Tuesday, August 11, 2009

ပဋ္ဌာန်းဆက် သမီးတော်...



ခင်ခင်ဝင်း၏... ပဋ္ဌာန်းဆက် သမီးတော်...








0 comments:

Cbox...

CBox မှ ရှေးဟောင်းမှတ်တမ်းများ…၎

lknt: သိလိုသူ နဲ့ နားလည်သူ ရေ... အမေးအဖြေ လေးတွေ ကောင်းတယ်... လောကကြီးကို နှောင်ဖွဲ့နေတာ သူတို့ မဟုတ်ပါဘူး... နန္ဒီလေးပါ... သည်လိုရေးတော့ မသိသူတွေက အွန်လိုင်းမှာ ဘုန်းကြီး အ၀ှါထားတယ် ထင်နေဦးမယ်... နန္ဒီဆိုတာ=ရာဂ... ဒါကဘုရားဟော... နန္ဒီဆိုတဲ့ တဏှာ ရာဂကြောင့် ခန္ဓာတွေ ရရှိနေကြတယ်... ခန္ဓာမှန်သမျှ ဖြစ်ပြီးပျက်ကြရတယ်... ရေရှည် တည်တံ့နေတာ ဘာမှ မရှိပါဘူး... အရာရာဟာ ခဏတာဘဲလေ... တခဏ ပြီးတော့လည်း ပျက်သွားပြန်ရော... ခဏတာ တည်တံ့နေတဲ့အတွင်း ဖြစ်ပေါ်လာပြီး ခံစံကြရတာကို လောကဓံလို့ ခေါ်ပါတယ်... သူလာလာ မလာလာ ကိုယ်ကစောင့်ရမှာ မဟုတ်ဘူး... သူကတော့ လာကိုလာမှာပါလေ... လာတဲ့အခါ တရားရှိသူများသာ ခံနိုင်ရည် ရှိပါတယ်... ဒါကြောင့် ခံနိုင်ရည်ရှိအောင် တရားနဲ့နေကြရမယ်...

စီဘောက်စ် ကြွလာ ဆွေသဟာ ချမ်းသာကိုယ်စိတ်မြဲပါစေ... ( ar အပါအ၀င်ပေါ့... သူက မြန်မာပြည်ကနေ လူစည်အောင် လုပ်ပေးနေရတာ... သူ့ကုန်ကျစားရိတ်က နည်းမှာ မဟုတ်ဘူး... ကျေးဇူးပါဘဲ... ) အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

15 Jun 10, 17:45

နားလည်သူ: သိလိုသူရေ. ကောင်းတဲ့ဖက်က ကြည့်ရင် ဆရာတော် ကျန်းမာရေး အခြေအနေကြောင့် ခဏဖြတ်ထားတာဖြစ်လို့. ကျေးဇူးတင်စရာပါ။ စေတနာဆိုတာ ကြည့်တတ်ရင် မြင်တတ်ပါတယ်။ စီဘောက်မှာ အရည်မရ အဖတ်မရ ပေါက်တတ်ကရတွေ လာရေးတဲ့ ar ရေ.. စိတ်ချမ်းသာပါစေကွယ်. စားဝင်အိပ်ပျော်ပါစေ. ကံတူအကျိုးပေး မခံရပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။

15 Jun 10, 06:17

သိလိုသူ: အမေရိကမှာ ဘုန်းကြီး တပါးကို ကြိုးကိုင်ချုပ်ချယ် ချယ်လှယ် တတ်ပါသလား။ ဘုန်းဘုန်းကို အင်တာနက် ဖြတ်ထားတယ်ဆိုတာ တကယ်ပါလား။

14 Jun 10, 22:44

flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ် ဘုရား ဘုန်း၂ မျှတပါရဲ့လား ဦးချကန်တော့ပါတယ်..

lknt: မျှတပါတယ် ဒကာမကြီး flowerpoem ရေ... မိသားစု စိတ်ချမ်းသာကြပါစေ...

14 Jun 10, 19:29

ooo: :D

12 Jun 10, 07:27

ကောင်းမြတ်ဇော်: ဘုန်းဘုန်း ကျန်းမာပါစေ ဘုရား ......... တပည့်တော်လည်း ကျောင်းပိတ်ခါနီး စာတမ်းတွေ ၊ ပရောဂျက်တွေ ၊ အလုပ်တွေနဲ့ လုံးချာလည်လိုက်ပြီး မရောက်ဖြစ်ပါဘုရား ။ ကျေးဇူးကြီးမား မြတ်ဘုရား သာသနာတော်ကို ဘုန်းဘုန်းတို့ ကဲ့သို့သော သာသနာပြုဆရာတော်များ ဆက်လက်စောင့်ရှောက် နိုင်ပါစေ အရှင်ဘုရား ။

lknt: ဒကာလေး ကောင်းမြတ်ဇော် ရေ... ဘယ်လို အခက်အခဲတွေ ရှိနေပါစေ... ဆက်လက်ပြီးတော့လည်း ဘုရားနှစ်သက်တဲ့ အလုပ်တွေ လုပ်သွားပါ့မယ်... ကိုယ်စိတ်နှစ်ပါး မျှတပါစေ...

12 Jun 10, 03:01

အောင်ဦင်္း: ဘုန်းဘုန်း ကျန်းမာပါစေ ဘုရား.. တပည့်တော် ရတဲ့အချိန်လေးမှာ လာရောက်ခဲ့ပါတယ် ဘုရား။ ဘုန်းကံကြီးမာ မြတ်ဘုရား သာသနာကို ဆက်လက် စောင့်ရှောက်နိုင်ပါစေ အရှင်ဘုရား

lknt: ကောင်းပါပြီ ဒကာလေး အောင်ဦး ရေ... အလုပ်တာဝန် အမျိုးမျိုးကြားက ဘာသာ သာသနာကို ဘုန်းကြီးတွေအစား ဖြန့်ဝေပေးနေတဲ့အတွက် သာဓုခေါ်ပါတယ်... တရားနဲ့နေရင်း အွန်လိုင်းပေါ်မှ မြတ်ဗုဒ္ဓ အဆုံးအမတွေ ဖြန့်ဝေခြင်း သည်အလုပ်နဲ့ပဲ ဒီဘ၀ ကုန်ဆုံးစေတော့မယ် ဒကာလေးရေ... မိသားစု စိတ်ချမ်းသာကြပါစေ...

9 Jun 10, 08:33

kantaya:: lknt: ခေါ် ကိုတော် ar ပြေိာတာမှန်တလာ၊။?

lknt: ar ပြောတာတွေ နားမလည်ဘူးလေ သည်တော့ ဘာမှ ဖြေစရာ မရှိပါဘူး... သူတော်တော် မတော်တော် ကိုယ်ကောင်းရမယ်ဆိုတဲ့ မြတ်ဗုဒ္ဓတရားတွေ သိလိုရင်တော့ မေးနိုင်ပါတယ်... ကြိုးစားပြီး ဖြေပေးသွားပါ့မယ်... ကိုယ်စိတ်နှစ်ပါး မျှတကြပါစေ...

8 Jun 10, 03:49

ဝေသရိန်: ဘယ်လို ဖွင့်ရမှာလဲ ဘုရား မဖွင့်တက်လို့

lknt: ဒကာလေး ဝေသူရိန် ရေ... ဘာကိုဖွင့်ချင်တာလည်း မသိဘူးလေ ပြောပါ... စိတ်ချမ်းသာပါစေ...

7 Jun 10, 13:55

lknt: အလည်လာသွားပါတယ်... အားလုံးစိတ်ချမ်းသာကြပါစေ...

6 Jun 10, 09:40

ar: သစ္စာ ဘယ်လိုလဲ ပြော်ပါဦး သိတလောက် တက်တလောက် ဟဲဟဲ

6 Jun 10, 09:33

ar: messagehttp://cbox.ws/smilies/3/grin.gif

4 Jun 10, 10:12

kantaya:

3 Jun 10, 08:41

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ တပည့်တော် အလည်လာသွားပါတယ်.. အရှင်ဘုရား နေကောင်း ကျန်းမာပါစေလို့  ဆုတောင်းပေးပါတယ်။

lknt: ငြိမ်းချမ်းပါစေ တပည့်တော် ရေ...

lknt: အောက်က မေးဖြေကြသူများ အားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...

2 Jun 10, 09:52

ar: ၅၅၀ ဇာတ်တောင်္က မဟာယန ခေါ်အရည်ကြီးစာပေ ဟုပ်လာဖြေပါ ဘယ်အချိန်က ခတ်စာခဲတယ်ဆိုးတာ မဖြေနိုင်ရင်ဆရာကြီးမလုပ်နဲ ရန်တွေတာမဟုပ်ဘူ ဘုန်းကြီးတွေကိုမေဘူတယ် မင်လူလာဘုန်ုကြီးလာတဲကိုအလုပ်တဲ ဟဲဟဲ ဆရာတော် ဦးသုမင်္ဂလ ကိုမကြိုက်ဘူ လူမိုက်သံနဲဟော်တာ မျှမျှတတမရှိဘူ သူက အတ္တှိကြီးတယ်သူပြော်တာ မှန်တယ်လိုထင်တာ တရာဟော်စတိုင်တမျီူးပေါ ငါကိုးကွယ်ခဲတာ ( ) ကျေုာ်သွာပြီ ငယ်တုံကဘုန်းကြီးကျောင်းမ ၄တန်းထိစာသင်ခဲတာ အဲတုံနဲခုနဲတချုာစိဘဲ ဘကကျောင်ဆိုတ ဘာစတိုင်လဲ ဖြေ ရန်လုပ်တာမဟုပ်ဘူမသိရင် ပြော်ပြမယ်

2 Jun 10, 05:17

soe: ကိုသစ္စာရေ ဥပေက္ခာပြုထားလိုက်ပါလား၊ သူမြင်ချင်နေတာ ကိုသစ္စာရဲ့ဒေါသပါ၊ တုန့်ပြန်သူမရှိတော့ရင် သူ့ဟာသူရပ်သွားမှာပါ၊ မရပ်ရင်လဲ ကျနော်တို့ ကျော်ဖတ်လိုက်ကြစို့လို့ အဖ်ာညှိပါပါရစေဗျာ၊

1 Jun 10, 11:04

သစ္စာ: တစ်ယောက်တည်း နာမည်မျိုးစုံနဲ့  ပေါက်ကရတွေမရေးနဲ့ ကွ။ ကိုယ်တိုင်ဘာမှ သေသေချာချာ မလေ့လာပဲနဲ့ မပြောရဘူး။ ဒါကြောင့်ပြောတယ် စာတစ်ကြောင်းတောင် ဖြောင့်အောင်မရေးတတ်ပဲ လျှောက်မပြောနဲ့ ငါ့ညီရဲ့  မင်းရဲ့ အရေးအသားတွေ ကြည့်ရတာ ဘာမှမလေ့လာပဲ ရမ်းတုတ်နေသလိုပဲ။ ဘုရားက ပုံပြင်တွေပြောပြီး သာသနာပြုခဲ့တာ မဟုတ်ဘူး။ မယုံကြည်ရင် မကိုးကွယ်ပါနဲ့ ဒါပေမယ့် ယုံကြည်လို့  ကိုးကွယ်တဲ့သူတွေကို မစော်ကားရဘူး ကလေးတွေလိုပဲ ရန်ဖြစ်နေတာ မကောင်းပါဘူးကွာ။ ငါလည်းဘုန်းကြီး မဟုတ်ပါဘူး။ စာတတ်ပေတတ် ဆရာတော်တွေ အများကြီးပါ မင်းသိချင်တာတွေ လူကိုယ်တိုင် မေးမြန်း လျှောက်ထားကြည့်ပေါ့။ ဒီမှာလာပြီး ရန်တွေ့ နေတာထက် လက်တွေ့ ကျကျ ကိုယ်တိုင်မေးမြန်းတော့ သင်္ကာရှင်းတာပေါ့။ ငါကတော့ ဘုရားရှင်ရဲ့ မေတ္တာတော် အနန္တကို သိခွင့်ရလို့  ကျေးဇူးအများကြီး တင်ပါတယ်။ သာသနာ အရှည်ခံ့တည်တံ့ဖို့ လည်း ယုံကြည်ပါတယ်။ ခင်ဗျားဖွင့်လိုက်တဲ့ လင့်ခ်က "www" ရှေ့ မှာ ''။" ခံနေတယ် ဟောဒီမှာ ပြန်ဖွင့်ပြီးအစဉ်အတိုင်းတရားနာကြည့်လိုက်ပါ။ http://lknt10bd.blogspot.com/2010/05/blog-post_20.html ချမ်းမြေ့ ပါစေ။ သစ္စာ

1 Jun 10, 10:44

ar: ပြော်လိုက်ဦးမယ် ၅၅၀ ဇာတ်တောင်္က မဟာယန ခေါ အရည်ကြီးစာပေဘဲသီလာ

1 Jun 10, 10:32

lknt:(အတု): မှာတာမှန်သိဖိုး လိုလိပ်းမယ်ပြော်ကြပါ အထောက်အထာနဲ ခုခတ်နဲနော် ar ကတော့ ၉နာရီဆို တက်နေကြ လာခဲပါလာ ငါးသည်တောမဟုပ်ဘူ

1 Jun 10, 10:28

thu thu: အော် က်ုရင်သစ္စားရယ် ဘုန်းကြီးလာ လူလာ

ar: ဟဲဟဲ ၀၀ ပြော်ပါစေ သူစာမဖက်တဲ ဗာလာနံဆိုတော့ ဆင်ခြင်တုံတရား နည်းပါးတာပေါံ့ သူဘ၀င်မြင်ပစေ

1 Jun 10, 10:10

00: စကားတွေရှေ့ နောက်မညီ၊ ပရမ်းပတာ စည်းမဲ့ကမ်းမဲ့ မဆင်မခြင် အသေအခြာ မလေ့လာပဲ ဆင်ခြင်တုံတရားနည်းပါးတဲ့ အ၀ိဇ္ဖာဗာလာနံတွေနဲ့ ပြောရတာ အချိန်ကုန်ပါတယ်ဟုပ်လာသစ္စား arကလူမှန်ပါကွာမြင်တဲအတိုင်ပြော်တာမင်ကနာရအောင်

31 May 10, 14:28

သစ္စာ: စကားတွေရှေ့ နောက်မညီ၊ ပရမ်းပတာ စည်းမဲ့ကမ်းမဲ့ မဆင်မခြင် အသေအခြာ မလေ့လာပဲ ဆင်ခြင်တုံတရား နည်းပါးတဲ့ အ၀ိဇ္ဖာဗာလာနံတွေနဲ့  ပြောရတာ အချိန်ကုန်ပါတယ် အကျိုးမရှိပါဘူး။ နေခဲ့ပေတော့.. ဘုန်းဘုန်းကျန်းမာချမ်းသာပါစေ.... စီဘောက်စာမျက်နှာတွေ ညစ်ပတ်သွားရင် ခွင့်လွှတ်ပါဘုရား။

31 May 10, 09:08

ar: ။ http://lknt10bd.blogspot.com/2010/05/blog-post_21.html မရှီဘူတဲ အရှူးလုပ်တာလာ သစ္စာ: မင်းအမှောင်ထဲကထွတ်ခဲ လူတွေအတွက်အကျိုးမရုပ်စေနဲ အကျိုးရှိတဲ့အလုပ် လုပ်ပါ။ သစ္စာ: တရားတွေနာပါဗျာ ဟာ ဟ မင်းနှစ်သွာမယ် ခုတရားတွေကခြောင်တာနဲ မြောက်တာနဲ ပြီရင်သူတိုမလုပ်နိုင်တာတွေခိုင်လိမ်မယ် စဉ်စားပါတွေပါ

30 May 10, 10:19

သစ္စာ: အတော်ပိန်းတာပဲ ဒီသတ္တ၀ါ မပေါက်နိုင်သေးပါလား : အချိန်ကုန်ပါတယ် အကျိုးရှိတဲ့အလုပ် လုပ်ပါ။ ဟောဒီမှာတရားတွေနာပါဗျာ။ စိတ်ရှိရင်ပေါ့။ ကျန်းမာချမ်းသာပါစေ။ http://lknt10bd.blogspot.com/2010/05/blog-post_21.html

30 May 10, 09:55

ar: သစ္စာ: စာတစ်ကြောင်းတောင်ဖြောင့်အောင် မရေးတတ်သေးပါလား. ဟားဟား ဖက်တက်တာဘဲ ဘာဇြစ်လဲ သက်ပုံစစ်မှာလားစာဖတ်လားပြော နိုင်အောင်ပြော်ပါလားဗဟုသုတရတပေါ့ အာလုံးအတွက် ခုတော့ဟဲဟဲ သတ္တ၀ါတွေ ကျန်းမာပါစေတဲ ဟဲဟဲ သေနပ်နဲ့ပစ်ခံရအုံးမယ် ဟီးဟီး

30 May 10, 09:42

သစ္စာ: စာတစ်ကြောင်းတောင်ဖြောင့်အောင် မရေးတတ်သေးပါလား......အော်....ဒုက္ခဒုက္ခ သတ္တ၀ါတွေ ကျန်းမာပါစေ။

30 May 10, 09:31

ar: အော်... အ၀ိဇ္ဖာဆိုတာသိလိုလာ ကိုရင်သစ္စားရယ်ကင်းရှင်းရဲလာဟဲဟဲ

29 May 10, 18:57

သစ္စာ: အော်... အ၀ိဇ္ဇာ ဆိုတာ ဒါမျိုးပါလား။ လက်တွေ့ မြင်ရတာပေါ့။ အင်း...

29 May 10, 09:30

ar: ပိက်ထာလိုက် ဖွင်ထာလိုက်တောမလုပ်ပါနဲ blog archiveကစာတွေကို နားကြားပြင်းကပ်စရာဆိုတဲထဲမှာ သည်ဒါလေထည်ပေပါလာ ခေတ်မရိုတောတဲပုံ့ပြင်တွေ ဟောကြပြော်ကြလုပ်ကြရင် နားကြားပြင်းကပ်စရာ ဟဲဟဲ

28 May 10, 16:15

tint: မေးခွန်းမေးကြသူများနဲ့  အခြားဆိုက်မှာ ဘုန်းဘုန်းဦးလောကရဲ့  မျှဝေသောတရားတော်တို့ ကို နာယူကြသော မိတ်ဆွေများခင်ဗျား ဘုန်းဘုန်းနေကောင်းပါတယ်။ ဒါပေမဲ့  အခက်အခဲလေးတခု ၂ခုကြောင့် ခဏ အွန်လိုင်းမတက်နိုင်သေးပါ

26 May 10, 08:06

soe: မရောက်တာ အတော်ကြာခဲ့ပါပြီ ဘုရား၊ ရောက်ပြန်တော့လဲ စီဘောက်ထဲကစာတွေ ဖတ်ရုံလောက်နဲ့ပဲ ပြီးခဲ့တာများခဲ့ပါတယ်၊ အရှင်ဘုရား ခုလို သာသနာအကျိုး ပြုနိုင်နေသေးတာကို ကြေနပ်အားရနေပါတယ် ဘုရား၊ ထက်စု အမေးလေးကို သဘောကျတယ် အရှင်ဘုရား အဖြေကိုလည်း မှတ်သားချင်တယ်ဘုရား၊ သာသနာ့ဘဏ္ဍာ အဟောသိကံဖြစ်ရတယ် ဆိုတာနဲ့များ သက်ဆိုင်မလားလို့ အတွေးဆန့်မိပါတယ်ဘုရား၊ ရွှေတိဂုံဘုရားက ရွှေတွေပျောက်သွားတာလဲ အမှတ်ရမိတော့ ထက်စု ပြောသလို ပြုလိုက်တာများလားလို့လဲတွေးနေမိပါသေးတယ်၊ သာသနာ့ဘဏ္ဍာအလှူငွေကို အဝေဘန်မတတ်လို့ အ၀ီစိ ရောက်ရတဲ့သူတွေအကြောင်းလဲ ကြားဖူးပါတယ်ဘုရား၊ ဘဏ်မှာအပ်ထားတဲ့ ဘုရားအလှူငွေတွေ ပြန်ထုတ်ယူ အသုံးပြုခွင့်မရတာလည်း ကြားဖူးတော့ အဲဒါရဲ့ အကျိုးအပြစ်လေးကိုလည်း မိန့်ကြားသွန်သင်ပါ အရှင်ဘုရား၊ တစုံတရာ မလွတ်မကင်း ဖြစ်နိုင်တယ်ဆိုရင်လည်း တပြည့်တော်ကိုသည်းခံပါ။

lknt: ဒကာလေး soe ရေ... သာသနာအတွက် လိုအပ်လို့ အခြေအနေ အဆင်ပြေရင် ရေးပေးပါ့မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

27 May 10, 03:32 (ဗုဒ္ဓတရားတော်များ စီဘောက်စ်မှ)

ဂျေဂျူဝိုင်: တပည့်တော် ရိုသေစွာ လျှောက်ထားအပ်ပါသည်။ ရဟန်းအတွက် ဘုရားရှင်က ပညတ်ထားသော သိက္ခာပုဒ်ကို လူတို့အား မပြောကောင်းပါ။ သိက္ခာပုဒ်တို့ ဤကဲ့သို့ ရှိပါလျှက် ဤရဟန်းများက ဤသို့ မကျင့် ရဟန်းပျက် ဖြစ်လေယောင်တကား ဟု အကြည်ညို လျှော့နိုင်သောကြောင့် ဘုရားရှင်မှ ရဟန်းတော်များ ကျင့်ရသော သိက္ခာပုဒ်များကို လူတို့အား မပြောရဟု ပညတ်ထားခြင်း ရှိတော်မူခဲ့ပါသည် ဘုရား။ မေးမြန်းခြင်း ရှိခဲ့လျှင်တောင်မှ အကြည်ညို ပျက်ဖွယ် ရှိရင် လျှော့ပြောရကြောင်းပါ ဘုရား။

lknt: ဒကာလေး ဂျေဂျူဝိုင် ရေ... ရေးစေချင်လို့ မေးတယ်လို့ ထင်မိပါတယ်... ဒါကြောင့် တတ်သလောက်လေး ခံစားရသလောက် ရေးပေးပါ့မယ်... သည်အချိန် ဘုန်းကြီးအတွက် ကန္တာရပဲ ဘ၀ခရီးခဲက ကြမ်းတမ်းနေတယ်... ဒါကြောင့် မေးခွန်းတွေ သိရတာ နောက်ကျ... အဖြေတွေ နောက်ကျနေပါတယ်... လူ-သာမဏေအား ရဟန်းဝိနည်း သင်မပေးရ သင်ပေးရင် အာပတ်သင့်စေ ဆိုတာတော့ ၂၂၇-မျိုးသော သိက္ခာပုဒ်ထဲမှာ ရှာလို့ကို မတွေ့သေးပါဘူး... နံပါတ်ကလေး ပြောပြပေးနိုင်ပါတယ်... ၀ိနည်းတွေ ဖတ်လေဖတ်လေ လူတွေကို ပိုပြီး သိစေချင်လေ ဘုရားကြည်ညိုလေ ဖြစ်နေပါတယ်... တကယ်လို့ပါခဲ့ရင်လည်း ဆဋ္ဌမူ ပါဠိတော်မှလွဲ ဘယ်ထဲပါပါ ဘုန်းကြီး စိတ်မ၀င်စားပါဘူး...

အာပတ် ၇-ပုံမှ... ပါရာဇိကနှင့် သံဃာ့ဒိသိသ် အပြစ်သင့်နေသော ရဟန်း (အရှင် _ ဦး _ ) အကြောင်း သံဃာ့သမ္မုတိမရပဲ လူ သာမဏေအား မပြောရ ပြောခဲ့သော် ပါစိတ်အာပတ်သင့်... အောက်အာပတ် ၅-မျိုး သင့်နေကြောင်း ပြောကြားက ဒုက္ကဋ်အာပတ်သင့်တယ်လို့တော့ တွေ့မိပါတယ်... ပိဋကတ်သုံးပုံမှာ နှစ်ပုံသာ လူနဲ့သာမဏေကို သင်ပေးရမယ် ၀ိနည်းကို သင်မပေးရလို့တော့ မတွေ့မိသေးပါ... တရားတော်များ ကုန်စင်အောင် မလေ့လာနိုင်တာကတော့ အမှန်ပါပဲ...

ကိုယ်ရင် သာမဏေတွေ ၀ိနည်းလိုက်နာစရာမလိုလို့ သင်မပေးခြင်း... လူတွေ ၀ိနည်း ၂၂၇-သွယ် လိုက်နာစရာမလိုလို့ သင်မပေးခြင်းများကို... တချို့က သင်မပေးရ ပြောမပြရလို့ ထင်နေတာတွေ ဖြစ်နိုင်ပါတယ်... တစ်ချို့ ဘုန်းကြီးများကတော့ သူတို့ အနေကျပ်မဆိုးလို့ သင်မပေးစေလိုတာတွေ တွေ့ဘူးပါတယ်... ပိဋကတ်သုံးပုံမှ တရားတော်များ လူတွေကိုသင်ပေး၍ အပါယ်လားရကြောင့် မပါရှိ၍ သိသလောက်လေး သင်ပေးမိပါတယ်...

ကုသိုလ်လိုချင်လို့ ဒုလ္လဘလာဝတ်ကြတဲ့ လူတွေကို သိမ်ထဲမှာ ပါရာဇိကလေးပါးပဲ သင်ပေးကြလို့ သံဃာ့ဒိသိသ်သင့်သွားရတဲ့ ဒုလ္လဘလေးတွေ နည်းမည်မထင်ပါ... သူတို့တစ်တွေ အများကြီး နစ်နာပါတယ်... ဒါကြောင့် သံဃာ့ဒိသိသ် ၁၃-ပါး အပါဝင် ၀ိနည်း ၂၂၇-မျိုးလုံး ခေါင်းစဉ်လောက်တော့ သိအောင် သင်ပေးလွှတ်လိုက်ပါတယ်... မမှတ်မိကြတာကတော့ သူတို့ကံပါပဲလေ...

ဘုန်းကြီးက... ကပ္ပိယံ ကရောဟိ... ဆိုရင်... လူက ကပ္ပိယံ ဘန္တေ... ဒါလောက်မှ မတတ်ရင်လည်း... ငါ့ကို အပ်စပ်အောင်လုပ်ပေးပါ ဆိုတာနဲ့... အရှင်ဘုရား အပ်စပ်အောင် လုပ်ပြီးပါပြီဘုရား လောက်တော့ သိကြမှ ဘုန်းကြီးများ အာပတ်နည်းပေလိမ့်မည်... ခုတော့ ဘုန်းကြီးများကလည်း သည်လိုမပြောတော့ပါ... ကပ္ပိယ အမည်ခံတွေကလည်း မသိတော့ပါ... လူတွေကတော့ ဝေလာဝေးပေါ့... တချို့ကမေးပါသေးတယ်.. ကပ္ပိယဆိုတာ ဘုန်းကြီးအနား ကပ်ပြီးနေတော့ ရလို့လားတဲ့...

ကံကောင်းလို့ ရဟန်းဖြစ်လာရသူဆိုတော့... ဘုန်းကြီးက သပိတ်နဲ့ ဆွမ်းဘုဉ်းပေးတာ များပါတယ်... တချို့က အရှင်ဘုရား သပိတ်နဲ့ မဘုဉ်းပါနဲ့တဲ့... သည်တော့ ဘာလို့လည်း ဒကာမကြီးဆိုတော့... သပိတ်ကြီးက ဆေးရတာ ခက်လို့ပါတဲ့... လောကကြီးက အဲလိုကွယ်... သပိတ်လေးနဲ့ ဆွမ်းဘုဉ်းခွင့်ရဖို့ ဘုန်းကြီးတို့မှာ စွန့်လွှတ်ခဲ့ရတာတွေ နည်းမှမနည်းပဲ... သူတို့ သပိတ်လေး ဆေးခွင့်ရခြင်းသည် ကံကောင်းလွန်းလို့ဆိုတာ ဒါကို သူတို့ မသိကြရှာဘူးလေ... မျက်စိထဲမြင်မိတာကတော့လေ နောက်ဆို... ရဟန်းခံပွဲတွေမှာ ပရိက္ခရာ ၈-ပါး ပန်ချီကားလေးနဲ့ ရဟန်းခံကြလိမ့်မယ်... ပရိက္ခရာဆိုင်ရှင်တွေ ပန်းချီကားတွေ စုဆောင်းထားကြပေတော့... ပရိက္ခရာဓါတ်ပုံတွေ ကော်ပီကူးထားကြပေတော့...

ဗုဒ္ဓဘာသာအမည်ခံ လူတွေ... တစ်ချို့ပေါ့...

ဘုန်းကြီးကို မကပ်ရသေးတဲ့ဆွမ်း စားခိုင်းတယ်...

ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့စားခိုင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...

ဘုန်းကြီးကို ဗေဒင်ဟောခိုင်းတယ်...

ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့ဟောခိုင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...

ဘုန်းကြီးစီက နှစ်လုံးတောင်းတယ်...

ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့တောင်းရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...

ဘုန်းကြီးကို ရွှေငွေ ရတနာ မအပ်မစပ် လက်ထဲထည့် လှူချင်တယ်...

ဒါဟာ ၀ိနည်းမသိလို့... သိရဲ့သားနဲ့သည်လိုလှူရင် ဘုန်းကြီးကို ဖျက်ဆီးတာပဲ...

ဘုန်းဘုန်းဘုရား... ဘုရားစကား နားထောင်နဲ့နော် ကျမစကား နားထောင်ပါနော်... နော်... ဆိုတဲ့ အဓိပ္ပါယ် ဖြစ်နေတယ်... စကားလုံး ပြင်းပြင်းနဲ့ ဆိုရင်တော့ ဘုန်းကြီးတွေကို မအပ်စပ်မှန်းသိရဲ့သားနဲ့ ခိုင်းကြရင် သာသနာဖျက်တာပါပဲ... ဒါဟာ သာသနာကို ဖျက်ဆီးနေတာပါပဲ... ဘုရားကိုကြောပေးပြီး လက်ဝါးဖြန့် ငွေအလှူခံနေကြတာ အဆိုးဆုံး ဘုန်းကြီးအတွက် စိတ်အဆင်းရဲဆုံးပဲ... ဒါမျိုးတွေရေး ပြောနေလို့လည်း အခြေအနေက မကောင်းဘူး အတော်လူမုန်းများနေတယ်... သူမုန်းလည်း အရေးမလုပ်ပါဘူး... ဘုရားမမုန်းအောင်ပဲ နေတော့မယ်... (ဘုရားမမုန်းအောင်-တင်စားချက်ပါ)

ဒါကတော့ ဘုန်းကြီး ခံစားချက်ပဲလေ...

