ဗုဒ္ဓသာသနာ ၂၅၀၀ ခရီး (မောင်အံ့-ဘုံဘေ)

what is good things: ဘုန်းဘုန်းဘုရား ပုံတွေမပေါ်လို့မမြင်ရဘူးဘုရား။ စာတွေဖတ်သွားပါတယ်။ သိသင့်တာတွေသိရပါတယ်။ အဆင်ပြေပျော်ရွှင်ပါစေဘုရား
lknt: what is good things ရေ... ကောင်းပါပြီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
7 Mar 10, 21:30
crystal: ဘုန်းဘုန်း- တပည့်တော် စာဖတ်ပြီး သိသွားပါတယ်ဘုရား။ မသိတာတွေ များပါသေးလား။ အလုပ်တွေ ရှုပ်နေလို့ ဘုန်းဘုန်းကို နေကောင်းလား မမေးရတာတောင် ကြာလှပေါ့။ ဘုန်းဘုန်းနေကောင်းပါစေလို့ အမြဲဆုတောင်းပါတယ် ဘုရား။
lknt: ဒကာမကြီး crystal ရေ... အမှန်တွေ များများသိအောင်လုပ် အမှားတွေ တွေ့သမျှဖယ်သွား... ဒါဆို အပူနည်းနည်းနဲ့ သံသရာ တိုသွားမယ်... ဒကာလေးကို စောင့်ရှောက်... အပျောက်မခံနဲ့... မိသားစုစိတ်ချမ်းသာပါစေ...
7 Mar 10, 21:10
zawaung: သီလရှင်ထားလို့ ကိုရင်တောင် ဘုန်းကြီးနဲ့တူတူစားလို့မရ ဘူးလို့ ထင်ပါတယ် ဘုရား။
lknt: ဒကာလေး zawaung ရေ... မှန်ပါတယ်ကွယ်... ဘုန်းကြီးကတော့ မြန်မာနိုင်ငံ ထေရ၀ါဒနည်းနဲ့ ရဟန်းဖြစ်လာခဲ့လို့ သည်နည်းကိုပဲ နှစ်သက်လို့... ထေရ၀ါဒဘုန်းကြီးချင်းပဲ ဆွမ်းအတူဘုဉ်းချင်တယ်... မဟာယာနဘုန်းကြီးနဲ့တောင် သိသိကြီးဆို မဘုဉ်းချင်ဘူးကွယ်... ရိုင်းတယ်ပြောပြော ခေတ်မမှီဘူးပြောပြော ဒါမျိုးကြီးနဲ့တော့ ခေတ်မမှီချင်တော့ပါဘူး... ထေရ၀ါဒ ဆဋ္ဌမူသာ မှန်ပါတယ်လို့ ခံယူနိုင်ရင် မဟာယာနနဲ့ တခြားအယူ ပါတ်သက်သမျှ အားလုံးကိုလည်း ပယ်သင့်တယ်ထင်တာပါပဲ... ခေတ်မှီဖို့ရာတစ်ခုလောက် အားနာတာ တစ်ခုလောက်နဲ့တော့ ပိဋကတ်သုံးပုံထဲက အရာတွေကို မပျက်ဆီးစေချင်တာ အမှန်ပါဘဲ... သူ့ မျက်နှာထက် မြတ်ဗုဒ္ဓမျက်နှာ ကြည့်ကြရမယ်မို့လား... ရေးသာရေးနေရတာပါ ကိုယ်လည်း ဘာမှကို မဘာပါဘူး... ဒီ ဘာမှမဟုတ်တာကလေးထဲက သူတော်ကောင်းဓါတ် ကိန်းသူ တစ်ဦးလောက် လှစ်ကနဲများ အမှန်မြင်လို့ နှစ်သက်သွားရင် အကျိုးရှိရချည်ရဲ့ဆိုပြီး ရေးနေတာပါ...
7 Mar 10, 20:40
မနက်ဖြန်: ဆရာတော် သိပ်ကောင်းတယ်ပို့စစ်ပါဘုရား။ ဆရာတော်ကျန်းမာပါစေ။
lknt: မှန်လှပါ အရှင်ဘုရား... မနက်ဖြန်အရှင်လည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းစွာနဲ့ သာသနာအကျိုးသည်ပိုးနေတာ တွေ့ရတော့ ၀မ်းမြောက်လှပါတယ်ဘုရား... မျှတပါစေဘုရား....
