်းအားမရှိသေးတော့ သတိရှိ စောင့်ကြည့်လုပ်ပြီး ပုဂ္ဂိုလ်ရေး မဖက်ပဲ မြတ်ဗုဒ္ဓသာသနာကို နိုင်တဲ့ဘက်က စောင့်ရှောက်ရမှာပါပဲ... ဆက်လက်ပြီးတော့ ရေးလိုတာတွေ မည်သူမဆို ရေးနိုင်ပါတယ်... မှတ်တမ်းအဖြစ် ထည့်ပေးသွားပါ့မယ်... ဗုဒ္ဓဘာသာဝင်များ သာသနာကို စောင့်ရှောက်နိုင်ကြပါစေ...
thandar: ဦးဇင်းကျန်းမာပါစေ။ ချမ်းသာပါစေ။ သက်တော်ရာကျော်ရှည်ပါစေ။ ဦးဇင်း ဘုရား တပည့်တော်မ မင်္ဂလာသုတ်အကြောင်းကို သိခွင့်ပြုပါ ဘုရား............
ဦးလောကနာထ: ဒကာမကြီး thandar ရေ... မင်္ဂလာ ဆိုတာ ကြီးပွားကြောင်းတဲ့... ဒါဆို ကြီးပွားစေတာ မင်္ဂလာပေါ့... လူအများရဲ့ ကြီးပွားကြောင်းဆိုတဲ့ အယူနဲ့ မြတ်ဗုဒ္ဓရဲ့ ကြီးပွားကြောင်းကတော့ မတူတာများပါတယ်... လောကတွင်း ကြီးပွားကြောင်းနဲ့ လောက,က လွန်မြောက်စေတဲ့ ကြီးပွားကြောင်း နှစ်မျိုးကို အရေအတွက်အားဖြင့် ၃၈-မျိုးနဲ့ ဟောကြားခဲ့ပါတယ်... ဒီ ၃၈-မျိုးက လွတ်ရင်တော့ မြတ်ဗုဒ္ဓ ဟောကြားတဲ့ မင်္ဂလာ ကြီးပွားကြောင်းက လွတ်သွားပြီပေါ့...
ကြီးပွားချမ်းသာကြောင်း မင်္ဂလာတရား ၃၈-ပါး...
ပေါင်းသင်းဆက်ဆံရေးမင်္ဂလာ ၃-ပါး= ၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပေါင်းသင်းရခြင်း။ ၂။ ပညာရှိလူလိမ္မာကို မှီဝဲပေါင်းသင်းရခြင်း။ ၃။ ပူဇော်ထိုက်သောသူတို့ကို ပူဇော်ရခြင်း။
နေရေးထိုင်ရေးမင်္ဂလာ ၃-ပါး= ၄။ သင့်လျော်သောအရပ်၌ နေရခြင်း။ ၅။ ရှေး၌ပြုဖူးသော ကုသိုလ်အထူးရှိခြင်း။ ၆။ မိမိ၏ ကိုယ်စိတ်နှစ်ပါးကို စောင့်ထိန်းရခြင်း။
သင်ကြားရေးမင်္ဂလာ ၄-ပါး= ၇။ လောကီလောကုတ် အကြားအမြင်များခြင်း။ ၈။ စက်မှုလက်မှုအတတ်တို့ကိုတတ်ခြင်း။ ၉။ လူနှင့်ဆိုင်ရာ ကျင့်ဝတ်များကို နားလည်ခြင်း ၁၀။ အပြောအဆို ချိုသာ ယဉ်ကျေးခြင်း။
ပြုစုရေးမင်္ဂလာ ၃-ပါး= ၁၁။ မိဘနှစ်ပါးကို ပြုစုလုပ်ကျွေးခြင်း။ ၁၂။ သားမယားတို့ကို တရားနှင့်အညီ လုပ်ကျွေးခြင်း။ ၁၃။ အနှောက်အယှက်ကင်းသော အလုပ်ကို လုပ်ကိုင်ခြင်း။
လိုက်နာကျင့်သုံးရေးမင်္ဂလာ ၄-ပါး= ၁၄။ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်း။ ၁၅။ သုစရိုက်တရားကို ကျင့်ခြင်း။ ၁၆။ ဆွေမျိုးတို့အား ထောက်ပံ့ခြင်း။ ၁၇။ အပြစ်ကင်းသော အမှုတို့ကိုပြုခြင်း။
ရှောင်ကြဉ်ရေးမင်္ဂလာ ၄-ပါး= ၁၈။ မကောင်းမှုမဖြစ်အောင် စိတ်ဖြင့်ရှောင်ခြင်း။ ၁၉။ မကောင်းမှုမဖြစ်အောင် ကိုယ်နှုတ်ဖြင့်ရှောင်ခြင်း။ ၂၀။ မူးယစ်သေစာ မသောက်စားခြင်း။ ၂၁။ ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း။
စိတ်ထားရေးမင်္ဂလာ ၅-ပါး= ၂၂။ ရိုသေထိုက်သူကို ရိုသေခြင်း။ ၂၃။ မိမိကိုယ်ကို နှိမ့်ချရခြင်း။ ၂၄။ ရောင့်ရဲလွယ်ခြင်း။ ၂၅။ သူတပါးကျေးဇူးကို သိခြင်း။ ၂၆။ သင့်လျော်သောအခါ၌ တရားနာခြင်း။
သည်းခံရေးမင်္ဂလာ ၄-ပါး= ၂၇။ သည်းခံရခြင်း။ ၂၈။ ဆုံးမလွယ်ခြင်း။ ၂၉။ ရဟန်းသံဃာတို့အား ဖူးမျှော်ရခြင်း။ ၃၀။ သင့်လျော်သောအခါ၌ တရားဆွေးနွေးရခြင်း။
ခြိုးခြံရေးမင်္ဂလာ ၄-ပါး= ၃၁။ ခြိုးခြံချွေတာခြင်း။ ၃၂။ မြတ်သောအကျင့်ကို ကျင့်ခြင်း။ ၃၃။ သစ္စာလေးပါးကို သိခြင်း။ ၃၄။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း။
စိတ်ထားခိုင်ခံ့ရေးမင်္ဂလာ ၄-ပါး= ၃၅။ လောကဓံတရားနှင့် တွေ့ကြုံသောအခါ မတုန်လှုပ်ခြင်း။
၃၆။ မစိုးရိမ်ခြင်း။ ၃၇။ ကိလေသာမြူကင်းခြင်း။ ၃၈။ ဘေးကင်းခြင်း။
အကုသိုလ်ဖြတ် ကုသိုလ်မြတ် ခေါ်အပ်မင်္ဂလာ။
တိုးတက်ကြီးပွား ဤတရား မှတ်သားမင်္ဂလာ။
ပါဠိတော် အနက်ပြန်ထားသော မင်္ဂလသုတ် စာအုပ်ပါ တင်ပေးလိုက်ပါတယ်...
အားလုံး မင်္ဂလာတရားနဲ့ ပြည့်စုံနိုင်ကြပါစေ...
3 Sep 09, 03:47
soe: အရှင်ဘုရား ဆရာတော် ဥိးကောသလ္လ (ဓမ္မစေတီ)၏ တရားတော်များကိုလည်း နာကြားလိုပါတယ်ဘု၇ား၊ အကြောင်းညီညွတ်ခဲ့ပါလျင် တပည့်တော်တို့အား နားကြားခွင့် ပြုပါဘုရား၊
ဦးလောကနာထ: ဓမ္မစေတီဆရာတော် ဦးကောသလ္လ၏ တရားခွေများ တင်ဖို့ အစီအစဉ်မရှိပါ... ယခင်ကတော့ တရားတော်တချို့ နှစ်သက်လို့ တင်ပေးခဲ့ဖူးပါတယ်... ဆရာတော်ပြောတဲ့ No Theravada ဆိုတဲ့ အပြောကို နှစ်သက်ပါတယ်... ခု ဆရာတော်ကိုယ်တိုင် No Theravadi DhammaZedi ဖြစ်နေတယ်လို့ ပြောနေကြပါတယ်... ဦးကောဝိဒ (ယော) က.. ဆရာတော် ဟောကြားသော တရားတော်တချို့မှာ အဓမ္မဝါဒ လူသေလူဖြစ် ရှင်ဥက္ကဋ္ဌဝါဒလို့ စွပ်စွဲခံနေရခြင်း ဖြစ်လာသည့် အတွက်ကြောင့် မတင်ရဲတော့ပါ... ဆရာတော်နှင့် ပညာရှင်များ ဓမ္မ အဓမ္မ ဝိနိစ္ဆယ အဖြေတွေကို လေ့လာပါဦးမယ်... တရားနာချင်တယ်ဆိုရင် ဓမ္မစေတီ ဆရာတော် ကိုယ်ပိုင်ဆိုဒ်ရှိပါတယ်... ဒါက ထေရဝါဒဆိုဒ်... ဒီနေရာတွေမှာက ရတနာ... လေ့လာသင့်ပါတယ်... သာသနာ အရှည်တည်တန့်ဖို့ လေ့လာကြပါ... သာသနာကို ထေရဝါဒ အမည်ခံများ အားလုံပဲ စောင့်ရှောက်နိုင်ကြပါစေ...
3 Sep 09, 03:09
ပန်းမြတ်ညို: အရှင်ဘုရား ထွက်ရပ်ပေါက်ဟု ဆိုသော ဘိုးတော်များနှင့် ဓာတ်စီးသည်ဟု ဆိုနေသည့် အကြောင်းများ တပည့်တော် ရှင်းရှင်းလင်းလင်း သိလိုပါသည်ဘုရား၊ တပည့်တော် အဒေါ်နှင့်တကွ တပည့်တော် သူငယ်ချင်း တယောက် ၄င်းတို့ကို ယုံကြည်အားကိုးနေပါသဖြင့် ရှင်းလင်းပြောပြချင်၍ ဖြစ်ပါသည် ဘုရား၊ ရှိခိုးဦးတင်လိုက်ပါသည်။
ဦးလောကနာထ: အလွယ်ဆုံးဖြေရရင်တော့ တချို့ကို လူလိမ်တွေလို့ သတ်မှတ်ပါတယ်... တချို့ကိုတော့ ထင်တာလျှောက်လုပ်နေသူတွေလို့ သတ်မှတ်ပါတယ်... တချို့ကိုတော့ မသိနားမလည်သူတွေရဲ့ အထင်ကြီးမှုကို ခံချင်လို့ လုပ်နေတယ်လို့ သတ်မှတ်ပါတယ်... တချို့ကတော့ သရဲ တစ္ဆေ ပြိတ္တာတွေကို ခိုင်းစားနေသူတွေလို့ သတ်မှတ်ပါတယ်... ဒီသတ်မှတ်ချက်ဟာ ဘုန်းကြီးရဲ့ သတ်မှတ်ချက်သာ ဖြစ်ပါတယ်... ဘုန်းကြီးရဲ့ သတ်မှတ်ချက်ကတော့ ဘိုးတော်မယ်တော် ဆိုသူတို့အတွက် တစ်ခုမှကောင်းတာ မပါဘူး... ကိုယ့်ချွေးနည်းစာ အထုပ်ကလေး မပါသွားစေချင်ဘူး ဆိုရင်တော့ သေသေချာချာ စဉ်းစားကြပေါ့... အလွယ်ဆုံး ဖြေရရင်တော့ ဗုဒ္ဓဘာသာ (သာသနာ)ဝင် စစ်စစ်များ အသုံးပြုစရာ မလိုတဲ့ နည်းစနစ်တွေသာ ဖြစ်ပါတယ်... မြတ်ဗုဒ္ဓကတော့ ကိုယ့်ကိုယ်ကို အားကိုးကြလို့ ဆိုပါတယ်... အားကိုးမှားရင်တော့ တစ်သံသရာလုံး ဆင်းရဲဒုက္ခ ရောက်သွားပါလိမ့်မယ်... သူတို့တွေက လောဘကြီးသူကို ရမယ်ဆိုပြီး ပြောလိမ့်မယ်... ကြောက်တတ်သူကို ခြောက်ပြီးပြောလိမ့်မယ်... တွေဝေတတ်သူ အမှန်မသိတတ်သူ မောဟများသူများကိုတော့ အထင်ကြီးအောင် လုပ်ပြ ပြောဟောပြီး စွဲဆောင်ပါလိမ့်မယ်... ကျောင်းကိုလာတဲ့ ဒကာမကြီး တစ်ယောက်က မေးဖူးတယ်... အရှင်ဘုရား သူတို့က ယတြာ ခြေခိုင်းတယ်... ဘုရားမှာ ရွှေသင်္ကန်းကပ်ပါတဲ့ ဒါမကောင်းဖူးလား အရှင်ဘုရားတဲ့... မကောင်းဘူးလို့ ဘုန်းကြီးသတ်မှတ်ပါတယ်... မြတ်ဗုဒ္ဓကို သူတို့ လာဘ- ဘယ- အတွက် ယတြာခြေရုံ အဆင့်မှာပဲထားတယ်... ရတနာသုံးပါးကို စော်ကားတာလို့ပဲ ယူဆတယ်... သူတို့လှူတဲ့ ဒါနအကျိုးက ပိစိကွေး သေးသေးလေးပဲ ပါတယ်... မြတ်ဗုဒ္ဓကို (စော်ကားလိုစိတ်(ပါ-သို့-မပါ)သော) စော်ကားမှုလုပ်ရပ်က ပိုကြီးတယ်လို့ သတ်မှတ်ပါတယ်... ဗုဒ္ဓဟူးနေ့က ဆွမ်းလာကပ်တဲ့ မိသားစုတွေ ရေစက်ချ အမျှဝေရင်းနဲ့ တရားဟောပြီးနောက် ဒကာမကြီးက သူတို့အိမ်မှာ ကိုးကွယ်ပုံကို ပြောပြပါတယ်... ဘီဒိုက အပေါ်နှစ်ကန့် အောက်ကနှစ်ကန့် လေးကန့်ပါတယ်ပေါ့... ဘယ်ဘက်အပေါ်မှာ မြတ်စွာဘုရား အလိုတော်ပြည့်ပုံတော် ဆိုတော့ ဘုန်းကြီးလည်း သာဓုပေါ့... ၀... ဘုရားအောက်မှာကတော့ ဆွမ်းတော် ပန်း သစ်သီးလှူပါတယ်... မဆိုးသေးဘူးပေါ့လေ... ညာဘက်အပေါ်မှာတော့ ပြည်တွင်းဖြစ် ဘိုးတော် မယ်တော်ပေါင်းစုံ ထားပါတယ်တဲ့... အင်းဇာတ်လမ်းကတော့ စပြီပေါ့... ညာဘက်အောက်မှာကတော့ ဆရာတော်ကြီးများရဲ့ ပုံတော်များ ပူဇော်ပါတယ်တဲ့... ကဲ ဒကာဒကာမတို့ စဉ်းစားကြည့်... ဘယ်ဘက်ချမ်း အနေအထား မဆိုးသေးဘူး... ညာဘက်က အနေအထားကတော့ အတော်လေးဆိုးနေပြီ... ဒီတော့ ဘုန်းကြီးလည်း ပြောတတ်သလောက်ပေါ့ ၂-နာရီလောက် ပြောလိုက်ပါတယ်... အတော်မောတယ်... ဒါပေမဲ့ မကျွတ်ဖူး ဈေးစစ်သွားတယ်... ဒီလိုဆို ဘုန်းကြီးပုံတွေ ဘယ်ဘက်အောက်ထဲ သစ်သီးပွဲတွေနဲ့အတူ ထည့်ထားလိုက်ပါ့မယ်တဲ့... ဘိုးတော်တွေတော့ မရွှေ့ရဲဘူးတဲ့ ကြောက်လွန်းလို့ပါတဲ့... ဘယ်လိုမှ ပြောမရဘူး... ဒီတော့ သူက ကြောက်လို့ ကိုးကွယ်နေတဲ့သူ... တော်ပါသေးတယ်လေ ဘုန်းကြီးကို စိတ်တော့မဆိုးသေးဘူး... ဒီလိုပြောတာများလို့ စိတ်ဆိုးတဲ့သူတွေလည်း မနည်းတော့ပါဘူး... ကျွတ်တမ်းဝင်သွားတဲ့ သူတွေကတော့ တပည့်တော်တို့ မစွန့်ရဲဘူး ဘယ်လို လုပ်ရမလဲဘုရားတဲ့... ဒီတော့ ဘုန်းကြီးက ဒကာ မကောင်းရင် ကျောင်းပို့ရတယ်လေ ပို့လိုက်ဆိုပြီး လက္ခံထားတဲ့ ဘိုးတော် မယ်တော်တွေ မနည်းတော့ပါဘူး... အချိန်တန်ရင်တော့ အညိုရောင်ထဲ ထည့်ရမှာပဲလေ... အင်း အညိုရောင်ဆိုလို့ မေးတဲ့ ဒကာမကြီးက တမျိုးထင်နေဦးမယ်... ဘုန်းကြီးတို့ဆီက သစ်ရွက်ဆို အစိမ်းရောင်ပုံး... စက္ကူမှိုက်ဆို အပြာရောင်ပုံး... အမှိုက်မျိုးစုံ ထည့်တဲ့ပုံးက အညိုရောင်... ဒါကိုပြောတာပါ... အဆိုးဆုံးပုံကတော့ ဘုရားစင်ပေါ်မှာ အရှက်မရှိ ဒူးဖေါ်ထိုင်နေတဲ့သူပဲ... ဒါကြီးလဲ အိမ်ပေါ်တင်ထားကြတာပဲ အံ့သြစရာကောင်းပါတယ်... ဒီလောက်ဆို နားလည်မလား ပိုရှုပ်မလားတော့ မသိဘူး... ထပ်ပြီးဈေးခေါ်လိုက်ဦးမယ်... ဟိုနေ့က ဆွမ်းဒကာမကြီး ဖတ်မိရင်လည်း စိတ်မဆိုးနဲ့... ဘုန်းကြီးစောင့်နေပါတယ်လို့ ဘိုးတော် မယ်တော်ပေါင်းစုံ လက္ခံပါတယ်... အားလုံးပဲ ဗုဒ္ဓဘာသာ(သာသနာ)ဝင်များ ဖြစ်ကြပါစေ... ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...