တခြားဆရာတော်များ ဘယ်လို ခံစားရလဲတော့ မသိပါဘူး...

သည်စာရေးရင်းနဲ့ လူစု နှစ်စုကို ယှဉ်ကြည့်မိတယ်... ရှေးယခင်က... ရဟန်းတော်များ ရဟန်းနဲ့ မတော်တာတွေ လုပ်ကြတော့ လူအများက ကဲ့ရဲ့ကြလို့ မြတ်ဗုဒ္ဓက ၀ိနည်းစည်းကမ်း ထုတ်ရတယ်... ကဲ့ရဲ့သူ လူစုကို ပထမအုပ်စုထား... ယခုခေတ် ၀ိနည်းစည်းကမ်း ထုတ်ပြန်ပြီးနောက် ရဟန်းတွေ အပြစ်ဖြစ်အောင် လုပ်နေသူများကို... ဒုတိယအုပ်စုထား... ပထမအုပ်စုနဲ့ ဒုတိယအုပ်စု ဘယ်လောက်များ ကွာသွားသလဲ... ဒုတိယ အုပ်စုထဲ မနေချင်ရင် ရဟန်းတွေ အပြစ်ဖြစ်အောင် မလုပ်နဲ့ပေါ့လေ...

ဒါ့ကြောင့်...

သာသနာကို စောင့်ရှောက်လိုတဲ့ အမျိုးကောင်းသားသမီးတွေ ၀ိနည်းစည်းကမ်းတွေ သိအောင်လုပ်ကြရမယ်... ဘုရားသားတော် ရဟန်းတော်များကို အာပတ်မသင့်အောင် စောင့်ရှောက်ကြရမယ်... ၀ိနည်းဖေါက်ပြီး မတော်တာတွေ လုပ်နေကြရင် ပြုပြင်ပေးကြရမယ်... သည်လိုဖြစ်စေချင်ပါတယ်... သည်လိုမဖြစ်ပဲ ၀ိနည်းနဲ့တိုင်းပြီး အကုသိုလ်ရှာနေရုံ... ၀ိနည်းမလေ့လာပဲ အကုသိုလ်ရှာနေရုံ ဆိုရင်တော့ သူတို့ထိုက်နဲ့ သူတို့ကံ သူတို့ခံကြပေါ့... ဘုန်းကြီးဘက်ကတော့... သဗ္ဗဒါနံ ဓမ္မဒါနံ ဇိနာတိ ဆိုတဲ့အတိုင်းပါပဲ... အားလုံးသော အလှူတွေထဲမှာ တရားအလှူ အမြတ်ဆုံး ဆိုထားတော့ ကိုယ်ဘက်ကတော့ ကုသိုလ်ရပြီးသား... အကျိုးရှိနေတာကတော့ သေချာပါတယ်... ဒါကြောင့်လည်း အွန်းလိုင်းကနေ မြတ်ဗုဒ္ဓသာသနာကို စောင့်ရှောက်ဖို့... မသိသေးသူတွေကို ပြောပြဖို့.. ဖတ်စရာ မရှိသူတွေ အလွယ်တကူ ဖတ်နိုင်အောင် ထေရ၀ါဒမူအတိုင်း တင်ပေးဖို့ ဖြစ်တဲ့နည်းနဲ့ သည်ကုသိုလ်ကို ယူသွားမှာပါပဲ... တခါတရံ ကျန်းမာရေးနဲ့ အတော်ပင်ပန်းပါတယ်... ဒါပေမဲ့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ ဉာဏ်ယှဉ်လို့ ဆက်လုပ်သွားပါမယ်...

သည်စာကို ဖတ်မိကြပြီး ရဟန်းတစ်ပါး (သို့) လူတစ်ယောက် အမှန်ကို လျှောက်မိမယ်ဆိုရင် ၀မ်းသာပါတယ်... ဘုန်းကြီးအတွက်ကတော့ လူနတ်ချမ်းသာဖြစ်ကြောင်း တရားတစ်ပုဒ်ပဲလို့ ခံယူပါတယ်...

သည်လို ရေးခွင့်ကြုံအောင် မေးတဲ့ ဂျေဂျူဝိုင်ကိုလည်း အရပ်သုံးစကားနဲ့ပြောရရင် ကျေးဇူးတင်ပါတယ်ပေါ့... ဘုန်းကြီးလိုဆိုရင်တော့ ကိုယ်စိတ်နှစ်ပါး မျှတပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၆.၁၁.၂၀၁၀

24 May 10, 22:49

lwinkotoe: ဆရာတော်ဘုရားရဲ့အဖြေကို ဒသနစီဘောက်မှာ ကြည့်ဆိုလို့လိုက်ရှာတယ်ဘုရား။ ရှာလို့မတတ်လို့လား မသိမတွေ့ဘူးဘုရား။ ဘလိုရှာရမလဲဘုရား။ cbox တော့ တွေ့ပီဘုရား။ sign up လုပ်ပီးမှကြည့်လို့ရမှာလားဘုရား

lknt: ဒကာလေး lwinkotoe ရေ... စီဘောက်စ်တွေ က အပေါ်ဆုံး ဘောက်စ်ထဲမှာ ကြည့်လိုက်ပါ... အဆင်ပြေပါစေ... စိတ်ချမ်းသာပါစေ...

24 May 10, 04:23

ထက်စု: အရှင်ဘုရား တပည့်တော် သိချင်တာတခုရှိလို့ပါဘုရား.. ဘုရားဌာပနာတည်တဲ့အခါ ရွှေတွေ ငွေတွေ ထည့်ပြီး ဌာပနာလုပ်တာ မြေကြီးထဲ မြှပ်နှံထားတာ တွေက ဘယ်ခေတ်ဘယ်အခါက စခဲ့ပါသလဲ. မြတ်စွာဘုရား ဟောကြားတော်မူခဲ့တဲ့ တရားတော်တွေမှာ လုပ်သင့်လုပ်ထိုက်ပါတယ်လို့ ပါပါသလား ဘုရား.. တပည့်တော် အမြင် အယူအဆ အရ.. ရွှေငွေတွေကို ဌာပနာမည့်အစား အဲဒါတွေကို ထုခွဲရောင်းချပြီး ဘုရားစေတီပုထိုးများကို အများကြည်ညိုဖွယ်ဖြစ်အောင် ပြုပြင် ထိန်းသိမ်းစောင့်ရှောက်တာက ပိုပြီး သင့်လျော်ပါတယ်ဘုရား.. လူအများ နားလည်အောင် ရှင်းပြတော်မူပါဘုရား။ (ဋ္ဌ-ဌ)

၅.၂၈.၂၀၁၀

lknt: ဒကာမကြီး ထက်စု ရေ... ဘုရားမှာ ရတနာမျိုးစုံ ဌာပနာ (ဌာပနာ=ထားခြင်း) ထည့်၍ သိမ်းဆည်းထားခြင်းက ကောင်းတာလည်းရှိ... မကောင်းတာလည်းရှိ... ရည်ရွယ်ချက် ကောင်းကောင်းနဲ့ လှူတတ်သူလည်းရှိ... ရည်ရွယ်ချက် ဘာမှန်းမသိပဲ လှူလိုစိတ်တစ်ခုနဲ့ သူများလုပ်လို့ လုပ်ကြတာလည်းရှိ... ဘာပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာကတော့ ဌာပနာထားခြင်းကို မပြစ်ပယ်တာလည်းအမှန်... လုပ်နည်းမှန်ဖို့လိုအပ်တာလည်း အမှန်ပါပဲ...

ဇာတ်တော်တွေထဲမှာ ရှေးဘုရားရှင်များရဲ့ ဓာတ်တော်တိုက် ဌာပနာတိုက်များအကြောင်း ခဏခဏ ပါတဲ့အတွက်... ဘယ်အချိန်က စတင်ခဲ့လည်းဆိုရင်တော့... ရှေးရှေး သဗ္ဗညုတ ဘုရားရှင်များ လက်ထက်ကထဲက စခဲ့တာလို့ ပြောရမှာပါ... ခုခေတ် မြတ်ဗုဒ္ဓလက်ထက်မှာဆိုရင်တော့ တပည့်သား ရဟန္တာတွေ ပျံလွန်တော်မူရင်... ဓာတ်တော်များကို ဌာပနာ၍ စေတီတည်ထားလေသည်လို့ ဆိုပါတယ်... ရွှေငွေ ရတနာများ ပါသည်လို့တော့ သတိမထားမိပါ... မြတ်ဗုဒ္ဓ ပရိနိဗ္ဗာန်စံခန်းမှာတော့ ဗန္ဓုလစစ်သူကြီး၏ဇနီး မလ္လိကာ,က မဟာလတာတန်ဆာကို ဘုရားရှင်အား ၀တ်ရုံပေး၍ လှူဒါန်းလိုက်သည်လို့ ဆိုပါတယ်... ဌာပနာတဲ့ထိတော့ မတွေ့ရပါဘူး... အရှင်မဟာကဿပနဲ့ မင်းအဇာတသတ်က မြတ်ဗုဒ္ဓရဲ့ဓာတ်တော် မွေတော်များနဲ့အတူ ရတနာတစ်ချို့ ဌာပနာခဲ့တယ်လို့ သိရပါတယ်... တချိန်မှာ စေတီကြီး ပျက်စီးခဲ့သော် တွေ့ရှိသောသူသည် ဌာပနာထားတဲ့ ရတနာတွေကို ထုခွဲပြီး စေတီအသစ် ပြန်လည် ပြုပြင်စေလိုတဲ့ စေတနာကို တွေ့ရပါတယ်...

နောက်ပိုင်းမှာလည်း ခေတ်အဆက်ဆက် စေတီတည်ပြီး ရတနာမျိုးစုံထည့်ဝင် လှူဒါန်းကြတဲ့အခါမှာ သာမန် အလှူဒါနအဖြစ်နဲ့ ထည့်တာလည်း တွေ့ရပါတယ်... ထုခွဲရောင်းချပြီး စေတီပြုပြင်ရန် စားရိတ်ဖြစ်စေလိုတဲ့ စေတနာတွေလည်း တွေ့ရပါတယ်... ယတြာချေတဲ့သဘောနဲ့ ထည့်တာတွေလည်း တွေ့ရပါတယ်... အခြား စိတ်ကူးမျိုးစုံနဲ့ ထည့်ဝင်တာလည်း တွေ့ရပါတယ်...

လှူတဲ့အတွက် ဒါနကတော့ ဖြစ်ပါတယ်... အကျိုးပေးကတော့ ဉာဏ်နဲ့စေတနာပေါ်မှာ မူတည်မယ်... နောက်ပိုင်း တန်ဖိုးရှိရှိ အသုံးချခွင့် ရမရကတော့ သတ်သတ်ပေါ့... ခုခေတ်သုံးနေတဲ့ငွေ သိန်း ၁၀၀ ဌာပနာတဲ့ထဲထည့်... နောင်နှစ် ၁၀၀-မှာ ပြန်လည် တူးဖေါ်မယ်ဆို ဘုရားပြုပြင်ဖို့ ဘာမှရမှာ မဟုတ်ပါဘူး... သည်အဖြစ်အပျက်မျိုးတွေက အများကြီးတွေ့ရပါတယ်... ရှေးဟောင်း ဘုရားကြီးတစ်ဆူ ပျက်ဆီးပြီး ဌာပနာတွေ ထွက်လာပါတယ်... ဓာတ်တော်တွေကော ဆံပင်တွေကော ပစ္စည်းမျိုးစုံပါပဲ အဲဒီထဲမှာမှ ငွေတုံး အကြီးကြီးတစ်တုံး... သူ့ဘေးမှာမှ စာကတော့ ရောင်းချ၍ ဘုရားပြုပြင်ပါလေတဲ့... သည်တော့ ခုခေတ်မှာက ငွေကတန်ဖိုးမရှိ ရွှေကမှ တန်ဖိုးရှိတဲ့အချိန် သူ့ငွေတုံးက ရောင်းလိုက်တော့ ဘာမှမဖြစ်လောက်... ထည့်တဲ့အချိန်တုန်းကတော့ တန်ဖိုးရှိလို့ ထည့်လှူလိုက်တာမျိုး ဖြစ်မှာပါပဲ... ပုဂံငလျှင်ကြောင့် ဘုရားတွေ ဗိုက်မပေါက်ပဲ ဌာပနာကြောင့် စေတီ, ဆင်းတုတွေ ဗိုက်ပေါက်ရတာ အများကြီးပါပဲ... ဗိုက်ပေါက်ခြင်းကတော့ ဌာပနာပစ္စည်းတွေလိုချင်လို့ သူခိုး ဖေါက်တာရယ်... ဌာပနာလှိုဏ်ခေါင်းတွေကြောင့် စေတီတော် မတောင့်တင်းပဲ နေတာကြောင့်ရယ်ပါ... သတိပြုဖွယ်ရာ ဖြစ်ပါတယ်... ထည့်ခြင်းထည့်လျှင်တော့ ဓာတ်တော်များနဲ့အတူ... တရားတော်အစစ်အမှန်များ... သာသနာသုံးပစ္စည်းများကို မှတ်တမ်းအဖြစ် ဌာပနာခြင်းက ပိုပြီး သင့်လျှော်တယ် ထင်တာပါပဲ...

တစ်ချို့ စေတီအသစ်တည်တဲ့အခါ သဒ္ဓါတရားက အစပိုင်းမှာ အရမ်းကောင်းကြတော့ ဌာပနာတဲ့ထဲ ပစ္စည်းတွေ များစွာထည့်ကြပါတယ်... ဒါပေမဲ့ နောက်ပိုင်း စေတီက ပြီးအောင်မတည်နိုင်နှင့် အလှူရှင်ကို စောင့်မျှော်နေကြရသော စေတီများကိုလည်း တွေ့ခဲ့ဘူးပေတယ်... မသင့်တော်ပါပေ... သည်လိုဖြစ်မည့် အနေအထားမျိုး ရှိကြပါက ဌာပနာကို စေတီပြီးမှ စိတ်ကြိုက်ထည့်ပြီး ပိတ်လို့ရသော စနစ်မျိုး တည်သင့်ပေတယ်... အောက်ဌာပနာ အရင်ထည့်ကြရမယ် ပြီး အလယ်ဌာပနာ ပြီး အပေါ်ဆုံးဌာပနာ ထည့်ပိတ်ကြရမည်ဟု မြတ်စွာဘုရား ဟောကြားချက်မျိုး မတွေ့ဖူးပါပေ... ပုဂ္ဂိုလ်များ၏အပြောသာ ရှိပါပေသည်...

လှူဒါန်းခြင်းဆိုတာက ကောင်းပါတယ်...

ဘယ်လိုပစ္စည်း ထည့်သင့်တယ်ဆိုတာလည်း စဉ်းစားဖို့ လိုပါတယ်...

ယတြာချေတဲ့သဘောနဲ့ ထည့်ခြင်းကတော့ လုံးဝကို မလုပ်သင့်ပါဘူး...

ပြုပြင်လှူဒါန်းစရာ နေရာ စေတီပုထိုးတွေ အများကြီး ဘေးဖယ်ထား... မပြီးပြတ်သေးတဲ့ဘုရား ဘေးဖယ်ထားပြီး အနီးအနားက နာမည်ကြီးဘုရားမှာ ဌာပနာတွေ ဇွတ်ထည့်တာလည်း စဉ်းစားဖွယ်ရာပါပဲ...

ခုခေတ်အနေနဲ့ ငတ်မွတ်တဲ့ဘေးတွေ များလှပါတယ်... ဒါကြောင့်... လက်ရှိ ငတ်မွတ်ခေါင်းပါးတဲ့ နေရာတွေမှာလည်း အသုံးချခြင်းဟာလည်း ကောင်းမွန်ပါတယ်... မိမိဘေးမှာ ငတ်နေသူ လိုအပ်နေသူတွေကို မပေးကမ်းပဲ ဘုရားဌာပနာထည့်ခြင်းကလည်း စဉ်းစားစရာပါပဲ... ဒါနမို့ မထည့်နဲ့လို့တော့ မပြောလိုပါဘူး... မြတ်ဗုဒ္ဓအလို ကျ,မကျ စဉ်းစားသင့်တာပါ... အခြေအနေ အချိန်အခါတွေကို ကြည့်ပြီး ဉာဏ်ယှဉ် အလုပ်လုပ်ကြဖို့တော့ လိုပါတယ်... ဗုဒ္ဓဘာသာဟာ ဉာဏ်အလုပ်ပါ... ဉာဏ်ယှဉ်ဖို့ အရေးကြီးပါတယ်... ဉာဏ်ရှိဖို့ရာလေ့လာပါ... အရာရာကို လေ့လာသုံးသပ် ဆင်ခြင်ရပါမယ်...

ဌာပနာနဲ့ ပါတ်သက်လာတော့ ကြုံလို့ပြောတာပါ... သည်ဘက်မှာ ကြားလိုက်ရတာ... စေတီတစ်ဆူမှာ ဌာပနာဖို့ ပုဂ္ဂိုလ်တစ်ဦးက လည်ပြီး အလှူခံပါတယ်တဲ့... ရလာတဲ့ထဲက စိန်နားကပ်ကြီးတစ်ရံဟာ မကြာခင်မှာပဲ သူနဲ့ပါလာတဲ့ အမျိုးသမီးနားမှာ မြင်ရတော့ ပြဿနာမျိုးစုံ ရှုပ်ထွေးသွားပါတယ်... ဒါမျိုးတွေကလည်း လောကကြီးမှာ အများသား... မစွပ်စွဲပါဘူး... ဗဟုသုတ ပြောပြရုံပါ...

ဘာကြောင့်ဆို ဘေးပယောဂကြောင့် အပုပ်နံ့လှိုင် အထင်အမြင် လွဲမှားတတ်တာတွေကလည်း ရှိပါတယ်... တစ်နေ့က လမ်းလျှောက်ရင်းနဲ့ အပုပ်နံ့ရလို့ ကြည့်လိုက်တော့ ပုံးလေးထဲမှာ ကြွေကျတဲ့ သစ်သီးနဲ့ မြက်တချို့ မိုးရေနဲ့တွေ့ပြီး အတော်လေးပုပ်နေတာတွေ့ရလို့ နေပူရာမှာ သွန်ပြစ်ပြီး လက်ဆေးတယ်... ဒါပေမဲ့ သည်အပုပ်နံ့က တော်တော်နဲ့ပျောက်မသွားဘူး.. လူမှာစွဲနေတယ်လေ...

ဟိုမှာလှူ သည်မှာမလှူနဲ့ ဆိုတာမျိုးကတော့ မပြောသင့်တဲ့အရာမို့ မပြောလိုပါဘူး...

မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဟာ မြတ်ဗုဒ္ဓအလိုကျနဲ့ အတော်အလှမ်းကွာဝေးနေတာ တွေ့ရပါတယ်... မြတ်ဗုဒ္ဓအလိုကျ မြင်နိုင် သိနိုင်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၅.၂၆.၂၀၁၀

23 May 10, 17:00

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ၅၅၀ ဇာတ်တော်တွေ ဖတ်သွားပါတယ်... copyလည်း ကူးယူသွားပါတယ်ဘုရား... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ...

lknt: ငြိမ်းချမ်းပါစေ တပည့်တော် ရေ...

22 May 10, 07:14

lwinkotoe: တပည့်တော်သည် ဗေဒင်လက္ခဏာပညာရပ်ဖြင့် အသက်မွေးချင်ပါသည်။ သို့သော် အခြားသောဆရာများကဲ့သို့ အဓိပါယ်မဲ့သော ယတြာမျာအစား သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် ဆောက်ထိန်းစေခြင်း၊ သမထ၊ ၀ိပသနာဘာဝနာပွားများစေခြင်းဖြင့် ကံ (မီးပျက်သွားလို့ပါဘုရား) ကို မြှင့်တင်အောင် ပြုခိုင်းပါမည်ဘုရား။ ထိုကဲ့သို့ အများအကျိုးဆောင် သာသနာပြုပါမည်ဘုရား။ တပည့်တော် ဆရာကြီးဦးဆန်းလွင်၏ တကယ့်ဗုဒ္ဓဘာသာဝင်ဆိုသည်မှာ စာအုပ်နှင့် ရွေပြည်သာဆရာတော်၏ ထေရ၀ါဒဗုဒ္ဓဘာသာဝင် စာအုပ်များကို ဖတ်ပီး အောက်ပါမေးခွန်း ပေါ်လာပါသည်ဘုရား။ ဗေဒင်လက္ခဏာပညာရပ်ဖြင့် အထက်ပါ တပည့်တော် လျှောက်ထားသည့်အတိုင်း အသက်မွေးဝမ်းကျောင်းပြုလျှင် သမာအာဇီဝ ဖြစ်ပါမည်လားဘုရား။ လုပ်သင့်မလုပ်သင့် တပည့်တော်အား ဖြေကြားပေးတော်မူပါ ဘုရား။ ရိုသေစွာဖြင့် လျှောက်ထားအပ်ပါသည် ဘုရား။ ဘုန်းဘုန်း သက်တော်ရာကျော်ရှည်ပီး သာသနာတော်အကျိုးကို စိတ်သွားတိုင်းကိုယ်ပါ ဆောင်ရွက်နိုင်ပါစေလို့ တပည့်တော် ဆုတောင်းပါသည် ဘုရား။

lknt: ဒကာလေး lwinkotoe ရေ... လူတစ်ယောက်အနေနှင့် လက္ခဏာပညာရပ်ဖြင့် အသက်မွေးတာ ရပါတယ်... အမှန် သိသည့်အတိုင်းဟောမယ် မလိမ်ဘူးဆိုရင် သည်အထိ သမ္မာအာဇီဝမည်ပါတယ်... မသိပဲ လိမ်ရင် ညာရင်တော့ မိစ္ဆာဇီဝ ခေါ်ပါတယ်... ဗေဒင်ကြည့်တဲ့သူဘက်က ဗေဒင်ဆရာ ခိုင်းတဲ့ ယတြာလေးလုပ်လို့ ငါအောင်မြင်တာပဲလို့ ယူခဲ့ရင်တော့ ကံ ကံ၏အကျိုး ယုံကြည့်မှုပျက်ပါတယ်... ဒါဆို သူ့ကိုတော့ ဗုဒ္ဓဘာသာဝင်လို့ ပြောဖို့ ခက်သွားပြီ...

တခြား ဗေဒင်ဆရာများလို ယတြာများအစား ((သရဏဂုံ သန့်ရှင်းစွာတည်စေခြင်း၊ သီလလုံခြုံအောင် စောင့်ထိန်းစေခြင်း၊ သမထ၊ ၀ိပဿနာဘာဝနာ ပွားများစေခြင်းဖြင့် ကံကို မြှင့်တင်အောင် ပြုခိုင်းပါ့မယ်)) ဆိုတာလေးက စေတနာတော့ ကောင်းပါတယ်...

ဒါပေမဲ့ လုပ်ရပ်ကတော့ ဗုဒ္ဓဘာသာဝင်များ အနေနဲ့ မလုပ်သင့်ဘူးလို့ မြင်မိပါတယ်...

ဘာကြောင့်လည်းဆို... ဘုန်းကြီးတို့ ကိုးကွယ်ကြတဲ့ မြတ်ဗုဒ္ဓ ဘုရားဖြစ်အောင် လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီတွေ ဖြည့်ပြီး ကျင့်ခဲ့တာဟာ ယတြာအခြေခံဖို့အတွက် ကျင့်ခဲ့တာ မဟုတ်လို့ပါ... မှန်ကန်သော သစ္စာဉာဏ်တွေ ဖြစ်စေဖို့... သတ္တ၀ါအများ ဆင်းရဲတွင်းက လွတ်စေဖို့ ဘုရားဖြစ်အောင် ကျင့်ခဲ့တာ ဖြစ်ပါတယ်... မြတ်ဗုဒ္ဓကို ယတြာဆိုပြီး အသုံးချနေကြတာ တကယ်တော့ ဗုဒ္ဓသာသနာကို သေးသိမ်အောင် လုပ်သလို ဖြစ်နေပါတယ်... ဗုဒ္ဓဘာသာဝင် လူဖြစ်စေ ရဟန်းဖြစ်စေ လုံးဝ မသုံးသင့်တဲ့ အသုံးအနှုံး အပြုအမူတွေ ဖြစ်တယ်လို့ ခံယူမိပါတယ်...

ဒကာလေးအနေနဲ့ စီးပွားရေးအရ ဗေဒင်လည်း ဟောချင်တယ်... လူတွေကို သရဏဂုံ သုံးပါးလည်း တည်စေချင်တယ်ဆိုရင်တော့... ဗေဒင်ကို ဗေဒင်သတ်သတ်ဟော ယတြာကို ဗုဒ္ဓဘာသာနဲ့ မသက်ဆိုင်တဲ့ အဓိပ္ပါယ်မဲ့ အရာတွေနဲ့ပဲ ချေခိုင်းပါ... ပြီးမှ ဒါန သီလ ဘာဝနာကို လုပ်ကြဖို့ ကောင်းမှုလုပ်သူ ကောင်းကျိုးရ၏လို့ ကံ ကံ၏အကျိုးတရား ဟောပေးလိုက်ပါ... သင့်ပါတယ်... ဘုန်းကြီးများ အနေနဲ့ကတော့ လုံးဝကို ဗေဒင်ဟော ဟိုလိုလို ဒီလိုလို အကြားအမြင်ပြော မလုပ်သင့်ပါ... တလောက ဗေဒင်ဟော ဘုန်းကြီးတစ်ပါးနဲ့ ဗေဒင်မေးသူ ဒကာမ အမှားတွေ ဟောလို့ဆိုပြီး... အကြီးအကျယ် ရန်ဖြစ်ကြပါတယ်... သည်အဖြစ်အပျက်ဟာ မသင့်တော်ပါဘူး... ဘုရားပေးတဲ့ ရွှေဝါရောင် သင်္ကန်းလေးဝတ်ပြီး... မြတ်ဗုဒ္ဓကိုတော့ မစော်ကားစေလိုပါ... သည်သင်္ကန်းလေးဖြစ်အောင် ယက်ခဲ့ရတာ လေးသင်္ချေ ကမ္ဘာတစ်သိန်းကြာပါတယ်...

ဒါကတော့ အတွင်းစကား ( ) ထဲကမို့...

(ဗေဒင်မေးကြတာ ဘုန်းကြီးတို့ ဖာသိဖာသာ ဗုဒ္ဓဘာသာတွေ များပုံပေါ်တယ်... ဗေဒင်ဆရာတွေ ယတြာချေခိုင်းလိုက်ရင် ဗုဒ္ဓဘုရားကို စက္ကူထီး၅-လက် လှူလိုက်ပါ... အရှေ့ထောင့်ကနေ ဗုဒ္ဓဘုရားကို ရေလောင်းပါ စသည်ဖြင့်ပဲ တွေ့ရတာ များတယ်... အလာရှင်ကို ရေ ၅-ခွက်လောင်းပါလို့ ပြောတာမျိုး လက်ဝါးကပ်တိုင်ကို ၉-ပတ်ပတ်ပါ ဆိုတာမျိုး မကြားရဘူး... ဘုန်းကြီးတို့ မြန်မာ ဗုဒ္ဓဘာသာဝင်တချို့ အတော်ညံ့ပါတယ်... ကိုယ့်ဟာကို မကြိုးစားချင်ကြဘူး... သူများခိုင်းတာပဲ လုပ်ချင်ကြတယ်...။ လာချေတဲ့ ယတြာတွေကလည်း ဘုန်းကြီးတို့မှာ ဘာမှလုပ်မရ... ဘုရားပေါ်မှာ အမှိုက်ရှုပ်တာပဲ များပါတယ်...)

အားလုံးပဲ မှန်မှန်ကန်ကန်နဲ့ ဘ၀တက်လမ်းတွေ ဖြောင့်တန်းကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၅.၂၃.၂၀၁၀

15 May 10, 19:46

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ သူတော်ကောင်းတရားနဲ့  နေကြရင် လူအတွေထင်ကြတယ်လို့ အရှင်ဘုရားပြောတာ မှန်ပါတယ်... ထင်ချင်သလိုသာ ထင်ကြပါစေဘုရား... ထင်တာကသူတို့ အလုပ်ပါ... ခုနက အရှင်ဘုရားပြောသလို မုဒိတာနဲ့  ဥပေက္ခာကိုကျင့်ပြီး သူတို့ အပေါ် သူတော်ကောင်းစိတ်ပဲ ထားလိုက်ပါ့မယ်ဘုရား... အရှင်ဘုရားရဲ့  အဆုံးအမအတိုင်း လိုက်နာရင်းနဲ့ ပေါ့... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ...

15 May 10, 21:29

lknt: တပည့်တော်ရေ... ၀မ်းမြောက်စွာနဲ့ သာဓုသုံးကြီမ် ခေါ်သွားပါတယ်... မိသားစုအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

15 May 10, 16:23

myamgmg: အရှင်ဘ၇ားတပည့်တော်ကို တစ်ခုမေးလျှောက်ခွင့်ပြုပါဘု၇ား ညီတော်အာနန္ဒာကို သောတာပန်ဖြစ်အောင် မြတ်စွာဘုရာဟောတဲ့တရားလေး သိချင်လို့ပါဘုရား ဆရာတော်ကျန်းမာပါစေဘု၇ား

15 May 10, 21:26

lknt: ဒကာလေး myamgmg ရေ... မတွေ့တာကြပြီပဲ... မျှတကြရဲ့လား... အရှင်အာနန္ဒာက မြတ်ဗုဒ္ဓဟောလို့ သောတာပန်တည်တာ မဟုတ်ပါ... အရှင်ပုဏ္ဏ ဟောကြားတဲ့တရားနဲ့တည်ပါတယ်... တရားကတော့ ကောင်းတယ် ကြေးမုံ တရား... မနက်ဖြန်ညမှပေါ့.