7 Mar 10, 18:30
တပည့်မ: undertaker ရေ. မေးခွန်း၉ ခုနဲ့ အလုပ်ရှုပ်နေတဲ့ လူတွေကိုပါ သိစေချင်လို့ ရေးတာပါနော်. undertaker ကို ငြင်းတယ်လို့ပြောတာ မဟုတ်ပါဘူးကွယ်.
lknt: တပည့်မ ရေ... သည်လိုဖြေတာ ကောင်းတယ်ကွယ်... သာဓု...
7 Mar 10, 16:04
မောင်ကောင်း: ဆရာတော်ရဲ့ အရေးသားနဲ့ ဆုံးမမှုလေးတွေ သဘောကျ နှစ်ချိုက်မိပါတယ်.. အင်မတန် တန်ဖိုးရှိတဲ့ အဆုံးမတွေပါပဲ ဘုရား..။ ကိုယ်တော်ချောလည်း သနားပါတယ်.. ဆရာတော်ရေ.. တစ်ခါလောက်တော့ ဒေါသထွက်ပြလိုက်ပါအုံး ဘုရား..း) ဆက်လက်အားပေးရင်း ဦးတင်ကန်တော့ပါတယ်... ဘုရား... သာသနာ့အကျိုးကိုလည်း စောင့်ရှောက်ရင်း.. ကျန်းမာရေးလည်း ဂရုစိုက်ပါဦးဘုရား..။ ဓါးသွေးကျောက်လေးလည်း ပါးပြီးရင်းပါတော့မှာပါ.. ဓါးကတော့ ထက်မြဲပါပဲ..း)))..။
lknt: ဒကာလေး ကောင်ကောင်း ရေ... ပါရမီဆိုတာ ပြည့်လိုသူအတွက် ရှာဖွေပြီး ဖြည့်နေကြရမှာပါ... ကိုယ်တော်ချောက ထင်ပေါ်တော့ ပါရမီဖြည့်ဖို့ ရှာရဖွေရ လွယ်ကူသွားတာပေါ့... ပြောသာပြောရတာပါကွယ် တော်ကြာ ကိုယ်တော်ချောစိတ်ပေါက်လို့ စီဘောက်ကနေ ဆဲဘောက်ဖြစ်သွားဦးမယ်... မလုပ်နဲ့ ဘုန်းကြီးကဖြည့်ပေမဲ့ လာတဲ့ ဒကာဒကာမတွေ စိတ်ဆင်းရဲနေပါ့မယ်... မောင်ကောင်းလည်း စိတ်ချမ်းသာ ကိုယ်တော်ချောလည်း ကျန်းမာပါစေ...
7 Mar 10, 01:00
Undertaker: မတပည့်မရေ ငြင်းတာမဟုတ်ရပါဘူး၊ ဘယ်သူ့ကိုမှလည်း မရည်ရွယ်ပါဘူး။ ကိုယ်တိုင် မှားတယ်၊ မှန်တယ်သိချင်လို့ မေးတာပါ။
lknt: Undertaker တရားအမှန်သိလိုတာတွေ တွေ့ရတော့ ၀မ်းသာပါတယ်...