2 Sep 09, 03:25
ဆောင်တော်ကူး: ဘုန်းဘုန်းကို ကျေးဇူးအများကြီးတင်ပါတယ် ဘုရား၊ တပည့်တော် စာအုပ်နှစ်အုပ်မှာ တွေ့ဘူးတာ တစ်ခုနဲ့တစ်ခု မတူတာကြောင့် မေးကြည့်တာပါဘုရား၊ အခုလို ဖြေပေးတဲ့အတွက် ဘုန်းဘုန်းကို ကျေးဇူးတင်ပါတယ်ဘုရား။
ဦးလောကနာထ: ဆောင်တော်ကူးရေ... မရှင်းတာရှိမေးပါ သိသလောက်လေး ဖြေပေးပါ့မယ်... ဆရာတော်တွေရဲ့ ကောင်းမွန်တဲ့ နှစ်သက်တဲ့ အဖြေကိုလည်း ရှာဖွေတင်ပေးပါမယ်... စိတ်ချမ်းသာပါစေ...
1 Sep 09, 20:16
ပန်းမြတ်ညို: ရှိခိုး ဦးတင်အပ်ပါသည် အရှင်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ပန်းမြတ်ညိုရေ... စိတ်ချမ်းသာပါစေ...
31 Aug 09, 23:44
ဆောင်တော်ကူး: ဘုန်းဘုန်းဘုရား ခင်ပွန်းကြီး (10)ပါးကို သိချင်လို့ပါဘုရား
ဦးလောကနာထ: ဒကာ(မ)ကြီး ဆောင်တော်ကူး ရေ... ခင်ပွန်းကြီး ၁၀-ပါး အမည်ဖြင့်တော့ ဘုရားဟောမရှိပါ... ဂုဏ်ကျေးဇူး ကြီးမားသူများကို ဆရာတော်များက တူရာစု၍ ပြခြင်းသာဖြစ်ပါတယ်... ၁။ သဗ္ဗညုဘုရား။ ၂။ ပစ္စေကဗုဒ္ဓဘုရား။ ၃။ ရဟန္တာ။ ၄။ အဂ္ဂသာဝက ၂-ပါး။ ၅။ မာတာ= မိခင်။ ၆။ ပိတာ= ဖခင်။ ၇။ ၀ုဒ္ဓါပစာယန= အသက် သိက္ခာ သီလ အမျိုး စသည် မိမိထက်ကြီးမြတ် ရိုသေအပ်သူ။ ၈။ အာစရိယ= သွန်သင်ဆုံးမ ပညာသင်ပေးအပ်သော ဆရာမြတ်။ ၉။ ဓမ္မကထိက= သူတော်ကောင်းတရား ဟောပြောပြသသူ။ ၁၀။ ဟိတ ကရ= အစားအသောက် နေရာထိုင်ခင်း ပေးသောသူ ဟူ၍ဖြစ်ပါတယ်... အရေအတွက် ၁၀- ၁၅- ၂၀ မိမိနှစ်သက်သလို ကျေးဇူးကြီးမားသူများကို ရှာဖွေလည်း ခွဲထုတ်နိုင်ပါတယ်...
ပူဇော်ပါလျှင် အကျိုးကြီးမား၍ ပူဇော်ကန်တော့နိုင်ပါတယ်... စိတ်ချမ်းသာခြင်းများနဲ့ ပြည့်စုံပါစေ...
31 Aug 09, 01:43
thandar: တပည့်တော် နေ့တိုင်းတရားစာတွေ လာဖတ်ပါတယ်ဘုရား။ တပည့်တော်တို့ မသိသေးတာတွေ သိလာရတော့ အင်မတန်မှ ၀မ်းမြောက်ဝမ်းသာဖြစ်ရပါတယ်ဘုရား။ ဦးဇင်းဘုရား တရားခွေတွေက နားထောင်လို့မရပါဘူးဘုရား ဘယ်လိုဖွင့်ရသလဲဆိုတာ ရှင်းပြပါဦးဘုရား
ဦးလောကနာထ: ဒကာမကြီး thandar ရေ... တင်ပေးထားတာ အဆင်မပြေလို့ ဖြစ်နိုင်ပါတယ်... ဒီအတိုင်းဖွင့်ကြည့်ပါဦး... အဆင်ပြေမယ်ထင်ပါတယ်... စိတ်ချမ်းသာပါစေ ဒုက္ခဆင်းရဲကင်းဝေးပါစေ...
29 Aug 09, 09:35
moon: ဓါရဏပရိတ်ဟာ ဘုရားဟောမဟုတ်ဘူး.. မရွတ်ကောင်းဖူး.. ဆိုတာ ဟုတ်ပါသလားဘုရား... ပြီး... တပည့်တော် ပဌာန်း ပစ္စယနိဒ္ဒေသကို ရွတ်ပါတယ်ဘုရား.... အဲဒီပဋ္ဌာန်းကို ဆေးရုံတွေမှာ မရွတ်ကောင်းဘူးဆိုတာ ဟုတ်ပါသလားဘုရား ဖြေကြားပေးပါဘုရား... အရှုင်ဘုရား ကျန်းမာချမ်းသာပါစေ ဘုရား.....
ဦးလောကနာထ: moon ရေ... ဓာရဏပရိတ်ကတော့ ဆရာတော် အရှင်ပညာဇောတ ရှင်းတမ်း တွေ့လို့ တင်ပေးလိုက်ပါတယ်... အဆင်ပြေမယ်ထင်ပါတယ်... ဓာရဏဆိုတာက ဆောင်ခြင်း... မှတ်သားခြင်းလို့ အဓိပ္ပါယ်ရပါတယ်... ဒီတော့ ဘုရားဟော ကုသိုလ်တရား မှန်သမျှ ဆောင်ပါ ကျင့်ပါ... အကုသိုလ်တရား မှန်သမျှ ရှောင်ပါ... ပဋ္ဌာန်းတရားတော်ကို ဆေးရုံတွေမှာ မရွတ်ကောင်းဘူး ဆိုတာကတော့... မှားယွင်သော အယူဝါဒတစ်ခုသာ ဖြစ်ပါတယ်... မြတ်ဗုဒ္ဓရဲ့တရား မှန်သမျှကိုတော့ နတ်စုတ် နတ်ပဲ့ နတ်မိုက်တွေ မနှစ်သက်လောက်ဖူးပေါ့... ဒါကိုရည်ရွယ်လို့ ပြောကြတာ နေမှာပါ... သူတော်ကောင်း နတ်တွေကတော့ နှစ်သက်ကြပါတယ်... ဒီလို မှတ်သားကြည့်မယ် ရှင်းမလားတော့ မသိပါ... သူတော်ကောင်းတွေ နှစ်သက်တဲ့ အလုပ်ဆိုရင် ကုသိုလ်လုပ်ငန်းမို့ လုပ်နိုင်ပါတယ်... သူယုတ်မာတွေ မနှစ်သက်တဲ့ အလုပ်ဆိုရင် ကုသိုလ်လုပ်ငန်းမို့ လုပ်နိုင်ပါတယ်... ဒါ့ကြောင့် သူတော်ကောင်းတွေ နှစ်သက်တဲ့ ပဋ္ဌာန်းတရားတော်ကြီးကို နေရာမရွေး အချိန်မရွေး ပူဇော်နိုင်ပါတယ်... ပဋ္ဌာန်းတရားတော် ပူဇော်တော့ စိတ်တွေ ကြည်လင်ပါတယ်... စိတ်ကြည်လင်တော့ စိတ်ကြောင့်ဖြစ်တဲ့ ရောဂါတွေတောင် ပျောက်ကင်းနိုင်ပါသေးတယ်... ဒါ့ကြောင့် ဆေးရုံပေါ်မှာ ပိုပြီး ရွတ်သင့်ပါတယ်... (သူများ နားညည်းလောက်အောင်တော့ မဟုတ်ဖူးပေါ့နော်...) (ရောဂါကုတဲ့ ဆေးအဖြစ်လည်း အသုံးမချသင့်ဘူးပေါ့...) မသိနားမလည်သူများရဲ့ ညွှန်ပြမှုတွေကြောင့် လူငယ်တွေ ဝေဝါးနေကြတယ်... သိနားလည်သလိုရှိပြီး လမ်းစောင်းနေသူများရဲ့ ညွှန်ပြမှုကြောင့်လည်း လူငယ်တွေ ဝေဝါးနေကြတယ်... ဒကာဒကာမအားလုံးပဲ အလယ်လမ်းမှန်ကို တွေ့ရှိနိုင်ကြပါစေ... ကလေးတွေကိုလည်း လမ်းမှန်ကို ညွှန်ပြနိုင်ကြပါစေ...
29 Aug 09, 01:45
မျက်ရည်မကျခင်သိစေချင်: မေတ္တာရှင်-(ရွှေပြည်သာ) ရေးသားသော မျက်ရည်မကျခင် သိစေချင်စာအုပ် Download လုပ်ယူနိုင်ကြပါသည်
ဦးလောကနာထ: ဖတ်သင့်တဲ့ စာအုပ်လေး တစ်အုပ် ဖြစ်ပါတယ်... တိုက်တွန်းတဲ့ ကုသိုလ်လေးပေါ့... စိတ်ချမ်းသာပါစေ...
28 Aug 09, 06:22
lynn: တပည့်တော် စာတွေ လာရောက်ဖတ်ရှု ကြည်ညိုသွားပါတယ်ဘုရား........ဆရာတော် ကျန်းမာပါစေဘုရား....
ဦးလောကနာထ: lynn ရေ... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
27 Aug 09, 21:50
ပန်းမြတ်ညို: အရှင်ဘုရား လာရောက်ဖတ်ရှု့ မှတ်သားရင်း ရှိခိုးဦးတင်သွားပါတယ်ဘုရား
ဦးလောကနာထ: ဒကာမကြီး ပန်းမြတ်ညိုရေ... သာဓု... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
26 Aug 09, 09:42
အောင်ကျော်စိုး: အရှင်ဘုရား နေရာကို လာပြီးလေ့လာ မှတ်သားသင်ယူ သွားပါတယ် တကယ်အကျိုးရှိတဲ့ စာပေတွေကို ဖတ်ရတာ ဝမ်းသာမိပါတယ်ဘုရား။
ဦးလောကနာထ: ဒကာလေးအောင်ကျော်စိုးရေ... ဝမ်းသာပါတယ်... ကိုယ်ရောစိတ်ပါ မပင်မပန်း ခန္ဓာ့ဝန်ကို ထမ်းရွက်နိုင်ပါစေ...
25 Aug 09, 03:52
ပန်းမြတ်ညို: အရှင်ဘုရား မရှင်းလင်းတဲ့ အချို့ အရာတွေ ဖတ်ခွင့်ရလို့  ဝမ်းမြောက်စွာ ရှိခိုးဦးတင်ပါတယ်ဘုရား။ (၃၇) မင်း နတ်တို့  ၊ သူရဿတီ တို့  ၊ ရှင်ဥပဂုတ်တို့  အကြောင်းတွေပါဘုရား တပည့်တော် သိချင်နေတာ တော်တော်ကြာပါပြီ ။ အခုမှ ဖတ်ခွင့်ကြုံတော့တယ် ဘုရား။
ဦးလောကနာထ: ကောင်းပါတယ် ဒကာမကြီး ပန်းမြတ်ညိုရေ... လာရောက်လေ့လာတာ သာဓုခေါ်ပါတယ်... အသိမှန် အမြင်မှန်တော့ ဘေးကင်းကြတာပေါ့... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...
23 Aug 09, 13:59
ကိုကိုအောင်: ဘုန်းဘုန်း တင်ထားတဲ့စာထဲ ရှင်ဥပဂုတ်တ မထေရ်ဟာ အသက်ထင်ရှား ရှိမရှိဆိုတာကို အစအဆုံး သေချာမဖတ်ရလို့ နားမလည် နိုင်သေးပါဘူးဘုရား အနည်းငယ် အကျဉ်းချုံပြီး ရှင်းပြပေးပါဦး တကယ်လို့ တစ်ကမ်ဘာလုံး အသက်ရှိနေဦးမယ်ဆို နောင်မေတေးယဘုရားသခင်ကိုပါ ဖူးခွင့်ရှိတဲ့သဘောလားဘုရား ဘယ်လိုသူတွေက အသက်ရှိနဲ့ဖူးနိုင်ပါသေးလဲ ဘုန်းဘုန်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သီတင်းသုံးနိုင်ပါစေ...ခင်မင်လျှက်
ဦးလောကနာထ: ဒကာလေးကိုကိုအောင်ရေ... အမှတ်-၈-ရှိလို့ ထပ်တင်ပေးလိုက်ပါတယ်... ရှေ့ကစာတွေကတော့ မရှိသေးပါ... ဒီဆရာတော် ဖြေရှင်းထားတာတွေ ကောင်းပါတယ်... စာတွေက အမှားရေးနေသူများရဲ့စာကို အနည်းငယ်တင်ပြပြီး ဖြေရှင်းထားတာပါ... မျက်စိတော့ လည်နိုင်ပါတယ်... တကယ်အမှန်ရှိခဲ့တဲ့ ရဟန္တာများရဲ့ ဇာတ်လမ်းနဲ့... မရှိတဲ့ဇာတ်လမ်းတွေကို ပေါင်းပြီး ရှင်ဥပဂုတ္တအမည်တပ် တရားအမှားတွေ ဖြစ်အောင်လုပ်နေကြတာကို ဖြေရှင်းထားတာပါ... တကမ္ဘာပတ်လုံး အသက်ရှင်ဦးမယ်ဆိုတာက မှားယွင်းသူများရဲ့ အယူအဆကို ရေးပြတာပါ... ရဟန္တာမှန်ခဲ့လျှင် နောက်ဘုရားရှင်ကို ဖူးမြင်ဦးမည်ဆိုတာမျိုး ထေရဝါဒမှာ မတွေ့မိပါ... လက်မခံပါ... ဘုန်းကြီးအမြင်ကတော့ မှားယွင်းသော ရှင်ဥပဂုတ္တကို ကိုးကွယ်နေခြင်းဟာ... လောဘ ဒေါသ မောဟကြောင့်လို့ ထင်ပါတယ်... (လောဘ-လိုချင်နေတဲ့သူတွေ ကိုးကွယ်နေကြတယ်...) (ဒေါသ- ကြောက်တဲ့သူတွေ ကိုးကွယ်နေကြတယ်...) (မောဟ- အမှန်ကို မသိနားမလည်လို့ ကိုးကွယ်နေကြတယ်...) ဒီလိုပဲတွေးမိပါတယ်... လိမ်မဲ့သူတွေ နေရာတကာမှာ စောင့်နေတယ်... လိမ်သူ့အပြစ်ဆိုတာထက် အလိမ်ခံသူရဲ့ အပြစ်တွေပါ... အမှန်မသိလို့ အလိမ်ခံရတယ်... ဒါ့ကြောင့် အမှန်သိအောင် လုပ်ကြဖို့ လိုပါတယ်... ကိုယ်နဲ့နီးစပ်တဲ့သူများ ရှိနေရင်လည်း သင်ပြပေးကြပေါ့... အမှားတစ်ခုစင်သွားရင် ဘဝအတွက် တန်ဖိုးဖြတ်လို့ မရပါဘူး... အားလုံးပဲ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
21 Aug 09, 06:53
moon: တရားစာတွေလာဖတ်ပါတယ်ဘုရား
ဦးလောကနာထ: moon ရေ... ကောင်းပါပြီ... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
19 Aug 09, 07:54
ရေတမာ: အရှင်ဘုရား http://nge-naing.blogspot.com/ ဒီဘလော့မှာ မေးထားတာလေး ဖြေကြားပေးစေချင်ပါတယ်ဘုရား ဘုရားကို ဆွမ်းကပ်တာ အဓိပ္ပါယ် ရှိမရှိ ဆွေးနွေးထားပါတယ် ဘုရား။ လှူရင် ကောင်းမှန်း လက်ခံသော်လည်း ဘုရား ဆွမ်းကပ်တာ ဘဘာဝမကျဘူးဆိုတာ ဟုတ်ပါသလား ရှင်းပြပေးတော်မူပါ ဘုရား။
ဦးလောကနာထ: ရေတမာရေ... မေးတဲ့ သားလေးကလဲ အမေးကောင်း... မိခင်ကလဲ အရေးကောင်း... ဆရာတော်တွေကတော့ နည်းမျိုးစုံ ဖြေကြပါလိမ့်မယ်... အဖြေကောင်းကောင်း ဖြစ်သင့်တဲ့ မေးခွန်းဖြစ်လို့.... ဘုန်းကြီးသိတဲ့ ဆရာတော်ကြီးတစ်ပါးကို မေးလျှောက်ထားပါတယ်... အဖြေရရင်တော့ ကျေနပ်လောက်မှာပါ... ဆရာတော်ကြီး အားရင်တော့ မြန်ပါလိမ့်မယ်... အဖြေရရင် ပို့ပေးလိုက်ပါ့မယ်...။
ဒါကတော့ သိကြပြီးသားဖြစ်မဲ့ ပေါ့ပေါ့ပါးပါး အဖြေလေးပါ... ဘုရားဆွမ်းတော်ကပ်တာ အဓိပ္ပါယ် ရှိပါတယ်... ဘယ်လိုအဓိပ္ပါယ်ရှိသလဲဆို စေတနာဆိုတာလေးကို နားလည်နိုင်မှသာ အဖြေကို မှန်ကန်စွာ သိနိုင်ကြပါလိမ့်မယ်... ဗုဒ္ဓဘာသာဝင်များ သိထားကြတဲ့အတိုင်း... ပြုလုပ်မှုတိုင်းကို ကံလို့ခေါ်ပါတယ်... ကံတစ်ခုမှာ တူသောအကျိုးပေး ရှိနေပါတယ်... ဆက်ပြီးသိရမှာကတော့ ကံ,လာရာ အရပ်ပါ... ကံဆိုတာ စေတနာကလာပါတယ်... ဒါ့ကြောင့် မြတ်ဗုဒ္ဓက "စေတနာ ဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ၊ စေတယိတွာ ကမ္မံ ကရောတိ ကာယေန ဝါစာယ မနသာ" လို့ဟောကြားတော်မူခဲ့ပါတယ်... အဓိပ္ပါယ်ကတော့... "ရဟန်းတို့ စေတနာကို ကံလို့ ငါဘုရား ဟောတော်မူတယ်... စေ့ဆော်မှုဟူသော စေတနာနဲ့... ကိုယ်ဖြင့် ကာယကံ... နှုတ်ဖြင့် ဝစီကံ... စိတ်ဖြင့် မနောကံကို ပြုကြတယ်" လို့ ဆိုလိုပါတယ်...။
ဒီတော့ လုပ်သမျှ လုပ်ငန်းအားလုံးမှာ အကျိုးတရားတွေ ထိုက်သင့်သလို ရှိနေလို့ အလကားဖြစ်သွားတယ် အဓိပ္ပါယ် မရှိဘူးလို့ ပြောလို့ မရနိုင်တော့ပါဘူး... စေတနာကောင်းနဲ့ ဆွမ်းတော် ကပ်လှူတာဖြစ်တော့ ကောင်းသော အကျိုးတရားကတော့ ရှိနေပါတယ်... အလှူခံဘက်မှာ ဆွမ်းဘုဉ်းသည် မဘုဉ်းသည်... အကျိုးရှိသည် မရှိသည် ကြည့်ရန်မလိုပါ... သည်လုပ်ငန်းက အလှူခံဘက်က လုပ်ငန်းသာ ဖြစ်ပါတယ်... ဒါကိုကြည့်နေ၍ အဓိပ္ပါယ် မရှိသော အလုပ်ဟု ထင်မြင်ခြင်းဖြစ်တယ်... ကိုယ်နဲ့သက်ဆိုင်သော အပိုင်းကိုသာ ကြည့်လိုက်ပါ... ကိုယ်ဘက်က စေတနာကောင်းကောင်းနဲ့ လုပ်တဲ့လုပ်ငန်းဟာ ကိုယ့်အတွက် ကောင်းသော အကျိုးတရားသာ ဖြစ်ပါတယ်...။
စေတနာဆိုးဆိုးနဲ့ အိမ်ထဲမှာနေရင် သေချင်းဆိုးနဲ့ သေပါစေတော်... ဆိုပြီး... ကြိမ်ဆဲနေသူ တစ်ယောက်မှာ အပြစ်ရှိ-မရှိ စဉ်းစားကြည့်ပါ... သူကြိမ်ဆဲ ခံရတဲ့သူက ကြားလည်းမကြား သိလည်း မသိတဲ့အတွက် ကြိမ်ဆဲနေသူမှာ အပြစ်မရှိဘူးလို့ ပြောလို့ရ-မရ... အပြစ်မရှိဘူးလို့ ယူရင် ဗုဒ္ဓဘာသာဝင်လို့ ခေါ်ဖို့ခက်လှပါတယ်... ဘာကြောင့်လဲဆိုရင် မနောကံနဲ့ ဝစီကံကို ပယ်လိုက်လို့ပါ... ခု... မြတ်ဗုဒ္ဓကို ဆွမ်းတော်ကပ်ဖို့ ကြံစည်တယ်... မနောကံကုသိုလ် ဖြစ်ပါတယ်... ကိုယ်တိုင် ကပ်လှူပြီ... ကာယကံကုသိုလ် ဖြစ်ပါတယ်... နှုတ်ကထုတ်ဖေါ် ရွတ်ဆိုရင် ဝစီကံကုသိုလ် ဖြစ်ပါတယ်... ကံတိုင်းကံတိုင်းမှာ အကျိုးတရားတွေ ရှိနေပါပြီ... သံသရာတစ်လျှောက် ထုတ်ယူသုံးစွဲဖို့ အကျိုးတရားတွေ ရှိနေပြီဖြစ်ကြောင်း ဒကာဒကာမတို့ အသိပညာ အတတ်ပညာတွေနဲ့ ဆက်လက်ပြီး ကလေးတွေကို သင်ပြပေးနိုင်ကြပါစေ... အားလုံး ကံ,ကံ၏ အကျိုးတရားများ နားလည်နိုင်ကြပါစေ... မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ...