5.16.2010

lknt: ဒကာလေး myamgmg ရေ... ညီတော်အာနန္ဒာကို မန္တာဏီ ပုဏ္ဏေးမရဲ့သား အရှင်ပုဏ္ဏမထေရ်က ကြေးမုံတရားဟောလို့ တရားထူးရ သောတာပန်တည်သွားပါတယ်... လွယ်လွယ်ပြောရရင်တော့ ကြည်လင်နေတဲ့ရေခွက် ဥပမာပြပြီး ဟောကြားတဲ့တရားပါပဲ...

အစွဲပြုလို့သာ ငါဖြစ်တယ်လို့ ဆိုတဲ့ ပပဉ္စတရား သုံးပါးဖြစ်ပေါ်ပါတယ်တဲ့...

အစွဲမပြုရင် မဖြစ်ဖူးတဲ့...

ပပဉ္စဆိုတာက သံသရာကို လည်စေတတ်တဲ့တရားပါ... တဏှာ မာန ဒိဋ္ဌိကိုခေါ်ပါတယ်...

ဘာကို အစွဲပြုသလဲဆိုရင်တော့...

ရုပ်ကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်ပါတယ်...

ဝေဒနာကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်ပါတယ်...

သညာကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်ပါတယ်...

သင်္ခါရကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်ပါတယ်...

ဝိညာဏ်ကို အစွဲပြု၍ 'ငါ ဖြစ်၏' ဟူသော ပပဉ္စတရား ဖြစ်ပါတယ်...

ပပဉ္စတရားဖြစ်ရင် သံသရာလည်မယ်... အစွဲမပြုရင် သံသရာပြတ်မယ်...

ဒါကို ရှင်းအောင်ဆိုပြီး ဥပမာပြပါတယ်...

အမျိုးသမီးတစ်ဦးဟာ စင်ကြယ်နေတဲ့ မှန်မှာဖြစ်စေ ရေခွက်မှာဖြစ်စေ ကြည့်လိုက်တဲ့အခါမှာ... မိမိရဲ့မျက်နှာ ပုံရိပ်ကို မြင်ရပါတယ်... သည်လိုမြင်ရခြင်းဟာ မှန် သို့ ရေခွက်ကို အစွဲပြု၍သာ မြင်ရခြင်းဖြစ်ပါတယ်... မှန် သို့ ရေခွက်ကို အစွဲမပြုဘူးဆိုရင် မမြင်ရပါဘူးတဲ့... ထို့အတူသာပါပဲ ခန္ဓာငါးပါးကို အစွဲပြုလို့သာ "ငါ" ဖြစ်တယ်လို့ ယူပြီး ပပဉ္စတရားတွေ ဖြစ်ပေါ်ရပါတယ်... အစွဲမပြုဘူးဆို မဖြစ်ပေါ်ပါဘူး...

ဆက်ပြီးဟောတာကတော့ အနတ္တလက္ခဏာသုတ် သဘောသွားပါပဲ... ရုပ်ဟာမြဲသလား... မမြဲဘူးလား... မမြဲပါ အရှင်ဘုရား... ဝေဒနာဟာမြဲသလား... မမြဲဘူးလား... မမြဲပါ အရှင်ဘုရား... သညာဟာမြဲသလား... မမြဲဘူးလား... မမြဲပါ အရှင်ဘုရား... သင်္ခါရဟာမြဲသလား... မမြဲဘူးလား... မမြဲပါ အရှင်ဘုရား... ၀ိညာဏ်ဟာမြဲသလား... မမြဲဘူးလား... နောက်ဆုံး အရှင်အာနန္ဒာက မမြဲပါ အရှင်ဘုရား ဆိုပြီးသည်နောက် တရားထူးကို ထိုးထွင်းသိသွားပါတယ်...

ညီတော် အာနန္ဒာလို...

စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ...

ဦးလောကနာထ

၅.၁၆.၂၀၁၀

14 May 10, 16:21

ကိုညီ: အလည်ရောက်ပါတယ်ဘုန်းဘုန်း။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေဘုရား

lknt: ဒကာလေး ကိုညီ ရေ... ကောင်းပါပြီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

14 May 10, 13:36

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ အရှင်ဘုရား ပြောတဲ့အတိုင်း သစ္စာသိအောင် တပည့်တော် ကြိုးစားပါမယ်ဘုရား... မေတ္တာနဲ့ ကရုဏာက ၀င်ဝင်ပြီး ဖျက်နေတော့... သိထားတဲ့သစ္စာလေးကလည်း တခါတခါ ပျောက်ပျောက်သွားတယ်ဘုရား.. တပည့်တော်ကို ဆုံးမမယ့်သူဆိုလို့ အရှင်ဘုရားပဲရှိပါတယ်... တပည့်တော်ကြိုးစားမှာပါဘုရား... အခုလို ဆုံးမတဲ့အတွက် အရှင်ဘုရားကို ကျေးဇူးအများကြီးတင်ပါတယ်.. အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ...

lknt: မြတ်ဗုဒ္ဒ သိစေလိုတဲ့တရားတွေ သိအောင် ကြိုးစားမယ်ဆိုလို့ ၀မ်းသာပါတယ် တပည့်တော် ရေ... ဒါပေမဲ့ မေတ္တာနဲ့ ကရုဏာက ဖျက်တာမဟုတ်ဖူးလေ... သူရှိမှကောင်းတယ်... သူတော်ကောင်းတရား ၇-ပါးထဲမှာ မပါပေမဲ့ သူတို့ကလည်း ကောင်းတဲ့တရားတွေလေ... မြင့်မြတ်သူတို့ရဲ့ အကျင့်ထဲမှာပါတယ် ဒါကြောင့်ဆက်ကျင့်ပါ... မေတ္တာဆိုတာဘယ်လို ကရုဏာဆိုတာဘယ်လို ဆိုတာတော့ ခွဲခြားနိုင်ရမယ်... များများလေ့လာပါ ကောင်းပါတယ်... နောက်ထပ် မုဒိတာနဲ့ ဥပေက္ခာလည်း ထပ်ကျင့်ပါ... အစစ်အမှန် သူတို့ ရှိလာပြီဆိုရင် ငြိမ်းချမ်းပါတယ်... လောဘ ဒေါသ မာနတွေ နည်းသွားမယ်... ဒါပေမဲ့ တချို့က သူတော်ကောင်းတရားနဲ့နေကြရင် လူအတွေထင်ကြတယ်... ဒီတော့ ခုခေတ်က အလို့လဲ မဖြစ်ပြန်ဘူး... အ,ရင် နင်းကြပြန်ရော... အနင်း မခံရအောင်လည်းနေ... ကိုယ်ကျင့်တရားတွေ မပျက်အောင်လည်းနေပါ... လမ်းကြောင်း ရှာတွေ့ပါစေ... မိသားစု စိတ်ချမ်းသာကြပါစေ...

13 May 10, 15:37

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ မင်းကုသနဲ့  ပဘာဝတီ အကြောင်း အခုမှပဲ အစအဆုံး ဖတ်ဖူးတော့တယ် ဘုရား... ငယ်ငယ်တုန်းကတော့ ပုံပြင်လို နားထောင်ဖူးပါတယ်... Happy Ending.. ဆိုတော့ ပျော်စရာကောင်းလိုက်တာ :)

lknt: တပည့်တော် ရေ... ဘုရားဇာတ်တော်တွေကို ပုံပြင်တွေလို ငယ်ငယ်က နားထောင်ခဲ့ဖူးပြီး အသိဉာဏ်တွေ ရသင့်သလောက် ရခဲ့ကြရပါတယ်... ဆက်လက်ပြီးတော့လည်း ဇာတ်တော်တွေ မကွယ်ပအောင် ကျင့်စဉ်ကောင်းတွေ မပျောက်ပျက်အောင် လူငယ်တွေကို ပြောပြနိုင်ဖို့ လိုပါတယ်... ပြည်ပမှာတော့ လူကြီးတွေကိုယ်တိုင်က ဘာမှန်းမသိတော့ အတော်လေး အားနည်းပါတယ်... ဇာတ်တော်တွေ များများ နားထောင်ခဲ့ဖူးသူများဟာ ကြီးလာရင် လိမ်မာရေးခြား ရှိနိုင်ပါတယ်... တပည့်တော် ပြောသလိုပါပဲ... မင်းကုသနဲ့ ပပ၀တီ ဇာတ်တော်က ပျော်ရွှင်မှုတွေနဲ့ ဇာတ်သိမ်းနိုင်တော့ တကယ့်ကို ပျော်စရာလေးပါ... ဒါပေမဲ့ သည်ပျော်ရွှင်မှုနဲ့ လမ်းဆုံးနိုင်အောင်... အလောင်းတော် ကုသမင်းမှာ ရှင်ဘုရင်ဘ၀ကနေ အိုးထိမ်းသည် ပန်းသည် ထမင်းချက်အဖြစ်နဲ့ကို မတန်မရာ နေထိုင်ပြီး ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရတယ်နော်... ပပ၀တီရဲ့ ဘီလူးလို့လည်း အစွပ်စွဲခံရသေး... နောက်ဆုံးတော့ ကြိုးစားမှုရဲ့ ရလာဘ်လို့ပဲ ပြောရမလားပဲ... တန်ဖိုးရှိတဲ့အရာတွေ ရရှိဖို့ကတော့ ခက်ခဲတတ်ပါတယ်... ပပ၀တီရဖို့တောင် သည်လောက်ခက်ခဲတာ... သစ္စာကို သိဖို့ရာသာဆို အတော်မလွယ်... မလွယ်ပေမဲ့လည်း ဆင်းရဲဒုက္ခ ငြိမ်းချင်သူများကတော့ သိအောင် ကြိုးစားနေရဦးမှာပါပဲ... တပည့်တော်လည်း မင်းကုသနဲ့ ပပ၀တီကို အားကျရင်းနဲ့ သူတို့ကဲ့သို့ သစ္စာလေးပါးသိအောင် ကြိုးစားသွားပါ... မိသားစုစိတ်ချမ်းသာကြပါစေ...

11 May 10, 11:24

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ သူတော်ကောင်းနဲ့  သူယုတ်မာကို ဘယ်လို ခွဲခြားရမလဲဆိုတဲ့မေးခွန်းကို မေတ္တာဂရုဏာထား၍ ပြည့်ပြည့်စုံစုံ ဖြေကြားပေးတဲ့အတွက် အရှင်ဘုရားကို ကျေးဇူးအနန္တ တင်ရှိပါတယ်ဘုရား။ အဲဒီအမေးဖြေလေးကို တခြားသူများလည်း ဖတ်လို့ ရအောင် တပည့်တော် PDF နဲ့  စာအုပ်လေးလုပ်ပြီး ဓမ္မဒါန လုပ်ထားပါတယ် အရှင်ဘုရား.. အရှင်ဘုရားခွင့်ပြုမယ်လို့  ထင်ပါတယ်... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ....

lknt: ကောင်းပါပြီ တပည့်တော် ရေ... ဓမ္မဒါန ပြုလိုတဲ့ စေတနာကို သာဓုခေါ်ပါတယ်... ဖြန့်ဝေခွင့်ပြုပါတယ်... မိသားစု စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

10 May 10, 22:50

flowerpoem: ဘုန်း၂ မျှတပါရဲ့လား ဦးချကန်တော့ပါတယ် ဘုရား

lknt: ဒကာမကြီး flowerpoem ရေ... မျှတပါတယ်... မိသားစု စိတ်ချမ်းသာကြပါစေ...

9 May 10, 13:55

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ သူတော်ကောင်းနဲ့ သူယုတ်မာကို ဘယ်လိုခွဲခြားရမလဲဆိုတာ နည်းလေးများရှိရင် ပေးသနားတော်မူပါဘုရား။ တုံးလှချည်လား တပည့်တော်ရဲ့  .... အဲဒီလောက်လေးတောင် ဉာဏ်မရှိဘူးလားလို့  အရှင်ဘုရားပြောရင်လည်း တပည့်တော်ခံရမှာပါ.... ဒါပေမယ့် တခါတခါ သူယုတ်မာသူတော်ကောင်း ခွဲခြားလို့  မရနိုင်အောင် ထိုသူယုတ်မာများဟာ အယောင်ဆောင် တော်ကြပါတယ်ဘုရား...

lknt: တပည့်တော်ရေ... သူတော်ကောင်းနဲ့ သူယုတ်မာဟာ ခွဲခြားရ ခက်လှပါတယ်... တစ်ခါတစ်ရံမှာတော့ သိသာတယ်... သူယုတ်မာတလှည့် သူတော်ကောင်းတလှည့်လည်း ဖြစ်နေတတ်တယ်... မြတ်ဗုဒ္ဓ ဒေသနာမှာတော့ အပြည့်အစုံ ပြထားပါတယ်... မိမိတို့တစ်တွေက သိအောင်လုပ်ပြီး နှလုံးသွင်း မှန်ကြရင်တော့... အမှန်ကို အမှန်အတိုင်း သိမြင်လာကြပါလိမ့်မယ်... တရားအမှန်သိဖို့က နှလုံးသွင်းတွေ မှန်ဖို့လိုပါတယ်... အမှန်သိပြီးနောက်... အားလုံးပေါ့ ဘုန်းကြီး အပါအ၀င် မိမိတို့သဏ္ဍန်မှာ သည်လိုအကျင့်ဆိုးတွေ မရှိအောင် ကြိုးစားကြရပါမယ်...

သူယုတ်နဲ့ တွေ့ရတဲ့သူတွေမှာ အရမ်းပူလောင်နေမယ် ထင်ပါတယ်...

သည့်ထက် သူယုတ်မာမှာ ပိုပူနေမှာပါလေ...

သူယုတ်မာနဲ့တွေ့တာတောင် ပူရတယ်ဆိုရင်...

သူယုတ်မာထက် ယုတ်မာသူနဲ့သာ တွေ့ရရင်တော့ မလွယ်...

ကောလိတသုတ်မှာ... သူယုတ်မာတို့ရဲ့ အခြေခံသဘောကို သည်လို ဟောထားပါတယ်...

သူယုတ်မာသည် ပြုဖူးသော သူ့ကျေးဇူးကိုမသိ... ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍မသိ... ဤသို့ပြုဖူးသော သူ့ကျေးဇူးကိုမသိခြင်း... ပြုဖူးသော သူ့ကျေးဇူးကို ထင်စွာပြု၍ မသိခြင်းကို သူယုတ်မာတို့သည် ချီးမွမ်းကုန်၏... ယင်းတို့သည် သူယုတ်မာတို့၏ အခြေခံသဘောပေတည်းတဲ့...

ဘယသုတ်မှာကတော့...

ဘေးမှန်သမျှ သူမိုက် သူယုတ်ကြောင့် ဖြစ်ပေါ်တယ်တဲ့... သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုး...

၁။ သူမိုက်သည် ကြောက်လန့်ခြင်း ဘေးနှင့် စပ်လျက် ရှိ၏...

၂။ သူမိုက်သည် မငြိမ်သက်ခြင်း 'ဥပဒ္ဒဝေါ' နှင့် စပ်လျက် ရှိ၏...

၃။ သူမိုက်သည် စိတ်ဆင်းရဲခြင်း 'ဥပသဂ္ဂ' နှင့် စပ်လျက် ရှိ၏...

လက္ခဏသုတ်မှာ... သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုးကတော့...

၁။ ကိုယ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ကာယဒုစရိုက်' ရှိတယ်...

၂။ နှုတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'ဝစီဒုစရိုက်' ရှိတယ်...

၃။ စိတ်ဖြင့် ပြုအပ်သော မကောင်းသော အကျင့် 'မနောဒုစရိုက်' ရှိတယ်တဲ့...

အစ္စယသုတ်မှာ သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုးကတော့...

၁။ မိမိအပြစ်ကို အပြစ်ရယ်လို့ မရှုဘူး...

၂။ မိမိအပြစ်ကို အပြစ်ရယ်လို့ ရှုသော်လည်း တရားအလျောက် မကုစားဘူး...

၃။ သူတစ်ပါးသည် အပြစ်ကိုဝန်ခံ၍ ပြောလာပါလျက် တရားအလျောက် မခံယူဘူးတဲ့...

အယောနိသောသုတ်မှာ သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုးကတော့...

၁။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ပြုတတ်၏...

၂။ မသင့်လျော်သော အကြောင်းအားဖြင့် အမေးပြဿနာကို ဖြေတတ်၏...

၃။ မှန်ကန်ကောင်းမွန်သော သူတစ်ပါးအဖြေကို ဝမ်းမြောက်ဝမ်းသာ ကောင်းချီး မပေးတတ်ဘူးတဲ့...

ခတသုတ်မှာ သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုးကတော့...

မကောင်းသော ကာယ ၀စီ မနော ကံသုံးမျိုးတို့နှင့် ပြည့်စုံသော မလိမ္မာသော မိုက်မဲသော သူယုတ်သည် ဂုဏ်ကို တူးဖြိုဖျက်ဆီးအပ်သော မိမိကိုယ်ကို စောင့်ရှောက်၏၊ အပြစ်ရှိသူလည်း ဖြစ်၏၊ ပညာရှိတို့ စွပ်စွဲထိုက်သူလည်း ဖြစ်၏၊ များစွာသော မကောင်းမှုကိုလည်း ဖြစ်ပွါးစေ၏တဲ့...

မလသုတ်မှာ သူမိုက်ဖြစ်ကြောင်း သိရန် ၃-မျိုးကတော့...

၁။ သီလမရှိသူလည်း ဖြစ်၏။ ထိုသူသည် သီလမရှိခြင်း ဟူသော အညစ်အကြေးကိုလည်း မပယ်...

၂။ ငြူစူတတ်သူလည်း ဖြစ်၏၊ ထိုသူသည် ငြူစူခြင်း ဟူသော အညစ်အကြေးကိုလည်း မပယ်...

၃။ ဝန်တိုတတ်သူလည်း ဖြစ်၏။ ထိုသူသည် ဝန်တိုခြင်း ဟူသော အညစ်အကြေးကိုလည်း မပယ်ဘူးတဲ့...

ဝသလသုတ်တော်မှ သူယုတ် သူမိုက်ဖြစ်ကြောင်း သိရန် အမျိုး ၂၀ ကတော့...

၁။ အမျက်ကြီးသူ၊ ရန်ငြိုးဖွဲ့သူ၊ သူတပါးဂုဏ်ကျေးဇူးကို ခြေဖျက်သူ၊ မိစ္ဆာဒိဋ္ဌိအယူ ရှိသူ၊ မိစ္ဆာဒိဋ္ဌိအယူသို့ ကူးပြောင်းသူနှင့် မိမိအပြစ်ဖုံးလွှမ်း၍ လှည့်စားတတ်သူတို့သည် သူယုတ်မာ ဖြစ်၏။

၂။ သတ္တဝါတို့အား သနားကြင်နာ မှုမရှိဘဲ သတ်ဖြတ်သူသည် သူယုတ်မာဖြစ်၏။

၃။ မြို့ရွာတို့ကို တိုက်ခိုက်ဖျက်စီးသူသည် သူယုတ်မာဖြစ်၏။

၎။ သူတပါးအကြွေးကို ပြန်မပေးသူသည် သူယုတ်မာဖြစ်၏။

၅။ သူတပါးပစ္စည်း ခိုးသူသည် သူယုတ်မာဖြစ်၏။

၆။ လူသတ်၍ ပစ္စည်းယူသူသည် သူယုတ်မာဖြစ်၏။

၇။ မတရားသက်သေ ထွက်ဆိုသူသည် သူယုတ်မာဖြစ်၏။

၈။ သူတပါးသားမယားကို ပြစ်မှားကျူးလွန်သူသည် သူယုတ်မာဖြစ်၏။

၉။ အမိအဘကို မကျွေးမွေး မပြုစုသူသည် သူယုတ်မာဖြစ်၏။

၁ဝ။ မိဘ ညီအကိုမောင်နှမ ယောက္ခမတို့ကို ကိုယ်နှုတ်တို့ဖြင့် နှိပ်စက် ညှဉ်းဆဲ နေသူသည် သူယုတ်မာဖြစ်၏။

၁၁။ သူတပါးက အကျိုးစီးပွား ရှိရာ ရှိကြောင်းကို မေးပါလျက် အကျိုး မဲ့ကိုပြော သူနှင့် အကျိုးစီးပွားရှိကြောင်း နည်းလမ်းကိုမေးပါသော်လည်း မေးသူမသိနိုင် အောင်ပြောသူသည် သူယုတ်မာဖြစ်၏။

၁၂။ မိမိပြုလုပ်ထားသော မကောင်းသော အမှုများကို တပါးသူမသိအောင် ဖုံး ကွယ်ထားသူသည် သူယုတ်မာဖြစ်၏။

၁၃။ သူတပါးအိမ်သို့ သွားသောအခါ ဧည့်ဝတ်ပြုစုသည်ကို စားသောက်ပြီး မိမိအိမ်သို့ လာသည့် အခါမူ ဧည့်ဝတ် မပြုစုသူသည် သူယုတ်မာဖြစ်၏။

၁၄။ ဖိတ်ကြားဝန်ခံထားသူ အလှူ ခံပုဂ္ဂိုလ်များနှင့် သူတောင်းစားတို့ကို မလှူဒါန်း မပေးကမ်းဘဲ လှည့်ပတ် နေသူသည် သူယုတ်မာ ဖြစ်၏။

၁၅။ ဆွမ်းခံလာသော ရဟန်းကို ဆွမ်းမလောင်းဘဲ ကြမ်းတမ်းစွာ ပြောဆို သူသည် သူယုတ်မာဖြစ်၏။

၁၆။ သူတပါး၏ပစ္စည်းကို ရယူလိုသဖြင့် မဟုတ်မမှန် လှည့်ပတ် ပြောဆိုသူသည် သူယုတ်မာဖြစ်၏။

၁၇။ မိမိကိုယ်ကို ဂုဏ်တင်မြှောက်စားပြီး သူတပါးကို နှိမ့်ချပြောဆိုသူသည် သူ ယုတ်မာဖြစ်၏။

၁၈။ သူတပါးကို ရန်ရှာသူ၊ မိမိကိုယ်တိုင် မလှူဒါန်း မပေးကမ်းရုံမျှမက သူတပါး တို့ လှူဒါန်းပေးကမ်းသည်ကိုပင် နှမြောတွန့်တိုသူ၊ မိမိမှာမရှိသော ဂုဏ်သိက္ခာ ဖြင့် ချီးမွမ်းခံလိုသူ၊ နှမြောဝန်တိုသူ၊ မိမိမှာမရှိသောဂုဏ်ကို ရှိလေဟန် ဆောင်သူ နှင့် မကောင်းမှုကိုပြုရန် မရှက်မကြောက်သူသည် သူယုတ်မာဖြစ်၏။

၁၉။ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးနှင့် ရတနာသုံးပါး ဆည်းကပ် ကိုးကွယ်သူများကို ရှုတ်ချပြောဆိုသူသည် သူယုတ်မာဖြစ်၏။

၂ဝ။ ရဟန္တာ မဟုတ်ပါဘဲလျက် ရဟန္တာဟု ဝန်ခံသူသည် လောက၌ အယုတ်မာ ဆုံးဖြစ်၏တဲ့ တပည့်တော်ရဲ့...

နောက်ထပ် သူယုတ်မာအောက် ယုတ်မာသူဆိုတာ ရှိသေးပါတယ်...

အဋ္ဌင်္ဂိကသုတ်မှာဟောကြားထားတာပါ... သူကတော့ ၈-မျိုးရှိတယ်...

၁။ မိမိလည်း မှားသော အယူရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အယူ၌ ဆောက်တည်စေ၏။

၂။ မိမိလည်း မှားသော အကြံရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အကြံ၌ ဆောက်တည်စေ၏။

၃။ မိမိလည်း မှားသော စကားရှိ၏၊ သူတစ်ပါးကိုလည်း မှားသော စကား၌ ဆောက်တည်စေ၏။

၎။ မိမိလည်း မှားသော အလုပ်ရှိ၏၊ သူတစ်ပါးကိုလည်း မှားသောအလုပ်၌ ဆောက်တည်စေ၏။

၅။ မိမိလည်း မှားသော အသက်မွေးမှု ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အသက်မွေးမှု၌

ဆောက်တည်စေ၏။

၆။ မိမိလည်း မှားသော အားထုတ်မှု ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အားထုတ်မှု၌

ဆောက်တည်စေ၏။

၇။ မိမိလည်း မှားသော အောက်မေ့မှု ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော အောက်မေ့မှု၌ ဆောက်တည်စေ၏။

၈။ မိမိလည်း မှားသော တည်ကြည်မှု ရှိ၏၊ သူတစ်ပါးကိုလည်း မှားသော တည်ကြည်မှု၌ ဆောက်တည်စေ၏။

မိမိလည်း အမှားတွေလုပ် သူတစ်ပါးကိုလည်း အမှားတွေ လုပ်စေသူ... ဤသူကို သူယုတ်မာအောက် ယုတ်မာသူ ဟု ဆိုအပ်၏တဲ့ တပည့်တော်...

နောက်ဆုံး ချုပ်ရင်တော့ မကောင်းမှု အကုသိုလ်ကံ သုံးပါးနှင့် ပြုမူသူကို သူယုတ်မာလို့ သတ်မှတ်ရတော့မှာပါ... ပညာရှိတွေကလည်း ကဲ့ရဲ့ပါတယ်... မိမိမှာလည်း မရှိအောင်ကျင့်ပြီး... မိမိနားမှာ သူယုတ်မာရှိနေရင်လည်း... ကဲ့ရဲ့ပါ အပြစ်ပြပါ သွန်သင်ပါ ဆုံးမပါ... ဒါဟာ သတ္တ၀ါအများ ကောင်းစားရေးအတွက် ပြုလုပ်ကြရမဲ့ မြတ်ဗုဒ္ဒရဲ့လမ်းစဉ်ပါပဲ... အပြစ်ပြ သွန်သင် ဆုံးမလို့မှ မရခဲ့တော့ဘူး ဆိုရင်တော့... လစ်လျူရှု ဥပေက္ခာပြုရတော့မှာပါပဲ... မြတ်ဗုဒ္ဓ အသုံးနဲ့ဆိုရင်တော့ ဗြဟ္မာဒဏ်ပေါ့... မပြောဆိုတော့ဘူး မဆက်ဆံတော့ဘူး အဆက်အသွယ် လုံးဝ ဖြတ်တောက်ပလိုက်တော့တာပါပဲ...

ဝိနည်းတော်တွေထဲမှာတော့ စည်းကမ်းဖေါက်တဲ့ ရဟန်းတွေကို ရဟန်းယုတ်လို့ သုံးတာတွေ တွေ့ရပြန်ပါတယ်... ၀ိနည်း အကြီးလေးပါးက လွဲရင်တော့ ကျန်တာတွေ ဒေသနာကြား အာပတ်ဖြေ ကုစားရင် အပြစ်မရှိတော့ဘူးလို့ ပြပါတယ်...

၁။ ဘုရားဥပဒေအရ ဘုရားသတ်မှတ်ထားတဲ့ အပြစ်-အာပတ်...

၂။ လူလောကမှ သတ်မှတ်ထားတဲ့အပြစ်... (ဥပဒေအရ)

၃။ လောကသဘာဝဓမ္မ အပြစ်... (အပါယ်ဒုက္ခဘေး၊ ဆင်းရဲဒုက္ခဘေး)

သည်သုံးမျိုးမှာ အပြစ်မရှိတော့တာကတော့... နံပါတ် ၁ ဘုရားဥပဒေအရ ဘုရားသတ်မှတ်ထားတဲ့အပြစ် မရှိတော့ဘူးလို့ ဆိုလိုပါတယ်... ဒေသနာကြားပြီးတဲ့ ရဟန်းကို ဘုရားဥပဒေအရ ရဟန်းယုတ်လို့တော့ ခေါ်မရတော့ဘူးပေါ့... ဒါပေမဲ့ ကျန်နေသေးတဲ့ နံပါတ် ၂-၃ အပြစ်တွေကတော့ ရှိနေပါသေးတယ်... လူတွေအတွက်ကတော့ နံပါတ် ၂-၃ အပြစ်တွေရှိနေပါတယ်... သည်အပြစ်တွေ ရှိနေလို့ သူယုတ်လို့ ဆက်ခေါ်မယ်ဆို ခေါ်နိုင်ပါသေးတယ်... တကယ်လို့ လူဖြစ်စေ ရဟန်းဖြစ်စေ သည်အမှုကို မှားမှန်းသိလို့ နောင်တရ... ဆက်လက်ပြီး မလုပ်ကိုင်တော့ဘူးဆိုရင်တော့... သူယုတ်လို့ ဆက်ပြီး မခေါ်သင့်တော့ဘူးလို့ ထင်မိပါတယ်... အပြစ်ကတော့ မိမိပြုတဲ့ကံအတိုင်း လာကြမှာပါ... ကံတူအကျိုးပေး... တူသောအကျိုးတွေ သူ့ကိုပေးပါလိမ့်မယ်... မိမိက မကောင်းတဲ့ ကံအသစ်တွေ မယူမိဖို့တော့ လိုပါတယ်...

ခုဆက်ရေးပေးမှာကတော့ ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုးလို့ ဇာတ်တော်မှာ ပြပါတယ်...