7 Mar 10, 00:27
တပည့်မ: undertaker ရေ. ခွေးဟောင်တဲ့ ခန္ဓာမရှိပဲ တရားရှုရတဲ့ ခန္ဓာ မပေါ်လာပါဘူး။ တနည်း သဘောခန္ဓာငါးပါးက ခွေးဟောင်တဲ့ ခန္ဓာပေါ်အမှီပြုပြီး ပေါ်လာရခြင်းပါ။ အဲဒါကို သဘောပေါက်ရင် အငြင်းပွားစရာအကြောင်း မရှိတော့ပါဘူးကွယ်။
6 Mar 10, 18:25
Undertaker: အရှင်ဘုရား စမ်းကလေးဝါဒဝိနိစ္ဆယ အစ-အဆုံးပါဘုရား ဝိနိစ္ဆယကို စိတ်ဝင်စားတဲ့ သူတော်ကောင်းများအတွက် http:// shareb ee.com /8ed b2e52 ကျောက်ပုံတောရဝါဒဝိနိစ္ဆယ အစ-အဆုံးပါဘုရား http:// share bee.com/b 9586 1a3 အရှင်ဘုရားတစ်ခုလောက် မေးလျှောက်ပါရစေ ပါဘုရား အမေမွေးတဲ့ ခန္ဓာကို တရားမရှုရဘူး၊ ခွေးဟောင်တဲ့ ခန္ဓာကို တရားမရှုရဘူးဆိုတာနဲ့ ပတ်သက်လို့ပါ။ စိတ်၊ စေတသိက်၊ ရုပ်တွေဟာ ခဏမစဲ ဖြစ်လိုက်၊ ပျက်လိုက်၊ အစားထိုးလိုက်နဲ့ နေတယ်ဆိုတာကို မိုးကုတ်ကမ္မဋ္ဌာနစရိယာဆရာတော် ဦးသုမင်္ဂလရဲ့ တရားတွေမှာနာရပါတယ်။ အဲဒီတော့ တပည့်တော်တို့ တရားရှုတဲ့အချိန်မှာဖြစ်တဲ့ ရုပ်ခန္ဓာတွေဟာလည်း ရှုသင့်တဲ့ခန္ဓာဖြစ်တယ်လို့ယုံကြည်မိပါတယ်။ ဂါရဝမဖြစ်တဲ့ စကားလုံးတွေပါရင် ခွင့်လွှတ်ပါဘုရား၊ ခွေးဟောင်တဲ့ခန္ဓာဆိုတဲ့နေရာမှာ- ခွေးဟောင်လိုက်တဲ့အချိန်မှာ ဖြစ်တဲ့ ရုပ်ခန္ဓာတွေဟာအသစ် အသစ် အစားထိုးလာတဲ့ ခန္ဓာဖြစ်တဲ့အတွက် အဲဒီခန္ဓာကို တရားမရှုရင် တရားမရဘူးဆိုတာနဲ့ပတ်သက်လို့ ဘုရားဟောနဲ့ ညီ မညီ သိပါရစေဘုရား။ အဲဒီခန္ဓာကို တရားရှုရင်တရားမရဘူးဆိုတာနဲ့ပတ်သက်လို့ဘုရားဟောနဲ့ ညီ မညီ သိပါရစေဘုရား။ မဟာစည်ဆရာတော်ကြီးရဲ့ ဝိပဿနာရှုနည်းကျမ်းမှာလည်း သမာဓိအားကောင်းလာပြီဆိုရင်တော့ အတိတ်၊ အနာဂတ် ခန္ဓာတွေကို မှန်းဆပြီးရှုလို့ရတယ်လို့ ဖတ်ဖူးပါတယ်။
lknt: Undertaker ရေ... အမေမွေးတဲ့ခန္ဓာကို တရားမရှုရဘူး... ခွေးဟောင်တဲ့ ခန္ဓာကို တရားမရှုရဘူးဆိုတာကတော့... ခွေးဆိုတာက ပရမတ်ခန္ဓာကိုမသိဘူး သူသိတာက အထည် ပုံသဏ္ဍန်ကိုပဲ သိတာဖြစ်တဲ့အတွက် ခွေးဟောင်ခံရတဲ့ ပုံသဏ္ဍန်ကို တရားမရှုရဘူးလို့ ဆိုလိုပါတယ်... တရားရှုရမှာက ခန္ဓာငါးပါးကိုသာရှုရပါမယ်... ပရမတ်ရုပ်ခန္ဓာမှာတောင် ၀ိပဿနာ ရှုစရာမလိုတဲ့ အနိပ္ဖန္နရုပ် ၁၀-ပါး ရှိနေပါသေးတယ်... ကံစိတ် ဥတု အာဟာရကြောင့် ဖြစ်ပေါ်လာတဲ့ရုပ်မဟုတ်တဲ့ ပညတ်ရုပ်တွေပါ...
ခွေးဟောင်တဲ့ခန္ဓာ မရှုရဘူးဆိုတာ သိသွားပြီးသည်နောက် ခန္ဓာငါးပါး အသစ်အသစ် ဖြစ်ပေါ်လာတာတွေကို ရှုရပါမယ်... ပုံသဏ္ဍန်မဟုတ်တဲ့ ခန္ဓာအစစ်ကို ရှုရပါမယ်... သီလ သမာဓိ ပညာ ပြည့်စုံတဲ့ ဆရာတော်ကြီးများရဲ့ အဆိုအမိန့်များကတော့ အထူးဆိုဖွယ် မရှိတော့ပါ...