17 Aug 09, 04:59
ခွန်နောင်: ယာမာတို့ တုသိတာ ဥဿဝတီတို့ဟာ တာဝတီသာထက် မြင့်တဲ့ နတ်ဘုံတွေဖြစ်ပြီး ဘာကြောင့် တာဝတီသာနဲ့ သိကြားမင်းက ပိုထင်ရှားတာလဲအရျင်ဘုရား။ ပြိတ္တာဘုံနဲ့ စတုမဟာရာဇ်နတ်ဘုံကရော ရောနှောနေတာလားဘုရား
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... နတ်ဘုံ ၆-ထပ်မှာ... (၁) စတုမဟာရာဇ်ဘုံ... (၂) တာဝတိံသာဘုံ... (၃) ယာမာဘုံ... (၄) တုသိတာဘုံ... (၅) နိမ္မာနရတိဘုံ... (၆) ပရနိမ္မိတဝသဝတ္တီဘုံ... ဒီအတိုင်း တည်ရှိပါတယ်... တာဝတိံသာက သိကြားမင်း ထင်ရှားရခြင်းကတော့ အောက် ၂-ဘုံကို အုပ်စိုးရတာလဲပါမယ်... လူ့ဘုံနဲ့ နီးတာလဲပါမယ်... ဘုရားရှင်ထံ ခဏခဏလာလို့လဲပါမယ်... စတုမဟာရာဇ်ဘုံကတော့ မြေပြင်နဲ့ အနီးစပ်ဆုံးမှာ ဆက်စပ်ပြီး တည်ရှိပါတယ်... ပြိတ္တာတချို့ကတော့ စတုမဟာရာဇ်နတ် စာရင်းထဲမှာလည်း တွေ့ရပါတယ်... စိတ်ချမ်းသာကြပါစေ...
၃၁-ဘုံ တည်နေပုံပါ...
16 Aug 09, 03:46
စိုး: ဒုလ္လဘဟုခေါ်ဆိုခြင်းကို နာကြားရတာ ကြက်သီးတောင် ထမိပါတယ်ဘုရား။ တပြည့်တော် တုန်းက အဲဒါတွေ အဲလောက်မသိခဲ့ပါ မျှဝေပေးတော်မူသော သံဃာတော် အရှင်သူမြတ်အား ရိုသေစွာ ကန်တော့ပါတယ် အရှင်ဘုရား။ အရှင်ဘုရားရဲ့ သင်တို့ငတ်ဦးမည် ဆိုတဲ့ကဗျာလေးကို နှစ်ခြိုက်ပါတယ် အရှင်ဘုရား။ အလွတ်ကျက်မှတ်ထားပြီး ဆောင်ထားပါမယ် အရှင်ဘုရား။ အရှင်ဘုရား ကဗျာလေးကိုဖတ်ပြီး မှီငြမ်းပြီး ကိုယ့်ကိုယ်ကို သတိပေးထားတဲ့ စာလေးချိုးမိပြီး မျှဝေပါတယ်ဘုရား
လှူရန်တွန့်က ဘ၀ါဘ၀ ငါတော့ငတ်ဦးမည်။
မင်္ဂလမ်းရွံ့က ဘ၀ါဘ၀ ငါတော့သေဦးမည်။
ဦးလောကနာထ: ကောင်းတယ် ဒကာလေး... သာဓု... သာဓု... သာဓု... အားလုံးပဲ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေ...
15 Aug 09, 05:57
စိုး: အရှင်ဘုရား တပြည့်တော် ကလစ်လုပ်လို့မရဘူးဖြစ်နေပါတယ်ဘုရား ရပါပြီဘုရား ခွင့်လွှတ်တော်မူပါဘုရား same window ဖြစ်နေလို့ ပို့မရဘူးဖြစ်နေပါတယ် ဖြူဖွေး ကျနော့လိပ်စာက (soenaing67@gmail.com) ဆက်သွယ်ပါ
ဦးလောကနာထ: ဒကာလေးစိုးရေ... ကိုယ်တိုင် ကြေငြာလိုက်တာ ကောင်းပါတယ်... အားလုံးပဲ စိတ်ချမ်းသာကြပါစေ...
14 Aug 09, 12:16
အောင်ဦး: တပည့်တော် နေ့စဉ်လာရောက်ဖြစ်ပါတယ် ဘုန်းဘုန်း။ တရားတွေနဲ့ စာတွေက ကျေးဇူးကြီးမားပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေးအောင်ဦးရေ... စိတ်ချမ်းသာပါစေ... တရားအားထုတ်တယ် ဆိုရာဝယ် - ... ကောင်းတယ်ဒကာလေးရေ... သာဓု...
14 Aug 09, 09:13
စိုး: တရားအပုဒ်600mp3 ရှိနေတော့ ရောက်အောင်ပို့ပေးချင်လို့ပါဘုရား (မြန်မာပြည်တွင်းကလွဲရင်ပေါ့)
lknt: ဒကာလေး စိုးနိုင်ရေ အဲဒီနေရာမှာပဲ မေးလ်ပါပါတယ်... ဆက်သွယ်ကြည့်ပါ...
12 Aug 09, 06:16
crystal: ဘုန်းဘုန်းဘုရား၊ တပည့်တော် ပုံတင်ထားတာတွေ့လို့ ၀မ်းသာစွာဖြင့် ဘုရားလည်းဖူးရင်း တရားစာပေများကိုလည်း ဖတ်မှတ် သွားပါတယ်ဘုရား၊ ကျန်းမာစွာဖြင့် ဘုန်းဘုန်းရဲ့ ရည်ရွယ်ချက်များကို ဆောင်ရွက် အောင်မြင်နိုင်ပါစေ။ ရိုသေစွာဖြင့် ဘန်ကောက်မှ ရှိခိုးဦးတင်လိုက်ပါတယ် ဘုရား။
ဦးလောကနာထ: ဒကာမကြီး crystal ရေ... ဒကာမကြီးက တစ်နေရာကရှိခိုး... ဒကာကြီးက တစ်နေရာက ပူဇော်ကန်တော့ ဆိုတော့... ရှိခိုး ကန်တော့ခြင်း ခံထိုက်အောင် ကြိုးစားရမှာပါလားလို့... သတိရစေပါတယ်... မိသားစုတွေ အမြန်ဆုံးပေါ့...
11 Aug 09, 05:31
crystal: ဘုန်းဘုန်းဘုရား- တပည့်တော်ဖတ်ဖူးပေမယ့် ထပ်မံ၍ တရားစာသားများ ဖတ်သွားပြီး သာဓုခေါ်လျှက် ရှိပါတယ်ဘုရား။ တခြားသော ပါရမီဖြည့်ဘက်ကောင်းများ၏ စိတ်နေစိတ်ထားများကို ဖေါ်ပြပေးစေချင်ပါတယ်။ ဘုန်းဘုန်း နေမကောင်းနေလို့ စိတ်မကောင်းကြောင်းကို အမျိုးသားကို ပြောဖြစ်ပါသေးတယ်။ နေကောင်းပါစေဖို့ မေတ္တာပို့ပေးနေပါတယ်။ ဘုရား အနေကဇာတင်တဲ့ပုံ ကြည့်ပြီးပြီလား။ ကျေးဇူးတင်စွာဖြင့် ရိုသေစွာ ရှိခိုးဦးတင်လိုက်ပါတယ် ဘုရား။
ဦးလောကနာထ: ဒကာမကြီး crystal ရေ... ဘုရား အနေကဇာ တင်တဲ့ပုံတော် ဖူးပြီးပါပြီ... ဘုန်းဘုန်း ကျန်းမာရေးနဲ့ ပါတ်သက်ပြီး ဘာမှ စိတ်မကောင်း မဖြစ်ကြပါနဲ့... သံဝေဂကို အခြေခံလို့ ကိုယ်ပိုင်ဥစ္စာ ရှာဖို့ သတိလေးပဲ ရလိုက်ပါ... လိုအပ်တာလေးတွေ ထပ်တင်ပေးသွားပါ့မယ်... မိသားစု စိတ်ချမ်းသာကြပါစေ...
11 Aug 09, 02:33
ခင်ပုလဲဖြူ: အရှင်ဘုရား တပည့်တော်မ ပထမဆုံးအကြိမ် လာရောက်ဖတ်ရှုခြင်းပါ ဘုရား။
ဦးလောကနာထ: ဒကာမကြီး ခင်ပုလဲဖြူ ရေ... တစ်ကြိမ်ရောက်ပြီးနောက် ဒီနေရာလေးကို ထပ်လာခဲ့ပါ... ဘဝအတွက် တန်ဖိုးရှိတာလေးတွေ ရှာဖွေ တွေ့ရှိပါလိမ့်မယ်... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
10 Aug 09, 09:12
အောင်ဦး: ဘုန်းဘုန်း.. ဒီစီဘောက်က ပိုပြီး လှပါတယ်ဘုရား။ တရားတော်တွေကို နေ့စဉ် ကူးယူမှတ်ထားပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေးအောင်ဦးရေ... ကောင်းပါတယ် မြတ်ဗုဒ္ဒသာသနာဟာ လေ့လာကျင့်ကြံသူအတွက် ကိုယ့်ကျိုးသူ့ကျိုး နှစ်မျိုးပြီးစေပါတယ်... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
10 Aug 09, 02:39
crystal: ဘုန်းဘုန်း-တပည့်တော် ယသော်ဓရာ ဖြည့်ဆည်းပေးခဲ့သော ပါရမီတော်တွေက မည်သို့သော စိတ်ထားများနှင့် ဖြည့်ဆည်းခဲ့ပုံကို ဖေါ်ပြထားသော တရားစာပေများရှိပါသလား။ ရှိလျှင် တပည့်တော်မ ဖတ်လိုပါတယ်ဘုရား။ ယသော်ဓရာကို အားကျလို့တော့မဟုတ်ပါ၊ ကြည်ညိုလိုသောကြောင့် ဖြစ်ပါတယ်။
ဦးလောကနာထ: ဒကာမကြီး crystal ရေ... ယသောဓရာ ဇာတ်တော်က ဟိုနားနည်းနည်း ဒီနားနည်းနည်း တွေ့ရပါတယ်... ဒီနေရာမှာ အနည်းငယ်ကြည်ဦးပေါ့... သိချင်တာလေး ပါနိုင်ပါတယ်... နောက်ထပ်တွေ့ရင်လည်း ထပ်တင်ပေးပါ့မယ်... စိတ်ချမ်းသာပါစေ... သူတော်ကောင်းတွေကို အားကျတာ အပြစ်မရှိပါ... ကြည်ညိုပြီးတော့ အားကျနိုင်ပါတယ်...
ယသော်ဓရာ ခန်းမဆောင်သို့...
9 Aug 09, 15:52
မောင်မောင်ပြည့်စုံ: ဘုန်းဘုန်း စီဘောက်အသစ်လေး.. လှတယ်.. ဆရာတော် ဦးသုမင်္ဂလတရားတွေ နာကြားခွင့်ရလို့ ကျေးဇူးပါ ဘုန်းဘုန်း.. ဘုန်းဘုန်းရဲ့ ဆုံးမစကားတွေကိုလည်း မှတ်သားထားပါတယ် ဘုန်းဘုန်း.. ဘုန်းဘုန်း ကျန်းမာပါစေ။
ဦးလောကနာထ: တရားစခန်းဝင်ဖြစ်တာ ကြားရတော့ ၀မ်းသာပါတယ်... ကောင်းပါတယ် ဒကာလေး မောင်မောင်ပြည့်စုံ... စိတ်ချမ်းသာပါစေ...