၁။ ခြေဖဝါးပြန့်ကျယ်လှခြင်း၊ (ဗလင်္ကပါဒ)

၂။ ခြေသည်းလက်သည်းပုတ်ခြင်း၊ (အန္ဓနခ)

၃။ လျောကျသောအသားစိုင်ရှိခြင်း၊ (သြဝဒ္ဓပိဏ္ဍိက)

၎။ အောက်နှုတ်ခမ်းတွဲခြင်း၊ (ဒီဃုတ္တရောဋ္ဌ)

၅။ ပါးစပ်မှ အရိအရွဲယိုကျခြင်း၊ (စပလ)

၆။ သွားများ ကိုးယို့ကားယားရှိခြင်း၊ (ကဠာရ)

၇။ နှာယောင်ကောက်ခြင်း၊ နှာခေါင်းအထက်လန်ခြင်း၊ (ဘဂ္ဂနာသိက)

၈။ ဝမ်းဗိုက်ကြီးခြင်း၊ (ကုမ္ဘောဒရ)

၉။ ကျောက်ကုန်း(ကျောကုန်း)တိုခြင်း၊ (ဘဂ္ဂပါဋ္ဌိ)

၁ဝ။ မျက်စိစွေစောင်းခြင်း၊ (ဝိသမစက္ခုက)

၁၁။ ကြေးနီရောင်အမွေးအမျှင်များရှိခြင်း၊ (လောမဿု)

၁၂။ ဆံပင်အဝါရောင်ရှိခြင်း၊ (ဟိရိတကေသ)

၁၃။ တွန့်သောအရေရှိခြင်း၊ (ဝလီန)

၁၄။ မှဲ့မည်းပြောက်တို့ပြည့်နှက်နေခြင်း၊ (တိလကာဟတ)

၁၅။ ပြူးထွက်သောမျက်စိရှိခြင်း၊ (ပင်္ဂလ)

၁၆။ ခါး ကျောက်ကုန်း ပခုံးတို့၌ ကောက်ကွေးနေခြင်း၊ (ဝိနတ)

၁၇။ သွားလာသောအခါ အဆစ်များမှမည်ခြင်း၊ (ဝိကဋ)

၁၈။ အရပ်ရှည်လွန်းခြင်း၊ (ဗြဟာ) ဇာတက၊ ပါ၊ ဒု၊ စာ-၃၅၁။

သူယုတ်မာဖြစ်ကြောင်းတွေ ရေးပြထားပြီဆိုတော့ သူတော်ကောင်းကတော့ သူတို့နဲ့အပြန် ကျင့်ကြသူပေါ့ တပည့်တော်ရယ်...

ရေးတာတွေလည်း ရှည်သွားပြီမို့ နားပါတော့မယ်...

လိုရင်းရောက်လို့ အနှစ်တရားတွေ ရှာဖွေ တွေ့ရှိကြပါစေ...

အားလုံးပဲ တစ်ဦးနဲ့တစ်ဦး နားလည်းခွင့်လွှတ်ပြီး သူတော်ကောင်းတရားတွေ ကိုယ်စီထားနိုင်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၅.၁၀.၂၀၁၀

9 May 10, 02:15

rjukoaung: အရှင်ဘုရား တပည့်တော်သိချင်တာလေး ရှိနေပါတယ်ဘုရား အဲဒါဂရုဏာရှေ့ထားပြီ ဖြေကြားပေးပါရန် တောင်ပန်လျှောက်ထားအပ်ပါသည် ဘုရား တပည်တော့သိချင်တာက အရှင်အာနန္ဒာ ရဲ့ မယ်တော်သိချင်ပါတယ်ဘုရား ။

9 May 10, 11:13

lknt: rjukoaung ရေ... အရှင်အာနန္ဒာရဲ့ မယ်တော်အမည် မတွေ့သေး... ခမည်းတော် (အမိတောဒန) သာကီဝင်မင်းသားဟု သိရပါတယ်... စိတ်ချမ်းသာပါစေ... တွေ့လျှင် ထပ်ပြောပြပါမည်...

7 May 10, 22:52

titan: အ၇ှင်ဘု၇ား ဘု၇ားတပည်.တော်လဲကိုခွန်နောင်သိချင်သလိုသိချင်ပါတယ်ဘု၇ား။ အဲဒါကြောင်. တပည်.တော်ကိုလဲ စောဒနာ၊ ဝိဝေသစောဒနာ၊ သောဓနာ၊ ဝိနိစ္ဆယ အမှတ် ၁-၂-၃ ကို ပို.ပေးစေလိုပါတယ်အ၇ှင်ဘု၇ား။ ကျေးဇူးကြီးလှပါတယ် အ၇ှင်ဘု၇ား။

lknt: titan ရေ... ပို့ပေးလိုက်ပါ့မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

5 May 10, 04:28

win that: တပည့်တော် မေးစရာရှိလို့ပါ typing မကျွမ်းလို့ အသံထွက်အတိုင်း မေးပါရစေ။ သောထိမေ ဟောတု သဗဒါ ဆိုတာ ရှိပါသလား။ ဘာကို ဆိုလိုလဲ သိပါရစေ ဘုန်းဘုန်း ဘုရား။

lknt: ပါဠိမှာက (သဝေထိုး ရေးချ အသတ်ပါလျှင် ၀ဆွဲသံ ဖတ်ရမည်) ဆိုသည့်အတွက် သောတ္ထိ မေ ဟောတု သဗ္ဗဒါ= သွတ်ထိ မေ ဟောတု သပ်ဗဒါ... သည်လို အသံထွက်ရင် ပိုသင့်ပါတယ်... သူ့အဓိပ္ပါယ်ကတော့... မေ= ငါ့အား၊ သဗ္ဗဒါ= အခါခပ်သိမ်း၊ သောတ္ထိ(သွတ်ထိ)= ချမ်းသာခြင်းသည်၊ ဟောတု= ဖြစ်ပါစေသတည်း...။ မိမိကိုယ်ကိုယ် မိမိ မေတ္တာပို့တာပါ... သူတစ်ပါးကို မေတ္တာပို့ချင်ရင်တော့... မေ နေရာမှာ တေ ဆိုရင်... သောတ္ထိ တေ ဟောတု သဗ္ဗဒါ= တေ= သင့်အား၊ သဗ္ဗဒါ= အခါခပ်သိမ်း၊ သောတ္ထိ(သွတ်ထိ)= ချမ်းသာခြင်းသည်၊ ဟောတု= ဖြစ်ပါစေသတည်း...။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

အောင်ဦး: တပည့်တော် ရတဲ့ အချိန်လေးမှာ လာရောက် ကြည်ညိုမိပါတယ် ဘုန်းဘုန်း ဘုရား။ လောကကို ဓမ္မဖြင့် ဆက်လက်၍ အလှဆင် နိုင်ပါစေ ဘုရား...

lknt: ဒကာလေး အောင်ဦး ရေ... မတွေ့ရတာကြာပြီ... ပြည်တော်ပြန် ပျော်နေတယ်နဲ့တူတယ်... ဘာနှင့်ပျော်... သူတော်ကောင်းတရား လေ့လာနေကြတဲ့သူတွေပဲလေ... သူတော်ကောင်းတရားနှင့် ပျော်နေကြမှာပါ... ယုံကြည်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

2 May 10, 21:50

tint: အရှင်ဘုရား ကိုပြေဇော်ကို တပည့်တော် ကောင်းကောင်းသိပါတယ် ဘုရား ။ သူဒီဘလော့လေး ရေးနေတာလဲ ကြာပါပြီ ။ ဒီလိုလိုက်ပြီးကြော်ငြာမဲ့ လူစားလဲ မဟုတ်ပါ။ ခုဟာက သူ့ နာမည်နဲ့  သူ့ ဘလော့ကို လူသိစေချင်တဲ့ သူတစ်ဦးက ကြားက လုပ်ပေးပုံပါဘဲ ဘုရား။ ဘာဘဲဖြစ်ဖြစ်ပေါ့ဘုရား။ လူသိသင့်တဲ့  စာတွေ ကြော်ငြာပေးဖေါ်ရတာ ကျေးဇူးတင်စရာပါ ဘုရား ။

lknt: ဒကာလေး tint ရေ... ဘာပဲဖြစ်ဖြစ် ရပါတယ်... စိတ်ချမ်းသာကြပါစေ...

2 May 10, 03:51

ကိုပြေဇော်: ဒီမှာ http://pyayzaw.phpnet.us/ ပိုကောင်းတာလေးတွေရှိတယ်

lknt: ဒကာလေး ကိုပြေဇော် ရေ... ကောင်းပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

1 May 10, 07:56

tint: ၀၀၀ တရားတွေတူတူလာနာ လာဖတ်တာ သာဓုပါ။ http://www.accesstoinsight.org/lib/authors/thanissaro/wings/part2.html#part2-a. ဒီက အပိုက် ၂၀မှာ ဆရာတော်ကိုးကားတာ အင်္ဂုတ္တိုရ်လို့ ပြထားပြီး လူသိများတာက ၀ါသိဇဋသုတ်ဖြစ်နေလို့ ပါ 1 May 10, 07:54

၀၀၀: တူတူပါပဲလေ... 1 May 10, 07:00

tint: အရှင်ဘုရား အပေးအကမ်းနဲပြီး အတောင်းအရမ်း ထူသည် မမှတ်ပါနဲ့ ဘုရား။ နောက်ထပ် သံယုတ်၂.၁၂၆.ခန္ဓ၀ဂ်။ ၀ိသိဇဋသုတ် နဲ့  အင်္ဂုတ္တိုရ် ၇.၆၈ အဂ္ဂိခန္ဒောပမသုတ်လေး ၂ခုပါ ချီးမြှင့်တော်မူပါ့ဘုရား

lknt: ဒကာလေး tint ရေ... နောက်ပေါက်က ပေးပြီး... ပြောပြီး... မိသားစု စိတ်ချမ်းသာကြပါစေ...

30 Apr 10, 02:40

tint: အရှင်ဘုရား သံယုတ် ၂၂.၁၀၁ နာဝါသုတ် ရှိရင်တင်ပေးပါဘုရား

lknt: ကောင်းပါပြီ ဒကာလေး tint ရေ... ဒီနေရာမှာ တင်ပေးလိုက်ပါတယ်... စိတ်ချမ်းသာပါစေ...

30 Apr 10, 01:00

ကိုညီး ဘုန်းဘုန်း စာလာဖတ်သွားပါတယ်ဘုရား ဘုန်းဘုန်းကျန်းမာချမ်းသာပါစေဘုရား။

lknt: ကောင်းပါပြီ ဒကာလေး ကိုညီ ရေ... ဒကာလေးလည်း ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

29 Apr 10, 01:25

သစ္စာ: ဘုန်းဘုန်းခွဲစိတ်တာ အောင်မြင်တယ်ဆိုလို့ ၀မ်းသာပါတယ်ဘုရား။ တပည့်တော်တို့တွေ အတွက် နှစ်ပေါင်းများစွာ ကျန်းကျန်းမာမာနဲ့ သာသနာပြုနိုင်ပါစေလို့ မေတ္တာပို့ သပါတယ် ဘုရား။

lknt: သစ္စာ ရေ... လောလောဆည် အားလုံးကောင်းပေါ့လေ... ခန္ဓာရှိနေသရွေ့တော့ စိတ်မချရပေါ့... စိတ်ချမ်းသာပါစေ...

29 Apr 10, 00:15

E S: ဆရာတော်၏ ခွဲစိပ်ကုသမှု အဆင်ပြေအောင်မြင်တာသိရလို့ ၀မ်းသာမိပါသည်ဘုရား။ တပည့်တော်တို့ဆီမှာ အင်တာနက်ကော်နက်ရှင် မကောင်းလှတာကြောင့် ဖိုင်တွေကိုuploadလုပ်၍ မရပါ။ ကော်နက်ရှင်ကောင်းလျှင် ထပ်မံကြိုးစားကြည့်ပါဦးမည်။ တရားစာတွေလည်း ဖတ်ပြီး ဒေါင်းလုပ်သိမ်းသွားပါသည် ဘုရား။ ဆရာတော် ကိုယ်ရောစိတ်ပါ အစဉ်ကျန်းမာလျှက် သာသနာပြုနိုင်ပါစေလို့ ဆန္ဒပြုပါတယ် ဘုရား။

lknt: ကောင်းပါပြီ E S ရေ... အဆင်ပြေတဲ့အခါပေါ့... E S လည်း ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

27 Apr 10, 21:00

kyaw kyaw: အခုလို သေချာရှင်းပြပေးတာ ကျေးဇူးကြီလှပါတယ်ဘုရား တပည့်တော်ကိုလည်း တပည့်အနေနဲ့ မှတ်ယူပေးပါဘုရား ရိုသေစွာဦးခိုက်ပါတယ် ဘုရား ဘုန်းဘုန်းကျန်းမာပြီး သာသနာ တာဝန်ကိုဆထက်တံပိုး ထမ်းဆောင်နိုင်ပါစေဘုရား

lknt: ကောင်းပါပြီ ဒကာလေး kyaw kyaw ရေ... ဒကာလေးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

27 Apr 10, 07:12

အောင်မြင့်: အရှင်ဘုရား..ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ တပည့်တော် ရိုသေစွာဦးနှိမ် ရှိခိုး ကန်တော့ပါတယ် ဘုရား

lknt: သာဓုပါပဲ ဒကာလေး အောင်မြင့် ရေ... ဆင်းရဲဒုက္ခ ချုပ်ငြိမ်းပါစေ...

26 Apr 10, 08:23

မောင်ကောင်း: အရှင်ဘုရား.. လာရောက်ပြီး ဓမ္မစာပေတွေ လာဖတ်ပါတယ်ဘုရား။ အရှင်ဘုရားလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ..။

lknt: ကောင်းပါပြီ ဒကာလေး မောင်ကောင်း ရေ... ဒကာလေးလည်း ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

22 Apr 10, 13:10

ကောင်းမြတ်ဇော်: ဘုန်းဘုန်း တပည့်တော် စီဘောက်စ်လည်းမတွေ့လို့ စိတ်ပူနေတာ တော်တော်ကြာနေပါပြီဘုရား ။ နောက်တော့ မောင်ဥဂ္ဂါ ဘလော့မှာ ဘုန်းဘုန်းခွဲစိပ်တာအောင်မြင်တဲ့ အကြောင်းဖတ်ရလို့ စိတ်အေးသွားပါတယ်ဘုရား ။ ဘုန်းဘုန်း သေသေချာချာ အနားယူပါအုန်းဘုရား။ အလုပ်တွေ မများပါနဲ့အုန်းဘုရား ။ တပည့်တော် နေ့စဉ်တရားအားထုတ်ပြီးတိုင်း ဘုန်းဘုန်းကျန်းမာစေဘို့ အမြဲဆုတောင်းပါတယ်ဘုရား။ တရားတော်လင့်ခ် ဝေမျှပေးတဲ့ ဦးတင့်ကိုလည်း ကျေးဇူးတင်ရှိပါတယ် ။

lknt: ဒကာလေး ကောင်းမြတ်ဇော် ရေ... အကုသိုလ်အကျိုးပေးကြောင့် ကိုယ်အသည်းပုတ်လေး ဖြတ်လိုက်ရတယ်... ပြီးနောက် ကုသိုလ် အကျိုးပေးကြောင့် ငြိမ်းချမ်းစွာနဲ့ ထင်ထားသည်ထက် အောင်မြင် ပြီးစီးသွားပြန်ပါတယ်... ဘ၀ဆိုတာ သည်လိုပါပဲ... လောကဓံဆိုတာ ရိုက်ခတ်တတ်တာ သဘာဝပဲ... ခံနိုင်ရည်ရှိစေဖို့ တရားဓမ္မတွေနဲ့ ထုံထားရမယ်... အရင်ထက်တော့ အနည်းငယ် အလုပ်တွေကို လျော့ထားပါတယ်... ကြာကြာမထိုင်နိုင်သေးပါ... ဒကာတွေ မေတ္တာပို့တာ သိရလို့ ၀မ်းသာပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

21 Apr 10, 23:40

kyaw kyaw: ဆရာတော်ဘုရား တပည့်တော်ကို ဇော(၇)ချက်အကြောင်း ရှင်းပြပေးပါဘုရား တပည့်တော် သေချာ နားမလည်သေးလို့ပါဘုရား အရှင်ဘုရား ဒီထက်ပိုပြီး သာသနာပြုနိုင်ပါစေဘုရား။

lknt: ဒကာလေး kyaw kyaw ရေ...

ဇော ၇-ချက်နှင့် ပါတ်သက်၍ ဇောဆိုသည်မှာ... ဇ၀နကိုခေါ်ပါတယ်...

ဇော= ဇ၀န(ပါဠိ)= လျှင်မြန်ခြင်း= အရှိန်အဟုန်။

သည်နေရာမှ အရှိန်အဟုန်ဆိုတဲ့ အဓိပ္ပါယ်ကို ယူပါတယ်... ဇောမှာက ကုသိုလ်ဇော အကုသိုလ်ဇော ကြိယာဇော ဆိုပြီး ရှိတဲ့နေရာမှာ ကြိယာဇောကတော့ ဘုရားရဟန္တာတွေမှာ ဖြစ်ပြီး... ဒကာဒကာမတို့ ဘုန်းကြီးတို့မှာတော့ ကုသိုလ်ဇော အကုသိုလ်ဇောတွေ အမြဲမပြတ် ဖြစ်နေပါတယ်...

ဇော ဘယ်နှစ်ခါဖြစ်သလဲ အရင်လေ့လာရအောင်...

ကာမဇောတို့သည် ပကတိအခါ ၇-ကြိမ်သော် လည်းကောင်း၊ ၆-ကြိမ်သော် လည်းကောင်း ဖြစ်ကုန်၏... သေခါနီးအခါ... မေ့မျောသွားသောအခါ မှီရာ ဟဒယဝတ္ထုရုပ် အားနည်းလှသောကြောင့် ၅-ကြိမ်သာ ဖြစ်ကုန်၏လို့ အဆိုရှိတဲ့အတွက် လယ်တီဆရာတော်ဘုရားက __အရိုးသတ်+ဆ၊ အားနည်းလှ၊ ပဉ္စအကြိမ်သာ__ ဆိုပြီး သံခိပ်လေးရေးပြီး မှတ်တမ်းတင်ထားပါတယ်... နောက် မြတ်ဗုဒ္ဓ ရေမီးအစုံစုံ တန်ခိုးပြာဋိဟာ ပြတော်မူသောအခါတို့၌ ဝသီဘော် အထွတ်အထိပ်သို့ရောက်သော ဈာန်ရှင်ဖြစ်တော်မူသောကြောင့် ပစ္စဝေက္ခဏာ ကာမဇော... အဓိဋ္ဌာန် ကာမဇောတို့သည် ၄-ကြိမ်၊ ၅-ကြိမ် ဖြစ်ကုန်၏... ((ဤ၌ မြတ်စွာဘုရားမှာ ၄-ကြိမ်၊ အရှင်မောဂ္ဂလာန်စသည်တို့မှာ ၅-ကြိမ် ဖြစ်ကုန်၏ဟု အထူးမှတ်ရာ၏)) လို့ ဆက်လက်ပြီး ဆရာတော်မှ __ဝသီခေါင်ဖျား၊ ဈာန်နှင့်ငြား၊ လေး+ငါး နှစ်ထွေလာ__ ဆိုပြီး လင်္ကာစီထားပြန်ပါတယ်... ဇောဆို အားလုံး ၇-ကြိမ်ချည့် ထင်နေမစိုးလို့ ထည့်ရှင်းပေးလိုက်ပါတယ်...

ဇော ၇-ကြိမ်ဖြစ်ပုံနဲ့ ၀ီထိအစဉ်ကို ကြည့်ကြမယ်... (အတိမဟန္တာရုံဝီထိ) ရူပါရုံအဆင်းနဲ့ စက္ခုပသာဒတို့ တွေ့ဆုံပြီးနောက် မြင်သိစိတ်တစ်ခုတွင် စိတ်ဖြစ်ပုံ အစဉ်အတန်းမှာ...

တီ+န+ဒ+ပ+စ+သံ+ဏ+၀ု+ဇ ဇ ဇ ဇ ဇ ဇ ဇ+ရုံ+ရုံ+ဘွင်+ဘွင်

တီ= အတီတဘ၀င်= (အတီတ=လွန်ပြီး + ဘ၀င်= ဘ၀င်စိတ်) အာရုံသစ်မထင်မှီ ချုပ်ပျက်သွားသော ဘ၀င်စိတ်...

န= ဘ၀င်္ဂစလန= (စလန= လှုပ်သော + ဘ၀င်္ဂ= ဘ၀င်) အာရုံဟောင်းကို မလွတ်သေး အသစ်ကိုလည်း စွဲမြဲစွာ မယူနိုင်သေး လှုပ်နေသောသဘော...

ဒ= ဘ၀င်္ဂုပစ္ဆေဒ= (ဘ၀င်္ဂ= ဘ၀င် + ဥပစ္ဆေဒ= ပြတ်စဲသော) အာရုံသစ်ကိုယူရန် အာရုံဟောင်းကိုဖြတ်သော နောက်ဆုံး ဘ၀င်စိတ်...

ပ= ပဉ္စဒွါရာဝဇ္ဇာန်း= ထင်လာသောအာရုံကို ဘာပါလိမ့်လို့ တစ်ကြိမ် ဆင်ခြင်ပြီးချုပ်၏။

စ= စက္ခုပသာဒကိုမှီ၍ စက္ခုဝိညာဏ် အဆင်းကို မြင်သိစိတ်ဖြစ်...

သံ= သမ္ပဋိစ္ဆိုင်းစိတ်= ရူပါရုံအဆင်းကို ခံယူသောစိတ်... လက္ခံသောစိတ်...

ဏ= သန္တီရဏ= အာရုံကို စူးစမ်း ထောက်လှမ်းသောစိတ်...

ဝု= ၀ုဋ္ဌော= အာရုံကို ကောင်းမကောင်း ဆုံးဖြတ်သောစိတ်... (၀ုဋ္ဌောထိ အာရုံများ မထင်ရှားသေး ခံစားမှု ထိထိမိမိ မသိသေး)

ဇော= ဇ၀န= အရသာပေါ်အောင် အရှိန်ကောင်းကောင်းနှင့် ကာမဇော ၂၉-ပါးမှ တစ်ပါးပါးသော ဇောစိတ်သည် ၇-ကြိမ်တိုင်တိုင်စောသည်။ နှလုံးသွင်းကောင်းလျှင် ကုသိုလ်ဇော... နှလုံးသွင်းမကောင်းလျှင် အကုသိုလ်ဇော... ရဟန္တာဖြစ်လျှင် ကြိယာဇော... ဖြစ်သည်။

ရုံ= တဒါရုံ= ဇောနောက်လိုက်၍ အာရုံ၏အရသာကို ထပ်မံ ခံစားခြင်း...

ဘွင်= ဘ၀င်= ဥပပတ္တိဘ၀၏အကြောင်း... (အတိတ်ကံကြောင့် လူသေမသွားအောင် စိတ်ကလေး ဆက်ဖြစ်ပေးနေခြင်း ဖြစ်သည်)

မရှင်းသေးလျှင် သည်ဥပမာနဲ့ လေ့လာကြည့်ကြမယ်...

သရက်ပင်အောက်က လူတစ်ယောက် ခေါင်းမြီးခြုံ အိပ်နေသည်= ဘ၀င်ကျ...

သရက်သီးကြွေကျ= အာရုံနှင့် ဒွါရ တိုက်ဆိုင်သည်နှင့် တူပါသည်...

လူနိုးလာသည်= ပဉ္စဒွါရာဝဇ္ဇာန်း ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံဖွင့်ကြည့်= စက္ခုဝိညာဏ်စိတ် ဖြစ်ပုံနှင့် တူပါသည်...

သရက်သီးလှမ်းယူ= သမ္ပဋိစ္ဆိုင်း ဖြစ်ပုံနှင့် တူပါသည်...

မှည့် မမှည့် နှိပ်ကြည့်= သန္တီရဏ ဖြစ်ပုံနှင့် တူပါသည်...

မှည့်သည်ဟု ဆုံးဖြတ်= ၀ုဋ္ဌော ဖြစ်ပုံနှင့် တူပါသည်...

ကိုက်စား အရသာခံစား= ဇော ဖြစ်ပုံနှင့် တူပါသည်...

ခံတွင်းရှင်း၍ မျိုချ= တဒါရုံ ဖြစ်ပုံနှင့် တူပါသည်...

ခေါင်းမြီးခြုံ ပြန်အိပ်= ဘ၀င်ပြန် ဖြစ်ပုံနှင့် တူပါသည်...

အရှိန်အဟုန်ကောင်းကောင်းနှင့် ကုသိုလ်စိတ် အကုသိုလ်စိတ်များ ဖြစ်လာပြီဖြစ်၍ ဇော... ဇော ၇-ကြိမ်၏ အကျိုးတရားတို့မှာ...

(၁) ပထမဇောသည်... ပဋိသန္ဓေကျိုးကိုမပေး ယခုလက်ရှိ ပ၀တ္တိကျိုးကိုပေးနိုင်၏ ချက်ချင်းလက်ငင်း ထီပေါက်နိုင်သည် ကိုယ်လိုချင်တာရနိုင်မည် ရွှေအိုးကြီးများရနိုင်သလို... ခြေကျိုး လက်ကျိုး သေချင်းဆိုးနှင့် သေစေနိုင်သော စွမ်းအားများပါရှိသည်... သူက အကျိုးမပေးက ဘယ်သောအခါမှ အကျိုးမပေးတော့ အဟောသိကံ... ပထမဇောကံအကျိုး ပျက်၏...

(၇) သတ္တမဇော(သို့)နောက်ဆုံးဇော... သူသည်ကား ဒုတိယ-လာမည့်ဘ၀ ပဋိသန္ဓေကျိုးကို အကျိုးပေးနိုင်သည့်...ပြင်... ပ၀တ္တိကျိုးကိုလည်း ပေးနိုင်သည်... ကုသိုလ်ဇောသည် လူ-နတ် ဖြစ်စေနိုင်သလို... အကုသိုလ်ဇောသည်ကား အပါယ အပါယ်လေးဘုံသို့ ရောက်စေနိုင်ပေသည်...

(၂-မှ-၆) ဒုတိယဇောမှဆဋ္ဌမဇောထိ... အကျိုးပေးပုံကား... တတိယဘ၀မှ စတင်၍ ပဋိသန္ဓေအကျိုးနှင့် ပ၀တ္တိအကျိုးတို့ကို ဘ၀သံသရာ မပြတ်မခြင်း အကျိုးပေးတော့မည် ဖြစ်ပေသည်...

သို့အတွက် သူတော်ကောင်းအပေါင်းတို့ ကုသိုလ်အကျိုးပေးနှင့် အကုသိုလ် အကျိုးပေးတို့သည်ကား ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်ပေသည်... ကုသိုလ်၏ အကျိုးပေးကား ချိုမြိန်လှသော မချစ်စု သရက်သီး စားရသလို... အကုသိုလ်၏ အကျိုးပေးသည်ကား... ခါးသီးလှပေသည်တကား... ကျွန်ုပ်အတွက်တော့ အမေပေးသောအသည်း အစိမ်းသက်သက် အလှီးခံလိုက်ရပေပြီ... အကုသိုလ် ပ၀တ္တိအကျိုးသည်ကား ခါးသီးလှပေ၏... အသိ သတိရှိကြပါကုန်... သင်တို့မှာလည်း နောက်တွဲတွေ အများကြီး ရှိပေဦးမည်... ရှေ့ဆက်၍ ကောင်းမှု ကုသိုလ်တွေ ကြိုးစားနိုင်ကြပါစေ... သူတော်ကောင်းတရားတွေ လွမ်းခြုံနိုင်ကြပါစေ... သာသနာကို စောင့်ရှောက်နိုင်သော အမျိုးကောင်း သားသမီးများ ဖြစ်ကြပါစေ...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၎.၂၆.၂၀၁၀

18 Apr 10, 12:36

myogyi: အရှင်ဘုရား တပည့်တော် သည် ဗုဒ္ဓဘာသာတစ်ယောက် ဖြစ်ပါသည် ဒါပေမယ့် တပည့်တော် လျှောက်ထားချင်သည်မှာ မြတ်စွာဘုရားသည် ဗောဓိညောင်ပင်ရှိမှ ပွင့်ပါသည်လော ဗောဓိညောင်ပင်ရှိလို့ မြတ်စွာဘုရားပွင့်သည်လော သိချင်ပါသည်။ မြတ်စွာဘုရားနှင့် ဗောဓိညောင်သည်၊ ဘုရားဖြစ်ဖို့အတွက် ဗောဓိညောင်ဖြစ်သည်လော ဗောဓိညောင်ရှိသောကြောင့် ဘုရားပွင့်သည်လော။ (ကျေးဇူးပြု၍ ဖြေပေးတော်မူပါဘုရား)

lknt: ဒကာလေး myogyi ရေ... စဉ်းစားမိသလောက် ဖြေပေးလိုက်ပါတယ်... မှားရင်လည်း ဖယ်ထားလိုက်ပေါ့... မပြည့်စုံသေးတာဆိုရင်လည်း ထပ်ဖြည့်နိုင်ပါတယ်... ဗောဓိညောင်ပင်ကြောင့်သာ ဘုရားဖြစ်တယ်လို့ မဆိုသင့်သလို... ဘုရားဖြစ်တာ ဗောဓိညောင်ပင်နဲ့ မဆိုင်လို့လည်း မဆိုသင့်ပေဘူးပေါ့... ဘုရားဖြစ်မည့်သူ၏ကံကြောင့် ဗောဓိပင် ဖြစ်ပေါ်လာရတယ်လို့ ဆိုနိုင်မယ် ထင်မိပါတယ်... ဖြစ်ပေါ်လာတဲ့ ဗောဓိပင်ကိုပဲ အမှီပြုပြီး ဗောဓိဉာဏ်ကိုရရှိတဲ့ သဘောပါ... မြတ်ဗုဒ္ဓရဲ့ကံကြောင့်သာ ဘုရားဖြစ်ပေမဲ့ ဗောဓိပင်ဆိုတာကလည်း သဗ္ဗညုဘုရားရှင်တို့အတွက် အထောက်အပံ့တစ်ခုဖြစ်ပါတယ်... သည်နေရာမှာ အများသိစေဖို့ ဗောဓိကို ရှင်းပေးထားခဲ့ပါ့မယ်... ဗောဓိဆိုတာ ဉာဏ်ကိုခေါ်ပါတယ်... မဂ်ဉာဏ် ဖိုလ်ဉာဏ် ပစ္စေကဉာဏ် သဗ္ဗညုတဉာဏ်တော်ကို ခေါ်ဆိုခြင်းပါ... ညောင်ပင်အောက်မှာ ဗောဓိဉာဏ်ကိုရရှိလို့သာ ဗောဓိညောင်ရယ်လို့ ခေါ်စမှတ်ပြုကြရပါတယ်... တကယ်လို့သာ ညောင်ပင်မဟုတ်ပဲ တမာပင်ဖြစ်ခဲ့ရင် ဗောဓိတမာလို့ ခေါ်ဆိုပြီး... ၀ါးပင်အောက်မှာ ဘုရားဖြစ်ရင် ဗောဓိဝါးပင်ပေါ့...