6 Mar 10, 09:40
tit oo: အရှင်ဘုရား ကန်တော့ပါဘုရား ။ တပည့်တော် ညဂျူတီ ၂ရက်မို့  မနက်စာ ထမင်းကြမ်းလေးစားရင် အားနေတာနဲ့  သူမေးတဲ့  န၀မပေါက်ကရကို လက်ဆော့မိတာပါဘုရား။ တနည်းတော့လဲ အရှင်ဘုရားတို့ အရာမဟုတ်သေး။ သေးငယ်သောအရာလေး သာဖြစ်လို့  လဂွန်းအိမ်နဲ့  စီးချင်းမထိုးထိုက်ကြောင်း မင်းခေါင်ကို သူ့ ညီရှင် လျှောက်သလိုဘဲ လျှောက်ပရစေဘုရား။ အရှင်ဘုရားအေးစွာ စံနေပါဘုရား။ ဒီထက်ခက်လာရင်တော့ အရှင်ဘုရားဖြေပါဘုရား။
lknt: ဒကာလေး tit oo ရေ... ဒကာလေးက ဘုန်းကြီးကို အဆင့် အရမ်းမြှင့်ပလိုက်တော့ ခုချိန်ထိ ရယ်လို့ မဆုံးဘူး... ကောင်းတယ် ကောင်းတယ်... သံချပ်ကာ အင်္ကျီ ထူထူ ၀တ်ထား... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
6 Mar 10, 09:08
မောင်ကောင်း: ... အရှင်ဘုရား.. စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာပြုနိုင်ပါစေ..။
lknt: ကောင်းပါပြီ ဒကာလေး မောင်ကောင်း ရေ... စိတ်ချမ်းသာပါစေ...
5 Mar 10, 21:11
သစ္စာ: ဆူနာမီဆရာတော်နှင့်ပတ်သက်၍: ကိုအလှတရား၏ စွပ်စွဲပြောကြားချက်များ အပါ် ရှင်းပြခြင်း http://trueanswer.multiply.com/journal/item/3/3 ဆူနာမီဆရာတော်နှင့် ပတ်သက်၍: မှန်မှန်ကန်ကန် သိရှိလိုသူများအတွက် http://trueanswer.multiply.com/journal/item/4/4 ဆ၇ာတော် ဦးလောကနာထ အရှင်သူမြတ်ဘုရား မေးခွန်းပုစ္ဆာ( ၉ )အား မေတ္တာရှေ့ထားကာ ဖြေကြားပေးပါရန် လေးမြတ်စွာ ဖိတ်ကြား အပ်ပါသည် ဘုရား။ http://trueanswer.multiply.com/journal/item/5/5
6 Mar 10, 05:19
အလှတရား: သစ္စာအမေးကို ဆရာတင့်ဖြေကြားပြီး ဖြစ်ပါတယ်ဘုရား
lknt: ကောင်းပါပြီ ဒကာလေး အလှတရားရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေ...။
သစ္စာ ရေ... ဒီအချိန်မှာ ဘုန်းကြီးက အမေးခံ ပုဂ္ဂိုလ် မဟုတ်ပါဘူးကွယ်... မေးပါဆိုပြီးတော့လည်း မဖိတ်ခေါ်ဝံ့တာအမှန်ပါ ကိုယ်က ရဟန္တာလည်းမဟုတ် ဓမ္မ အာစရိယလည်း မဟုတ်သေးတော့... မှားပြီးပြောရင် အကုသိုလ်ဖြစ်မှာစိုးလို့... သစ္စာကိုငဲ့ညှာပြီး ရေးတဲ့သူတွေ ရေးပေးပါလိမ့်မယ်... အေးအေးပဲ နိုင်သလောက်ကလေးပေါ့ ကုသိုလ်ယူနေပါတယ်... သာသနာနဲ့ မလျှော်တာတွေ့ရင် ပြောချင်ပြောမယ်... အတော်ကိုပြောချင်နေတာပါလေ လက်ကလေးတွေ ယားနေတယ်...