6 Aug 09, 19:36
ခွန်နောင်: ဆရာကြီး မောင်သာနိုးက တပည့်တော် သိတာကို ဝါဒစွဲ မပါဘဲ လျှောက်ရရင် ကွန်မြူနစ် ဓမ္မန္တရာယ် သင့်သွားတာပါ ဘုရား။ ငယ်ရွယ်စဉ်နဲ့ အသက် ၃၀၊ ၄၀၊ ၅၀ ကာလတွေမှာ ဘာသာတွေမှာ ပစ်ပယ်ထားပြီး ကြီးမှ အရွယ်ဘာဝ ဘာသာတရားဆီ ဝေဖန်၊ ဓမ္မစာပေ ရေးသူတွေကိုလဲ ဒီလောက် မသိဘဲ ရေးရလားလို့ ဝေဖန်နဲ့ အပြစ်မြင်တာတွေ များနေတာပါ။ ဓမ္မစာပေ တွေ ဖတ်ရာမှာ အခြားရဟန်းရှင်လူတွေရေးတဲ့စာတွေဆို ငါ့လောက် စာဖတ်ဖူးရဲ့လား၊ နှံ့စပ်ရဲ့လားဆိုတဲ့ မာနနဲ့ ဖတ်တာ မရှိရင် ပိုကောင်းပါ့မယ်။ လူတွေကို ဘာသာရေးကို ပစ်ထားမှ ဂုဏ်ရှိတယ်ဆိုတဲ့ အတွေးကြီး ငယ်တုန်းမှာ မရှိစေချင်ဘူး ဘုရား။ ကြီးရင် ဒုက္ခရောက်ကြမှာ စိုးလို့ပါ။ တပည့်တော် မိဘလို ဦးကြီးဘကြီးလို ချစ်ခင်တဲ့ လူကြီးတွေ ငယ်တုန်းက ဘာသာရေးကို မလုပ်ဘဲ ဝါဒမာန် စာမာန်တွေ ခံလာခဲ့တော့ ကြီးမှ ဘာသာရေးလုပ်ချိန်မှာ တရားအစစ်ကို မရဘဲ ဗေဒင် ဂန္ဒာရီလိုင်း ရောက်လိုရောက်၊ တရားမထိုင်ဘဲ ဖြတ်လမ်း ဘာသာရေးနည်းတွေ စိတ်ပါလိုပါ ဖြစ်ကုန်လို့ပါ။
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... ဓမ္မန္တရာယ်ဖြစ်ရင်လည်း မကောင်းဘူးပေါ့... မာနတွေဖြစ်ကြပြီးတော့ သူတစ်ပါးကို မဟုတ်ပဲ ဝေဖန်တာလည်း မကောင်းဘူးပေါ့... တရားအစစ်အမှန်ကို မလိုက်စားမိပဲ အရှင်လိုလို အသေလိုလို ထွက်ရပ်ပေါက် ဖြစ်ကုန်ကြတာလည်း မကောင်းဘူးပေါ့... မသိနားမလည်သေးတဲ့ လူငယ်တွေ လမ်းမှားတွေ လိုက်သွားမှာ စိုးရတာအမှန်ပါပဲ... ဒီကြားထဲ နည်းမျိုးစုံနဲ့ ဗုဒ္ဓတရားတော်တွေကို ဖျက်ဆီးနေတာတွေကလည်း ကြားနေရတာပဲ... မြတ်ဗုဒ္ဓရဲ့သာသနာကို ထောက်ပံ့ကာကွယ်ကြရမှာ ဗုဒ္ဓဘာသာ အမည်ခံနေတဲ့သူတွေ အားလုံးမှာ တာဝန်တွေ ရှိကြပါတယ်... လုပ်တဲ့သူတွေက လုပ်နေသလို... သာသနာကို ကာကွယ်နေသူများကလည်း နည်းမျိုးစုံနဲ့တော့ ကာကွယ်နေကြပါတယ်... လေ့လာသူများကလည်း တရားအစစ်အမှန်ကို လေ့လာနိုင်ကြရင် ကောင်းတယ်... လေ့လာနိုင်ကြပါစေလို့လည်း ဆန္ဒပြုပါတယ်... အားလုံးပဲ ကိုယ်စိတ်ဆင်းရဲကင်းကြပါစေ...
မောဟအားကြီး ပညာနည်းက ခံရမည်သာမှတ်...
6 Aug 09, 08:38
လူလှ: နေရာဟောင်းမှာ ထွက်မလာခင် လူမှုရေး အလုပ်အကိုင်တွေ အတန်ငယ် အဆင်ပြေခဲ့သလောက် နေရာသစ်ပြောင်းမှ ဘာမှ အဆင်မပြေပါ။ ဒါန ကောင်းမှုတွေက အရင်ကထက်တောင် ပိုလုပ်ဖြစ်ပါသေးတယ်။ ဒါပေမယ့် အဆင်မပြေပါ။ ဘာကြောင့်ပါလဲ ဘုရား။ ဝဋ်ကြွေးဆိုရင် ဘယ်လို အမြန် ကျော်လွှားရပါ့မလဲ။
ဦးလောကနာထ: ဒကာလေးလူလှရေ... မြတ်ဗုဒ္ဓတောင် ၀ဋ်ကြွေးခံရသေး ဆိုတော့ကာ... ပြုခဲ့မိရင် ခံကြရမယ်ပေါ့... သေးငယ်သော အကုသိုလ်များကတော့ ပြေပြောက်နိုင်ပါတယ်... နောက်ကြောင်း လှည့်ကြည့်ပြီး စိတ်ညစ်မနေနဲ့... ရှေ့ကို ကုသိုလ်နာနာပြု... ကိုယ်ပြုနေတဲ့ ဒါနတွေက များပေမဲ့ အချိုးမကျများ ဖြစ်နေသလား ပြန်စစ်ပါ... မှန်တယ်ဆိုရင် အကျိုးပေးချိန် မတန်သေးလို့... ဒီလိုသဘောပေါက်ပါ... ကုသိုလ်ဆိုတာ ကောင်းကျိုးပဲ ဖြစ်ပေါ်စေတာမို့ ဆက်လုပ်ပါလို့ တိုက်တွန်းပါတယ်... သူကစောင့်နေပါလိမ့်မယ်... ကိုယ်စိတ်ဆင်းရဲ ကင်းဝေးပါစေ...
6 Aug 09, 05:19
စိုး: အရှင်ဘုရား တခုလောက် မေးလျောက်ချင်ပါတယ် ဘုရား၊ ရှစ်ပါးသီလ ယူထားပြီး ရေချိုးတဲ့အခါ ခုခေတ်မှာ အထူးသဖြင့် တိုင်းတပါးမှာ နေသူများမှာ အမွှေးနံ့သာ ကင်းတဲ့ ဆပ်ပြာ ရှိခဲပါတယ်ဘုရား၊ အဲဒါ အမွှေးဆပ်ပြာသုံးရင် သီလကျိုးပါသလား ဘုရား ကျိုးပါတယ်ဆိုရင် ဘယ်လိုလုပ်သင့်ပါသလဲ ဘုရား၊ ဖြေကြားပေးတော်မူပါ အရှင်ဘုရား။
ဦးလောကနာထ: ဒကာလေးစိုးရေ... ဘုန်းကြီးတောင်မလွတ်ပါ... သုံးနေရပါတယ်... ဘယ်လိုစိတ်နဲ့ သုံးရမလဲဆို... မွှေးလိုတဲ့စိတ်မထားနဲ့ ဒီအနံ့ကလေးကို သာယာတဲ့စိတ် မမွေးနဲ့... စိတ်ထဲမှာ သာယာမှုမရှိဘူးဆို သီလမကျိုးပါဘူး... ရနိုင်ရင်တော့ အမွှေးနံ့သာ မပါတဲ့ ဆပ်ပြာသုံးမယ်... မရခဲ့ရင်တော့သုံးပါ... အညစ်အကြေး စင်ကြယ်ရုံသာ သဘောထားပေါ့... အဓိက မှတ်သင့်တာကတော့ ကိလေသာ တိုးပွားစေသလား တိုးပွားစေရင် ရှောင်ပါ... ကိလေသာ တိုးပွားစေတာ မှန်သမျှ အပြစ်ရှိပါတယ်... စိတ်ချမ်းသာပါစေ...
5 Aug 09, 09:22
ဖြူဖွေး: အရှင်ဘုရား ဆရာတော် ဦးသုမင်္ဂလ တရားတော်များ နာလိုပါတယ်ဘုရား၊ အဆင်ပြေရင် တင်ပေးပါဦးဘုရား၊ ဒါမှမဟုတ်ရင် ဒါမှမဟုတ်ရင်လဲ နာလို့ရနိုင်တဲ့ link လေးများ သိရင်လဲ ဖေါ်ပြပေးပါ ဘုရား။
ဦးလောကနာထ: ဒကာမကြီး ဖြူဖွေးရေ... ဒီနေ့ ထပ်ပြီး တင်ပေးလိုက်ပါ့မယ်... စိတ်ချမ်းသာပါစေ...
5 Aug 09, 05:01
ခွန်နောင်: ဒကာလေးခွန်နောင်ရေ... စာသင်တိုက်တွေကို ပိုလှူဖြစ်တာက သံဃာတွေ ကိုယ်တိုင်က စာသင်တိုက်တွေက ပိုဆင်းရဲပါတယ်၊ ရိပ်သာက ဒကာဒကာမတွေ လာနေတော့ အလှူရှင် ပိုရှိတတ်ပါတယ်ဆိုပြီး ထောက်ခံလို့ပါ။ ဘယ်ဟာက ပိုကောင်းတယ် အစွဲနဲ့ မဟုတ်ပါဘူး။ တရားအားထုတ်နေတဲ့ ယောဂီတွေ၊ ဆင်းဆင်းရဲရဲ တရားပြနေရတဲ့ ဆရာတွေကို အရမ်းလှူချင်တယ်ဘုရား။ ခက်တာက ဘယ်နားလိုက်ရှာရမှန်းလဲ မသိ။ ရင်းနှီးတဲ့ ဘုန်းကြီးကျောင်းကို တရားစခန်း ဖွင့်ပေးပါ၊ လှူပါ့မယ်ဆိုပြီး တောင်းတောင်းပန်တော့လဲ စာသင်တိုက်ကလာတဲ့ အရှင်ဆိုတော့ ရိပ်သာကိစ္စ စိတ်မဝင်စား ဖြစ်နေလို့ပါ။ တပည့်တော်တို့ လူတွေတောင် အားထုတ်ခွင့်ရတဲ့ တရားကို စာသင်တိုက်က ရိပ်သာထက် မြတ်တယ်ဆိုတဲ့ အစွဲတွေကြောင့် တချို့သံဃာတွေ မရရှာတာတော့ စိတ်မကောင်းစရာပဲဘုရား။
ဦးလောကနာထ: အရာရာဟာ အကြောင်းတရားကိုစွဲ၍ အကျိုးတရားတွေ ဖြစ်ကြရပါတယ်... ပြည့်စုံခြင်းသည်လည်း အကြောင်းတရားကြောင့်... မပြည့်စုံခြင်းသည်လည်း အကြောင်းတရားကြောင့်... ဒီတော့ အကြောင်းကောင်းအောင် လုပ်ကြဖို့ လိုအပ်ပါတယ်... အကြောင်းကောင်းရင် အကျိုးပေးကောင်းမယ်... စာသင်တိုက်က ရိပ်သာထက် မြတ်တယ်ဆိုတာလဲ မရှိပါဘူး... ရိပ်သာက စာသင်တိုက်ထက် မြတ်တယ်ဆိုတာလဲ မရှိပါဘူး... သီလ သမာဓိ ပညာ ပြည့်စုံအောင်ကျင့်နေတဲ့ ဘုရားသားတော် သံဃာကျော်များကသာ မြတ်တာပါ... ဒါက ဘုန်းကြီးအယူပါ... အကျိုးကြီးအောင် ဒါကိုရှာပြီး သံဃာကို ရည်မှန်းလို့လှူ... မရှာတတ်ရင်တော့ သံဃာကို ရည်မှန်းလို့ တွေ့ရာ ဘုန်းကြီးကိုလှူ... စွမ်းရည်ရှိတဲ့သူတွေ ကြိုးစားနိုင်ကြပါစေ...
3 Aug 09, 16:30
ခွန်နောင်: တရားပြဆရာတွေက သာသနာတော်ကို အဖျားပိုင်းက ထမ်းတယ် ဆိုတာထက် တပည့်တော်တော့ တမ်းတူ ထမ်းသလားလို့ မြင်မိပါ တယ်ဘုရား။ တရားပြဆရာတော်တွေ ရှိလို့ တပည့်တော်တို့ တရားကျင့်နိုင်လို့ပါ။ တရားကို သင်ပေးရင် အကုန်မြတ်တယ် ထင်တာပဲဘုရား။ လှူတာတော့ တပည့်တော်လဲ စာသင်တိုက်ကို ပိုလှူဖြစ်ပါတယ်။
ဦးလောကနာထ: ဒကာလေး အတွေးကောင်းတယ် သာဓု... သာဓု... သာဓု... စာသင်ပေးတယ် တရားပြပေးတယ်ဆိုတာ ဘယ်ခေတ်က ခွဲပြီး ခေါ်လာသလဲတော့ မသိပါ... မြတ်ဗုဒ္ဓကတော့ သတ္တဝါတွေ မီး ၁၁-ပါးငြိမ်းအောင် ညွှန်ပြတော်မူခဲ့ပါတယ်... ဒီလုပ်ငန်းစဉ်ကြီးကို စာသင်တယ်ပြောမလား...? တရားပြတယ် ပြောရမလား...? ဘုန်းကြီးအနေနဲ့တော့ အတူတူပါပဲ... လိုအပ်တဲ့ နေရာမှာလည်း လှူကြပေါ့... ကြုံတဲ့နေရာမှာလည်း လှူကြပေါ့... လှူတတ်ကြရင် အကျိုးကြီးပါတယ်... သံဃဿ ဒေမ- ဟာ အကောင်းဆုံးပါပဲ... မြတ်ဗုဒ္ဓရဲ့ တရားတွေကို သင်ပေးနေသူ ပြသပေးနေသူတွေကို ထောက်ပံ့နိုင်ကြပါစေ...
3 Aug 09, 08:37
lknt: ဒကာလေး ဇော်ဝမ်းရေ... မပေါ်တော့ဘူး ဘာဖြစ်သွားလဲ မသိဘူး... စိတ်ချမ်းသာပါစေ...
2 Aug 09, 08:30
Theravadi: No Theravadi ဓမ္မစေတီ
lknt: စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
2 Aug 09, 08:19
mya&mg: အရှင်ဘု၇ား တပည့်တော်တို့နှစ်ယောက် တရားတော်များ လာရောက်နာကြားသွားပါတယ်ဘုရား။ အရှင်ဘုရား ကျန်းမာပါစေ။
ဦးလောကနာထ: mya&mg ရေ တရားတော်များ လာရောက်လေ့လာသည့်အတွက် ဝမ်းသာပါတယ်... မိသားစု ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
1 Aug 09, 06:44
စိုး: အရှင်ဘုရားမြွတ်ကြားချက်ကို ရိုသေစွာ ဖတ်ရှုပါတယ် အရှင်ဘုရား ကျေးဇူးအထူးတင်ပါတယ် ဘုရား၊ ကိုယ့်အစွဲကို ထိပါးလို့ မေးခွန်းထုတ်တာ မဟုတ်ဘဲ တကယ်ပြတ်သားစွာ သိလို၍ မေးလျောက်တာပါ အရှင်ဘုရား
ဦးလောကနာထ: ကောင်းပါတယ် ဒကာလေးစိုးရေ... အစွဲတွေ အဓိကမထားတာ သိရလို့ ၀မ်းသာပါတယ်... အမှန်အတိုင်းသိအောင် လေ့လာပြီး အကောင်းဆုံးသော ကျင့်ကြံမှုတွေနဲ့ နေထိုင်သွားနိုင်မှသာ ဘုန်းကြီးတို့ တစ်တွေ ဆင်းရဲနဲမှာ... ကုန်မှာ... အမှားပေါင်းများစွာနဲ့ နေခဲ့တဲ့ဘဝတွေက များလှပါပြီ... ကြိုးစားကြပါစို့... လွတ်လပ်စွာ မေးမြန်းနိုင်ပါတယ်... ဘယ်လိုမေးမေး ဘယ်လိုမှ မမြင်ပါ... သိသလောက် အမြင်လေးတွေ ပြောပေးသွားပါ့မယ်... အားလုံး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...
31 Jul 09, 15:41
လူလှ: ယောဂီတွေ ရိပ်သာမှာ စကားပြောပြီး အချိန်ဖြုန်းနေမှာစိုးလို့ မလိုအပ်ဘဲ စကားမပြောနဲ့လို့ စည်းကမ်းထုတ်ထားတာ ဒါကိုပဲ အမြဲ စောင့်ကြည့်နေတဲ့ ယောဂီ တဦးတလေ ရှိတတ်ပါတယ်။ တချို့ ယောဂီသစ်က အိမ်သာဘယ်မှာလဲ မေးရင်လဲ စကားပြောရလားလို့ ဝင်ဟောက်၊ ဝေယျာဝစ္စလုပ်သူက သက်သတ်လွတ် စားမှာလဲ လာမေးရင်လဲ စကားပြော နေစရာလို့ ဝင်ဟောက် သူဟောက်တာ ခံရတဲ့ ယောဂီတွေ တရားတက်သလောက် သူ့ခမျာ မတက်ဘဲ ကျန်ခဲ့တာ အပြစ်ကိုပဲ စောင့်ကြည့်နေပြီး အလုပ်မလုပ်မိလို့ပါ။ တရားပဲဖြစ်ဖြစ် လောကီအလုပ်ဖြစ်ဖြစ် ကြိုးစားလုပ်ရင် ထိုက်သင့်သလောက် အောင်မြင်ပါတယ်
ဦးလောကနာထ: ဒကာလေးလူလှရေ... ဟုတ်နိုင်တယ်ဒကာလေးရဲ့ သူများ လိုက်ဟောက်နေတော့ သူကတရား မရတော့ဘူးပေါ့... သူ့မှာ ဒေါသတွေများနေတာကိုး... မှန်ကန် ကောင်းမွန်တဲ့ ဆုံးမစကား နားထောင်သူက တရားရလွယ်တယ်နော်... ရလွယ်ကြပါစေ...