သဗ္ဗညုဘုရားရှင်တိုင်းမှာ ဖွားဘက်တော်ဆိုတာရှိပါတယ်... ခု ဘုရားမှာကတော့ ကာဠု၊ ယသော်၊ ညီတော်၊ ဆန္န၊ ကဏ္ဍက၊ သောဏ္ဏ(သုဝဏ္ဏ)၊ ဗုဒ္ဓဟေ၊ ဖွားဘက်တော်မြတ်၊ ခုနစ်ရပ်၊ မှတ်ကြ မျိုးလေးထွေ။ တဲ့ ရှေးဆရာတော်များ စီထားတာပါ... ဒါလည်း သဘာဝတရားပါပဲ။ ဘုရားရှင်တိုင်း သဗ္ဗညုတဉာဏ်ကို ရတော်မူတဲ့နေရာဟာ သစ်တစ်ပင်အောက်မှာသာ ဖြစ်ပါတယ်... ဒါလည်း သဘာဝတရားပါပဲ။ အမှီရှိမှ ဘုရားဖြစ်တယ်ဆိုတဲ့စကား သည်နေရာက လာတယ် ထင်မိတာပါပဲ... သစ်တစ်ပင်အောက်မှာ ဘုရားဖြစ်လို့ သည်သစ်ပင်ကြောင့် ဘုရားဖြစ်တယ်လို့ မဆိုသင့်သလို သည်သစ်ပင်နဲ့ ကင်းပြီးတော့လည်း ဘုရားမဖြစ်ပါဘူး...

ဥပမာ... လူတစ်ဦး မွေးဖွားတယ်... မိခင်ဖခင်ကြောင့်လားဆိုရင် မဟုတ်ပါဘူး... သည်မိခင်ဖခင်နဲ့ ကင်းပြီးတော့ကော လူကလေးမွေးသလားဆို သည်လိုလည်း မဆိုသင့်ပါ... ဒါဆိုဘယ်လိုလဲ...? လူတစ်ဦးမွေးဖွားခြင်းဟာ သူပြုခဲ့ဘူးသော ကံကြောင့်ပါ... ကံ၏အကျိုးဆက်ကြောင့် ဘ၀သစ် ဖြစ်ရပါတယ်... မိခင်သစ် ဖခင်သစ်က အာဟာရအဖြစ် အထောက်အပံ့ ဖြစ်စေပါတယ်... သည်လောက်ဆို အဆင်ပြေမယ်ထင်မိပါတယ်... ဆက်လက်ပြီ မြတ်ဗုဒ္ဓအမွေ ဆက်ခံနိုင်ကြပါစေ...

ဦးလောကနာထ

၎.၂၂.၂၀၁၀

20 Apr 10, 15:03

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ cbox ပြန်တွေ့ ရလို့  ၀မ်းသာပါတယ်။ အရှင်ဘုရား နေကောင်းကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်...

lknt: တပည့်တော် ရေ... ကောင်းလှပါပြီ... မိသားစု စိတ်ချမ်းသာကြပါစေ... ဆင်းရဲဒုက္ခ ကင်းဝေးကြပါစေ...

4 Apr 10, 15:13

မောက္ခပညာရေးမဂ္ဂဇင်း: ပညာရေးသတင်းများနဲ့ မဂ္ဂဇင်းအမှတ် (၁) ကို ဖတ်ရှုနိုင်ပါပြီ။

lknt: အားလုံးပဲ အဆင်ပြေကြပါစေ...

4 Apr 10, 04:19

ညခင်း: ဘုန်းဘုန်းစာလာဖတ်ပါတယ်။ ဘုန်းဘုန်း ကျန်းမာပါစေ။ ဘေးရန်ကင်းပါစေ။

lknt: ဒကာမကြီး ညခင်း ရေ... ကောင်းပါပြီ... စိတ်ချမ်းသာပါစေ... မိသားစု ဆင်းရဲ ဒုက္ခ ကင်းဝေးကြပါစေ...

2 Apr 10, 07:13

tint: http://dhammadownload.com/MP3Library/Mogok-Mp3-Ver2/Disc-71/03-MoGokSayaDaw-D71-1-7-1962.mp3 အရှင်ဘုရား ကိုကောင်းမြတ်ဇော်အတွက် ဒီတရားတော်လင့်လေး ဝေမျှပေးပရစေဘုရား ။ နာသင့်တယ်လို့ ထင်လို့ ပါဘုရား

lknt: ကောင်းပါပြီ ဒကာလေး မောင်တင်ဦး ရေ... ခရီးလမ်း ဖြောင့်ဖြူးသာယာပါစေ...

30 Mar 10, 12:24

ကောင်းမြတ်ဇော်: ဘုန်းဘုန်း တပည့်တော် Easter ကျောင်းပိတ်ရက်မို့ ဘုန်းဘုန်းဆီမှာ ညတိုင်းစာတွေလာဖတ်ပါတယ်ဘုရား။ ဘုန်းဘုန်း ကျန်းမာစေဘို့ ဒီဆိုဒ်လေးကိုရောက်တိုင်း အမြဲဆုတောင်းမေတ္တာပို့သပါတယ်ဘုရား ။ တပည့်တော်မေးစရာလေးလည်းရှိလို့ပါ ဘုန်းဘုန်း ။ တပည့်တော် နွေကျောင်းပိတ်ရက်မှာ အမြဲတမ်းတရားထိုင်ဖြစ်ပါတယ်ဘုရား။ ဒါပေမဲ့ ဒီမှာက ထေရ၀ါဒဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းမရှိပါဘုရား ။ မဟာယနကျောင်းသာရှိလို့ အဲဒီမှာသွားထိုင်ပါတယ်ဘုရား ။ တရားစစ် တရားလျှောက်ဖို့လည်းမလိုပါဘုရား။ တရားကိုတော့ အောင်ဦးကပို့ပေးထားလို့ အပုဒ်ရေတစ်ထောင်ကျော်လောက်ကို နေ့စဉ်နာတာ မကုန်သေးပါဘုရား။ အရှင်ဆေကိန္ဒ တရားတော်တွေများပါတယ်ဘုရား ။ ဒါပေမဲ့တပည့်တော်မှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီး မိရိုးဖလာ များဖြစ်နေလားဆိုပြီး စိတ်ထဲမှာ ခံစားနေရပါတယ်ဘုရား။ တပည့်တော်ကို လေးနက်တဲ့ ဗုဒ္ဓဘာသာ စစ်စစ် ဖြစ်အောင် ညွှန်ပြပါဦးဘုရား ။ တပည့်တော် ကံ ၊ ကံ၏အကျိုးကိုလည်း ယုံကြည်ပါတယ် ဘုရား။ တပည့်တော် ဒီဥရောပနိုင်ငံတစ်ခုမှာ မပူမပင် အလုပ်နဲ့ ကျောင်းနဲ့ တက်နေရတာဟာ မြန်မာပြည်နဲ့ စင်္ကာပူမှာ နေခဲ့စဉ်နဲ့ ယခုလက်ရှိလည်း မိမိပတ်ဝန်းကျင်မှာရှိတဲ့ အဆင်မပြေသူများကို တတ်နိုင်သလောက် ကူညီပြီး ၀ိပသနာတရားတွေကိုလည်း အချိန်ရရင်ရသလို အားထုတ်ပါတယ်ဘုရား။ ဒီထက်ပိုပြီး လေးနက်တဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်ချင်ပါတယ် ဘုရား။

lknt: ဒကာလေး ကောင်းမြတ်ဇော် ရေ... ဒကာလေးနေထိုင်ရာ ဒေသမှာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းမရှိပဲ ဗုဒ္ဓဘာသာကို စိတ်ဝင်စားလာတာ ၀မ်းသာပါတယ်... ဘယ်နေရာမှာပဲ တရားထိုင်ထိုင် တရားကျင့်ကျင့် နည်းမှန်မယ်ဆို အကျိုးရှိပါတယ်... တရားကတော့ ဆရာကောင်းရှိရင် အစစ်ခံတာ ကောင်းပါတယ်... အမှတ်ပေးရုံဆရာနဲ့တွေ့ရင်တော့ ကိုယ်ကျိုးနည်းတတ်ပါတယ်... ဒါကြောင့် ဆရာကောင်း ရွေးချယ်တတ်ဖို့ အရေးကြီးတယ်... ဒါကတော့ ခုခေတ်အခါအရ ပုဂ္ဂိုလ်အနေနဲ့ ပြောရတာပါ တကယ်တော့ ဒို့အတွက်က မြတ်ဗုဒ္ဓက ဆရာကောင်းပါပဲ... ဗုဒ္ဓဓမ္မက ဆရာကောင်းပါပဲ... ဗုဒ္ဓဓမ္မကို ဆရာကောင်းနေရာ မထားချင်ဘူးလား... စာတစ်လုံး ဘုရားတစ်ဆူပဲလေ... ဒို့အတွက် ဆရာတွေ နည်းမှ မနည်းလှပဲ... ကျင့်ဖို့ရာပဲ လိုတော့တာပါ... မှန်မမှန်ကတော့... အမှားအယွင်း မရှိလောက်သောစာ သေသေချာချာဖတ် နှလုံးသွင်း... အမှားအယွင်း မရှိလောက်သောတရား သေသေချာချာနာ ကောင်းကောင်း နှလုံးသွင်း... ဒါလောက်ဆို အဆင်ပြေနေပါပြီ... ဘယ်ဘုန်းကြီးကိုမှ ပုဂ္ဂိုလ်စွဲမထားနဲ့ ဓမ္မကိုသာ အာရုံပြု... မှားနေလျှင်ရှောင် မှန်လျှင်ဆောင်သွားပေါ့...

ဒဿနခရီးစဉ်မှာ တင်ထားတဲ့စာတွေ သေသေချာချာဖတ်မယ် သေချာနှလုံးသွင်းမယ်ဆိုရင်... တော်ရုံ ဘုန်းကြီးတစ်ပါးထက် သာသွားပါလိမ့်မယ်... ဘာလို့ဆို နာမည်ကြီး ဆရာတော်တွေ... မှားပါတယ်လို့ အပြောမခံရသေးတဲ့ ဆရာတော်ကြီးတွေရဲ့ ရေးသောတရား ဟောသောတရား ဖြစ်လို့ပါ... နောက်တစ်ခုကတော့ ပါဠိတော်မြန်မာပြန်မူရင်း ဖတ်တဲ့အကျင့် မှတ်တဲ့အကျင့်ကို ကျင့်စေချင်ပါတယ်... လူတွေအတော်များများ မူရင်းမဖတ်ကြဘူး... သူများပါးစပ်ဖျားမှာပဲ နားခိုနေကြတယ်... သူများပါးစပ်ဖျားက မှန်ရင်တော့ အကျိုးကြီးပါရဲ့... ပုထုဇဉ်ပါးစပ်ဆိုတာက ခက်ပါ့...

ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ဖို့ကတော့... ဗုဒ္ဓဘာသာ ၅-မျိုး ဆိုတာ လေ့လာပြီးလောက်ပါပြီ... ဒကာလေးပြောမှ ကိုယ်တောင် ဗုဒ္ဓဘာသာ စစ်စစ်ဖြစ်ရဲ့လားလို့ စဉ်းစားမိပါတယ်... ပြောရတာ လေးနက်ပါတယ်... ဗုဒ္ဓဘာသာ ပြောပြော ဗုဒ္ဓသာသနာ ပြောပြောပေါ့... (ဗုဒ္ဓဆိုတာ သိသူ -သို့- မြတ်စွာဘုရား... ဘာသာဆိုတာ စကား... သိသောသူ မြတ်စွာဘုရားရှင် ပြောသောစကား...) (ဗုဒ္ဓဆိုတာ သိသူ -သို့- မြတ်စွာဘုရား... သာသနာဆိုတာ အဆုံးအမ... သိသောသူ မြတ်စွာဘုရားရှင်၏ အဆုံးအမ...) မြတ်စွာဘုရား စကားအတိုင်း ကျင့်သုံးသူ -သို့- အဆုံးအမအတိုင်း ကျင့်ကြံသူကို ဗုဒ္ဓဘာသာဝင်လို့ ခေါ်မယ်ပေါ့... သည်တော့ မြတ်ဗုဒ္ဓစကားအတိုင်း ကျင့်နေသူ ကျင့်နေချိန်ဟာ ဗုဒ္ဓဘာသာဝင် ဖြစ်နေတဲ့အချိန်... အင်း... သည်လိုသာဆို ဒို့ ဗုဒ္ဓဘာသာဝင်တွေဟာ ၀င်စို့ ထွက်စို့များ ဖြစ်နေမလား မသိဘူး... ဒို့တစ်တွေဟာ ဘုရားအဆုံးအမအတိုင်း ကျင့်လိုက် မကျင့်လိုက်နဲ့လေ... ရတနာသုံးပါး ကိုးကွယ်သူ ကံ ကံ၏အကျိုး ယုံကြည်သူကို ဗုဒ္ဓဘာသာလို့ ခေါ်ပါသည်... သည်လိုမှတ်ပေါ့... ကံ ကံ၏အကျိုးကို ယုံကြည်မှုက အရေးကြီးမယ်ထင်ပါတယ်... ဒါပြည့်စုံရင် ရတနာသုံးပါးနဲ့တွေ့ ကိုးကွယ်မယ်လို့ ထင်မိတယ်... ဘာကြောင့်ဆို ရတနာသုံးပါးက အကြောင်းကံ အကျိုးကံကိုပဲ ဟောပြောပို့ချတာမို့လား... ဒို့ ကိုးကွယ်သော ဘုရားလောင်း သုမေဓာ ရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာ မြတ်စွာဘုရားရဲ့စကားကို တစ်လုံးမှ မကြားရသေးဘူး တွေ့တာနဲ့ အသက်နဲ့ရင်းပြီး ကိုးကွယ်သွားတယ်မို့လား ဒါကိုကြည့်ခြင်းအားဖြင့် သမ္မာဒိဋ္ဌိအယူ ရှိနေပြီလို့ ဆိုနိုင်ပါတယ်... သမ္မာဒိဋ္ဌိအယူ ရှိနေသူဟာ ကံ ကံ၏အကျိုးကို ယုံကြည်သူပါပဲ... ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ချင်ရင်တော့ ကံ ကံ၏အကျိုးပေးကို ယုံကြည်ရတော့မယ်... မကောင်းကျိုးပေးလာရင် သူ့ကြောင့်ဆိုတာထက် မိမိပြုခဲ့ဘူးသော အကြောင်းမကောင်းသော ကံကြောင့်လို့ သိရတော့မယ်... ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်လာရင်လည်း မိမိပြုလိုက်သော ကောင်းသော အလုပ်ကံကြောင့်လို့ သဘောပေါက်ရမယ်... ဒါကို သေချာပေါက် လက္ခံနိုင်ပြီဆိုရင် ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ပါပြီ... သည်လိုပုဂ္ဂိုလ်ဟာ ဗေဒင် ယတြာကြောင့် ဆိုတာမျိုး သူကြောင့်ပေါ့ သူ့ကြောင့်... ဆိုတာမျိုးကို အသုံးမပြုတော့ပါဘူး...

ဥပမာ... ဘုန်းကြီးမှာ အသည်းရောင် အသားဝါရောဂါရှိတယ်... သိတဲ့အတိုင်း သည်ရောဂါက ကူးစက်မှု မျိုးစုံကြောင့် ဖြစ်တတ်ကြပါတယ်... ဘုန်းကြီး ဘယ်သူ့ကိုမှ အပြစ်မတင်ဘူး... မိမိကိုယ်တိုင်ပြုသော အကြောင်းကံ မကောင်းလို့ မကောင်းကျိုး ဖြစ်ပေါ်ရတာပဲလို့ နှလုံးသွင်းပါတယ်... သည်လို ကံကို နှလုံးသွင်းလိုက်တော့ နောက်ဆက်တွဲအကျိုးက... သူ့ကြောင့်ဆိုတာ ပျောက်သွားတယ်... ပျောက်သွားတော့ စိတ်ဆိုးတာမျိုး ဒေါသဖြစ်တာမျိုး မဖြစ်တော့ဘူးပေါ့... သည်တော့ အေးချမ်းပါတယ်... ကံ ကံ၏အကျိုးကိုသာ နက်နက်နဲနဲ နှလုံးသွင်းနိုင်ပါစေ... ဗုဒ္ဓဘာသာစစ်စစ် ဖြစ်ရုံမကပါဘူး... ထိုက်သင့်တဲ့ ငြိမ်းချမ်းမှုတွေ ရရှိခံစားနိုင်လာပါလိမ့်မယ်... ငြိမ်းချမ်းသောစိတ်နဲ့ လုပ်တဲ့ လုပ်ငန်းများသည်လည်း အောင်မြင်ပြည့်စုံသော လိုရာပန်းတိုင်ကို ရောက်ရှိနိုင်ပါတယ်လို့ ပြောဆိုရင်... မြတ်ဗုဒ္ဓ အဆုံးအမအတိုင်း မကောင်းကံတွေရှောင် ကောင်းသောကံတွေဆောင်၍ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းနိုင်ကြပါစေ...

ခုရေးတဲ့စာတွေကို ပညာရှင်တွေက မှားတယ်ပြောခဲ့ရင် ပယ်နိုင်ပါတယ် ပယ်လိုက်ပါ့မယ်... အမှားပြင်မှ အမှန်ရောက်မှာမို့ ပယ်လိုက်ပါ့မယ်... ဘုန်းကြီး အပါယ်မသွားချင်လို့ ပယ်လိုက်မယ်...

အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၃.၃၁.၂၀၁၀

30 Mar 10, 04:31

flowerpoem : ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ် ဘုရား

lknt: ဒကာမကြီး flowerpoem ရေ... မိသားစုစိတ်ချမ်းသာကြပါစေ...

29 Mar 10, 05:55

ကောင်းမြတ်ဇော်: ဘုန်းဘုန်းဘုရား ၊ တပည့်တော် ခရီးသွားနေပါသဖြင့် အခုမှ ရောက်ပါတယ်ဘုရား ။ ဘုန်းဘုန်း ကျန်းမာပါရဲ့လားဘုရား ။ အောင်ဦး မပြန်ခင်ပြောသွားတာ ဘုန်းဘုန်း ကျန်းမာရေးအခြေအနေကို ဧပြီလ(၉) ရက်မှာ သေချာသိရမယ်လို့ဆိုပါတယ်ဘုရား။ အဲဒီအခါ တပည့်တော်လည်း သိခွင့်ရချင်ပါတယ်ဘုရား။

lknt: အဆင်ပြေရင် ပြောပြပါ့မယ် ဒကာလေး ကောင်းမြတ်ဇော် ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

28 Mar 10, 22:32

kyaw kyaw: အရှင်ဘုရား ဓမ္မ နှင့် အဓမ္မ ကိုခွဲခြားသိပါပြီဘုရား ကျေးဇူးလည်းတင် သာဓုလည်း ခေါ်ပါတယ် ဘုရား အရှင်ဘုရား ကျန်းမာပါစေဘုရား

lknt: ကောင်းပါပြီ ဒကာလေး kyaw kyaw ရေ ... စိတ်ချမ်းသာပါစေ...

28 Mar 10, 14:34

သစ္စာမောင်: သာဓုပါဘုရား သာဓု သာဓု။ သူတစ်ပါးထောင်ကျတာကို သာဓုမခေါ်ပါ၊ သာသနာသန့်ရှင်းသွားတာကို သာဓုခေါ်တာပါဘုရား။ အရှင်ဘုရားကျန်းမာပါစေဘုရား။

lknt: မှန်လိုက်တာ သစ္စာမောင် ရေ... သာဓု... ပါပဲ... အမှားပျောက်တော့ အမှန်ရောက်... မြတ်ဗုဒ္ဓသာသနာ သက်တမ်း နည်းနည်းတော့ ပိုရှည်သွားပြီပေါ့... လူသူအများလည်း အမှားသံသရာကနေ လွတ်သင့်သလောက်တော့ လွတ်သွားကြတော့မှာပေါ့လေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

28 Mar 10, 06:31

သစ္စာ: ဘုန်းဘုန်းဘုရား၊ မိုးပြာဂိုဏ်းခေါင်းဆောင်ဥာဏကို ၁၁.၀၃.၂၀၁၀မှာ မန္တလေးတိုင်းတရားရုံးတစ်ခုကနေ အလုပ်နှင့်ထောင် ၄နှစ်ချလိုက်တယ်လို့ သိရပါတယ်ဘုရား။ ထောင်ဘယ်လောက်ချချ ဒိဋ္ဌိမကျွတ်သရွေ့ ကတော့ အဲဒိလူသေတဲ့အထိ ကန်းနေအုံးမှာပဲနော်

lknt: သစ္စာ ရေ.. ဒကာလေး သစ္စာမောင် ပြောသလိုပါပဲ... ဗုဒ္ဓဘာသာဝင်များအတွက် သာဓုခေါ်ရမှာပါပဲ... ဒကာလေးပြောသလိုပဲ ဒိဋ္ဌိမကျွတ်သရွေ့ ကန်းနေဦးမှာ အမှန်ပါပဲ... ၀ိနိစ္ဆယ အခါခါလုပ်... ထောင်အခါခါချတာတောင် မကျွတ်တဲ့ဒိဋ္ဌိ ဆိုရင်တော့ နိယတမိစ္ဆာဒိဋ္ဌိလို့ ပြောရတော့မယ်ထင်တယ်... ကြောက်စရာ အလွန်ကောင်းပါတယ်... နောက်ကလိုက်မည့်သူများမှစ၍ အားလုံးပဲ အမြင်မှန်ကြပါစေ... နိယတမိစ္ဆာဒိဋ္ဌိဘေးမှ ကင်းဝေးကြပါစေ...

27 Mar 10, 17:21

tint: သစ္စာမောင်အမှန်တွေပြောနေတာကျေးဇူးပါ။ ဒါနဲ့ ပါတ်သက်ပြီးတော့ ခုနေခါမှာ နိုင်ငံခြားရောက် ဗမာတွေ ဘာသာရေးအသိ ရေချိန်နိမ့်လွန်းတာ အကြောင်းတခုပါဘဲ ။ ဒါကြောင့်လဲ မူမှန်စာတွေတင်ပေးနေတဲ့  ဘုန်းဘုန်းဘုရားရဲ့  အချိန်ကိုလာဖြုန်းနေတဲ့  အယူလွဲတွေကို သည်းမခံနိုင်ပါ ။

lknt: သည်လိုပေါ့ ဒကာလေး tint ရေ... ဒကာလေး ပြောသလိုပါပဲ... နိုင်ငံခြားရောက် ဗုဒ္ဓဘာသာဝင်တွေ ဘာသာရေးအသိ အားနည်းကြတာအမှန်ပါပဲ... တွေ့ရသလောက် အတော်များများ... ဘာမှမသိသူရယ်... အမှားတွေပဲ သိနေသူရယ် အတော်များပါတယ်... အမှန်ကို အမှန်အတိုင်းပြောတဲ့အခါ တစ်ချို့ဆို ပါးစပ်အဟောင်းသားနဲ့... သြ... သည်လိုလား... ဆိုတာမျိုးတွေ တွေ့ရပါတယ်... တချို့ကတော့ အမှားကို ကြိုက်သွားကြပြီ... မရတော့ဘူး... ဒို့ကတော့ ဒို့ကတော့ ဆိုသလိုပါပဲ စွဲနေပြီ... ဒီတော့ ရန်လုပ်တယ်... နောက်ဆို ကျောင်းမလာတော့ဘူး... အမှန်တွေပြောမိတာ ဆွမ်းဒကာတော့ ရော့သွားတာပေါ့လေ... ရှိစေတော့... သည်ဘ၀ ဘုရားအကြိုက်ပဲ လိုက်တော့မယ်...

မိသားစုစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

27 Mar 10, 15:19

သစ္စာမောင်: ထေရ၀ါ၇အမည်ခံပြီးအမှားတွေလုပ်ရင် ခုံရုံးသွားရမယ် မသွားချင်ရင်အမှားတွေမလုပ်နဲ့  အမှားတွေလုပ်ပြီး ခုံရုံးမသွားချင်ရင် ဟိုဘုန်းကြီးလို နိုင်ငံခြားမှာ ခြေကုတ်ထား ကုတ်မထားလို့ အတွင်းပြန်လာရင်တော့ ခုံရုံးသွာ

lknt: ဒကာလေး သစ္စာမောင် ရေ.. သာဓု... စိတ်ချမ်းသာပါစေ...

27 Mar 10, 02:25

tint: နာမည်ရင်းတောင်မဖေါ်ရဲတဲ့  သိစေလိုလာရှုပ်နေတာကိုး ။ အရှင်ဘုရား အချိန်ဆင်းရဲတဲ့ အထဲမှာ ဒီအယူလွဲတွေ ပေါက်ကရရေးတာအတွက် အချိန်ကုန်မခံပါနဲ့ ဘုရား ။ ဆရာလွဲ နေတော့ တပည့်တလွဲဖြစ်တာ မဆန်းပါဘုရား ဒီလိုလူတွေအတွက်တော့ အချိန်ကုန်ခံစရာမရှိပါ ဘုရား။ ဒါပေမဲ့ လာဖတ်သူ မိတ်ဆွေများအတွက် နဲနဲလေးတော့ ပြောပရစေ ။ တောဝင်အပ်သောမုဆိုးသည် အားခွန်ဗလကောင်းခြင်း။ အာရုံ၅ပါးထက်မြက်ခြင်းဆိုတာနဲ့ မလုံလောက်။ တောသဘာဝ တောကောင်သဘာဝတို့ ကို ညက်ညက်ကြေမှ သိပြီးမှသာ အကျိုးပြီးသကဲ့ သို့  အားထုတ်လိုသောယောဂီသည် သီလ (လူမှာသီလ ရဟန်းမှာဝိနည်း) လုံ ၊ သမာဓိတည်ပြီး ။ ရုပ်နာမ်ဓမ္မတို့ ကို ကွဲပြားစွာမြင်မှ အကျိုးပြီးပါတယ် ။

ဒီထဲလာရှုပ်ထားတဲ့  ဆောင်းပါးအမည်ခံဟာ လောဘစိတ်ဒေါသစိတ်တို့ ရဲ့  သစ္စာကိုခွဲတတ်ဘို့ မပြောနဲ့  ။ ပညတ်ပရမတ်တောင်မကွဲသေးသော အန္ဓသက်သက်ပါဘုရား ။ ဒီလိုလူပျက်တွေကို ဖယ်ရှားတာဟာ ဒေါသကိလေသာမဟုတ်။ မြတ်သော အရှင်မဟာကဿပရဲ့ ခြေရာကိုနင်းပြီး သာသနာကို သန့် ရှင်းရာသာကျပါကြောင်း လျှောက်အပ်ပါသည် ဘုရား

lknt: သာဓု... သာဓု... သာဓု... သာသနာ သန့်ရှင်းဖို့ရာအတွက် အမှားအမှန်ဝေဖန်ရဲတဲ့သူတွေ အများကြီး လိုအပ်ပါတယ်... ဆက်လက်ပြီး ဆောင်ရွက်နိုင်ပါစေ... အမှန်မြင်လို့ နိဗ္ဗာန်ဝင်နိုင်ကြပါစေ...

27 Mar 10, 01:23

သိစေလို: တရားဆောင်းပါးလေးမျှဝေပါတယ်ဘုရား http:/ /trueanswer.multiply.com/ journal/ item/11/11

lknt: သိစေလိုသူရေ... စိတ်ချမ်းသာပါစေ...

26 Mar 10, 09:23

tint: အရှင်ဘုရား။ ပါရာဇိက၄တန်ကို pdf နဲ့  ရနိုင်ပါမလားဘုရား ။ တပည့်တော်သိမ်းချင်လို့ ပါဘုရား

lknt: ယူသွားပါဒကာလေး... စာတွေရဲ့အောက်မှာ Book download ဆိုပြီး ထည့်ပေးထားပါတယ်... (ပြောပြီး)

25 Mar 10, 02:12

ပေါ်ဆန်း: အရှင်ဘုရား တပည့်တော် အဖတ်နောက်ကျပါတယ်ဘုရား...

lknt: ဒကာလေး ပေါ်ဆန်း ရေ... နောက်ကျတယ် သဘောမထားပဲ... ခုအချိန် ဖတ်မိတာ တော်သေးတယ်လို့ သဘောထားပေါ့... ဖြစ်ပြီး အဟောင်း မစဉ်းစားတော့ပဲ လေ့လာသွားပါ ကောင်းပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

22 Mar 10, 11:05

အောင်ဦး: ဘုန်းဘုန်း ကျန်းမာပါစေဘုရား။ တပည့်တော်လည်း မကြာမီ ဌာနေကို ပြန်ပါတော့မယ် ဘုရား။

lknt: ဒကာလေး အောင်ဦး ရေ... ကောင်းပါပြီ... အလာရှိတော့လည်း ပြန်ရပေမပေါ့လေ... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ မွေးရပ်မြေမှာ သူတော်ကောင်းတရားတွေ ထွန်းကားအောင် ဆက်လက် ကြိုးစားနိုင်ပါစေ...