ဒကာလေးသိချင်တာတင်မက တစ်ကမ္ဘာလုံးက လူတွေ လေ့လာဖို့ အမှန်တရားလို့ ယူဆထားတဲ့ ဆဋ္ဌမူအတိုင်း တရားတော်တွေကို ဘလော့ စာမျက်နှာတွေ ဖွင့်ပြီး တင်ပေးထားပါပြီ သိချင်တာတွေ ရှာဖတ်ကြပါကွယ်...
ဖတ်ပြီးနောက် အမှားတွေ ပြောဟော လုပ်လာရင်တော့ အမှန်ကို လူတွေသိအောင် ဖွင့်ပြမယ် စိတ်ကူးပါတယ်... ဒဿနခရီးစဉ်မှာ ဆူနာမီဆရာတော်နဲ့ ပါတ်သက်ပြီး တင်ပြထားတဲ့ပုံတွေ မှားနေတယ်ဆိုရင်တော့ ထောက်ပြ ပြင်ပြပေးပါ ကျေးဇူးတင်ပါတယ်... ယခင်ပို့စ်...
လုပ်တဲ့ ဆူနာမီဆရာတော်ဘက်က မှားတယ်ဆိုရင်တော့ သံဃာတော်တွေကို တောင်းပန် နောက်မလုပ်နဲ့တော့... (သံဃာတော်တွေကိုနော်...) ဒါဆို ဒီကိစ္စတစ်ခု ပြီးသွားပါပြီ... ဒါကြီးကိုမှ အမှားလို့ မမြင်ဘူးဆိုရင်တော့... ငါ့ရှင် ဟိုဆရာတော်က ထိုဆရာတော်ကို ပြောသလို ပြောရတော့မှာပါပဲ သစ္စာရယ်... ဘုန်းကြီးကတော့ မပြောလိုပါဘူး...
သာသနာနဲ့ မလျှော်ဘူးလို့ထင်တာလေး တစ်ခု ထပ်တွေ့ရပြန်တယ် မနက်ဖြန်ရေးမယ် စိတ်ကူးထားပါတယ်...
ဆရာတော်နဲ့အတူ သာဝကများ ဘေးရန်ကင်းကြပါစေ...
ဦးလောကနာထ
၅.၆.၂၀၁၀
5 Mar 10, 16:07
ကိုယ်တော်ချော: ဆရာတော် တန်းခိုးတော် မပြနိုင်လို့ မကြာမီ သေပါတော့မည် .... ငရဲပြည်လည်းပျောက် နတ်ပြည်လည်းပျောက် နိဗ္ဗာန်ကလည်း ဘာမှ မရှိ… ဘာမှမရှိတဲ့သူများ အမေ၇ိကန်/ အနောက်နိုင်ငံ သွားဖို့ သူတို့ကြိုးစား… သင်္ကန်းကို အရောင်ပြ … ဒီဘ၀မှာတင် အစားချောင်ရုံ/ အနေချောင်ရုံ ကျေနပ်ပါပြီးဗျ… ဂတုံးဘုန်း ဆရာတော် တန်းခိုးတော် မပြ ဘောတော်ကျလို့ သေပါတော့မယ် ခင်ည
5 Mar 10, 17:10
lknt: မမြင်ရတာကြာပေါ့ ဒကာလေး ကိုယ်တော်ချောရယ် ကျန်းမာပါစေ...
CBox မှ ရှေးဟောင်းမှတ်တမ်းများ…၃
သစ္စာ: ဘုန်းဘုန်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေ။
lknt: သစ္စာ ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
3 Mar 10, 04:36
ကိုရင်ကိုမင်း: ဆရာတော်ဘုရား ကျန်းမာပါစေ။ ဆရာတော်ဘုရား ကျန်းမာပါစေ။ ကံ ကံ၏အကျိုး နှင့် ၃၁-ဘုံ ကို ဖတ်ရတာ ယုံကြည်မှု ပိုအားကောင်းလာပါတယ် ဘုရား။
lknt: မှန်ပါတယ် ကိုရင် ကိုမင်း ရေ... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
1 Mar 10, 20:19
kyawswar: ဆရာတော် အမြန်ဆုံးကျန်းမာ ပြီးသာသနာတော် အကျိုး ဆထက်တပိုး ထမ်းဆောင်နိုင်ပါစေ ဘုရား
lknt: ဒကာလေး kyawswar ရေ... ဒကာလေးလည်း ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ..