31 Jul 09, 07:00
စိုး: ရိုသေစွာဦးတင်ပါတယ်ဘုရား၊ မရှင်းတာလေးရှိလို့ မေးခွင့်ပြုပါ ဆုံးမပါအရှင်ဘုရား အားကိုးရှိပါတယ် တရားကိုနာကြည့်ပြီးပါပြီ။ အရိုးစွဲနေတဲ့ အသိကြောင့်လားတော့ မသိဘူး ယောဂီတွေကို လွတ်လပ်ခွင့်တွေ ပေးထားတာသိရတော့ စိတ်ထဲ ဘ၀င်မကျချင်ပါဘူးဘုရား၊ ၀ိပဿနာကို အဲလို ရှုကျင့်ရင် တကယ်ရသလား တချိန်လုံး လွှတ်ချင်သလို လွှတ်ထားတဲ့ စိတ်တွေနဲ့ ရင်းနှီးနေတဲ့ တပည့်တော်တို့ဟာ အဲလိုလွတ်လပ်လွန်းတဲ့ အနေအထားမျိုးမှာ တကယ် စိတ်ကို တည်ငြိမ်အောင် ထားနိုင်ပါ့မလား၊ နားက တရားကိုနာ ခန္ဒာကို ဥာဏ်နဲ့ရှု ဆိုတာဟာ တရားဟောဆရာသမားကို အဂါရ၀ဖြစ်စေတယ်ဆိုတာလဲ အမှန်ပဲလားဘုရား၊ ဟောနေတဲ့တရားကို နားနဲ့ပဲအာရုံစိုက်နာရမယ် စိတ်ကလည်း ဟိုဒီမရှုပဲ ဟောနေတဲ့တရားကိုပဲ အာရုံတခုတည်း ထားရမယ်ဆိုရင် ဘုရားလက်ထက်မှာ တရားလဲဆုံးရော အပယ်တခါးပိတ်သူပိတ် ကိစ္စပြီးသူပြီး ဆိုတာ ဘယ်လိုနားလည်ရမလဲဘုရား၊ တရားဆုံးပြီးမှ သပ်သပ်ရှုလို့ အပါယ်တခါးပိတ်တာ ကိစ္စပြီးတာပဲလား ဒါမှမဟုတ် တပြိုက်နက်တည်း ပြီးသလားဘုရား၊ တပြည့်တော်က တပြိုင်နက်တည်းပြီးတဲ့သူတွေလဲ ရှိမယ်လို့ တွေးမိလို့ပါဘုရား တပြည့်တော်အား သွန်သင်ပေးတော်မူပါ အရှင်ဘုရား။ တပြည့်တော်တို့ ကျောင်းတက်တုန်းက ဆရာက စာခေါ်ပေးတာကို လိုက်ရေးခဲ့တာ ဆရာကို ပမာမခန့်လုပ်သလိုများဖြစ် နေမလားလို့လဲ ထပ်တွေးမိပါသေးတယ်ဘုးရား၊ ဥာဏ်တိမ်သူ တပြည့်တော်အား ငဲ့ညှာတော်မှုပြီး သွန်သင်ပေးပါဘုရား။
ဦးလောကနာထ: ဒကာလေးစိုးရေ... ဝိပဿနာ သတိပဋ္ဌာန်ကတော့ နေစဉ်တိုင်းမှာ ကျင့်လို့ရတာ ဟုတ်ပါတယ်... ခုသင်တန်းက တရားနဲ့ အမြဲနေတတ်အောင် သင်ပေးနေတဲ့စခန်းလို့ ဆိုပါတယ်... ယောဂီတွေကို လွှတ်ပေးထားတာက ဆရာတော် အခြေအနေအရ ဖြစ်ပါတယ်... အိမ်မှာနေတဲ့ အမူအရာနဲ့ လုပ်တတ်အောင်ပါ... ဒကာလေးပြောသလိုပဲ လွတ်လပ်စွာ လွှတ်ထားမှုဟာ တချို့ပုဂ္ဂိုလ်များအတွက် တည်ငြိမ်မှု အမှန်သိမှု မရနိုင်ပါဘူး... တချို့ကြတော့ အဆင်ပြေနိုင်ပါတယ်... ရိပ်သာထဲမှာ ထိုင် ငြိမ်ငြိမ်နေ ရှု ဆိုတာကတော့ စိတ်ရိုင်းကလေးကို ဘောင်ခတ်ပေးထားရတဲ့ သဘောမျိုးပါ အချိန်ပေးနိုင်သူအတွက် အဆင်ပြေပါတယ်... ကောင်းပါတယ်... ထိုင်ဖို့ အချိန် မပေးနိုင်သူတွေကတော့ စိတ်ကို လွှတ်မထားပဲ သတိလေးနဲ့ နေတတ်အောင် ဆရာတော်က သင်ပေးနေတဲ့ သဘောလို့ ထင်ပါတယ်... လူတွေမှာ များသောအားဖြင့် ထိုင်ခွင့်ရတဲ့အချိန် နဲကြပါတယ်... ဒီလိုသိထားတာလဲ ကောင်းပါတယ်... သီးသန့် အချိန်ပေးပြီးတော့လဲ ထိုင်ကြရပါ့မယ်... "တရားနာရင်း ခန္ဓာကို ဉာဏ်နဲ့ရှု နေခြင်းသည် တရားဟောဆရာကို အဂါရဝဖြစ်စေတယ် ဆိုတာကိုတော့" လေ့လာပါဦးမယ်... ပညာတတ် နာမည်ကျော် ဆရာတော်များ ပြောဟောတာတွေဆိုတော့ မှားနေတယ် ဆိုတာထက် လေ့လာဦးမယ် ဆိုတာကတော့ ပိုကောင်းတာပေါ့လေ... ဘုန်းကြီးအကြိုက်ကတော့ စီဒီခွေနာရင်း ခန္ဓာဉာဏ်စိုက်တာကို လက်ခံပါတယ်... ဆရာတော်များကိုယ်တိုင် ဟောနေချိန်မှာတော့ တရားနာကြားချိန်ဖြစ်လို့ နာကြားသူက ရိုသေစွာနဲ့ နာကြားတာကို နှစ်သက်ပါတယ်... ကိုယ်တိုင်လဲ ဒီလိုပဲနေပါတယ်... စီဒီတရားခွေ ဖွင့်ထားရင်း အလုပ်လုပ်ရင်းနားထောင် နားထောင်ရင်း အလုပ်လုပ်နေတာကိုတော့ အဂါရဝလို့ မထင်မိပါဘူး... သူ့စိတ်ထဲမှာ ရတဲ့အချိန်လေး ရသလောက်နာကြားရတာ အဂါရဝလို့ သူ့ကိုပြောရင် သူ့အတွက် တရားနာချိန်မရှိတော့ပဲ ဖြစ်သွားနိုင်ပါတယ်... အားနေတဲ့သူများ ခွေဖွင့်ထားပြီး လုပ်ချင်တာလုပ်နေလို့ သူတို့ကို ရည်ညွှန်းပြီး ပြောတာနေမှာပါ... တခါတရံ ကိုယ်ရည်ညွှန်းပြီး ပြောလိုက်တဲ့ စကားလေးတွေက မဆိုင်တဲ့နေရာ မဆိုင်တဲ့သူဘက်က ကြည့်လိုက်တော့ တမျိုးဖြစ်သွားတတ်ပါတယ်... ဒါမျိုးလေးတွေ ကြုံဖူးပါတယ်... အခြေအနေကို ခြုံငုံပြီးသုံးသပ်ရပါတယ်... ဥပမာ ဆေးရုံပေါ်မှာ ဝမ်းလျှောနေတဲ့လူနာကို ဘုန်းတော်ကြီးဦးလောက သွားတွေ့ပါတယ်... ဒီတော့ ဘုန်းတော်ကြီးက ပြောလိုက်ပါတယ်... ဒကာကြီး ချီးပါနေရင်းနဲ့ ဘုရားကိုကန်တော့ပါ အာရုံပြုပါလို့ ဆုံးမခဲ့ပါတယ်... ဒီလူနာ မကြာခင်သေတော့မယ်... သူ့က ဆေးရုံပေါ်မှာ ချီးပါနေတဲ့သူ... ဒီလိုပဲပြောရမှာပေါ့... ဘုရားခန်းသွားပါဦး ကိုယ်ကိုဖြောင့်ဖြောင့်ထား ခေါင်းလေးကိုမတ် ဘယ်ဘက်လက်ပေါ် ညာလက်တင်လေဆိုပြီး ပြောရမဲ့သူ မဟုတ်ဖူးလေ... ဒီတရားလေးကို အသံဖမ်းထားပြီး တချိန်မှာ ကျန်းမာရေးကောင်းနေသူ... ဘုရားကိုလည်း ကြည်ညိုသူတစ်ဦးကို နာကြားခိုင်းပြီး ထင်မြင်ချက်တောင်းရင် သူဘယ်လို ထင်မြင်ချက်ပေးမလဲ... ဦးလောကပြောတာ အဂါရဝဖြစ်တာပေါ့လို့ ဆိုပါလိမ့်မယ်... ဒါဆိုရင် ဒီလူဟာ တရားဟောတုန်းက အခြေအနေနဲ့ အချိန်အခါကို ထည့်မစဉ်းစားသလို ဖြစ်သွားပါတယ်...။ ဆရာတော်များရဲ့တရားတွေ နာပြီးတဲ့အခါ အဓိပ္ပါယ်ဖေါ်နိုင်ဖို့ အရေးကြီးပါတယ်... မြတ်ဗုဒ္ဓတရားတော်နဲ့ လုံးဝလွဲသွားရင်တော့ တမျိုးပေါ့... ဘုရားရှင်လက်ထက်က တရားနာရင်း တရားထူးရသွားသူများဟာ မျက်စိမှိတ်တယ် မမှိတ်ဖူး ရှုတယ် မရှုဘူး မှတ်တယ် မမှတ်ဖူး မပြောတတ်ပါ... တရားထူးရသွားတာ သေချာသည့်အတွက်ကြောင့် သူတို့တစ်တွေ တရားနာရင်း မဂ္ဂင် ၅-ပါး သို့ ၈-ပါး ပြည့်စုံစွာနဲ့ တရားကို နှလုံးသွင်း ရိုရိုသေသေ နာကြားတယ်လို့တော့ ကိုယ့်ဟာကို ဆုံးဖြတ်ကြည့်ပါတယ်... တချို့ ဆရာတော်ကြီးများက သတိပဋ္ဌာန်ရှုရင်း နာကြားတယ်လို့လဲ ဆိုကြပါတယ်... တချို့ဆရာတော်က ၀င်လေထွက်လေ တချက်ရှုရင် ဗောဓိပက္ခိယ ၃၇-ပါး အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်... အဓိက တရားထူးရဖို့ရာအတွက် မဂ်ဉာဏ်ဖြစ်ကြောင်း တရားတစ်ခုတော့ ရှိနေရပါမယ်... မဂ်ဉာဏ်၏ အသင်းအပင်းဖြစ်တဲ့ ၃၇-ပါးသောတရားထဲက တစ်ခု(စစ်စစ်)အနည်းဆုံး ရှိရပါမယ်... သူရှိပြီဆိုပါလျှင် သူနှင့်တွဲဖေါ်တွဲဖက် တရားများလည်း ဝင်ရောက်လာပါက တစ်ခဏအတွင်း တရားနာရင်းလည်း တရားထူးရနိုင်ပါတယ်... ဘုန်းကြီးဒီလိုမြင်ပါတယ်... ဆရာတော်ကြီးများရဲ့ တရားတော်များကိုလည်း ဆက်လက် နာကြားကြပါ...။ ဆရာကို ပမာမခန့် လုပ်လိုသော စိတ်မပါပဲ နေထိုင်တာထက်... ပမာမခန့် လုပ်လိုသော စိတ်နဲ့ နေတာက ပိုအပြစ်ကြီးတယ်လို့ သိထားရပါ့မယ်... အပြစ်ဆိုတာ နေရာတိုင်း အချိန်တိုင်းမှာ အတိုင်းအတာတစ်ခုထိတော့ ရှိနေတတ်ပါတယ်... စကားဆုံးအောင် တွေးကြည့်မယ်ဆို ရဟန္တာဖြစ်မှ အပြစ်ကင်းမှာပါ... ဒါ့ကြောင့် နေစဉ်တိုင်းမှာ ကုသိုလ်စိတ်ကလေးနဲ့ နေတတ်အောင် နေထိုင်ကြပါ...
ဒကာဒကာမအားလုံး ဆင်းရဲဒုက္ခ ချုပ်ငြိမ်းကြပါစေ...
ဒါက မေတ္တာပို့တာ... အလာကားပေးတာမဟုတ်ပါ... တချို့ ဘုန်းကြီးများကလည်း တမျိုး... ပရိတ်ရေပွက်တာကစ ယတြာ ကွမ်ရင် ဦးတီပွါး အဆုံး ကြားဝင်ပါများလို့ လက်တွေလည်း တိုကုန်ပါပြီ... ခုလည်း ကြားထဲ မရောက်အောင်တော့ ဝင်တာပါပဲ...
31 Jul 09, 00:54
သုခ: အားကိုးရှိပါတယ် တရားတော်တွေ တင်ပေးတာ ကျေးဇူးပါဘုန်းဘုန်း။ ဘုန်းဘုန်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး မောင်သုခရေ... ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနဲ့ မြတ်ဗုဒ္ဓရဲ့တရားမှန်များ ဖြန့်ဝေနိုင်ပါစေ...
30 Jul 09, 13:34
လူလှ: ပဏ္ဍိတ သာမဏေက လင့်ပျက်နေတယ်ဘုရား။ ဖတ်လို့ မရပါ။
ဦးလောကနာထ: ဟုတ်ပါတယ် ဒကာလေး လူလှရေ... ခုတော့ ပြင်လိုက်ပါပြီ... စိတ်ချမ်းသာပါစေ...
30 Jul 09, 04:51
အဖြူရောင်မေတ္တာ: ဘုန်းဘုန်း နေကောင်းလား ဘုရား... ဘုန်းဘုန်း ကျန်းမာ ရွှင်လန်းပါစေ။
ဦးလောကနာထ: မဆိုးပါဘူး ဒကာလေး မောင်မောင်ပြည့်စုံရေ... ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ...
29 Jul 09, 15:41
mya&mg: အ၇ှင်ဘုရား ခုမှရောက်တယ်။ ကျေးဇူးတင်ပါတယ်ဘုရား ဖတ်သွားပါတယ် ကန်တော့လိုက်ပါတယ်ဘုရား
ဦးလောကနာထ: mya&mg ရေ... ရောက်ဖူးသွားပြီဆိုတော့ အမြဲလေ့လာကြပေါ့... ကောင်းပါတယ်... မိသားစု စိတ်ချမ်းသာကြပါစေ...
28 Jul 09, 19:22
ဦးလောကနာထ: ပဏ္ဍိတသာမဏေ... သံကိစ္စသာမဏေ... ရှင်ရေ၀တသာမဏေ... ဒကာလေးရေ... အရှင်သုံးပါး ဒီနေရာမှာကြည့်မယ်... နောက်တွေ့တဲ့ ဇာတ်တော်များ ထပ်တင်ပေးသွားပါ့မယ်...
27 Jul 09, 00:31
ခွန်နောင်: ရဟန္တာတွေအကြောင်းစာအုပ်တစ်အုပ်မှာ ဖတ်ရတုန်းက အရှင်ဒဗ္ဗ ဘယ်လို စွပ်စွဲခံရတယ်ဆိုတာ မပါတော့ တပည့်တော် မသိခဲ့ဘူး ဘုရား။ အရှင်ဒဗ္ဗဟာ ဓာတ်တော်တောင် မချန်ခဲ့ဘူးဆိုတာပဲ ရေးထားတယ်။ မာတုဂါမနဲ့ စွပ်စွဲခံရဖူးလို့ ဓာတ်တော်များ မသန့်ရှင်းတဲ့အတွက် မချန်ခဲ့တာ ဖြစ်နိုင်တယ်လို့ မှတ်ချက်ချတာ ဖတ်ရတယ်။ မမှန်မတရား စွပ်စွဲခံရတာ ဆိုတော့ ကာယကံရှင် အပြစ်မဟုတ်တော့ ဓာတ်တော် မသန့်ရှင်းစရာ မရှိဘူးလို့ မြင်ပါတယ်ဘုရား။ မြတ်စွာဘုရားလဲ စွပ်စွဲခံရဖူးတာပဲဆိုတော့
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... ဒကာလေး ဆင်ခြင်တွေးတောတာ မှန်တယ်... ဘုန်းကြီးတို့ တရားတော်များ လေ့လာတဲ့အခါ မူရင်းကို ကိုယ်တိုင် လေ့လာနိုင်ရင် အကောင်းဆုံးပဲ... သူများအမှား ကိုယ်ဆီ မရောက်ဖူး... ကိုယ်ဟာကို မှားချင်မှားဖို့ပဲရှိတယ်... ခုကာလ သူများအမှားတွေ ကိုယ်ဆီရောက်တာ များပါတယ်... သာမန် ပါဠိမတတ်သူများအတွက်... ပညာရှင်တွေ ကြိုးစားပြီး ပါဠိတော်မြန်မာပြန်တွေ ပြုစုပေးထားပြီဆိုတော့ ဒါကို ဦးစားပေး ဖတ်ကြရမယ်... ကိုယ်တိုင်လည်း ဒါကို အဖတ်များပါတယ်... သေချာ နှလုံးသွင်းမှတော့ နားလည်မယ်ပေါ့... မြန်မာစကားပြေကို အလေးနက်ဆုံး အခိုင်မာဆုံး အဓိပ္ပါယ် အတိကျဆုံးနဲ့ ရေးသားထားတဲ့အတွက်... ဖတ်ပါများလာတဲ့အခါ သဘောပါလာပါလိမ့်မယ်... ခေတ်ကာလ အရေးတွေနဲ့က ဖတ်လို့လွယ် နာလို့လွယ်ပေမဲ့ တစ်ဦးတစ်ယောက်ရဲ့ အာဘော်တွေ ပါလာတတ်ပါတယ်... တစ်ဦးတစ်ယောက်ရဲ့ ပါးစပ်ဖျားမှာ လမ်းဆုံးတတ်ပါတယ်... အမှားနည်းချင်ရင် ပါဠိတော် မြန်မာပြန်ကိုသာ ဖတ်ပါ... ပြီးမှ တခြားစာကိုဖတ်-နာ... ဒီတော့မှ အမှားအမှန် ဆင်ခြင်နိုင်တယ်... တစ်ဦးတစ်ယောက် အာဘော်နဲ့... ပညာရှင် လေးငါးဆယ်တို့ စုဆည်း တည်းဖြတ်ထားတဲ့ ပါဠိတော် မြန်မာပြန် ယှဉ်သာကြည့်လိုက်တော့... ဒကာ ဒကာမအားလုံး မြတ်ဗုဒ္ဓ၏ အဆုံးအမများ မှန်ကန်စွာ နှလုံးသွင်းနိုင်ကြပါစေ...