21 Mar 10, 20:58

ဇွန်မ : တပည့်တော်မ လာရောက် ဦးခိုက်ပါတယ် ဘုရား။

lknt: ကောင်းပါပြီ ဒကာမကြီး ဇွန်မ ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

21 Mar 10, 17:45

ကောင်းမြတ်ဇော်: အရှင်ဘုရား ၊ အလည်ရောက်ပါတယ် ဘုရား ၊ ဘုန်းဘုန်း ကျန်းမာပါစေလို့ ဆုတောင်းပေးနေပါတယ် ဘုရား ။

lknt: ဒကာလေး ကောင်းမြတ်ဇော် ရေ... ကောင်းပါပြီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

21 Mar 10, 09:50

tint: အရှင်ဘုရား တပည့်တော်ဒီနေ့  ၂၁ကြိမ်မြောက် သွေးလှူခြင်းပါ။ မလှူခင် ၊ လှူဆဲ ၊ လှူပြီးထိ အရှင်ဘုရား ကျန်းမာစေကြောင်း ရည်စူးခဲ့ပါတယ် ဘုရား ။ တပည့်တော် ပြုအပ်သော အတွင်းဒါန၏ အဘို့ဘာဂကြောင့် အရှင်ဘုရားအနာမှ လျင်စွာထပါစေ

lknt: ဒကာလေး tint ရေ... ဒကာလေးရဲ့ ဒါနနဲ့ သစ္စာဆိုမှုကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်... ဒကာလေးလည်း ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

20 Mar 10, 23:48

ရှင်ဇ၀န: ဘုန်းဘုန်းကျန်းမာပါစေ တပည့်တော်လဲ စာတွေသင်နေပါတယ် ဘုရား

lknt: ရှင်ဇ၀န ရေ... ပညာကို ကြိုးစားသင် နေတာသိရလို့ ၀မ်းသာပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

20 Mar 10, 13:17

ထက်: အရှင်ဘုရား ကျန်းမာပါစေ.

lknt: ဒကာမကြီး ထက် ရေ... မိသားစုစိတ်ချမ်းသာကြပါစေ...

18 Mar 10, 17:43

ကိုညီ: ဘုန်းဘုန်း အလည်ရောက်ပါတယ် ဘုရား. ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ ဘုရား ။

lknt: ဒကာလေး ကိုညီ ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

18 Mar 10, 11:03

WhoAmI?: အရှင်ဘုရား တပည့်တော်ကို အရင်လိုပဲ ဖြေကြားပေးတော်မူပါဦးဘုရား.. ရုပ်နာမ် ၂ပါးမှာ နာမ်နဲ့ စိတ်နဲ့ ဘယ်လိုဆက်စပ်နေပါသလဲဘုရား.. စိတ်ဆိုတာ နာမ်နဲ့ တစ်စိတ်တစ်ပိုင်းလို့ ပြောနိုင်ပါသလားဘုရား.. တပည့်တော်ကို လမ်းညွှန်ပြသပါဦး ဘုရား.. ဘုန်းဘုန်း ကျန်းမာပါစေ

lknt: WhoAmI? ရေ... စိတ်ချမ်းသာပါစေ... သိသလောက်ကလေး ရေးပေးပါ့မယ်... သတ္တ၀ါတွေမှာ ရှိကြတာ ရုပ်နဲ့နာမ်နှစ်ပါး ရှိပါတယ်... ပရမတ္ထ (မဖေါက်မပြန်သောသဘော) တရားအနေနဲ့ဆိုရင်... စိတ်, စေတသိက်, ရုပ်, နိဗ္ဗာန် ဆိုပြီး ပရမတ္ထတရား ၄-ပါး ရှိပါတယ်... နာမ်ဆိုတဲ့သဘောကတော့= သိတတ်သောသဘောတဲ့... စိတ် ၁-ပါး + စေတသိက် ၅၂-ပါး = ပေါင်း ၅၃-ပါးကို = နာမ်လို့ခေါ်ပါတယ်... ဒါကြောင့် မှတ်လို့လွယ်အောင် နာမ်တေပညာသ လို့ ဆိုကြပါတယ်... အဓိပ္ပါယ်ကတော့ နာမ်= (တေ=၃ +ပညာသ=၅၀) ပေါင်း ၅၃-ပါးကိုခေါ်ဆိုခြင်းပါ... စိတ်နဲ့ စေတသိက်ကလည်း ခွဲထားလို့မရပြန်ဘူး တစ်ပူးတွဲတွဲပါပဲ... ဒါပေမဲ့ စေတသိက် ၅၃-ပါးထဲကနေ သူတွဲချင်တာနဲ့ တွဲနေမှာပါ... ဒါ့ကြောင့် လယ်တီဆရာတော်ဘုရား က... စိတ်၌မှီတွယ်၊ စိတ်ကိုခြယ်၊ ငါးဆယ်နှင့်ဒွိက် (၅၂)၊ စေတသိက်။ တဲ့...

စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

17 Mar 10, 19:30

ဇွန်မ: တပည့်တော်မ ၅၅၀ နိပါတ်တော် ဇာတ်တော်ကို စပယ်ဦးစာပေမှာ မနေ့ညနေကပဲ သွားရှာနေတာဘုရား။ ဒီကနေ့ ဘုန်းဘုန်းတင်ထားတာ မြင်လို့ ဝမ်းသာသွားတယ်ဘုရား။ ဘုန်းဘုန်း ကျန်းမာချမ်းသာပါစေ။ ရသလောက် ဖတ်သွားပါတယ်ဘုရား။

lknt: ဒကာမကြီး ဇွန်မ ရေ... ဘုရားတရားတော်တွေ ရှာဖွေဖတ် မှတ် သူများတွေသိအောင် ရေးပြနေတာ ကောင်းပါတယ်... သာဓု... စိတ်ချမ်းသာပါစေ...

17 Mar 10, 19:06

KO KO: http://mrmarga.blogspot.com/

lknt: ဒကာလေး KO KO ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

17 Mar 10, 17:36

ကောင်းမြတ်ဇော်: ဘုန်းဘုန်း ဘုရား စာတွေ အမြဲလာရောက်ဖတ်ရှုပါတယ်ဘုရား။ တစ်ခါမှတော့ စီဘောက်စ်မှာ မနှုတ်ဆက်မိပါ ဘုရား။ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး သိလိုသည်များကို ဘုန်းဘုန်းဆိုဒ်မှာသာ လာရောက် ရှာဖွေရပါသည် ဘုရား။ အကျိုးကျေးဇူး များလှပါတယ်ဘုရား။ ဘုန်းဘုန်းဘုရား အခုရေးထားတဲ့ သစ္စာက ဘုန်းဘုန်းတို့ကို မေးခွန်းထုတ်တဲ့ သစ္စာပါလား ဘုရား။ သိချင်လို့ပါ ဘုရား။

lknt: ဒကာလေး ကောင်းမြတ်ဇော် ရေ... ဆူနာမီဆရာတော် ကိစ္စနဲ့သက်ဆိုင်တဲ့ သစ္စာနဲ့ တခြားသစ္စာက မတူပါဘူး... ထိုသစ္စာနဲ့ ဤသစ္စာသည်ကား မတူ ခြားနားပါသည်ပေါ့... ခွဲခေါ်ရင်တော့ ကောင်းပါတယ်... ကိုကိုသစ္စာ ဦးဦးသစ္စာ မောင်မောင်သစ္စာ မမသစ္စာ ဒေါ်ဒေါ်သစ္စာ... ဖွားသစ္စာ...စသည်ပေါ့လေ... ၀၀၀... ဒါပေမဲ့ (သစ္စာ) ကတော့ အတူတူပါ... မဖေါက်မပြန် အမှန်ပါတဲ့... စိတ်ချမ်းသာကြပါစေကွယ်...

16 Mar 10, 22:23

နေစိုးနိုင်: စာလာဖတ်ပါတယ်ဘုရား

lknt: ဒကာလေး နေစိုးနိုင် ရေ... ကောင်းပါပြီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

15 Mar 10, 17:12

သစ္စာ: ဘုန်းဘုန်းဘုရား... မင်္ဂလာပါဘုရား။ တပည့်တော် မရောက်တာကြာပါပြီ ဘုရား။ ခုတလော စီဘောက်တွေမှာ တွေ့ နေရတဲ့ သစ္စာ ဆိုတဲ့ တစ်ယောက်နဲ့ တပည့်တော်နဲ့ နံမည်ချင်း ဆင်တူနေပါတယ် ဘုရား။ အဲဒါတပည့်တော် မဟုတ်ပါဘုရား။

lknt: ဟုတ်ပါတယ် သစ္စာရေ... ဘုန်းကြီးကတော့ မှန်းလို့ရပါတယ် တစ်ချို့ကတော့ မသိဘူးပေါ့... ရှင်းပြတာကောင်းပါတယ်... သစ္စာဆိုတဲ့ အမည်က လူကြိုက်များတယ်လေ... ဒီတော့ အသုံးများတာပေါ့... မိသားစုစိတ်ချမ်းသာကြပါစေ...

14 Mar 10, 01:14

Undertaker: ထွန်တုံးလက်ကျန် ဦးထင်ဝါဒ ဝိနိစ္ဆယ အစ-အဆုံးပါ ဘုရား http://sharebee.com /16dcd3ba ။...။ http://www.mirrorcreator.com/files/01XTWS5I /htunn_tone_winisaya.pdf_links နိုင်ငံတော် သီးခြားဝိနည်းဓိုရ်အဖွဲ့ အမှတ်(၁ဝ) ဆုံးဖြတ်ခဲ့တဲ့ ဝိနိစ္ဆယ ဟာဘာလဲဆိုတာ သိရင် ဖြေကြားပေးပါဘုရား ဝိနိစ္ဆယတွေကို စာရင်းလုပ်ထားတာ အဲဒါကျန်နေလို့ပါ ဘုရား

14 Mar 10, 15:15

lknt: Undertaker ရေ..အမှတ်(၁ဝ) ဝိနိစ္ဆယကို မသိပါ... စိတ်ချမ်းသာပါစေ... 12 Mar 10, 22:51

သိစေလို: http://www.mediafire.com/ ?nmhogyjjkmk

lknt: သိစေလို ရေ... ကိုယ်ရောစိတ်ပါ မျှတပါစေ...

12 Mar 10, 17:21

TBYO: လာရောက်လည်ပါတ်သွားပါတယ်... အရှင်ဘုရား...။

lknt: ကောင်းပါပြီ TBYO ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

11 Mar 10, 10:59

ဖြတ်သန်းခြင်း: ဆရာတော်ဘုရားရေ အားကိုးပါရစေ။ တပည့်တော် သိချင်တာလေးတစ်ခုရှိလို့ပါဘုရား။ တိုင်းပြည်အင်္ဂါးကိုးပါးဆိုတာ ဘယ်ပါဠိတော် ဘယ်ကျန်းဂန်မှာပါ ပါသလဲဘုရား။ ကျမ်းညွှန်းလေးသိရင် ညွှန်ပြပေးတော်မူပါဘုရား။ ကျေးဇူးတင်စွာဖြင်

11 Mar 10, 23:13

lknt: ဖြတ်သန်းခြင်း ရေ... တေသကုဏဇာတ်တော်၊ ပါ-ပ-၁-ဇာတက၊ ဋ္ဌ-ပ-အုပ်-၁၁၄၊ စတ္တာလီသနိပါတ်-၅၅၀ ဇာတ်တော်၊ မှာရှာရင် ရနိုင်ပါတယ်... အဆင်ပြေ စိတ်ချမ်းသာပါစေ...

9 Mar 10, 09:53

ရုရှားရောက် မြန်မာ: ပညာတော်သင်တဲ့လား http://www.photayokeking.org/Articlesmm/scholarship-in-russia-part-1.html

9 Mar 10, 08:32

ရတနာ: ကြိုဆိုပါတယ်

10 Mar 10, 20:52

lknt: ဒကာ ဒကာမအားလုံး စိတ်ချမ်းသာကြပါစေ...

8 Mar 10, 09:34

what is good things: ဘုန်းဘုန်းဘုရား ပုံတွေမပေါ်လို့မမြင်ရဘူးဘုရား။ စာတွေဖတ်သွားပါတယ်။ သိသင့်တာတွေသိရပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေဘုရား

lknt: what is good things ရေ... ကောင်းပါပြီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

7 Mar 10, 21:30

crystal: ဘုန်းဘုန်း- တပည့်တော် စာဖတ်ပြီး သိသွားပါတယ်ဘုရား။ မသိတာတွေ များပါသေးလား။ အလုပ်တွေ ရှုပ်နေလို့ ဘုန်းဘုန်းကို နေကောင်းလား မမေးရတာတောင် ကြာလှပေါ့။ ဘုန်းဘုန်းနေကောင်းပါစေလို့ အမြဲဆုတောင်းပါတယ် ဘုရား။

lknt: ဒကာမကြီး crystal ရေ... အမှန်တွေ များများသိအောင်လုပ် အမှားတွေ တွေ့သမျှဖယ်သွား... ဒါဆို အပူနည်းနည်းနဲ့ သံသရာ တိုသွားမယ်... ဒကာလေးကို စောင့်ရှောက်... အပျောက်မခံနဲ့... မိသားစုစိတ်ချမ်းသာပါစေ...

7 Mar 10, 21:10

zawaung: သီလရှင်ထားလို့ ကိုရင်တောင် ဘုန်းကြီးနဲ့တူတူစားလို့မရ ဘူးလို့ ထင်ပါတယ် ဘုရား။

lknt: ဒကာလေး zawaung ရေ... မှန်ပါတယ်ကွယ်... ဘုန်းကြီးကတော့ မြန်မာနိုင်ငံ ထေရ၀ါဒနည်းနဲ့ ရဟန်းဖြစ်လာခဲ့လို့ သည်နည်းကိုပဲ နှစ်သက်လို့... ထေရ၀ါဒဘုန်းကြီးချင်းပဲ ဆွမ်းအတူဘုဉ်းချင်တယ်... မဟာယာနဘုန်းကြီးနဲ့တောင် သိသိကြီးဆို မဘုဉ်းချင်ဘူးကွယ်... ရိုင်းတယ်ပြောပြော ခေတ်မမှီဘူးပြောပြော ဒါမျိုးကြီးနဲ့တော့ ခေတ်မမှီချင်တော့ပါဘူး... ထေရ၀ါဒ ဆဋ္ဌမူသာ မှန်ပါတယ်လို့ ခံယူနိုင်ရင် မဟာယာနနဲ့ တခြားအယူ ပါတ်သက်သမျှ အားလုံးကိုလည်း ပယ်သင့်တယ်ထင်တာပါပဲ... ခေတ်မှီဖို့ရာတစ်ခုလောက် အားနာတာ တစ်ခုလောက်နဲ့တော့ ပိဋကတ်သုံးပုံထဲက အရာတွေကို မပျက်ဆီးစေချင်တာ အမှန်ပါဘဲ... သူ့ မျက်နှာထက် မြတ်ဗုဒ္ဓမျက်နှာ ကြည့်ကြရမယ်မို့လား... ရေးသာရေးနေရတာပါ ကိုယ်လည်း ဘာမှကို မဘာပါဘူး... ဒီ ဘာမှမဟုတ်တာကလေးထဲက သူတော်ကောင်းဓါတ် ကိန်းသူ တစ်ဦးလောက် လှစ်ကနဲများ အမှန်မြင်လို့ နှစ်သက်သွားရင် အကျိုးရှိရချည်ရဲ့ဆိုပြီး ရေးနေတာပါ...

7 Mar 10, 20:40

မနက်ဖြန်: ဆရာတော် သိပ်ကောင်းတယ်ပို့စစ်ပါဘုရား။ ဆရာတော်ကျန်းမာပါစေ။

lknt: မှန်လှပါ အရှင်ဘုရား... မနက်ဖြန်အရှင်လည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုးသည်ပိုးနေတာ တွေ့ရတော့ ၀မ်းမြောက်လှပါတယ်ဘုရား... မျှတပါစေဘုရား....

7 Mar 10, 18:30

တပည့်မ: undertaker ရေ. မေးခွန်း၉ ခုနဲ့ အလုပ်ရှုပ်နေတဲ့ လူတွေကိုပါ သိစေချင်လို့ ရေးတာပါနော်. undertaker ကို ငြင်းတယ်လို့ပြောတာ မဟုတ်ပါဘူးကွယ်.

lknt: တပည့်မ ရေ... သည်လိုဖြေတာ ကောင်းတယ်ကွယ်... သာဓု...

7 Mar 10, 16:04

မောင်ကောင်း: ဆရာတော်ရဲ့ အရေးသားနဲ့ ဆုံးမမှုလေးတွေ သဘောကျ နှစ်ချိုက်မိပါတယ်.. အင်မတန် တန်ဖိုးရှိတဲ့ အဆုံးမတွေပါပဲ ဘုရား..။ ကိုယ်တော်ချောလည်း သနားပါတယ်.. ဆရာတော်ရေ.. တစ်ခါလောက်တော့ ဒေါသထွက်ပြလိုက်ပါအုံး ဘုရား..း) ဆက်လက်အားပေးရင်း ဦးတင်ကန်တော့ပါတယ်... ဘုရား... သာသနာ့အကျိုးကိုလည်း စောင့်ရှောက်ရင်း.. ကျန်းမာရေးလည်း ဂရုစိုက်ပါဦးဘုရား..။ ဓါးသွေးကျောက်လေးလည်း ပါးပြီးရင်းပါတော့မှာပါ.. ဓါးကတော့ ထက်မြဲပါပဲ..း)))..။

lknt: ဒကာလေး ကောင်ကောင်း ရေ... ပါရမီဆိုတာ ပြည့်လိုသူအတွက် ရှာဖွေပြီး ဖြည့်နေကြရမှာပါ... ကိုယ်တော်ချောက ထင်ပေါ်တော့ ပါရမီဖြည့်ဖို့ ရှာရဖွေရ လွယ်ကူသွားတာပေါ့... ပြောသာပြောရတာပါကွယ် တော်ကြာ ကိုယ်တော်ချောစိတ်ပေါက်လို့ စီဘောက်ကနေ ဆဲဘောက်ဖြစ်သွားဦးမယ်... မလုပ်နဲ့ ဘုန်းကြီးကဖြည့်ပေမဲ့ လာတဲ့ ဒကာဒကာမတွေ စိတ်ဆင်းရဲနေပါ့မယ်... မောင်ကောင်းလည်း စိတ်ချမ်းသာ ကိုယ်တော်ချောလည်း ကျန်းမာပါစေ...

7 Mar 10, 01:00

Undertaker: မတပည့်မရေ ငြင်းတာမဟုတ်ရပါဘူး၊ ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကိုယ်တိုင် မှားတယ်၊ မှန်တယ်သိချင်လို့ မေးတာပါ။

lknt: Undertaker တရားအမှန်သိလိုတာတွေ တွေ့ရတော့ ၀မ်းသာပါတယ်...

7 Mar 10, 00:27

တပည့်မ: undertaker ရေ. ခွေးဟောင်တဲ့ ခန္ဓာမရှိပဲ တရားရှုရတဲ့ ခန္ဓာ မပေါ်လာပါဘူး။ တနည်း သဘောခန္ဓာငါးပါးက ခွေးဟောင်တဲ့ ခန္ဓာပေါ်အမှီပြုပြီး ပေါ်လာရခြင်းပါ။ အဲဒါကို သဘောပေါက်ရင် အငြင်းပွားစရာအကြောင်း မရှိတော့ပါဘူးကွယ်။

6 Mar 10, 18:25

Undertaker: အရှင်ဘုရား စမ်းကလေးဝါဒဝိနိစ္ဆယ အစ-အဆုံးပါဘုရား ဝိနိစ္ဆယကို စိတ်ဝင်စားတဲ့ သူတော်ကောင်းများအတွက် http:// shareb ee.com /8ed b2e52 ကျောက်ပုံတောရဝါဒဝိနိစ္ဆယ အစ-အဆုံးပါဘုရား http:// share bee.com/b 9586 1a3 အရှင်ဘုရားတစ်ခုလောက် မေးလျှောက်ပါရစေ ပါဘုရား အမေမွေးတဲ့ ခန္ဓာကို တရားမရှုရဘူး၊ ခွေးဟောင်တဲ့ ခန္ဓာကို တရားမရှုရဘူးဆိုတာနဲ့ ပတ်သက်လို့ပါ။ စိတ်၊ စေတသိက်၊ ရုပ်တွေဟာ ခဏမစဲ ဖြစ်လိုက်၊ ပျက်လိုက်၊ အစားထိုးလိုက်နဲ့ နေတယ်ဆိုတာကို မိုးကုတ်ကမ္မဋ္ဌာနစရိယာဆရာတော် ဦးသုမင်္ဂလရဲ့ တရားတွေမှာနာရပါတယ်။ အဲဒီတော့ တပည့်တော်တို့ တရားရှုတဲ့အချိန်မှာဖြစ်တဲ့ ရုပ်ခန္ဓာတွေဟာလည်း ရှုသင့်တဲ့ခန္ဓာဖြစ်တယ်လို့ယုံကြည်မိပါတယ်။ ဂါရဝမဖြစ်တဲ့ စကားလုံးတွေပါရင် ခွင့်လွှတ်ပါဘုရား၊ ခွေးဟောင်တဲ့ခန္ဓာဆိုတဲ့နေရာမှာ- ခွေးဟောင်လိုက်တဲ့အချိန်မှာ ဖြစ်တဲ့ ရုပ်ခန္ဓာတွေဟာအသစ် အသစ် အစားထိုးလာတဲ့ ခန္ဓာဖြစ်တဲ့အတွက် အဲဒီခန္ဓာကို တရားမရှုရင် တရားမရဘူးဆိုတာနဲ့ပတ်သက်လို့ ဘုရားဟောနဲ့ ညီ မညီ သိပါရစေဘုရား။ အဲဒီခန္ဓာကို တရားရှုရင်တရားမရဘူးဆိုတာနဲ့ပတ်သက်လို့ဘုရားဟောနဲ့ ညီ မညီ သိပါရစေဘုရား။ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာရှုနည်းကျမ်းမှာလည်း သမာဓိအားကောင်းလာပြီဆိုရင်တော့ အတိတ်၊ အနာဂတ် ခန္ဓာတွေကို မှန်းဆပြီးရှုလို့ရတယ်လို့ ဖတ်ဖူးပါတယ်။

lknt: Undertaker ရေ... အမေမွေးတဲ့ခန္ဓာကို တရားမရှုရဘူး... ခွေးဟောင်တဲ့ ခန္ဓာကို တရားမရှုရဘူးဆိုတာကတော့... ခွေးဆိုတာက ပရမတ်ခန္ဓာကိုမသိဘူး သူသိတာက အထည် ပုံသဏ္ဍန်ကိုပဲ သိတာဖြစ်တဲ့အတွက် ခွေးဟောင်ခံရတဲ့ ပုံသဏ္ဍန်ကို တရားမရှုရဘူးလို့ ဆိုလိုပါတယ်... တရားရှုရမှာက ခန္ဓာငါးပါးကိုသာရှုရပါမယ်... ပရမတ်ရုပ်ခန္ဓာမှာတောင် ၀ိပဿနာ ရှုစရာမလိုတဲ့ အနိပ္ဖန္နရုပ် ၁၀-ပါး ရှိနေပါသေးတယ်... ကံစိတ် ဥတု အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်မဟုတ်တဲ့ ပညတ်ရုပ်တွေပါ...

ခွေးဟောင်တဲ့ခန္ဓာ မရှုရဘူးဆိုတာ သိသွားပြီးသည်နောက် ခန္ဓာငါးပါး အသစ်အသစ် ဖြစ်ပေါ်လာတာတွေကို ရှုရပါမယ်... ပုံသဏ္ဍန်မဟုတ်တဲ့ ခန္ဓာအစစ်ကို ရှုရပါမယ်... သီလ သမာဓိ ပညာ ပြည့်စုံတဲ့ ဆရာတော်ကြီးများရဲ့ အဆိုအမိန့်များကတော့ အထူးဆိုဖွယ် မရှိတော့ပါ...

6 Mar 10, 09:40

tit oo: အရှင်ဘုရား ကန်တော့ပါဘုရား ။ တပည့်တော် ညဂျူတီ ၂ရက်မို့  မနက်စာ ထမင်းကြမ်းလေးစားရင် အားနေတာနဲ့  သူမေးတဲ့  န၀မပေါက်ကရကို လက်ဆော့မိတာပါဘုရား။ တနည်းတော့လဲ အရှင်ဘုရားတို့ အရာမဟုတ်သေး။ သေးငယ်သောအရာလေး သာဖြစ်လို့  လဂွန်းအိမ်နဲ့  စီးချင်းမထိုးထိုက်ကြောင်း မင်းခေါင်ကို သူ့ ညီရှင် လျှောက်သလိုဘဲ လျှောက်ပရစေဘုရား။ အရှင်ဘုရားအေးစွာ စံနေပါဘုရား။ ဒီထက်ခက်လာရင်တော့ အရှင်ဘုရားဖြေပါဘုရား။

lknt: ဒကာလေး tit oo ရေ... ဒကာလေးက ဘုန်းကြီးကို အဆင့် အရမ်းမြှင့်ပလိုက်တော့ ခုချိန်ထိ ရယ်လို့ မဆုံးဘူး... ကောင်းတယ် ကောင်းတယ်... သံချပ်ကာ အင်္ကျီ ထူထူ ၀တ်ထား... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

6 Mar 10, 09:08

မောင်ကောင်း: ... အရှင်ဘုရား.. စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါစေ..။

lknt: ကောင်းပါပြီ ဒကာလေး မောင်ကောင်း ရေ... စိတ်ချမ်းသာပါစေ...

5 Mar 10, 21:11

သစ္စာ: ဆူနာမီဆရာတော်နှင့်ပတ်သက်၍: ကိုအလှတရား၏ စွပ်စွဲပြောကြားချက်များ အပါ် ရှင်းပြခြင်း http://trueanswer.multiply.com/journal/item/3/3 ဆူနာမီဆရာတော်နှင့် ပတ်သက်၍: မှန်မှန်ကန်ကန် သိရှိလိုသူများအတွက် http://trueanswer.multiply.com/journal/item/4/4 ဆ၇ာတော် ဦးလောကနာထ အရှင်သူမြတ်ဘုရား မေးခွန်းပုစ္ဆာ( ၉ )အား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။ http://trueanswer.multiply.com/journal/item/5/5

6 Mar 10, 05:19

အလှတရား: သစ္စာအမေးကို ဆရာတင့်ဖြေကြားပြီး ဖြစ်ပါတယ်ဘုရား

lknt: ကောင်းပါပြီ ဒကာလေး အလှတရားရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေ...။

သစ္စာ ရေ... ဒီအချိန်မှာ ဘုန်းကြီးက အမေးခံ ပုဂ္ဂိုလ် မဟုတ်ပါဘူးကွယ်... မေးပါဆိုပြီးတော့လည်း မဖိတ်ခေါ်ဝံ့တာအမှန်ပါ ကိုယ်က ရဟန္တာလည်းမဟုတ် ဓမ္မ အာစရိယလည်း မဟုတ်သေးတော့... မှားပြီးပြောရင် အကုသိုလ်ဖြစ်မှာစိုးလို့... သစ္စာကိုငဲ့ညှာပြီး ရေးတဲ့သူတွေ ရေးပေးပါလိမ့်မယ်... အေးအေးပဲ နိုင်သလောက်ကလေးပေါ့ ကုသိုလ်ယူနေပါတယ်... သာသနာနဲ့ မလျှော်တာတွေ့ရင် ပြောချင်ပြောမယ်... အတော်ကိုပြောချင်နေတာပါလေ လက်ကလေးတွေ ယားနေတယ်...

ဒကာလေးသိချင်တာတင်မက တစ်ကမ္ဘာလုံးက လူတွေ လေ့လာဖို့ အမှန်တရားလို့ ယူဆထားတဲ့ ဆဋ္ဌမူအတိုင်း တရားတော်တွေကို ဘလော့ စာမျက်နှာတွေ ဖွင့်ပြီး တင်ပေးထားပါပြီ သိချင်တာတွေ ရှာဖတ်ကြပါကွယ်...

ဖတ်ပြီးနောက် အမှားတွေ ပြောဟော လုပ်လာရင်တော့ အမှန်ကို လူတွေသိအောင် ဖွင့်ပြမယ် စိတ်ကူးပါတယ်... ဒဿနခရီးစဉ်မှာ ဆူနာမီဆရာတော်နဲ့ ပါတ်သက်ပြီး တင်ပြထားတဲ့ပုံတွေ မှားနေတယ်ဆိုရင်တော့ ထောက်ပြ ပြင်ပြပေးပါ ကျေးဇူးတင်ပါတယ်... ယခင်ပို့စ်...

လုပ်တဲ့ ဆူနာမီဆရာတော်ဘက်က မှားတယ်ဆိုရင်တော့ သံဃာတော်တွေကို တောင်းပန် နောက်မလုပ်နဲ့တော့... (သံဃာတော်တွေကိုနော်...) ဒါဆို ဒီကိစ္စတစ်ခု ပြီးသွားပါပြီ... ဒါကြီးကိုမှ အမှားလို့ မမြင်ဘူးဆိုရင်တော့... ငါ့ရှင် ဟိုဆရာတော်က ထိုဆရာတော်ကို ပြောသလို ပြောရတော့မှာပါပဲ သစ္စာရယ်... ဘုန်းကြီးကတော့ မပြောလိုပါဘူး...

သာသနာနဲ့ မလျှော်ဘူးလို့ထင်တာလေး တစ်ခု ထပ်တွေ့ရပြန်တယ် မနက်ဖြန်ရေးမယ် စိတ်ကူးထားပါတယ်...

ဆရာတော်နဲ့အတူ သာဝကများ ဘေးရန်ကင်းကြပါစေ...

ဦးလောကနာထ

၅.၆.၂၀၁၀

5 Mar 10, 16:07

ကိုယ်တော်ချော: ဆရာတော် တန်းခိုးတော် မပြနိုင်လို့ မကြာမီ သေပါတော့မည် .... ငရဲပြည်လည်းပျောက် နတ်ပြည်လည်းပျောက် နိဗ္ဗာန်ကလည်း ဘာမှ မရှိ… ဘာမှမရှိတဲ့သူများ အမေ၇ိကန်/ အနောက်နိုင်ငံ သွားဖို့ သူတို့ကြိုးစား… သင်္ကန်းကို အရောင်ပြ … ဒီဘ၀မှာတင် အစားချောင်ရုံ/ အနေချောင်ရုံ ကျေနပ်ပါပြီးဗျ… ဂတုံးဘုန်း ဆရာတော် တန်းခိုးတော် မပြ ဘောတော်ကျလို့ သေပါတော့မယ် ခင်ည

5 Mar 10, 17:10

lknt: မမြင်ရတာကြာပေါ့ ဒကာလေး ကိုယ်တော်ချောရယ် ကျန်းမာပါစေ...