1 Mar 10, 08:39
Dream: အလည်လာရောက် ပြီး ဖတ်သွားပါတယ် ဘုန်းဘုန်း..... ဘုန်းဘုန်းလဲ ကျန်းမာချမ်းသာပြီး သာသနာ့ တာဝန်တွေ ဒီထက်ဆက်ပြီး ထမ်းရွက်နိုင်ပါစေ
lknt: ဒကာမကြီး Dream ရေ... စိတ်ဆင်းရဲခြင်း ကင်းဝေးပါစေ...
1 Mar 10, 07:22
Nyein Nyein Htwe: ဘုန်းဘုန်း။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းဖြင်. ပြည်.စုံပါစေဘုရား။
lknt: ကောင်းပါပြီ ဒကာမကြီး Nyein Nyein Htwe ရေ... ဒကာမကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
1 Mar 10, 05:47
soe: ရိုသေစွာ ဦးတင်ပါတယ် အရှင်ဘုရား၊ ကိုလင်းထက်အောင်ကို အရှင်ဘုရားရှင်းပြထားတာရယ် အလှတရားဆိုဒ်မှာ အလှတရားရဲ့ ညွန်းဆိုမှုကြောင့် ကြည့်ဖြစ်ခဲ့တဲ့ ကွန်မင့်မှာ အရှင်ဘုရားရဲ့ အမြင် စတာတွေကို ဖတ်ရှုရပြီး တပြည့်တော်အမေးကိုလည်း သွယ်ဝိုက်သောနည်းနဲ့ ဖြေဆိုပြီးသားဖြစ်စေတဲ့အတွက် ကျေးဇူးတင်ပါတယ် အရှင်ဘုရား၊ တစ်တီတူးလို ဆိုးရိမ်လွန်ကဲမိတဲ့ တပြည့်တော်အား နားလည် ခွင့်လွှတ်တော်မူပါ အရှင်ဘုရား၊ အရှင်ဘုရား၏ အဆုံးအမကို ရိုသေစွာနာခံပါကြောင်း လျောက်ထားအပ်ပါတယ် ဘုရား၊
lknt: ဒကာလေး soe ရေ... ဒကာလေး စိုးရိမ်လွန်ကဲတယ်လည်း မဟုတ်ပါဘူး... မမှားဖို့ သတိထားတာကတော့ ကောင်းပါတယ်... ဘုန်းကြီးတို့ လုပ်သင့်တာတွေ လုပ်ကြဖို့ မလုပ်သင့်တာတွေ မလုပ်ကြဖို့ လိုအပ်ပါတယ်... ဒါကြောင့် များများ လေ့လာတာ ကောင်းပါတယ်... ဒကာလေးလည်း သာသနာကို စောင့်ရှောက်နိုင်ပါစေ... စိတ်ချမ်းသာပါစေ...
1 Mar 10, 05:40
lynnhtetaung: ၀မ်းမြောက်မိပါသည် ဘုရား ကျေးဇူးလည်းအထူးတင်မိပါသည် ဘုရား အရှင်ဘုရားနှင့် တကွ သာသနာကို စောင့်ရှောက်နေသော ပုဂ္ဂိုလ်များ ဆထက် တပိုး စောင့်ရှောက်နိုင်ကြပါစေ ဘုရား အရှင်ဘုရား ကျမ္မာချမ်းသာပါစေ ဘုရား၊
lknt: ဒကာလေး lynnhtetaung ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
1 Mar 10, 05:35
ထက်: အရှင်ဘုရား ကျန်းမာပါစေ.