26 Jul 09, 22:51
လူလှ: ခုနစ်နှစ်သား ရဟန္တာ သာမဏေနဲ့ သာမဏေရီ အရှင်လေးများအကြောင်း ဖတ်ပါရစေ ဘုန်းဘုန်း
ဦးလောကနာထ: တင်ပေးသွားပါ့မယ် ဒကာလေးလူလှရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
25 Jul 09, 19:16
ခွန်နောင်: သိချင်ပါတယ်ဘုရား။ တင်ပေးပါဦး
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး တင်ပေးလိုက်ပါ့မယ်... စိတ်ချမ်းသာပါစေ...
24 Jul 09, 19:06
ခွန်နောင်: တပည့်တော် အရှင်ဒဗ္ဗ မထေရ်ကို ဆိုလိုတာပါဘုရား။ အရှင်ဒဗ္ဗက ခုနစ်နှစ်သားထဲက ရဟန္တာ ဖြစ်တာကို မဖြစ်နိုင်မှန်း သိရက်နဲ့ ဘာလို့ စွပ်စွဲတာလဲ သိချင်လို့ပါ။ မဟုတ်မမှန် အစွပ်စွဲကတော့ တပည့်တော်လဲ ရစရာ မရှိအောင် ခံရတာ ခုထိလဲ ခံနေရဆဲပါဘုရား။ ကိုယ်ကသာ အနုံညာတရယ်၊ ပုထုဇဉ်ကို ကြောက်သွားလွန်းလို့ အနာဂါမ်တွေချည်းရှိတဲ့ ဘုံ မှာ သွားဖြစ်ရင် ကောင်းမယ်လို့တောင် အနာဂါမ် မဟုတ်ဘဲ မတန်မရာ တွေးမိသေးတယ်။
lknt: ဒကာလေးခွန်နောင်ရေ... နဲနဲလွဲသွားတယ်... အရှင်ဒဗ္ဗအကြောင်း တင်ပေးလိုက်ပါ့မယ်... စိတ်ချမ်းသာပါစေ...
ဦးလောကနာထ:
ဒကာလေးခွန်နောင်ရေ... အကြောင်းအရာတွေက ရှည်လွန်းလို့ လိုရင်းအဖြေလေးပဲ ရေးပေးလိုက်ပါတယ်... ဖတ်လိုရင်တော့ ထပ်တင်ပေးသွားပါ့မယ်... အရှင်ဒဗ္ဗကို စွပ်စွဲကြလို့ ဝိနည်းတော်တချို့ ထုတ်ပြန်ခဲ့ရပါတယ်... အစွပ်စွဲခံရတဲ့ နောက်ကြောင်းကတော့ ဝိပဿီ မြတ်စွာဘုရားရဲ့ တပည့်သာဝက ရဟန္တာတစ်ပါးကို သီလစင်ကြယ်မှန်း သိပါလျှက် မဟုတ်မတရား စွပ်စွဲခဲ့သော အကုသိုလ်ကံကြောင့် ဖြစ်ပါတယ်... ဝစီကံတွေ လွယ်လင့်တကူ ပြုမူနေကြတာ ကြောက်စရာ ကောင်းလှပါတယ်... ကိလေသာ ကင်းစင်တဲ့ ရဟန္တာ ဖြစ်တာတောင် မလွတ်အောင် ခံစားရပါတယ်... ဒါလေးနဲ့ ဖြေသိမ့်လို့ စိတ်ဆင်းရဲမှုကို ဖြောက်နိုင်ပါစေ... ဒကာဒကာမအားလုံး မကောင်းမှုကံအသစ်တွေ ရှောင်ရှားနိုင်ကြပါစေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ... အနာဂါမ်တို့ တည်ရာဘုံမှာ ဖြစ်ချင်တာ မတန်မရာ မဟုတ်ပါဘူး... မြတ်ဗုဒ္ဓမှစ၍ သူတော်ကောင်းတွေ အားလုံးဟာ ဒီလို ဆန္ဒလေးတွေက စကြရပါတယ်... ဆုတောင်းမှုလေးတွေပြုပြီး ဖြည့်ကျင့်ရမဲ့တရားတွေ ကျင့်ရုံပါပဲ... စိတ်ချမ်းသာပါစေ...
23 Jul 09, 21:31
ခွန်နောင်: ကောသလမင်းကြီးကိုတော့ ကြည်ညိုလွန်းလို့ သာဓုတောင် ခေါ်မိတယ်ဘုရား။ အရှင်ဘုရားလဲ အလားတူ စွပ်စွဲခံရဖူးတယ်လို့ မှတ်သားဖူးပါတယ်။ အကြောင်းရင်း မဖတ်ရလို့ သိချင်ပါတယ်ဘုရား
ဦးလောကနာထ: ဒီဘဝတော့ အစီအစဉ် မရှိတော့ပါဘူး ဒကာလေးခွန်နောင်ရေ... သံသရာတစ်လျှောက် မပါအောင်ပဲ ဂရုစိုက်နေပါတယ်... ပုထုစဉ်ဆိုတဲ့ အမျိုးက ထင်တာနဲ့ ရမ်းတုပ်တတ်တာပဲ ဝစီကံတွေက အလွန်များကြတာ... စာရေးရင် ခေါင်းစဉ်လေး မြင်တာတောင် ငါ့ကိုများလား ဆိုပြီး ဖြစ်ကြတာ မဟုတ်လား... ကြွေးသစ်မယူ ကြွေးဟောင်းဆပ်ပြီးတော့ပဲ နေပါတော့မယ်...
22 Jul 09, 15:25
ခွန်နောင်: အရှင်ကောဏ္ဍဓာနအကြောင်းက ဖတ်ရတာ စိတ်မကောင်းစရာပဲ ဘုရား။ ကဲ့ရဲ့တဲ့ ရဟန်းတွေကလဲ ကောသလမင်းကြီးလို နည်းနည်းတော့ စူးစမ်းသင့်ပါတယ်။ ကောသလမင်းကြီး ဥာဏ်နည်းတယ်ဆိုပေမယ့် ဒီတခုနဲ့ ကျေးဇူးတင်ထိုက်ပါတယ်။
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... လူတွေဟာ များသောအားဖြင့် တစ်ဖက်ကသာ ကြည့်တတ်ကြပါတယ်... ဒေါင့်စုံမတွေးခေါ်ကြဘူးလေ... ဒီတော့ ဝစီကံ အပြစ်တွေကလည်း အလွန်များကြပါတယ်... သတိထားဖွယ်ရာပါ... တစ်ဦးနဲ့တစ်ဦး ဉာဏ်နဲတာများတာ မတူညီကြဘူးပေါ့... ရှင်ဘုရင် ဖြစ်တယ်ဆိုကထဲက သူ့ရဲ့ကုသိုလ်ကံကလည်း ဘယ်နည်းလိမ့်မလဲ... မြတ်ဗုဒ္ဓသာသနာမှာ သူ့ကျေးဇူးကြောင့် တရားတော်တွေ အများကြီး ဖြစ်ပေါ်ခဲ့ရပါတယ်... ယခု ဗုဒ္ဓဘာသာဝင် လူသားတွေအတွက် ကျေးဇူးကြီးပါတယ်... ကျေးဇူးတွေက ကြည့်တတ်ရင် မြင်ကြရပါတယ်... သာသနာမှာ တစ်ကြိမ်တည်းသာ ဖြစ်ပေါ်တဲ့ အလှူကြီးကလည်း သူတို့ဇနီးမောင်နှံကြောင့် ဖြစ်ပေါ်ခဲ့ရတယ်... အရာရာ ပြည့်စုံသူကတော့ မရှိနိုင်ဘူးပေါ့... ဒီတော့ ကောင်းတာလေးတွေကြည့်လို့ ကိုယ့်ဘဝလေး တစ်ဆင့်ထက်တစ်ဆင့် မြင့်သထက်မြင့်အောင် ကြိုးစားကြရအောင်... လောကီ ကိစ္စလောက်နဲ့တင် အချိန်တွေ မကုန်စေနဲ့တော့... စိတ်ချမ်းသာပါစေ...
20 Jul 09, 20:05
ခွန်နောင်: ကိုရင်လေးတွေကို လှူတာ သံဃာကို လှူတယ်လို့ ပြောလို့ ရပါလားဘုရား
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... သံဃာကိုရည်မှန်းပြီး ကိုရင်လေးတွေကို လှူရင် သံဃာကိုလှူတာပဲ ဖြစ်ပါတယ်... ကိုရင်လေးတွေကို လှူတိုင်းတော့ သံဃာကိုလှူတာ မဖြစ်ပါ... စာနှစ်ကြောင်းကတော့ အဓိပ္ပါယ် မတူတော့ပါ... ဥပရိပဏ္ဏာသ၊ ဒက္ခိဏ၀ိဘင်္ဂသုတ်၊ အဋ္ဌကထာမှာ အကျယ် လေ့လာရပါ့မယ်... ဒကာလေးတောင် မမြင်တာကြာပြီ... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ...
17 Jul 09, 23:11
အောင်မြင့်: အရှင်ဘုရား၏ ဓမ္မဒါန များမှာ ဖတ်ရှု နာကြား လေ့လာသည့် အချိန်တိုင်း သစ္စာဓမ္မအသိ တစ်မျိုးမျိုးကို အမြဲတမ်း'သိ' နေရတဲ့အတွက် ကျေးဇူးများလှပါတယ် ဘုရား...သိတဲ့အတိုင်း လိုက်နာနိုင်အောင် ကြိုးစားပါ့မယ်ဘုရား။
ဦးလောကနာထ: ၀မ်းသာပါတယ် ဒကာလေး အောင်မြင့်ရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
16 Jul 09, 05:58
လင်း: ဆရာတော်ဘုရား....တပည့်တော် ဒီဆိုက်ဒ်ကို နေ့တိုင်းလာပြီး တရားတွေ နာပါတယ်ဘုရား....ဆရာတော် ကျန်းမာပါစေ.
ဦးလောကနာထ: ကောင်းပါတယ်လင်းရေ... နာကြားပြီးနောက် အသိဉာဏ်တွေ ရင့်ကျက်ပါစေ... စိတ်ချမ်းသာပါစေ...
ဦးလောကနာထ: ဒကာလေး အောင်ကျော်ဆန်းရေ အသစ်တင်ပြီး လင့်ထည့်ပေးလိုက်ပါပြီ... စိတ်ချမ်းသာပါစေ...
15 Jul 09, 01:24
Ahlataya: စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေဘုရား...
ဦးလောကနာထ: မျှတအောင် ကြိုးစားပြီး နေထိုင် သွားပါ့မယ် ဒကာလေး အလှတရားရေ... ကျန်းမာပါစေ...
14 Jul 09, 11:54
အောင်ကျော်ဆန်း: ဘုန်းဘုန်းဘုရား.. ဓမ်မအားဆိုတဲ့ VCDကို ဒေါင်းလုပ်ချမဲ့ နေရာကိုရှာမတွေ့ လို့ ပါ ဘုရား..ဘယ်လိုလုပ်ရပါသလဲ ဘုရားတပည့်တော်အား ပြောပြပေးပါရန် လျှောက်ထားအပ်ပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေး အောင်ကျော်ဆန်းရေ... အဲဒီဖိုင်တင်ရင်းနဲ့ အလုပ်တစ်ခုလုပ်လိုက်လို့ ဒေါင်းလုပ်လင့်က ပျက်သွားပါတယ်... ဖွင့်လို့ပဲရတယ်... တချို့စက်တွေကတော့ ဒေါင်းလုပ်လုပ်လို့ရတဲ့ နေရာလေး ပေါ်တတ်ပါတယ်... ခုရေးထားတဲ့ အတွက်ကြောင့် သိတဲ့သူက ပြောပြပါလိမ့်မယ်... စိတ်ချမ်းသာပါစေ...
13 Jul 09, 21:56
ညခင်း: တရားတော်များ ဒေါင်းသွားပါတယ်ဘုန်းဘုန်း။ ဘုန်းဘုန်းကျမ္မာပါစေ။
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ညခင်းရေ... မိသားစုများ ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေ...
13 Jul 09, 02:15
သုခ: ဘုန်းဘုန်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။ တပည့်တော် တရားတွေ ဒေါင်းလုပ် ချသွားပါတယ် ဘုရား။
ဦးလောကနာထ: ဒကာလေးသုခလည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာနဲ့ ကျေးဇူးရှင်များကို ပြုစု စောင့်ရှောက်နိုင်ပါစေ...
12 Jul 09, 19:55
morpheus: ဘုန်းဘုန်းဘုရား... bookmark လုပ်ထားပါတယ်ဘုရား... vcdတရားတော်များ ကိုလည်းဒေါင်းလုတ်လုပ်သွားပါတယ်ဘုရား ကျေးဇူးအထူးတင်ပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းတာပေါ့ morpheus ရေ... ဆက်လက်ပြီး ထိန်းသိမ်းသွားနိုင်ပါစေ... စိတ်ချမ်းသာပါစေ...
12 Jul 09, 03:17
အဖြူရောင်မေတ္တာ: ဆေးကုချိန် မရတဲ့ဒုက္ခ၊ ဆေးကုလို့ မရတဲ့ဒုက္ခ .. ဒီဒုက္ခတွေက အမြန်ဆုံး လွတ်ကင်းပါစေ ဘုန်းဘုန်း.. ဒုက္ခခြောက်မျိုး တရားအတွက် ကျေးဇူးများလှပါတယ်.. ဘုန်းဘုန်းကျန်းမာပါစေ။ ဦးတင်လျက်ပါ။
ဦးလောကနာထ: ဒကာလေးမောင်မောင်ပြည့်စုံရေ... တရားတော်များ နာကြား ကျင့်ကျံနေတဲ့အတွက် သာဓုခေါ်ပါတယ်... တစ်ဦးတစ်ယောက် တော်ကောင်းသွားရင် သတ္တ၀ါအများ ချမ်းသာစေပါတယ်... ကြိုးစားနိုင်ပါစေ... ရေ ...
11 Jul 09, 09:06
lknt: ဒကာဒကာမအားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
8 Jul 09, 18:10
ခွန်နောင်: အရှင်ဘုရား။ အသည်းတွေ တစ်စစီ ကြွေနေရင် တပည့်တော်မှာ အသည်းအကောင်း ရှိပါတယ်။ ဖဲ့လှူပါရစေ။ တပည့်တော်မှာ အသည်းရောင်အသားဝါ ဘီပိုး ရှိနေတာတော့ အားနာပါတယ်။ တပည့်တော် အသည်းကို လက်ခံရင် အရှင်ဘုရားကိုယ်ထဲ ဘီပိုးတော့ ရောက်သွားပါလိမ့်မယ်။ ဒါပေမယ့် ဘီပိုးနဲ့ပဲ သက်တမ်းပြည့် နေသွားသူတွေ ရှိပါတယ်။ တစ်စစီ ကြွေနေတာနဲ စာရင် ဘီပိုးရှိတဲ့ အသည်းကို လက်ခံလိုက်တာက တော်မလားလို့ပါဘုရား။ တပည့်တော် ဘီပိုး ရှိနေပေမယ့် အသည်းက ဘာမှ ပြဿနာမရှိ အကောင်းကြီးပါ။ လက်ခံရင် လှူနိုင်ပါတယ်။ တပည့်တော်ဟာထက် ပိုကောင်းတဲ့ အသည်း ရရင်လဲ လက်ခံစေချင်ပါတယ်။
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ... ဒကာလေးရဲ့ စေတနာနဲ့ သဒ္ဓါတရားကို သိရတဲ့အတွက် ၀မ်းမြောက်ရပါတယ်... ဘယ်ဘ၀က ကုသိုလ်အကျိုးပေးလဲတော့ မသိ အသည်းလှူလိုတဲ့သူတွေ ပေါ်လာနေတယ်... ဒကာလေးဘီထက် ဘုန်းကြီးဘီက ပိုပြီးအကောင်ကြီးမယ်ထင်တယ်... ဒါ့ကြောင့် ဒီလိုဖြစ်တာ... နှစ်ဘီဖြစ်သွားရင်တော့ မလွယ်ဘူးနဲ့တူတယ်... ဘုန်းကြီးနဲ့ ပတ်သက်တာတွေ တင်ပြလိုက်တာ အလှူခံသလို ဖြစ်သွားလားမသိ လုံးဝကို မရည်ရွယ်ပါ... အလှူခံရဲပါစေဆိုတဲ့ စကား တနေရာမှာ တွေ့ဖူးပါတယ်... ဘယ်နေရာမှာလဲ ဆိုတာတော့ မမှတ်မိပါ... ဘာကြောင့်လည်းဆို လူတွေ ကုသိုလ် တိုးပွားစေလို့ပါတဲ့... ဒါပေမဲ့ ဘုန်းကြီးကတော့ အလှူခံမရဲတဲ့သူ... ဒါ့ကြောင့် မပြည့်စုံတဲ့ထဲကပါ... ဒါပေမဲ့လဲ ပြည့်စုံနေပါတယ်... တောင့်တခြင်းဟာ ပင်ပန်းတယ်ဆိုတာ သိလို့... ရသမျှနဲ့ ရောင့်ရဲတတ်အောင် ကြိုးစားနေပါတယ်... ရောင့်ရဲခြင်းတရားဟာ ငြိမ်းချမ်းတယ်လို့ မြတ်ဗုဒ္ဓက ဟောပါတယ်... ထားတော့... အသည်းနဲ့ပတ်သက်လို့ အခက်အခဲမျိုးစုံရှိလို့ လူအရှင်ထံမှ မယူတော့ဘူးလို့ ဆုံးဖြတ်ထားတာ ရှိခဲ့ပါတယ်... ဒီနေ့ဒီအချိန်ထိပါ... ဘုန်းကြီးကို အနီးကပ်ပြုစုနေတဲ့သူတွေ ကုသပေးနေတဲ့ ဆရာဝန်တွေရဲ့ ဆုံးဖြတ်ချက် ဒကာဒကာမအားလုံးရဲ့ တိုက်တွန်းမှု ကူညီမှု အပေါ်မှာ မူတည်ပြီး အခြေအနေတွေ ပြောင်းလဲ ဖြစ်ပျက် နေမယ်လို့တော့ ထင်ပါတယ်... ဒကာလေးရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်... ကျေးဇူးတင်ပါတယ်... စကားအသုံးအနှုံး လွဲခဲ့ရင် သည်းခံပါ...