CBox မှ ရှေးဟောင်းမှတ်တမ်းများ…၃

3 Mar 10, 08:14

သစ္စာ: ဘုန်းဘုန်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။

lknt: သစ္စာ ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

3 Mar 10, 04:36

ကိုရင်ကိုမင်း: ဆရာတော်ဘုရား ကျန်းမာပါစေ။ ဆရာတော်ဘုရား ကျန်းမာပါစေ။ ကံ ကံ၏အကျိုး နှင့် ၃၁-ဘုံ ကို ဖတ်ရတာ ယုံကြည်မှု ပိုအားကောင်းလာပါတယ် ဘုရား။

lknt: မှန်ပါတယ် ကိုရင် ကိုမင်း ရေ... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...

1 Mar 10, 20:19

kyawswar: ဆရာတော် အမြန်ဆုံးကျန်းမာ ပြီးသာသနာတော် အကျိုး ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ ဘုရား

lknt: ဒကာလေး kyawswar ရေ... ဒကာလေးလည်း ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ..

1 Mar 10, 08:39

Dream: အလည်လာရောက် ပြီး ဖတ်သွားပါတယ် ဘုန်းဘုန်း..... ဘုန်းဘုန်းလဲ ကျန်းမာချမ်းသာပြီး သာသနာ့ တာဝန်တွေ ဒီထက်ဆက်ပြီး ထမ်းရွက်နိုင်ပါစေ

lknt: ဒကာမကြီး Dream ရေ... စိတ်ဆင်းရဲခြင်း ကင်းဝေးပါစေ...

1 Mar 10, 07:22

Nyein Nyein Htwe: ဘုန်းဘုန်း။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းဖြင်. ပြည်.စုံပါစေဘုရား။

lknt: ကောင်းပါပြီ ဒကာမကြီး Nyein Nyein Htwe ရေ... ဒကာမကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

1 Mar 10, 05:47

soe: ရိုသေစွာ ဦးတင်ပါတယ် အရှင်ဘုရား၊ ကိုလင်းထက်အောင်ကို အရှင်ဘုရားရှင်းပြထားတာရယ် အလှတရားဆိုဒ်မှာ အလှတရားရဲ့ ညွန်းဆိုမှုကြောင့် ကြည့်ဖြစ်ခဲ့တဲ့ ကွန်မင့်မှာ အရှင်ဘုရားရဲ့ အမြင် စတာတွေကို ဖတ်ရှုရပြီး တပြည့်တော်အမေးကိုလည်း သွယ်ဝိုက်သောနည်းနဲ့ ဖြေဆိုပြီးသားဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ဘုရား၊ တစ်တီတူးလို ဆိုးရိမ်လွန်ကဲမိတဲ့ တပြည့်တော်အား နားလည် ခွင့်လွှတ်တော်မူပါ အရှင်ဘုရား၊ အရှင်ဘုရား၏ အဆုံးအမကို ရိုသေစွာနာခံပါကြောင်း လျောက်ထားအပ်ပါတယ် ဘုရား၊

lknt: ဒကာလေး soe ရေ... ဒကာလေး စိုးရိမ်လွန်ကဲတယ်လည်း မဟုတ်ပါဘူး... မမှားဖို့ သတိထားတာကတော့ ကောင်းပါတယ်... ဘုန်းကြီးတို့ လုပ်သင့်တာတွေ လုပ်ကြဖို့ မလုပ်သင့်တာတွေ မလုပ်ကြဖို့ လိုအပ်ပါတယ်... ဒါကြောင့် များများ လေ့လာတာ ကောင်းပါတယ်... ဒကာလေးလည်း သာသနာကို စောင့်ရှောက်နိုင်ပါစေ... စိတ်ချမ်းသာပါစေ...

1 Mar 10, 05:40

lynnhtetaung: ၀မ်းမြောက်မိပါသည် ဘုရား ကျေးဇူးလည်းအထူးတင်မိပါသည် ဘုရား အရှင်ဘုရားနှင့် တကွ သာသနာကို စောင့်ရှောက်နေသော ပုဂ္ဂိုလ်များ ဆထက် တပိုး စောင့်ရှောက်နိုင်ကြပါစေ ဘုရား အရှင်ဘုရား ကျမ္မာချမ်းသာပါစေ ဘုရား၊

lknt: ဒကာလေး lynnhtetaung ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

1 Mar 10, 05:35

ထက်: အရှင်ဘုရား ကျန်းမာပါစေ.

lknt: ထက် ရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...

28 Feb 10, 20:00

E S: ဆူနာမီဂယက်ကို ဖတ်ရှု့သွားပါသည် ဘုရား။ မြတ်ဗုဒ္ဓရဲ့ဓမ္မအစစ်အမှန် တည်တန့်ပြန်ပွား ထွန်းကားရေးအတွက် များစွာအထောက် အကူ ဖြစ်စေပါတယ်။ လူအများလည်း အမှားအမှန်ကို ခွဲခြားနားလည်စေနိုင်လို့ အလွန် အကျိုးကျေးဇူး များလှပါသည် ခုရက်ပိုင်း အလုပ်မအားတာကြောင့် ဆရာတော်စာမျက်နှာဘက်ကို မရောက်ခဲ့ပါ။ မန္တလေးက ပြန်ရောက်လာရင် စုစည်းထာ သော tkz ဆရာတော်၏ စာမျက်နှာများကို pdf ဖြင့် ပို့ပေးပါမည်ဘုရား။ ဆရာတော် ကျန်းမာ ရွှင်လန်းပါစေ။

lknt: ကောင်းပါပြီ E S ရေ... ဒါကြောင့် မတွေ့တာကိုး... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...

28 Feb 10, 08:41

soe: အရှင်ဘုရား တပြည့်တော်အား သွန်သင်တော်မူပါဘုရား၊ လူက သံဃာကို(အကျင့်မှားနေတဲ့) ဝေဖန်ရင် ဘယ်လိုအကျိုးဖြစ်မလဲဘုရား၊ ဝေဖန်သင့်ပါသလားဘုရား၊ တပြည့်တော်တို့က ဓမ္မအသိတွေကို လေ့လာဆည်းပူးနေသူတွေဖြစ်တော့ ဆရာစုံရဲ့တရားတွေကို နာယူရပါတယ်ဘုရား၊ အဲဒီအထဲက ကိုယ်က ချွတ်ချော်နေတယ်လို့ မြင်တဲ့အပိုင်းကို ဝေဖန်ရင် သံဃာကို စော်ကားရာ ရောက်မလားဘုရား၊ တပြည့်တော်မှာ စွဲနေတာတခုက သံဃာဟာ ပါရာဇိကမကျသေးသမျှ သံဃာဖြစ်နေသေး တာမို့ အဲဒီသံဃာကို ဆရာလုပ်မိရင် စိတ်က ပြစ်တင်မိရင် အပြစ်ဖြစ်မယ် မဂ်တားဖိုတားဖြစ်မယ်လို့ တွေးမိနေလို့ တပြည့်တော်ရဲ့ အဲဒီအသိ မှန်မမှန် လိုအပ်နေသေးတယ်ဆိုရင်လဲ ဘယ်လို လိုအပ်နေသေးကြောင်းကို သွန်သင်တော်မူပါ အရှင်ဘုရား၊ အရေးကြုံတိုင်း ဦးတိုက်မေးလျောက်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဘုရား၊ အရှင်ဘုရား ကျမ္မာချမ်းသာပါစေ ဘုရား၊

lknt: ဒကာလေး soe ရေ... ဒကာလေး လင်းထက်အောင်ကို ဖြေပေးထားတာနဲ့ တူပါလိမ့်မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

28 Feb 10, 01:53

flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ် ဘုရား။

lknt: ဒကာမကြီး flowerpoem ရေ... ကောင်းပါပြီ စိတ်ချမ်းသာပါစေ...

26 Feb 10, 03:30

lynnhtetaung: Currently , in Internet ,we heard frequently about discussion with (ဆူနာမီဆရာတော် ဦးဥတ္တမသာရ အရှင်သူမြတ်) about some complicated situation associate with Dhamma problem and some personal Monk Rules and regulation effects, I would like to request Sayardaw,How can effect the people if they discuss with that Situation associate with monk's rule and regulation and Dhamma whether it is true or not. As a non related monk, normal person ,should do or not with the complicated situation associate with monk and ,Was there any example at the present of Buddha, With respectfully Sayardaw , ရိုသေစွာ လျှောက်ထားအပ်ပါသည် ,Lynn htet aung Normally, in my mind, Should do and but exactly want to know, effect with some examples at Buddha lecture

lknt: ဒကာလေး လင်းထက်အောင် ရေ...

ဆူနာမီဆရာတော်၏ အသံတရားများ ပုံများ တရားစာများကို အွန်လိုင်း ဘလော့များ ဖေ့စ်ဘွတ်များပေါ်တွင် အတင်များလာသည့်အတွက် စောင့်ကြည့်သူများ ရှိလာပြီးနောက် အမှားများကို ဆက်တိုက် ဖေါ်ထုတ်လာကြပါတယ်... ဆရာတော်ဘက်ကလည်း ဖြေရှင်းမှု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်... အဖြေများ အားရမှု မရှိကြသည့်အတွက် ဆက်လက်ပြီး အမှန်ကိုဖေါ်ထုတ်ဖို့ ကြိုးစားနေကြတာတွေ တွေ့ရပါတယ်... ဓမ္မလော ၀ဂ်ဆိုက်မှာကတော့ အားလုံးကို စုစည်းထားတာ မြင်ရပါတယ်...

ဆွေးနွေး ပြောကြားမှုတွေနဲ့ ပါတ်သက်ပြီး... ဟိုဘက်ဒီဘက် လိုအပ်ချက်ဆိုတာကတော့ ရှိနေမှာပါပဲ... ဒီထဲကနေပြီးတော့မှ ကောင်းမွန်တိကျတဲ့ အဖြေတွေကို ဆွဲထုတ်သွားကြရမှာပါ... ပြုလုပ်သမျှ အကျိုးမဲ့မဖြစ် အရာရာဟာ သက်ရောက်မှု အကျိုးတရားတွေ ရှိနေပါတယ်... ဒါဟာ မြတ်ဗုဒ္ဓဟောကြားတဲ့ ကံ ကံ၏အကျိုး ဆိုတာပါပဲ...

ဘုန်းကြီးတစ်ပါး သိက္ခာသုံးပါး မလေးစားပဲ ၀ိနည်းကို ဖေါက်ချင်သလိုဖေါက် အဓမ္မကို ဓမ္မ... ဓမ္မကို အဓမ္မပါလို့ ပြောဟော နေထိုင်လာတဲ့အတွက်... အသိပညာရှိတဲ့လူတွေ မြတ်ဗုဒ္ဓရဲ့ဓမ္မကို မြတ်နိုးသူတွေက ပြောဆို အပြစ်ပြလာပြီဆိုရင်... ***ဘုန်းကြီးတို့ အနိုင်ယူတဲ့စကားလုံးကတော့... မင်းတို့ ငါ့ကို အပြစ်မပြောကြနဲ့နော် ငါက ရဟန်း မင်းတို့က လူ... ဆူးပေါ်ဖက်ကျ ဖက်ပေါက်... ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်ပဲနော် ဟင်းးး ဘာမှတ်နေလဲ... ဆိုပြီး ဒီလိုပဲ ပြောကြ ကာကြတာ သဘာဝပါပဲ...

ကဲ ကြည့်မယ်... ဒို့ ကို မြတ်ဗုဒ္ဓက (၀ိနည်း-စည်းကမ်း) ဒါမလုပ်ရဘူးရယ်လို့ ၂၂၇-ခု ထုတ်ပြန်ထားတယ်... သည်လိုထုတ်ပြန်ရခြင်း အကြောင်းကတော့... ဘိက္ခုအမည်ခံပြီး ဘိက္ခုနဲ့မတူလို့... ရဟန်းတွေ သူတော်ကောင်းတရားနဲ့ မညီလို့ မနေခဲ့လို့... အသိဉာဏ်ရှိတဲ့သူတွေရဲ့ အပြစ်ပြ ကဲ့ရဲ့မှုကြောင့် ဖြစ်ပါတယ်... သည်လူတွေ ကဲ့ရဲ့တာကို မြတ်ဗုဒ္ဓက လက်ခံပြီး သားတပည့် ဘုန်းကြီးများကို ၀ိနည်းစည်းကမ်းတွေ ထုတ်လိုက်ပါတယ်... ၀ိနည်းစည်းကမ်း မထုတ်ခင်ကတောင် သူတော်ကောင်းများက ကဲ့ရဲ့ကြသေးတာဆိုတော့... ၀ိနည်းစည်းကမ်း သတ်မှတ်ချက် ရှိပြီးနောက် ပိုပြီးတော့တောင် တိတိကျကျ ကဲ့ရဲ့ အပြစ်ပြသင့်ပါတယ်... ဒါဟာ မြတ်ဗုဒ္ဓ သာသနာကို ထောက်ပံ့နေခြင်း သာသနာသက်တမ်းရှည်အောင် ပြုလုပ်ကြခြင်း ဖြစ်ပါတယ်...

ပထမ ပါရာဇိက ကျူးလွန်သူ= အရှင်သုဒိန်...

ကဲ့ရဲ့သူ= နတ်နှင့် ရဟန်းများ...

အမှု= ဘိက္ခုနှင့် မလျှော်- မေထုန်မှီဝဲခြင်း...

ဒုတိယ ပါရာဇိက ကျူးလွန်သူ= အရှင်ဓနိယ...

ကဲ့ရဲ့သူ= မင်းနှင့် ပြည်သူ ရဟန်းများ...

အမှု= ဘိက္ခုနှင့် မလျှော်- သစ်ခိုးမှု... (ရွှေတစ်မတ်သား တစ်မတ်တန်ဖိုး အထက်)

တတိယ ပါရာဇိက ကျူးလွန်သူ= ရဟန်းအများ...

ကဲ့ရဲ့သူမရှိ ညီတော်အာနန် တောင်းဆိုမှု...

အမှု= မလုပ်သင့်သော မိမိကိုယ်ကို သတ်သေမှု...

စတုတ္ထ ပါရာဇိက ကျူးလွန်သူ= ရဟန်းဆိုး ကြီးငယ်များ...

ကဲ့ရဲ့သူ= မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်...

အမှု= ဘိက္ခုနှင့် မလျှော်- ဈာန် မဂ်ဖိုလ်မရှိပဲ လိမ်လည်မှု...

ဒီသိက္ခာပုဒ်မှာ ကဲ့ရဲ့သူမရှိ ဖြစ်နေတယ် အံသြစရာပါပဲ... မြတ်ဗုဒ္ဓကိုယ်တိုင်က ကဲ့ရဲ့မှပဲ သိကြရတယ်... လူတွေဟာ ကိုယ်အလိမ်ခံရတာကို အလိမ်ခံရမှန်း မသိကြဘူး... ဒီနေရာမှာ ဘုရားမဟုတ်ပဲ တခြားလူကပြောရင် အလိမ်ခံရတဲ့သူတွေက ရန်လုပ်ကြဦးမှာပါ...

သိက္ခာပုဒ်များဆဋ္ဌမူရင်း...

သည်လေးခုကိုပဲ ကြည့်မယ်ဆိုရင်တောင် နှစ်ခုက နတ် လူ ရဟန်းများ၏ ကဲ့ရဲ့မှု... မြတ်ဗုဒ္ဓကတော့ ဆောင်ရမဲ့သီလ ရှောင်ရမဲ့သီလ ဖေါက်ဖျက်သူမှန်သမျှကို ကဲ့ရဲ့တော်မူပါတယ်...

စိတ္တသူကြွယ် ကလည်း ကဲ့ရဲ့တော်မူပါတယ်...

ကျောင်းအမကြီး ၀ိသာခါ ကလည်း ကဲ့ရဲ့တော်မူပါတယ်...

အနာထပိဏ် သူဌေးကြီး ကလည်း ကဲ့ရဲ့တော်မူပါတယ်...

ထို့အတူသာပင် သူတော်ကောင်းတွေ အားလုံးက ကဲ့ရဲ့တော်မူကြပါတယ်...

ဒါတွေကိုထောက်လိုက်လို့ ဗုဒ္ဓဘာသာဝင်မှန်သမျှ ဗုဒ္ဓဘာသာကို ဖျက်ဆီးရင် မတော်တာတွေပြုနေရင် အပြစ်ပြပြီး ပြောဆို ဆုံးမလို့ ရပါတယ်... စေတနာရှေ့ထား ပြောကြသည့်အတွက် ဒကာဒကာမများမှာ အပြစ်မဖြစ်သည့်အပြင်... ဗုဒ္ဓသာသနာရဲ့ အဆီအနှစ်တွေကို သုံးဆောင် ခံစား စံစားနိုင်ကြပါလိမ့်မယ်... ဘာလို့ဆို ဒီကလေးတွေ အမှန်တရားသိဖို့ တရားတွေ အများကြီးဖတ်မှတ် ကျင့်နေကြရတယ်... လေ့လာနေကြရပါတယ်...

ရဟန်းတော်များက သာသနာကို စောင့်ရှောက်နေကြသလို လူဝတ်ကြောင် ဒကာဒကာမများကလည်း စောင့်ရှောက်ကြပါလို့ မှာချင်ပါတယ်... မိတ်ဆွေ သူငယ်ချင်းများကိုလည်း အလယ်လမ်းမှန်ပေါ် လျှောက်ကြဖို့ ဖိတ်ခေါ်ကြပါ...

ရပ်ကွက်တစ်ခုမှာ လူဆိုးဝင်ရင် မြင်တဲ့သူက အချက်ပြရပါတယ်... လူစုရပါတယ်... အော်ရပါတယ်... ၀ိုင်းဖမ်းရပါတယ်... ရဲစခန်းပို့ရပါတယ်... နောက်တရားရုံးကို ပို့ရပါတယ်... ဒီတော့မှ တရားသူကြီးက အမှုစစ်လို့ အမိန့်ချမှာပါ...။ တရားသူကြီး လူဆိုးကို ဆင်းမဖမ်းလို့ အပြစ်မတင်ပါနဲ့ သူ့အပိုင်း မရောက်သေးပါဘူး... ဒီတော့ အားလုံး ကိုယ့်အလုပ် ကိုယ့်အပိုင်း ဆက်လက်ပြီးတော့သာ ထမ်းဆောင်ကြပါလေ...

ဦးလောကနာထ

၂.၂၈.၂၀၁၀

26 Feb 10, 14:27

အလှတရား: အရှင်ဘုရား၊ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီးက ယောဂီတချို့ တရားအားထုတ်ရင်း သင်္ခါရုပေက္ခာဉာဏ်လောက် ရောက်ရင် အချို့ရောဂါတွေ ပျောက်ကင်းကုန်တာကို တွေ့ရတယ်လို့ မကြာမကြာ မိန့်တယ်ဘုရား... ၀န်ကြီးချုပ်ဦးနုကတော့ သာသနာ့ ရိပ်သာမှာ သင်္ခါရုပေက္ခာဉာဏ် ရအောင် အားထုတ်လာတယ်လို့ သူ့အထုပ္ပတ္တိမှာ ရေးထားတယ်ဘုရား။ အရှင်ဘုရားကတော့ အာစိဏ္ဏကံ ကုသိုလ်တွေ များများရှိတယ်ဘုရား.. တပည့်တော်တို့က သာပြီးဂရုစိုက်ရမှာပဲဘုရား ကျန်းမာပါစေ။

lknt: ဒကာလေး အလှတရား ရေ... သာဓုပါ... ရအောင် ကြိုးစားကြရမှာ လိုချင်သူများအလုပ်ပေါ့... တရားတော်က အမှန်အားကိုးထိုက်တယ်ဆိုတာ လက်တွေ့ပါပဲ ဒကာလေး... ဒီစကား ဒီတရားလေး စလာတော့ ဒကာမကြီးတစ်ယောက်နဲ့ ပြောတာ သတိရမိတယ်... ကျောင်းလာတဲ့ ဒကာမကြီးက မေးဖူးတယ်... အရှင်ဘုရား အသည်းကင်ဆာလို့ သိရတော့ မကြောက်ဖူးလားတဲ့... ဒီတော့ ဘုန်းကြီးကလည်း အမှန်အတိုင်း ဖြေတာပေါ့ မကြောက်ဖူးလို့... ဒီတော့ သူက ဘုန်းကြီး သင်ခဲ့ဖူးတဲ့အတိုင်း စာပေအတိုင်းသိနေတော့... အရှင်ဘုရားကလည်း မကြောက်တာက အနာဂါမ်ကျမှပဲ... စာသိတဲ့သူက စာနဲ့တော့ တိုက်ပြန်တာပဲနော်... ဒါပေမဲ့ တိုက်ရမှာပါပဲ... စာတစ်လုံး ဘုရားတစ်ဆူ ဒါကမှတ်ကျောက်ပဲကိုး... ဒါဆို အရှင်ဘုရားက အနာဂါမ်လားတဲ့... ဘုန်းကြီးက အားပါးတရ ဖြေလိုက်တယ် မဟုတ်ဖူးလို့... ဒီတော့ ဒကာမကြီး ရယ်ပါလေရော... ဟုတ်တယ်ဒကာလေးရဲ့ ဘုန်းကြီးတို့နဲ့အတူ တရားကျင့်နေသူများအတွက် ရိုးသားမှုက အရေးကြီးလှပါတယ်... ဘုန်းကြီးက အနာဂါမ် မဟုတ်ပဲပေါ့ မှိန်းနေမယ်ဆိုရင် တရားတက်ဖို့ ဝေးသွားပြီကွဲ့... ရဟန်းများအနေနဲ့ဆို ရဟန်းမဟုတ်တော့ဘူးလို့ ခေါ်ဆိုရတဲ့ ဥတ္တရိမနုဿဓမ္မ ပါရာဇိကကျသွားနိုင်တယ်...( No.4)... ဒီလိုပြောင်ကြီးမေးလာရင် အရင်းရှုံးခံပြီး မနေရဲပါဘူး...

ဒီတော့ ဒကာမကြီးဘက်က မေးစရာရှိလာတယ်... အရှင်ဘုရားက ဘယ်လို မကြောက်တာလဲတဲ့...

ဘုန်းကြီးမှာက ခုစာရေးနေချိန်လေးထိ မကြောက်တာလဲ အမှန်ပဲ...

ခုစာရေးနေချိန်လေးထိ အနာဂါမ် မဟုတ်တာလည်း သေချာလောက်ပါတယ်...

အနာဂါမ်တို့ မကြောက်ခြင်းကတော့ ဒေါသကုန်လို့ မကြောက်ခြင်းဖြစ်တဲ့အတွက် ဘယ်တော့မှ ဘယ်လိုမှကို ဆိုတာလို မကြောက်တော့ဘူး ပြောရမယ်ထင်တယ်... အတိုင်းအတာ မရှိတော့ဘူးပေါ့... ကိုယ့်ဟာကိုယ် အဖြေထည့်ကြမယ်... ဥပမာ... ခန္ဓာကိုယ်မှာ ဗုံးတွေ ချည်ပြီး လူအများကို လုပ်ကြံတဲ့သူတွေလည်း မကြောက်တဲ့သဘော ရှိတာပဲ... မီးနင်းတဲ့ကုလားတွေလည်း မကြောက်တဲ့သဘောရှိတာပဲ... အကုသိုလ်ပြုနေတဲ့ သူတွေလည်း မကြောက်တဲ့သဘောရှိတာပဲ... မကြောက်ခြင်းတွေကတော့ အများကြီး ရှိဦးမှာပါ... ခရီးရှည်တစ်ခုကို သွားခါနီး ကိုယ့်ရှိတဲ့ ရိက္ခာလေးနဲ့ သည်ခရီး လုံလောက်ပါတယ်လေဆိုပြီး မကြောက်မရွံ့ သွားရဲတဲ့သူလည်း ရှိတာပဲ... ရိက္ခာမလုံလောက်သူများကတော့ သွားရမှာ ကြောက်သွားပြန်ရော... မိမိသီလလေးဆင်ခြင်ပြီး ကိုယ့်သတ်မဲ့မြွေကို ကိုယ်ကမသတ်တော့ပဲ မကြောက်မရွံ့ သေခြင်းရင်ဆိုင်ရဲတဲ့သူတွေ.... အမျိုးမျိုးသော အကြောင်းကြောင့် မကြောက်ကြဘူး... ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိသာပါ... ဒါတွေကတော့ ကိလေသာတောထဲကနေ မှန်ကန်စွာကော မှားယွင်းစွာကော မကြောက်တဲ့ သဘောတွေ... အနာဂါမ်တို့ မကြောက်ခြင်းနဲ့တော့ လုံးဝ မတူဘူးပေါ့လေ... မှာလိုက်ပါသည်... သံသရာခရီးခဲ သွားနေကြတဲ့ သတ္တ၀ါတွေအားလုံး ကိုယ့်ရိက္ခာ ကိုယ်စုထားပါ... ရိက္ခာနည်းရင် ကြောက်ရွံ့စိတ်တွေ ပိုများပါလိမ့်မယ်... ရင်ဆိုင်ရပါလိမ့်မယ်... အရပ်လေးမျက်နှာကနေ ဘယ်သူမှ ရှောင်လွှဲမရတဲ့ ဘေးမျိုးစုံတွေ လာနေပါပြီ... ခုဒီဘက်မှာတော့ သဘာဝဘေးဖြစ်တဲ့ ငလျှင်တို့ ဆူနာမီဘေးတို့ ကြောက်လို့ ရိက္ခာတွေ လုဝယ်နေကြပြီ.... ကိုယ်စီကိုယ်ငှ အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတော်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...

ဦးလောကနာထ

၂.၂၈.၂၀၁၀

25 Feb 10, 23:32

crystal: ဘုန်းဘုန်း နေကောင်းသွားမှာပါလို့ ယုံကြည်နေပါတယ်ဘုရား။ သာသနာအပေါ် ထားရှိတဲ့စေတနာကြောင့် ရုပ်တွင် ခံစားနေရသော ရောဂါများသည် ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ လွင့်စင်ပျောက်ကင်းပါစေ သတည်း။

lknt: လောလောဆည် မျှတပါတယ်... ဒကာမကြီး crystal ရေ... မိသားစု ငြိမ်းချမ်းပါစေ... အမိကိုလည်း ဂရုစိုက်ပါလေ...

25 Feb 10, 20:32

ကြာဖြူ: အရှင်ဘုရား တပည့်တော် မြန်မာပြည် ခဏပြန်သွားသဖြင့်.. ဆရာတော်ဘုရား၏ ဆိုဒ်ကို မလာရောက်တာကြာပါပီ ဘုရား.. ဆရာတော်ဘုရားအမြန်ဆုံး ကျန်းမာပါစေဘုရား... ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေဘုရား တပည့်တော်ကို ရိုသေလေးစားစွာ ရှိခိုးလိုက်ပါတယ် ဘုရား... ဆရာတော်ဘုရား အမြန်ဆုံး ကျန်းမာစွာနဲ့ သာသနာ အကျိုး ဒီ့ထက်ပိုပြီး ဆောင်ရွက်နိုင်ပါစေ ဘုရား.....

lknt: ဒကာမကြီး ကြာဖြူ ရေ... မမြင်တာကြာတာ ဒါ့ကြောင့်ကို... ၀မ်းသာပါတယ် ကိုယ်ရောစိတ်ပါ မျှတပါစေ...

25 Feb 10, 02:46

ညခင်း: ဘုန်းဘုန်းစာလာဖတ်ပါတယ်။ ဘုန်းဘုန်း ကျန်းမာစွာနဲ့ သာသနာဝန်ကို ဆောင်ရွက်နိုင်ပါစေ။

lknt: ကောင်းပါတယ်... ဒကာမကြီး ညခင်း ရေ... ဒကာမကြီးတို့ တူအရီး စိတ်ချမ်းသာပါစေ...

tint: အရှင်ဘုရား ရုပ်ကိုဆောင်တာ ကံစိတ်ဥတု အဟာရပါဘုရား။ ကံဆိုတာမှာလဲ အရှင်ဘုရား ခုနေခါ ကုသိုလ်တွေသာ လုပ်နေတာမို့  ပစ္စုပ္ပန်ကံ ကောင်းပြီးပါဘုရား။ ဆေးရုံကလဲ သူတို့ တာဝန်ကျေမဲ့ အရပ်ပါ ဘုရား ။ဥတုကလဲ ခုနေခါနွေပေါက်လာပြီမို့  နွေးစလေး ပြုလာပြီဘုရား စိတ်နဲ့  အဟာရသာ မျှတအောင် နေတော်မူပါဘုရား ။ မပျောက်ကင်းစရာ မရှိပါဘုရား

lknt: ဒကာလေး tint ရေ... ကံ စိတ် ဥတု အာဟာရာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်ကုန်သော ခန္ဓာငါးပါး သင်္ခတတရားတို့သည် ဖြစ်ပြီးလျှင်ပျက်ရ မမြဲလှသဖြင့် အနိစ္စ သဘောရှိကုန်၏... လို့... ဆိုထားတာပဲလေ... ဒီတော့ ဒကာလေးပြောသလိုပဲ... စိတ်ရယ် ဥတုရယ် အာဟာရရယ် ပြုပြင်နိုင်ရင် ကောင်းကံအသစ်တွေ ဖြစ်လိမ့်မယ်... အတိတ်က အကုသိုလ်အကျိုးပေးကတော့ သူ့အတိုင်းပေါ့... အသစ်ကံတွေ ကောင်းအောင် ပြုပြင်သွားပါ့မယ်... အားလုံး စိတ်ချမ်းသာကြပါစေ...

24 Feb 10, 22:51

kyawswar: ဆရာတော်ဘုရား အမြန်ကျမ်းမာပြီး သာသနာအကျိုး ဆထက်ပိုးပြီး ဆောင်ရွက်နိုင်ပါစေ ဘုရား။

lknt: ဒကာလေး kyawswar ရေ... ကောင်းပါပြီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

24 Feb 10, 21:19

ဗုဒ္ဓဘာသာဝင်: ဆရာတော်ဘုရား အမြန်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့ပေးနေပါတယ်ဘုရား ။ ဆရာတော်ဘုရား အပါအဝင် အဓမ္မ၀ါဒတွေ ရှင်းပျောက်အောင် သာသနာပြုနေတဲ့ဆရာတော်များကို ရိုသေလေးစားစွာ ရှိခိုးကန်တော့ပါတယ်ဘုရား ။

lknt: ဗုဒ္ဓဘာသာဝင် ရေ... မေတ္တာပို့သံတွေ ကြားရတာ အေးချမ်းလှပါတယ်... ကိုယ်ရောစိတ်ပါ အေးချမ်းပါစေ...

24 Feb 10, 18:58

Nyein Nyein Htwe: ဘုန်းဘုန်းဘုရား။ ဝေဒနာမှ အမြန်ဆုံး ပျောက်ကင်းချမ်းသာပါစေ။

lknt: ဒကာမကြီး Nyein Nyein Htwe ရေ... မျှတပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

24 Feb 10, 15:43

တပည့်တော်: အရှင်ဘုရား blog မှာအငြင်းပွားဖို့ လုံးဝမရည်ရွယ်ပါ ဘုရား။ ခွင့်လွှတ်တော်မူပါလို့ တောင်းပန်ပါတယ်။ သို့ သော်လည်း ပြောစရာကရှိနေလို့ ပါ... ယင်ကောင်အုံနေတာကို လက်ပိုက်ကြည့်ပြီး တာဝန်မဲ့သူတယောက်အဖြစ်နေပါလို့  ဆိုလိုတာမဟုတ်ပါ.. ထက်ဆိုသူက ကိုယ်လိုရာဆွဲတွေးပြီး ပြောတာတော့ မသင့်တော်ပါ... လောကမှာ ဘုရားတောင်မှ မချွတ်နိုင်တဲ့ ဒေ၀ဒတ်လိုလူတွေ အများကြီးပါ... ဒါကြောင့် ဘုရားရှင်က ဥပေက္ခာတရားထားဖို့  ဟောခဲ့တာပဲ...

lknt: တပည့်တော်ရေ... တပည့်တော်ရေးတဲ့အဓိပ္ပါယ်ကို ဘုန်းကြီးသဘောပေါက်ပါတယ်... သာဓုခေါ်ပါတယ်... စိတ်ချမ်းသာပါစေ...

24 Feb 10, 11:25

ထက်: ယင်ကောင်အုံတာကို လက်ပိုက်ကြည့်နေရင် ဝမ်းရောဂါနဲ့ အကုန်ဒုက္ခများကုန်မှာစိုးလို့ပါ။ အသိဥာဏ်မရှိသူကို အသိဥာဏ်ဖြန့်ဝေဖို့ တာဝန်က လူတိုင်းမှာ ရှိပါတယ်။ ပြောပြလို့ အချိန်မှီ ပြုပြင်နိုင်ရင် အဲဒါအကျိုးအမြတ်ပါ တာဝန်မဲ့ မသိသလို နေသူများလာရင် လောကကြီး ပျက်စီးဖို့ ဖြစ်လာပါလိမ့်မယ်။ အသိဥာဏ်ရှိသူက လောကတာဝန်မယူနိုင်ရင် အသိဥာဏ်မဲ့သူများ၏ လောက ဖျက်ဆီးမှုကို အပြစ်ဆိုလို့ မရနိုင်ပါဘူး။ ပညာမရှိသူ အယောက် ၁၀၀ ချီးမွမ်းတာထက် ပညာရှိ တယောက် အကဲ့ရဲ့မခံဖို့က ပိုအရေးကြီးပါတယ်.။

24 Feb 10, 08:44

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာတခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အရာရာကို ထည့်တွက်စဉ်းစားပြီး ချင့်ချင့်ချိန်ချိန် လုပ်ဖို့ တော့ လိုပါတယ်ဘုရား... ဘာသာရေးပြဿနာဟာ ကင်ဆာရောဂါမဟုတ်သလို နှလုံးရောဂါလည်း မဟုတ်ပါ (တပည့်တော်အမြင်ပါ) လူတိုင်းမှာ ကိုယ်ပိုင်အသိဥာဏ်ကိုယ်စီ ရှိကြပါတယ်... အညှီရှိရာကို ယင်ကောင်အုံမှာ ဖြစ်သလို... ပျားဆိုတာက ပန်းဥယျာဉ်ရှိရာကို သွားမှာပဲ.

23 Feb 10, 21:35

tit oo: တပည့်တော်နဲ့  အရှင်ဘုရားတို့ဘုရား ဒီလိုအခြေမျိုးမှာ တပည့်တော်အမြင်ကို တင်လျှောက်ပရစေ ။ ဘာသာခြားကဲ့ရဲ့ တာသည် ယင်အုံတာနဲ့ တူပါတယ်ဘုရား ။ ခု စူနာမီဆိုတာသည် ကင်ဆာပါဘုရား ယင်အုံတာကို ကြောက်လို့ ကင်ဆာကို ဖုံးထားမယ်ဆိုရင် လူနာသေရပါလိမ့်မယ် ။ ဒီတော့ ဘာသာခြားကဲ့ ရဲ့ တာကို ကြောက်နေလို့ မရပါဘုရား ။ မြတ်စွာဘုရားမျက်နှာသာ ကြည့်နိုင်ပါတယ် ။ ကင်ဆာနဲ့ တူသော ဒီစူနာမီကို မသိသေးသောသူများ သိအောင် သိပြီးသောသူများ ထပ်အလိမ်မခံရအောင် ဖွင့်ချတဲ့  အလုပ်ကိုလျှော (စာလိုသည်ထင်) တခုမေးစရာရှိပါတယ်။ ဒါတွေမင်းအလုပ်မဟုတ်ပါဘူး ပလိပ်နဲ့ တရားရုံးအလုပ်ပါလို့  ။

(တခါတလေမှာ ဖြစ်တတ်တာက ဥပမာဘုရား)

နှလုံးရောဂါကို နှလုံးအထူးကုဘဲနိုင်တယ်ဆိုတာမှန်ပါတယ် ။ သို့ သော် ကိုယ့်ရှေ့ မှာ AMI ဖြစ်နေ တာကို ကဲနှလုံးအထူးကုခေါ်ထားတယ် ငုတ်တုတ်ထိုင်စောင့်ဆို ဒီလူနာ သေမသေ ။ ဒီတော့ ကိုယ်တတ်သလောက် မော်ဖင်းလေးထိုး ။ သက်သာရာလေးတော့ လုပ်ရတာဘဲဘုရား ။ ခုလဲ ဒီသဘောပါဘဲ မဟာနာယက ဆရာတော်များသည် (ခုဆို ၃ကြိမ်သတိပေးပြီးလို့  သိရပါတယ်) ဆောင်ရွက်ထိုက်သည်ကို မျက်နှာမလိုက်ဆောင်ရွက်မယ်လို့  ယုံကြည်ပြီးပါ သို့သော်သူတို့  ဆောင်ရွက်ဆဲမှာ အလိမ်ခံလုဆဲလူများအတွက် ဆက်လက် မျှဝေတောာ်မူပါ့ ဘုရား တပည့်တော် အပြစ်မကင်းတာတခု ၀န်ခံပရစေဘုရား ။

တော်တော်စောစောထဲက ဒီစူနာမီတရားဆိုတာတွေကို နာကြည့်မေးကြည့် ပြီး မဟုတ်ကြောင်းစာပို့ ခဲ ဒါပေမဲ့  ဓါတ်ပုံကြည့်တဲ့ အလုပ်ဆိုပျင်းလွန်းလို့  တခါမှ သူ့ဆိုက်ကပုံတွေ သေချာမကြည့်မိဘူး ဘုရား ။ ဒါကြောင့် ခုအရှင်ဘုရားထုတ်ပြမှ ဒီပုံတွေ သေချာမြင်ဘူးတာပါ ဘုရား ဒီတော့ တပည့်တော်လိုဘဲ မျက်စိရှန်းနေတဲ့ သူတွေ ဘယ်လောက်များမလဲ မှန်းကြည့်ရပါတယ်ဘုရား (ဓမ္မလောမှာ ထက်စုတင်တော့လဲ တပည့်တော် မကြည့်မိဘူးဘုရား ၊ အဲလောက်ကို ပုံကြည့်ရမှာ ပျင်းတာ )

23 Feb 10, 17:39

တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ဆူနာမီဆရာတော်အကြောင်း အရှင်ဘုရား blog မှာဖတ်ရတာ စိတ်မချမ်းသာ ဖြစ်ရပါတယ်... တပည့်တော်ရဲ့  ထင်မြင်ချက်ကို ပြောရရင်တော့ ဒီကိစ္စတွေဟာ Private အနေနဲ့  သက်ဆိုင်သူကို တိုက်ရိုက်ပဲ ပြောသင့်ပါတယ်... အခုလို Public တော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ အခြားဘာသာဝင်တွေရဲ့ အမြင်မှားမူကို အားလုံးခံကြရလိမ့်မယ်.. ရှက်စရာ ကောင်းပါတယ် ဘုရား။

23 Feb 10, 20:23

lknt: တပည့်တော်ရေ... သည်ပုံတွေ သည်ဆွေးနွေးပွဲတွေ ကြားရတာ ကျောတောင်ပူလာပါတယ်... ငြိမ်းချမ်းပါစေ...

lknt:

တပည့်တော်

tit oo

ထက် - တို့...

ပြောတာတွေထဲမှာ အမှန်တရားတွေ သတိထားသင့်တာတွေ လုပ်သင့်တာတွေ ပါတယ်လို့ ခံယူပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်... ပထမ တပည့်တော်ကပြောတော့ စိတ်ချမ်းသာအောင် ပို့စ်ကို ပိတ်ထားပေးလိုက်ပါတယ်... ဒုတိယ tit oo ပြောတော့ စိတ်ချမ်းသာအောင် ပြန်ဖွင့် ပေးမလို့ စဉ်းစားနေဆဲ... တစ်ခါ- တပည့်တော်က ပြောလာပြန်တယ်... မကြာခင်... ထက် ဆိုသူက ပြောပြန်ရော... အော် ငါရေးတဲ့ပို့စ်လေး ဖွင့်လိုက် ပိတ်လိုက်နဲ့ ဖြစ်တော့မယ်လို့ တွေးမိတယ်... (အာဠာဝကနဲ့ မြတ်စွာဘုရား ဇာတ်တော်ကို သတိရမိပါတယ်...)

သူများခိုင်းတာ လုပ်တတ်တဲ့အကျင့်တော့ မဟုတ်ပါဘူး... ကောင်းမွန်စွာနဲ့ ထောက်ပြ ပြောပြတာကို စိတ်ချမ်းသာစေလိုတဲ့စိတ်နဲ့ ဖြစ်နိုင်တာတွေ လိုက်လျောတဲ့သဘောပါ... ဘယ်သူပဲဖြစ်ဖြစ် ပြောဆိုနိုင်ပါတယ်... စဉ်းစားဆင်ခြင်ပြီး... လိုက်နာပါတယ်... တပည့်တော်ဘက်က စိတ်မကောင်းဖြစ်လွန်းလို့ စေတနာနဲ့ ပြောတယ်ဆိုတာ ဘုန်းကြီး သဘောပေါက်ပါတယ်...

ခုရေးမှာက အားလုံးအတွက် ရေးမှာဖြစ်ပါတယ်...

မြတ်ဗုဒ္ဓရဲ့ ရွှေမျက်နှာတော် မော့ဖူးပြီး စဉ်းစားကြည့်မိပါတယ်... ဗုဒ္ဓဘာသာဝင်အားလုံးဟာ သံဃာတော်များအတွက် ပစ္စည်းလေးပါး ထောက်ပံ့နေကြတာမို့ ကျေးဇူးကြီးလှပါလား... တို့မှာ တာဝန်တွေရှိတယ်... ကျေးဇူးရှိသူများကို ကျေးဇူးဆပ်ရမှာ သဘာဝပါပဲ... ကျေးဇူးဆပ်ရာမှာလဲ အမြင့်မြတ်ဆုံး အကျိုးအကြီးဆုံးကတော့ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်း ဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ဆုံးမထားပါတယ်... ဒါကြောင့်လည်း သံဃာတော်များဘက်က တရားဓမ္မနဲ့ ကျေးဇူးတွေ ဆပ်နေကြပါတယ်...

ခု ဆူနာမီ ဆရာတော် ကိစ္စနဲ့ပါတ်သက်ပြီး ဒကာဒကာမတို့ သိသင့်သလောက်လည်း သိကြပါပြီ... ဆရာတော်ဟာ ကျေးဇူးရှင် အလှူရှင်များကို ဓမ္မနဲ့ဆိုပြီး ကျေးဇူးဆပ်ပါတယ်... ဒါပေမဲ့ ပရိယတ် အားနည်းမှုကြောင့် (မိမိမှာ ပြည့်စုံတယ် မဆိုလိုပါ) ဓမ္မမဟုတ်ပဲ တဖြည်းဖြည်း အဓမ္မ တရားတွေ ဖြစ်လို့လာပါတယ်... သူ့ဘက်ကကြည့်တော့ မှန်ပါတယ် အရှင်ဘုရားရယ်လို့တော့ မပြောကြပါနဲ့ ဗုဒ္ဓဟောကြား အမှန်တရားဆိုတာ တစ်ခုပဲရှိသင့်ပါတယ်... ဆူနာမီဆရာတော် ဟောတရား မှန်သလား... သံဃာမဟာနာယက ဆရာတော်များ ပြောစကားက မှန်မလား ဆိုခဲ့သည်ရှိသော်... ဒကာဒကာမတို့ စဉ်းစားကြည့်ကြပါ... ဆူနာမီဆရာတော် ဟောတရားမှန်တယ်ဆိုရင် သံဃာမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးမစကား မှားနေပါတယ်လို့ ပြောရာ ရောက်သွားနိုင်ပါတယ်...

ဟောတရားများ လွဲမှားနေမှုကြောင့် သံဃာမဟာနာယကအဖွဲ့က ဆရာတော်ကို ခေါ်ယူဆုံးမပြီးနောက် တရားအမှားတွေ ဆက်လက် မဖြန့်ဖြူးဖို့ ဆရာတော်က ၀န်ခံလက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်... ဒါပေမဲ့ ဆရာတော်ဟာ မလိုက်နာပဲ ဆက်လက်ဖြန်ဖြူး ဟောကြားနေခဲ့တယ်... အဓမ္မ၀ါဒ ထွန်းကားလာတာနဲ့အမျှ ဓမ္မတွေ မှေးမှိန်သွားနိုင်ပါတယ်... ဒါကြောင့် အဓမ္မ၀ါဒတွေ မထွန်းကားမီ အားမကောင်းမီ စောစောစီးစီး ၀ိုင်းဝန်းဖေါ်ထုတ်ဖို့ သံဃာတော်များနှင့်အတူ ဒကာဒကာမများကိုလည်း ဒီနေရာကနေ အလေးအနက် လျှောက်ထား တိုက်တွန်းပါတယ်... ဗုဒ္ဓဘာသာဝင်အများ မိမိတို့ ဆွေတော်မျိုးတော်များ မိစ္ဆာဒိဋ္ဌိဘေးကနေ ကင်းလွတ်ဖို့ရာအတွက် တတ်သိနားလည်တဲ့ ဆရာတော်များ လူပညာရှိများမှ ၀ိုင်းဝန်းကယ်ကြရမှာ ဖြစ်ပါတယ်... ခုပြောနေခြင်းဟာ ဆူနာမီဆရာတော်ရဲ့ တရားကိုတင် မဟုတ်ပါဘူး... ဗုဒ္ဓဘာသာဝင်တွေထဲက အဓမ္မ၀ါဒလို့ ပြောရမဲ့ ၀ါဒမှန်သမျှကို ပြောနေခြင်းပါ...

အားလုံးဟာ ကိုယ်လက်လှမ်းမှီရာ တာဝန်တွေ လုပ်ကြရမှာပါ... ဒါကြောင့်လည်း ဆရာတော်နဲ့ ပါတ်သက်တဲ့ ပုံတွေ တင်ပါတယ်... တင်တဲ့ပုံတွေ အားလုံးဟာ ဆရာတော်ကိုယ်တိုင် တင်ထားတဲ့ ဆိုက်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်... ဆရာတော်နဲ့ ပါတ်သက်တဲ့ သီးသန့် ကိုယ်ရေးကိုယ်တာ ဘာမှ မတင်လိုပါဘူး... ဓမ္မ... ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းပေါ်မှာ တက်ပြီး တရားထိုင်တဲ့ပုံတွေဟာ အမြင်မတော်တဲ့ပုံတွေ မလုပ်သင့်တဲ့ အပြုအမူတွေပါ... လူတွေ မမြင်ကြ နားမလည်ကြ မျက်စိလျံနေကြတဲ့ သဘောရှိပါတယ်... ဒါတွေကို ပထမဖေါ်ပြဖို့ စိတ်ကူးမရှိသေးပါဘူး... ဆရာတော်အဖြေ ကြားပြီးတော့မှ အမုန်းခံပြီး ဇွတ်မလုပ်ရင် မရတော့ဘူးဆိုတာ မြင်လို့ လုပ်ပါတယ်... သာသနာကို ကာကွယ်ဖို့် တင်ပါတယ်... ဆရာတော်နဲ့ ဒကာလေးရဲ့ တရားဝင်ဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ ပါတ်သက်လို့လည်း အားလုံးနီးပါး နာကြားပြီးလို့ ထင်ပါတယ်... ထပ်ပြီး ဒီကိစ္စဟာ ဆရာတော်နဲ့ ပြောစရာ မရှိတော့ပါဘူး... လူအများသိအောင် ချပြဖို့ပဲ ရှိပါတော့တယ်... လူအများ အမှားအမှန် သိသွားပြီးနောက် အမှားကြောက်တဲ့သူတွေ တရားအမှားကို ရှောင်သွားပါလိမ့်မယ်... ဒါဟာ တရားအမှန် ဖေါ်ထုတ်သူများ ရရှိမဲ့ အကျိုးတရားတွေထဲက ရလာဘ်တစ်ခုပါ... အမှားကြိုက်တဲ့ သူများကတော့ သူထိုက်နဲ့သူ့ကံ သူသာခံရတော့မှာပါ...

ပစ္စုပ္ပန်လိုဝါဒမျိုး... ဓမ္မစေတီလိုဝါဒမျိုး... ဆူနာမီလိုဝါဒမျိုး... တိုင်းပြည်ရဲ့ သားကောင်းရတနာ ပညာတတ်လူငယ်တွေ ဒီလိုတရားမျိုးတွေကို နှစ်သက်နေကြတဲ့အတွက် နှမြောစရာ ကောင်းလှပါတယ်... တိုင်းပြည်အတွက်လည်း နစ်နာပါတယ်... အဓမ္မ၀ါဒဟောင်းတွေဟာ နေရာတကာမှာ ပေါ်ပေါက်လို့လာနေပါပြီ... မြန်မာပြည်က မိတ်ဆွေ တစ်ချို့ဆီ ဖုံးဆက်ပါတယ်... ဘာပြောလဲဆို အရှင်ဘုရား ဒီမှာတော့ တစ်ချို့ဘုန်းကြီး (အစစ်မဟုတ်) အမည်ခံများဟာ အရည်းကြီးတွေလို ဖြစ်နေပါပြီတဲ့... ဒီတော့ စောစောမရှင်းကြရင်တော့ တို့အမျိုးတွေ အရည်းကြီးတွေ လက်အောက်မှာ အင်း... မပြောတော့ဘူး...

မနက်ဖြန် ဆေးရုံကို ဘုန်းကြီးသွားပါမယ်... ပြန်မလာရင်တော့... ဦးလောကတော့ တွေ့လား အရိယာတွေကို ပြစ်မှားလို့ ကံကြီးထိုက်ပြီလို့ မပြောကြပါနဲ့...

လာရောက်လေ့လာသူများ မြတ်ဗုဒ္ဓရဲ့ဓမ္မကို တွေ့ကြပါစေ...

ဦးလောကနာထ

၂.၂၄.၂၀၁၀

21 Feb 10, 21:42

motka22: thank you ၀ိမုတ္တိသုခ. I just listened the dhamma dialougue between Ta nyin tawya sayadaw and Sayagyi U kyi, so I just want to confirm.

lknt: motka22 ရေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ...

21 Feb 10, 02:49

ညခင်း: ဘုန်းဘုန်း အတုဂိုဒေါင်လာဖတ်ပါတယ်။ ဦးချကန်တော့ပါတယ်။ ဘုန်းဘုန်းကျန်းမာပါစေ။

lknt: ကောင်းပါပြီ ဒကာမကြီး ညခင်း ရေ... စိတ်ချမ်းသာပါစေ...

20 Feb 10, 18:53

information: http://universaltruthplace.blogspot.com/2010/02/blog-post.html

lknt: information ရေ... စိတ်ချမ်းသာပါစေ... ဘေးကင်းပါစေ...

20 Feb 10, 01:10

ကိုဖြိုး: မိတ်ဆွေများခင်ဗျား မြတ်စွာဘုရားကိုလဲ ဘယ်သူမှ စော်ကားလို့မရပါဘူး။ ခွေးဟောင်တိုင်း ထကြည့်နေရင် အအိပ်ပျက်ရုံပဲရှိမှာပါ ဗုဒ်ဓအမြင်ချင်ဆုံးအရာဖြစ်တဲ့ နိတ်ဗာန်ရောက်အောင်သာ ကြိုးစားပီး ကိုယ်ဇတ်ကိုယ် သိမ်းကြပါစို့လား

lknt: ဒကာလေး ကိုဖြိုး စိတ်ချမ်းသာပါစေ... ဒကာလေးစာကို ဒါပဲကြိုက်လို့ ဒါပဲထည့်ပေးထားတယ်...

18 Feb 10, 23:05

honeylily2009@gmail.com: မင်္ဂလာပါရှင်။ သရဏဂုံ သုံးပါးကို အဲမြဲ ရိုသေကိုင်းရှိုင်းပါတယ်။

lknt: ဒကာမကြီး honeylily2009 ရေ... သာဓု... သာဓု... သာဓု... စိတ်ချမ်းသာ ပါစေ...

18 Feb 10, 11:05

ကိုယ်တော်ချော: ×××××××××

lknt: ကိုယ်တော်ချောရေ... ပြန်တွေရတာ ၀မ်းသာလိုက်တာ... ဒကာလေး လူသတ်ခံရလို့ သေပြီဆိုပြီး သတင်းထွက်လာလို့ ဘုန်းကြီးမှာ စိတ်မကောင်းဖြစ်နေရတယ်... အများစိတ်ချမ်းသာရေးအတွက် ဒကာလေးရေးတာတွေ ဖျက်ပေးလိုက်ပါတယ်... ဘန်းတော့ မဘန်းပါဘူး.. ကောင်းတဲ့စာ ကောင်းတဲ့စကားတွေ ရေးမယ်ဆို ရေးနိုင်အောင်လို့ပါ... ဒကာလေးကို အရင်ကလည်း စိတ်မဆိုးပါဘူး... ဒကာလေးထက်ဆိုးတဲ့သူတွေကို ထပ်တွေ့လိုက်ရလို့ စိတ်တော့ မကောင်းပါဘူး... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...

18 Feb 10, 14:57

ဝိမုတ္တိသုခ: သံလျင်တောရ မှာ သန်လျင်တွင်ရှိသော တရားရိပ်သာ ဘုန်းကြီးကျောင်းနာမည်ဖြစ်ပါသည်။ သံလျင်တောရဆရာတော်ကြီးမှာ ဓမ္မ၀ါဒီ ဆိုတဲ့နာမည်ဖြင့် ကျမ်းပေါင်းများစွာရေးသားခဲ့သူဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်က ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိတွင် ဆရာတော်ကြီး၏ တပည့်များဖြစ်သော ပထမဆရာတော် ဦးဇ၀နနှင့် ဒုတိယဆရာတော် ဦးနိပုဏ (အေးငြိမ်းချမ်းသာ ဆရာတော်) တို့ မှ သန်လျင်ရိပ်သာ ဆိုတဲ့ အသုံးအနှုန်းမျိုးကို သံလျင်တောရ က သုံးတာတော့ လက်လှမ်းမီသလောက် တခါမှ မတွေ့ ဖူးပါ။ တခြားအဖွဲ့ အစည်းများမှ သုံးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ထင်ပါသည်။ ဦးစီးလျက်ရှိနေပါတယ်။

lknt: ဒကာလေးဝိမုတ္တိရေ... မိသားစုစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...

15 Feb 10, 02:25

motka: Are Ta Nyin Tawya Sayadaw and Ta Nyin Yeiktha Sayadaw the same?

lknt: motka ရေ... မသေချာပါ... စိတ်ချမ်းသာပါစေ...

13 Feb 10, 17:15

တပည့်တော်: ရိုသေစွာဖြင့်ဦးချကန်တော့ပါတယ်အရှင်ဘုရား။ Undertaker ဆီကိုတော့ မသွားလိုက်ပါနဲ့ ဘုရား... တပည့်တော်တို့ မှာအားကိုးစရာဆိုလို့  အရှင်ဘုရားပဲရှိတာမို့ ပါ။ အရှင်ဘုရား နေကောင်းကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။

lknt: တပည့်တော်ရေ... ဒကာဒကာမများ ပို့သသော မေတ္တာကြောင့် အေးချမ်းပါတယ်... မဆိုးသေးပေါ့လေ... မိသားစုစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သတ္တာဝါအများကို စောင့်ရှောက်နိုင်ကြပါစေ...

11 Feb 10, 06:35

Undertaker: ဘုရားရှင်မှလွဲ၍ ရဟန္တာအရှင်မြတ်များသည်ပင်လျှင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ကျုးလွန်နိုင်ကြသေးသည်ဆိုပြီး နာမည်ကျော် ဓမ္မကထိက ဆရာတော်တစ်ပါးဟောတာ နာဖူးပါသည်ဘုရား အဆိုပါ ဆရာတော်မှလည်း ကျမ်းအကိုးအကားနှင့် အဋ္ဌကထာ၊ ဋီကာမှာ ပါကြောင်း ပြပါတယ် တပည့်တော်တို့လို လူသားတွေအနေနဲ့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာဆိုတာဝေးလွန်းလှပါတယ် ဘုရား တပည့်တော်တို့ လက်လှမ်းမီသလောက်ကတော့ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဆိုတာ ကိလေသာရှိသူတွေမှာသာရှိတယ်လို့ ဆင်ခြင်မိပါတယ် မှန်၊ မမှန် သိပါရစေဘုရား၊

အရင်မေးတာတာဖြေပေးတဲ့အတွက်လည်း ခြေတော်ဦးခိုက် ကြည်ညိုလျှက်ပါဘုရား။

အနုပါဒါနက္ဓန္ဓာဆိုတာနဲ့ ပတ်သက်ပြီး ဘုရားဟော ဘယ်သုတ်တော်တွေမှာ ပါတယ်ဆိုတာလည်း သိပါရစေဘုရား ဝိပဿနာနှလုံးသွင်းတဲ့ နေရာမှာသင်္ခတပရမတ်တွေ ဖြစ်တဲ့စိတ်၊ စေတသိက်၊ ရုပ် တွေကို နှလုံးသွင်းရမယ်လို့ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေမှာ ဖတ်ရပါတယ်ဘုရား အဲဒီ သင်္ခတပရမတ်တွေ ဖြစ်တဲ့စိတ်၊ စေတသိက်၊ ရုပ် တွေဟာ ဖြစ်ခြင်း (ဥပါဒ်)၊ တည်ခြင်း(ဌီ)၊ ပျက်ဖြင်း(ဘင်)ဆိုတဲ့ ခဏငယ်၃ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝိပဿနာနှလုံးသွင်းတဲ့အချိန်မှာတော့ တည်ခြင်း(ဌီ)ဟာ အလွန်လျှင်မြန်တဲ့အတွက် ဘုရားရှင်နဲ့ သာဝကကြီးတွေရဲ့ အရာလို့ သုံးသပ်ထားပါတယ်။ စိတ်၊ စေတသိက်၊ ရုပ်တွေဟာ ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်းရှိသော်ငြားလည်း ဝိပဿနာနှလုံးသွင်းတဲ့အချိန်မှာတော့ ဖြစ်ခြင်းနဲ့ ပျက်ခြင်းသာလိုတယ်လို့ဆရာတော်ကြီးတွေ ရေးသားသလို နားလည်မိပါတယ်။ နိုင်ငံကျော် ဓမ္မကထိကတစ်ပါး ဟောတဲ့တရားတွေမှာတော့ဖြစ်၊တည်၊ပျက် ခန္ဓာကို မရှုရဘူး၊ ရှုရင် တရားမရဘူးဖြစ်ခြင်း၊ ပျက်ခြင်းမျှသာ ရှိတဲ့ ဥပါဒါနက္ခန္ဓာကိုသာ ရှုမှ တရားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ဥပါဒါနက္ခန္ဓာဟာ တည်ခြင်း(ဌီ) လုံးဝမရှိကြောင်း၊ဖြစ်ခြင်း နဲ့ ပျက်ခြင်းမျှသာ ရှိတယ်လို့ ဆိုထားပါတယ်ဘုရား။ မှန်၊ မမှန် သိပါရစေဘုရား။

11 Feb 10, 07:16

lknt: Undertaker ရေ... လောလောဆယ် ဆေးရုံသွားဦးမယ် အခြေအနေမကောင်းရင်တော့ သင့်ဆီလာရမှာပဲ... မြတ်စွာဘုရားမှာ ဒေါသရှိသေးတယ်လို့ ဆရာတော်တစ်