8 Jul 09, 08:13
အောင်မြင့်: ရိုသေလေးစားစွာဖြင့် ဦးနှိမ့်ရှိခိုး လိုက်ရပါတယ် အရှင်ဘုရား။ တရားတော်များ နာယူနိုင်ရန် ဟိုးအရင် vcd ပုံစံဖြင့် ပြန်လည် တင်ပေးသည့် အတွက် အထူးကျေးဇူးတင် ရှိရကြောင်းပါ အရှင်ဘုရား..
ဦးလောကနာထ: ဒကာလေးအောင်မြင်ရေ… အဆင်ပြေတာသိရလို့ ၀မ်းသာပါတယ်… လိုအပ်တာတွေကို ရအောင် ကြိုးစားပေးပါ့မယ်… အားလုံးအဆင်ပြေကြပါစေ… စိတ်ချမ်းသာကြပါစေ…
7 Jul 09, 12:02
အလှတရား: ၀ိသဘာဂလေးနာသွားတယ်ဘုရာ့ စာအုပ်အဆင်ပြေရဲ့လား...ဘုရား..
ဦးလောကနာထ: စာအုပ်ကအဆင်ပြေနိုင်ပါတယ် ဒကာလေးအလှတရားရေ… ဖိုင်ချုံ့ဖို့ရာက တစ်ခုစီချုံ့နေရရင်တော့ မလွယ်ဘူး… အချိန်ရမယ်ဆိုရင်ပေါ့… ဖိုင်အများကြီးကို တစ်ခါတည်း ချုံ့တဲ့ဆော့ဝဲ ရှာပေးပါ… ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့နေနိုင်ပါစေ…
ပဋာစာရီဖိုင်ကို သေးသေးလေးလုပ်ထားတယ်… နဲနဲတော့ ၀ါးတယ်… အဆင်ပြေမလားတော့မသိပါ…
6 Jul 09, 16:24
ခွန်နောင်: တပည့်တော် ရိုသေစွာ ဦးချကန်တော့ပါ၏ဘုရား။ ဆရာတော်ဘုရား ကျန်းမာချမ်းသာစွာ တိုး၍သာသနာပြုနိုင်ပါစေဘုရား
ဦးလောကနာထ: ဒကာလေးခွန်နောင်လည်း ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပါစေ… သူတော်ကောင်းတရားတွေ လွယ်ကူစွာ လေ့လာနိုင်ပါစေ…
6 Jul 09, 14:44
သစ္စာအလင်း: Please kindly accept my humble homage 3 times on special occassion of full moon day.
ဦးလောကနာထ: သာဓုခေါ်ဆိုပါတယ် သစ္စာအလင်းမိသားစုရေ… ငြိမ်းချမ်းရေးအတွက် ဒီတရားတွေက အလိုအပ်ဆုံးပါ… အမြဲထာဝရ လက်ကိုင်ထားနိုင်ပါစေ… စိတ်ချမ်းသာပါစေ…
6 Jul 09, 10:28
ခွန်နောင်: အရှင်မ ပဋာစာရီလောင်းလျာ စိတ်ဝေဒနာ စွဲကပ်စေခဲ့တဲ့ ဝဋ်ကြွေးကို ရှင်းပြပေးပါဘုရား
ဦးလောကနာထ: ဆွေမျိုးများ မျက်စိရှေ့တင် ပျက်စီးရတဲ့ အကုသိုလ်ကိုတော့ ဖတ်ခဲ့ဖူးပါတယ်… စိတ်ဝေဒနာ ဖြစ်ရခြင်းကိုတော့ မတွေ့သေးပါ… ပစ္စုပ္ပန် အကြောင်းခြင်းရာကြောင့်လည်း ဖြစ်နိုင်ပါတယ်… ရှာတွေ့တာလေး ခုတင်ပေးလိုက်ပါတယ် ဒကာလေး ခွန်နောင်ရေ… ပြည့်စုံမှုတော့ မရှိသေးပါ… ရှာတွေ့သည့်အခါ ထပ်တင်ပေးပါ့မယ်… စိတ်ချမ်းသာပါစေ…
6 Jul 09, 07:52
တပည့်တော်: ၀ါဆိုလပြည့်နေ့ မှာအဝေးမှ ရိုသေစွာရှိခိုးကန်တော့ပါတယ်အရှင်ဘုရား။ အရှင်ဘုရားစိတ်ချမ်းမြေ့ပါစေ။
ဦးလောကနာထ: ၀ါဆိုလပြည့်နေ့မှာ အမှတ်တရ ရဟန်းသံဃာများကို ကန်တော့သည့်အတွက် သာဓုခေါ်ဆိုပါတယ် တပည့်တော်ရေ… တပည့်တော်လည်း ကိုယ်ရောစိတ်ပါ မျှတပါစေ…
6 Jul 09, 05:17
soenaing: နှုတ်ခွန်းဆက်စကား မပြောဖြစ်တာကြာခဲ့တာကို ခွင့်လွှတ်ပါဘုရား၊ တရားအသစ်တွေ တင်သလားလို့ နေ့တိုင်းတော့ ရောက်ပါတယ်ဘုရား၊ အရှင်ဘုရား ကျမ္မာပါစေလို့ ဆုတောင်းပါတယ်၊
ဦးလောကနာထ: ခွင့်လွှတ်ပါတယ် ဒကာလေးစိုးနိုင်ရေ… နှုတ်ဆက်ကြတော့ ရင်းနှီးမှုပိုရပါတယ်… ဘုန်းကြီးဘက်ကလည်း ထူးပြီးမေတ္တာပို့ဖြစ်ပါတယ်… ဖတ်ရတဲ့သူတွေလည်း စိတ်ချမ်းမြေ့ရပါတယ်…။
စိတ်ချမ်းသာပါစေ… ကိုယ်ကျန်းမာပါစေ…
6 Jul 09, 04:22
lynn: ဆရာတော်ကို တပည့်တော် ဒီနေရာကနေ ဦးတင်လိုက်ပါသည်ဘုရား....... ဆရာတော်ဘုရား ကျန်းမာပါစေပါဘုရား
ဦးလောကနာထ: ကောင်းပါပြီ lynn ရေ… ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ ခန္ဓာ့ဝန်ကို ထမ်းရွက်နိုင်ပါစေ…
6 Jul 09, 02:06
ဆရာလေး: ဘုန်းဘုန်းဘုရား ခြေတော်ဦးခိုက် ဦးတင်လျှက်ပါဘုရား။ တရားတော်များ ဒေါင်းလော့ ကူးယူသွားပါသည် ဘုရား။ ဘုန်းဘုန်းကျမ္မာစွာ သာသာပြုနိုင်ပါစေလို့ ခြေတော်ဦးခိုက် ဆန္နပြုပါသည်ဘုရား
ဦးလောကနာထ: သီလရှင်ဆရာလေးရေ… ရောက်ရာအရပ်မှာ သူတော်ကောင်းတရားတွေ ဖြန့်ဝေနေမှုကို သာဓုခေါ်ဆိုနေပါတယ်… သူတော်ကောင်းတရားတွေ ပြန့်ပွားလေ… လောကကြီး ငြိမ်းချမ်းလေပါပဲ… ခန္ဓာ့ဝန်ကို မျှတစွာနဲ့ သာသနာ့တာဝန်ကို ထမ်းဆောင်နိုင်ပါစေ…
5 Jul 09, 18:23
ခွန်နောင်: ဆရာတော်ဘုရား။ မြတ်စွာဘုရားဟာ တရားဦးဟောဖို့ အာဠာရနဲ့ ဥဒကရသေ့ကြီးများကို ရှုစားတာ ကွယ်လွန်နှင့်ပြီလို့ ဖတ်ရပါတယ်။ မိဂဒါဝုန်မှာ တရားဦးဟောတော့ နတ်ဗြဟ္မာများ လာရောက်တရားနာရာမှာ ဗြဟ္မာဖြစ်သွားတဲ့ ဒီရသေ့ကြီးများ ဘာလို့ နာလို့ မရတာပါ လဲဘုရား။ ရုပ်မရှိဘဲ နာမ်သာရှိတဲ့ ဘုံမှာ ဖြစ်သွားတဲ့ ရသေ့ကြီးက လာလို့ မရဘူးလားဘုရား
ဦးလောကနာထ: ဒကာလေးခွန်နောင်ရေ… အရူပလေးဘုံရှိပါတယ်… ရုပ်မရှိ နာမ်လေးမျိုးသာရှိလို့ စတုဝေါကာရဘုံ လို့လည်း ခေါ်ပါတယ်… အာဠာရရသေ့က သုံးဆင့်မြောက်ဘုံဖြစ်တဲ့ အာကိဉ္စညာယတနဘုံမှာ ဖြစ်ပါတယ်… ဥဒကရသေ့နဲ့ ကာဠဒေဝိလရသေ့တို့ကတော့ လေးဆင့်မြောက်ဘုံဖြစ်တဲ့ နေဝသညာ နာသညာယတနဘုံမှာ ဖြစ်ပါတယ်… အရူပလေးဘုံလုံးမှာရှိကြတဲ့ ဗြဟ္မာများဟာ သောတပသာဒရုပ် ချို့တဲ့သည့်အတွက်ကြောင့် တရားနာကြားခြင်း မပြုနိုင်ပါ… စက္ခုပသာဒရုပ်ကင်းသည့်အတွက် အဆင်းကို မြင်နိုင်ခြင်းမရှိပါ… ရုပ်တရားအားလုံး ကင်းသည့်အတွက် အဆင်း အသံ အနံ့ အရသာ အတွေ့အထိများ ခံစားနိုင်ခြင်းမရှိတော့ပါ… ဒါ့ကြောင့် ဘုရားဖူးခြင်း တရားနာခြင်း မလုပ်နိုင်တော့ပါ… သို့သော်… အရူပလေးဘုံတွင် အရိယာများ ရှိပါသေးသည်… သောတာပတ္တိမဂ်ရ ပုဂ္ဂိုလ်ဖယ်၍ ကျန် အရိယာ ၇-ဦး၊ တိဟိတ်ပုထုဇဉ်ပုဂ္ဂိုလ် ၁-ဦး ပေါင်းပုဂ္ဂိုလ် ၈-ဦးရှိပါတယ်… ၄-ဘုံနှင့် မြှောက်လျှင် ပေါင်း ၃၂-ဦး ဖြစ်ပါတယ်… မိမိတို့ရရှိထားသော အကျိုးတရား(၀ိပါက်)စိတ်နှင့် ပဋိသန္ဓေနေကြ၍ ရရှိထားသော အကျိုးတရားများကိုပင် ကပ်ကမ္ဘာပေါင်းများစွာ ရှု၍ နေထိုင်ကြပေသည်… ဒါ့ကြောင့် အရူပဘုံကို (အက္ခဏ=အခွင့်အခါမဟုတ်)ဟု ရပ်ပြစ် ၈-ပါးမှာ ထည့်လိုက်ပါတယ်…။ ကျွန်ုပ်အရတော်ပါပေတယ်… လူ့ဘ၀ကိုလည်းရ… ရဟန်းဘဝကိုလည်းရ… တရားတော်ကိုလည်းနာကြားရ… ကြိုစားဖို့သာ လိုပါတော့တယ်…။ ထို့အတူ သင်တို့တစ်တွေလည်း ကြိုးစားလျှင် အခွင့်အခါကောင်းတွေ ရနိုင်ပါသေးတယ်… အားလုံးပဲ ကြိုးစားနိုင်ကြပါစေ… အဆုံးအမအတိုင်း တည်ပါစေ… ကိုယ်ရောစိတ်ပါ ချမ်းမြေ့ကြပါစေ…
5 Jul 09, 05:01
lynn: ဆရာတော်ဘုရား......တရားတော်များကို ခါတိုင်းလို တစ်ခါတည်းနာယူလို့ရအောင် လုပ်ပေးစေချင်ပါသည်ဘုရား.......
ဦးလောကနာထ: ကောင်းပါပြီ lynn ရေ… တစ်ခါတည်း နာလို့ရအောင် ပြန်ပြီး စီစဉ်ပေးပါ့မယ်… အခက်အခဲ မရှိပါ… အဆင်ပြေတာလေး သိရတော့ ပိုကောင်းတာပေါ့… စိတ်ချမ်းသာပါစေ...
5 Jul 09, 02:48
Dream: ဘုန်းဘုန်းဘုရား...တရားတော်များ လာရောက်ဒေါင်းလုတ်လုပ်သွားပါတယ် ဘုန်းဘုန်း.... ဓမ္မဒါန ပြန်လည်ဖြန့်ဝေခွင့်ပြုပါနော့်။ ဘုန်းဘုန်းလဲ သာသနာအကျိုး ဒီထက်မက ပြန့်ပွားဆောင်ရွက်နိုင်ပါစေ..
ဦးလောကနာထ: သာဓုခေါ်ပါတယ်… ဒကာမကြီး Dream ရေ… ၀ါဆိုပွဲအမှီ ဓမ္မဒါန ဖြန့်ဝေပါ… ကိုယ်ရောစိတ်ပါ ချမ်းချမ်းသာသာ ရှိပါစေ…
5 Jul 09, 00:35
Nyan Wint Aung: တရားလာနာပါတယ်ဘုရား နေကောင်းကျန်းမာပါစေ..
ဦးလောကနာထ: ဒကာလေး Nyan Wint Aung ရေ… စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ…
4 Jul 09, 07:36
အလှတရား: တရားလာနာပါတယ်ဘုရား နေကောင်းကျန်းမာပါစေ..
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေးအလှတရားရေ… ကိုယ်စိတ်နှစ်ပါး မျှတပါစေ…
3 Jul 09, 22:39
Zaw Wan: thati so thaw inarr shima thamudaya ei htoe sit ko A naing tight lo yamarpar payar.
ဦးလောကနာထ: ဒကာလေးဇော်ဝမ်းရေ… ဘ၀တိုင်း သူကတော့ ခဏခဏ ကိုယ့်ကိုဆော်နေတာပဲလေ… တက်ကိုင်သူနဲ့ လှော်ခတ်သူ မမျှတ မညီညွတ်ခဲ့လို့ ပန်းဝင်မှာရှုံးကြရပါတယ်… ဒီလိုပဲ သံသရာတစ်လျှောက်မှာ သတိနဲ့ ပညာ မပြည့်စုံ မညီညွတ်ခဲ့လို့ လှော်ချင်သလိုလှော်ရင်း နစ်နေကြရတာ များလှပြီပေါ့… သတိလေးလည်းရှိပါစေ… ပညာအားလည်းကောင်းပါစေ… ကြိုးစားလို့လည်းနေပါ့မယ်…
Zaw Wan: Naymawinkhin yatekarpyin tharyamar ko tapyitaw mamaypar payar. Thank You bhone bhone.
lknt: မမေ့မလျော့ နေတဲ့အတွက် ၀မ်းသာပါတယ် ဒကာလေးဇော်ဝမ်းရေ… ဘုန်းကြီးလည်း မေ့လျော့မနေအောင် ကြိုးစားနေရပါတယ်… သူများကိုပြောသလို ကိုယ်လည်းကျင့်မှ သဘာဝကျမယ် မဟုတ်လား… မျှတပါစေ…
2 Jul 09, 13:46
စိမ်းစိမ်းမြ: အရှင်ဘုရား တပည့်တော်မ တရားတော်များကို ဖတ်ရှု နားထောင်ရတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ် ဘုရား။ အချို့သော တရားတော်များကို ဓမ္မဒါန အတွက် ဖြန့်ဝေခွင့် ပြုပါဘုရား။
lknt: ဒကာမကြီး စိမ်းစိမ်းမြရေ… တရားတော်တွေ လာဖတ်တာလည်း ကောင်းတယ်… သူတစ်ပါးကို သိစေလိုလို့ ဖြန့်ဝေလိုတာလည်း ကောင်းတယ်… ခွင့်တောင်းတာလည်း ကောင်းတယ်… ခွင့်ပြုပြီးသားပါ… လွတ်လပ်စွာဖြန့်ဝေပါ… အားလုံး ဓမ္မဒါန ကုသိုလ်တွေ ဆက်သွားပါတယ်… စိတ်ချမ်းသာပါစေ…
1 Jul 09, 10:28
အလှတရား: ဓမ္မစကြာတရားတော်များ ယူသွားပါတယ်ဘုရား။
lknt: ယူသာယူသွားပါ ဒကာလေး အလှတရားရေ… ဒကာလေးထံမှ စာအုပ်လင့် တချို့ကိုလည်း ဒကာများထံ ပို့ပေးထားပါတယ်… ခွင့်ပြုပါ… ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ…
1 Jul 09, 04:35
အောင်ဦး:: ဓမ္မစင်္ကြာတရားတော်များ ကူးယူသွားပါတယ် ဘုရား။ ၀ါဆိုလပြည့်နေ့အတွက် ဓမ္မဒါန ပြန်လည်ဖြန့်ဝေပါဦးမယ် ဘုရား။ ကျေးဇူးကြီးမားလှပါတယ် အရှင်ဘုရား။
lknt: ဒကာလေးအောင်ဦးရေ… ဓားမကြီးအတွက် ကျေးဇူးပါ… ဖတ်သွားပါတယ်… အားလုံးပဲ ဘေးကင်းစေဖို့ ဓားမကြီးဘေးချပြီး ဓမ္မကြီးကိုဆောင်ထားကြရမယ်… စိတ်ချမ်းသာပါစေ…
1 Jul 09, 00:22
ခွန်နောင်: ရှင်းလင်းပြတဲ့အတွက် ကျေးဇူးကြီးပါတယ်ဆရာတော်ဘုရား။
lknt: ကောင်းပါပြီ ဒကာလေးခွန်နောင်ရေ… အားရက်ကလေးမှာ ငြိမ်းချမ်းစွာနဲ့ နှလုံးသွင်း မှန်ပါစေ…
30 Jun 09, 21:21
Zaw Wan: kaya zoo gyi la partail payar sanga gunaw anandaw Arsariya gunaw Anandaw.
lknt: ဒကာလေး Zaw Wan ရေ… မမေ့နဲ့ အချိန်ရှိတုန်း ကျိုးစားပါ… စိတ်ချမ်းသာပါစေ…
30 Jun 09, 13:01
http://ycowabangkok.blogspot.com/: အရှင်ဘုရား အဆင်ပြေပါရဲ့လား ဘုရား။
lknt: မျှတပါတယ်ဒကာလေးတို့ရေ… အားလုံးပဲ စိတ်ချမ်းသာကြပါစေ…
30 Jun 09, 07:52
ခွန်နောင်: ဆရာတော်ဘုရား။ တပည့်တော် နေထိုင်မကောင်း အလုပ်က အဆင်မပြေဆိုတော့ စိတ်ညစ်လာပါတယ်။ တရားမှတ်ပေမယ့် စိတ်ဓာတ်က ပြန်ပြန်ကျလာပါတယ်။ ဓဇဂသုတ်မှာ ကြောက်ခြင်း၊ အားငယ်ခြင်း၊ တုန်လှုပ်ခြောက်ခြားခြင်း ဖြစ်ရင် ဘုရားတရား သံဃာဂုဏ်တွေ တလိုက်ဆိုတော့ ဗုဒ္ဓါနုဿတိပွားရင် စိတ်ညစ်ပျောက်နိုင်မလားဘုရား။ မေတ္တာကမ္မဌာန်းနဲ့လဲ မရလို့ပါ။
lknt: ဒကာလေးခွန်နောင်ရေ… စိတ်ညစ်ရင် အရက်သောက်တဲ့…၀… အရင်တုန်းက လူလေတွေ ပြောခဲ့တဲ့စကား… နဲနဲတော့ ဟုတ်သလိုလိုပါပဲ… စိတ်ဆိုတာ တစ်ခုဖြစ်ပြီး ချုပ်ပျက်… တစ်ခုဖြစ်ပြီး ချုပ်ပျက်… ဖြစ်တဲ့စိတ်ကလေးတစ်ခုမှာ သိတတ်တဲ့ စွမ်းအားလေး တစ်ကြိမ်ပဲရှိတယ်… အဲတော့ သိစရာတစ်ခုသိလိုက် ပျက်လိုက်… နောက်စိတ်လေးတစ်ခု သိစရာလေးသိလိုက် ပျက်လိုက်နဲ့… စဉ်ဆက်မပြတ် စိတ်တွေ ဖြစ်ပျက်နေတယ်…။
စိတ်ညစ်နေတဲ့အချိန် အရက်သောက်လိုက်တော့… စိတ်ညစ်စရာကောင်းတဲ့ ကိစ္စလေးကို သိမဲ့ စိတ်ကလေးတစ်စိတ်ဟာ ညစ်တဲ့ဆီမရောက်တော့ပဲ… ယာယီ အရက်ရဲ့ အရသာ မူးယစ်မှုစွမ်းအားကိုသာ သိနေရတော့တယ်… ဒီလို.. အရက်ရဲ့အရသာကို စဉ်ဆက်မပြတ် ခံစားနေတဲ့ အချိန်မှာ စိတ်မညစ်တော့ဘူးပေါ့… ဒါပေမဲ့… စိတ်ကလေးတစ်ချက် ညစ်စရာလေးဆီ ရောက်လိုက်တာနဲ့ စိတ်ညစ်တယ် ဖြစ်သွားမယ်လေ… ဒီတော့ အရက်နဲ့ ဖြေဖျောက်မှုဟာ ပြည့်စုံမှန်ကန်သော ဖြေဖျောက်မှု မဟုတ်တော့ပါ… သင်တို့ရဲ့ ညစ်နေတဲ့ စိတ်ကလေး အမြဲ ပျော်ရွှင်မသွားနိုင်ပါ… လူငယ်များ လူကြီးများ စိတ်ညစ်မှုကို အရက်နဲ့ မဖြေဖျောက်စေလို၍၎င်း… စိတ်ဖြစ်စဉ်ကို သိစေလို၍၎င်း အနည်းငယ် ရေးပေးလိုက်ပါတယ်… ။
မြှားတစ်ချောင်း ပစ်လွှတ်လိုက်တယ်… အလယ်ပစ်မှတ်ကို စိုက်နေတယ်ဆိုပါလျှင်… ဤမြှားသည် ဘေးမှာရှိသော ဘယ်အရာကိုမှ မစိုက်နိုင်တော့ပါ… ဤအတူပင် စိတ်တစ်စိတ်သည် တစ်ကြိမ်သာ သိနိုင်ရိုးထုံးစံရှိပေသည်… ပေါ်လာသော စိတ်ကလေးတစ်စိတ်ကို ကမ္မဋ္ဌာန်းအာရုံမှာထားလိုက်ပါ…
တရားကိုမှတ်လို့ ပြုတ်ကျနေရင်… မမှတ်နဲ့တော့ ဒကာလေး… ဘုန်းကြီးလည်း မမှတ်တော့ပါလေ… ဖြစ်နေတဲ့ ဖြစ်စဉ်သဘောကို သိအောင်လုပ်စေလိုပါတယ်… ဖြစ်နေစဉ်လေးတွေမှာ အမှန်သိတဲ့စိတ်ကလေးတွေ များလာရင်… ညစ်တဲ့ကိစ္စကို မသိလို့ စိတ်ညစ်မှုကို မခံစားတော့ပါ… အမှန်သိတဲ့စိတ်တွေ ဖြစ်လာရင်လည်း သူ့စွမ်းအားကြောင့် စိတ်ညစ်စရာလို့ မမြင်တော့ပါ… သူ့သဘောသူဆောင်တယ်လို့ သဘောကျလာပါလိမ့်မယ်… အမှန်သိမှ အမှားစင်မှာဖြစ်လို့ အမှန်သိအောင်လုပ်ပါ… ဗုဒ္ဓါနုဿတိ၊ ဓမ္မာနုဿတိ၊ သံဃာနုဿတိ၊ ၀ိပဿနာ သတိပဋ္ဌာန် ကမ္မဋ္ဌာန်းအားလုံးပေါ့လေ စိတ်ညစ်မှုကို ပြေပျောက်စေပါတယ်… မိမိရဲ့နှလုံးသွင်းမှုက ကမ္မဋ္ဌာန်းပေါ်မှာမရှိသေးပဲ စာကျက်သလို ရွတ်ဆိုရုံမျှသာ ဆိုရင် ကုသိုလ်တော့ဖြစ်ပါတယ်… အပူတော့ တကယ်မငြိမ်းနိုင်သေးပါ… ဒါ့ကြောင့် ကမ္မဋ္ဌာန်းပေါ်မှာ စိတ်ကိုရောက်အောင် စွဲအောင် ခဏခဏနှလုံးသွင်းနေရပါ့မယ်… ဥပမာ…ဒေါ်လာတစ်သိန်းစုမိအောင် ရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ အလုပ်လုပ်ကြရပါတယ်… ဆင်းရဲချုပ်ငြိမ်းကြောင်း တရားသည်ကား တန်ဖိုးပိုကြီးမားသည့်အတွက် အချိန်များစွာ အကြိမ်များစွာ ကြိုးစားကြရပေမယ်… တချို့သူများအတွက်ကတော့လည်း လွယ်ချင်လွယ်ပေလိမ့်မယ်… ဒါပေမဲ့ ဒီလိုလူ ရှားသွားပါပြီ… စိတ်မညစ်လိုပါလျှင် ခဏခဏ စိတ်ကိုစိမ်၍ထားပါ ကမ္မဋ္ဌာန်းထဲမှာ…
စိတ်ချမ်းသာပါစေ… ဒုက္ခဆင်းရဲကင်းဝေးပါစေ…
29 Jun 09, 21:54
Zaw Wan: Sayardaw payar di apat Dhamma satkyar tayardaw tin pay par payar kyan mar yay mya ta parsay payar.
lknt: ကောင်းပါပြီဒကာလေးZaw Wan... ဓမ္မစကြာတရားတော်တင်ပေးပါ့မယ်... ကိုယ်စိတ်နှစ်ပါး မျှတပါစေ..
29 Jun 09, 14:49
သစ္စာအလင်း: သံဂါယနာအကြောင်းလာဖတ်ရင်းနဲ့ လေ့ကျင့်ရေးကွင်းဆိုတဲ့စကားလုံးလေး မိတ္တူကူးသွားပါတယ်ဘုရား။ ဦးတင်ပါသည်ဘုရား။
lknt: သစ္စာအလင်းမိသားစုရေ… ကောင်းပါပြီ… လိုချင်တာတွေရ ရတာတွေ အသုံးချတတ်… ၀မ်းသာပါတယ်… မိသားစုအားလုံး စိတ်ချမ်းသာပါစေ… ဒုက္ခဆင်းရဲကင်းဝေးပါစေ…
29 Jun 09, 11:36
လူလ: မင်္ဂလာပါ ဘုန်းဘုန်း ဘုရား၊ တပည့်တော် လာရောက်သွားကြောင်းပါ ဘုရား၊ ရွှင်လန်းချမ်းမြေ့ပါစေ...
lknt: မင်္ဂလာပါ လူလ ရေ… ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးပါစေ…
27 Jun 09, 19:48
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ်အရှင်ဘုရား။ တပည့်တော်လည်း အရှင်ဘုရားလိုပါပဲ လောကဓံတွေ ခံနေရတဲ့သူပါ။ အရှင်ဘုရားက လောကဓံခံရပေမဲ့ အများအကျိုး သာသနာအကျိုးအတွက် တာဝန်ကျေပါတယ်။ တပည့်တော်ကတော့ မကျေသေးပါဘုရား။ အရှင်ဘုရားblog ကိုအလည်လာကြတဲ့ဒကာ ဒကာမတွေကိုလည်း ပြောဆိုဆက်ဆံရာမှာ ဂါရ၀တရား စေတနာတရားတွေနဲ့  ရှင်းပြပေးတတ်တဲ့အတွက် အရှင်ဘုရားကို တပည့်တော်တော့ ချီးမွမ်းပါတယ်ဘုရား။ အရှင်ဘုရားစိတ်ချမ်းမြေ့ပါစေ။
lknt: တပည့်တော်ရေ… ပြုခဲ့ဘူးတဲ့ကံတွေရဲ့ အကျိုးတရားအဖြစ်နဲ့ လောကဓံကတော့ သတ္တ၀ါအားလုံးအပေါ်မှာ လာမှာပါပဲ… အနဲ့အများတော့ ခံစားကြရမှာပါ… ခံနိုင်ရည်ရှိအောင် စိတ်စွမ်းအားတွေ မြှင့်တင်ထားနိုင်ရမယ်လေ… မြင်တွေ့သမျှ အပေါ်မှာ တရားရှာရာ လေ့ကျင့်ရေးကွင်းအဖြစ် နှလုံးသွင်းကြည့်လိုက်တော့ စိတ်ထဲမှာ ငြိမ်းချမ်းသွားပါတယ်… စိတ်၏ငြိမ်းချမ်းမှုကို ရရှိခံစားနိုင်ပါစေ…
26 Jun 09, 23:35
အလှတရား: နေကောင်းကျန်းမာပါစေဘုရာ့ တရားလာနာကြောင်းပါ ဒီကနေ့တင်တဲ့ စာများကို တရားတော်ကောက်နုတ်ချက်များ ဘလော့အတွက် ယူသွားပါရစေဘုရား။
lknt: ကောင်းတယ် ဒကာလေး အလှတရားရေ… သာသနာကို ကိုယ်နိုင်တဲ့ဘက်က စောင့်ရှောက်ကြရမယ်… ဒကာလေး အလှတရားလည်း မျှတပါစေ…
26 Jun 09, 15:04
ခွန်နောင်: ဖတ်ပြီးပါပြီဘုရား။ လူသေလူဖြစ်တွေ သူတို့လျှောက်လဲတဲ့အတိုင်း ဘာသာမဲ့ဆို ဘာလို့ ဗုဒ္ဓဘာသာထဲ ဝင်လာတာလဲဘုရား။ ဘာသာမဲ့ဆို သူဟာသူ ဘာသာမဲ့ဆက်လုပ်နေ ဘာပြဿနာဖြစ်စရာရှိလဲ။ ဘာသာမဲ့ ဗုဒ္ဓဘာသာဆိုတော့ သူတို့ ပြောတာက တပည့်တော် ရှုပ်သွားလို့ပါ။
lknt: ဒီလိုလေးနားလည်လိုက်ပါ ဒကာလေးခွန်နောင်ရေ… ဗုဒ္ဓဘာသာထဲဝင် ဘုန်းကြီးဖြစ်ပြီးမှာ တရားတွေလေ့လာ အမှတ်မှား အကောက်မှားပြီး ၀ိနိစ္ဆယဖြစ်တော့ ဘာသာမဲ့အသုံးဖြစ်သွားတယ်…။ တကယ်ဘာသာမဲ့ဆိုသူဟာ ဘယ်ဘာသာကိုမှ မကိုးကွယ်သူ အယူမရှိသူကိုခေါ်တယ်။ ဒီလိုဆို ပြဿနာမရှိပါဘူး… တကမ္ဘာလုံးအနှံ့ ဒီလိုလူတွေ ရှိနေတာပဲလေ… ဒီလိုမဟုတ်ပဲ ဗုဒ္ဓဘာသာကိုဖျက်ဆီးတဲ့ တခြားဘာသာဝင်မဟုတ်သူကို ဘာသာမဲ့ ဗုဒ္ဓဘာသာလို့သားမှတ်လိုက်တော့ ဒကာလေး… ကဲဘုန်းကြီးလည်း ကျိန်းဦးမယ်…။
24 Jun 09, 20:58
Zaw Wan: messagelkm;omp,;l hi “font size=3 face='ALGERIAN'” fljkdgjklsd
lknt: ဒကာလေးzawwanရေ... စမ်းကြည့်ဦးမယ်နော်... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ... သာဓုပါဒကာလေး...
24 Jun 09, 12:46
ခွန်နောင်: တင်ပေးတော်မူဘုရား ဖတ်ချင်လို့ပါ။ (တပည့်တော်က ဆရာတော်ဘုရား လင့်ထားတဲ့ ဘလော့ဂါ ကိုခွန်မဟုတ်ပါ။ အပေအတေ ခွန်နောင်ပါဘုရား)။ ဒိဌဓမ္မ ဝေဒနိယကံက ဘယ်လိုအကျိုးပေးသလဲ ရှင်းပြပါဘုရား တပည့်တော် ဒီရက်ပိုင်း ခွင့်ရလို့ တရားကို အခန်းမှာ ဖိအားထုတ်ချင်ပါတယ်။ ရိပ်သာမှာလိုထိထိရောက်ရောက် အားထုတ်နိုင်အောင် နည်းနာ ချီးမြှင့်ပေးပါဘုရား။
lknt: ဒကာလေးခွန်နောင်ရေ... ဒီနေရာရောက်လာရင် အပေအတေ မဟုတ်တော့ဘူးလို့ ခံယူပါ... လိုအပ်တာ စီစဉ်ကြည့်ပါ့မယ်... လင့်ကိုတော့ ပြင်လိုက်ပါပြီ... စိတ်ချမ်းသာပါစေ...
ဘယ်သူဘာပြောပြော ဒါလေးကိုတော့ လုပ်ဖြစ်အောင်လုပ်...
အမှန်သဘောကို သိအောင်ကြည့်လေ...
သူတို့သွားပြီ နောက်ကလိုက်မည် သွားနေကြနေရာဆီ…
အတိတ်ပစ္စုပ္ပန် ပြုသည့်ကံ ခံစံရမည်မှန်…
ယူတတ်ပါစေ အရင်းမပါတဲ့ အမြတ်တွေ...
ဟိုး... နေရာလေးမှာ တွေးကြည့် ရေးရေးလေး မြင်နေရပြီ...
ရအောင်ယူကြမယ်လေ...
သံဃာတွေက ပေးကာနေ... ယူနိုင်ကြစေ ဗုဒ္ဓမွေ...
ရဟန်းကျင့်ဝတ် တစ်ပါးချွတ်က လူနတ်မကြိုက် ကဲ့ရဲ့ထိုက်၏...
သူတော်ပြီးကောင်းလို့ သူ့ကို သူတော်ကောင်းဟုခေါ်မည်...
သူကောင်းအောင် ကိုယ်ကောင်းပြပါ့မယ်...
အရာရာပြောင်းလဲနေတယ်... မမေ့နဲ့...
ဆုံးမတဲ့အတိုင်း နေထိုင်ပါလျှင် ငြိမ်းချမ်းမယ်...
မြတ်ဗုဒ္ဓက ဒီတိုင်း ဒီအတိုင်း နေပါတဲ့...
ကောင်းသောအလုပ်တွေ များများလုပ်ပါ...
ပြောမရသူသည် ဗြဟ္မာဒဏ်နှင့်သာ ထိုက်တန်၏.....
သူတော်ကောင်း မထေရ်ကြီးများ၏ ဝါဒကို နှစ်သက်ပါသည်...
ပြုစုပါရစေ ဆိုပြီးတော့သာ ပြုစုလိုက်... မိဘနှစ်ပါးကို
ကောင်းမှုပြုလွယ်သူကို သူတော်ကောင်းဟု ခေါ်ပါသည်...
သင်ကူညီနိုင်ပါသည်...
သင် မိဘများကို စောင့်ရှောက်ပါ၏လော...
ကျင့်တော့ကျင့်နေကြတယ်... ဒါပေမဲ့...
ဘာ့ကြောင့် တို့မရသေးတာလဲ... မေ့နေလို့တဲ့...
0 comments:
Post a Comment