lknt: ထက် ရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
28 Feb 10, 20:00
E S: ဆူနာမီဂယက်ကို ဖတ်ရှု့သွားပါသည် ဘုရား။ မြတ်ဗုဒ္ဓရဲ့ဓမ္မအစစ်အမှန် တည်တန့်ပြန်ပွား ထွန်းကားရေးအတွက် များစွာအထောက် အကူ ဖြစ်စေပါတယ်။ လူအများလည်း အမှားအမှန်ကို ခွဲခြားနားလည်စေနိုင်လို့ အလွန် အကျိုးကျေးဇူး များလှပါသည် ခုရက်ပိုင်း အလုပ်မအားတာကြောင့် ဆရာတော်စာမျက်နှာဘက်ကို မရောက်ခဲ့ပါ။ မန္တလေးက ပြန်ရောက်လာရင် စုစည်းထာ သော tkz ဆရာတော်၏ စာမျက်နှာများကို pdf ဖြင့် ပို့ပေးပါမည်ဘုရား။ ဆရာတော် ကျန်းမာ ရွှင်လန်းပါစေ။
lknt: ကောင်းပါပြီ E S ရေ... ဒါကြောင့် မတွေ့တာကိုး... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
28 Feb 10, 08:41
soe: အရှင်ဘုရား တပြည့်တော်အား သွန်သင်တော်မူပါဘုရား၊ လူက သံဃာကို(အကျင့်မှားနေတဲ့) ဝေဖန်ရင် ဘယ်လိုအကျိုးဖြစ်မလဲဘုရား၊ ဝေဖန်သင့်ပါသလားဘုရား၊ တပြည့်တော်တို့က ဓမ္မအသိတွေကို လေ့လာဆည်းပူးနေသူတွေဖြစ်တော့ ဆရာစုံရဲ့တရားတွေကို နာယူရပါတယ်ဘုရား၊ အဲဒီအထဲက ကိုယ်က ချွတ်ချော်နေတယ်လို့ မြင်တဲ့အပိုင်းကို ဝေဖန်ရင် သံဃာကို စော်ကားရာ ရောက်မလားဘုရား၊ တပြည့်တော်မှာ စွဲနေတာတခုက သံဃာဟာ ပါရာဇိကမကျသေးသမျှ သံဃာဖြစ်နေသေး တာမို့ အဲဒီသံဃာကို ဆရာလုပ်မိရင် စိတ်က ပြစ်တင်မိရင် အပြစ်ဖြစ်မယ် မဂ်တားဖိုတားဖြစ်မယ်လို့ တွေးမိနေလို့ တပြည့်တော်ရဲ့ အဲဒီအသိ မှန်မမှန် လိုအပ်နေသေးတယ်ဆိုရင်လဲ ဘယ်လို လိုအပ်နေသေးကြောင်းကို သွန်သင်တော်မူပါ အရှင်ဘုရား၊ အရေးကြုံတိုင်း ဦးတိုက်မေးလျောက်ခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဘုရား၊ အရှင်ဘုရား ကျမ္မာချမ်းသာပါစေ ဘုရား၊
lknt: ဒကာလေး soe ရေ... ဒကာလေး လင်းထက်အောင်ကို ဖြေပေးထားတာနဲ့ တူပါလိမ့်မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
28 Feb 10, 01:53
flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ် ဘုရား။
lknt: ဒကာမကြီး flowerpoem ရေ... ကောင်းပါပြီ စိတ်ချမ်းသာပါစေ...
26 Feb 10, 03:30
lynnhtetaung: Currently , in Internet ,we heard frequently about discussion with (ဆူနာမီဆရာတော် ဦးဥတ္တမသာရ အရှင်သူမြတ်) about some complicated situation associate with Dhamma problem and some personal Monk Rules and regulation effects, I would like to request Sayardaw,How can effect the people if they discuss with that Situation associate with monk's rule and regulation and Dhamma whether it is true or not. As a non related monk, normal person ,should do or not with the complicated situation associate with monk and ,Was there any example at the present of Buddha, With respectfully Sayardaw , ရိုသေစွာ လျှောက်ထားအပ်ပါသည် ,Lynn htet aung Normally, in my mind, Should do and but exactly want to know, effect with some examples at Buddha lecture
lknt: ဒကာလေး လင်းထက်အောင် ရေ...
ဆူနာမီဆရာတော်၏ အသံတရားများ ပုံများ တရားစာများကို အွန်လိုင်း ဘလော့များ ဖေ့စ်ဘွတ်များပေါ်တွင် အတင်များလာသည့်အတွက် စောင့်ကြည့်သူများ ရှိလာပြီးနောက် အမှားများကို ဆက်တိုက် ဖေါ်ထုတ်လာကြပါတယ်... ဆရာတော်ဘက်ကလည်း ဖြေရှင်းမှု ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်... အဖြေများ အားရမှု မရှိကြသည့်အတွက် ဆက်လက်ပြီး အမှန်ကိုဖေါ်ထုတ်ဖို့ ကြိုးစားနေကြတာတွေ တွေ့ရပါတယ်... ဓမ္မလော ၀ဂ်ဆိုက်မှာကတော့ အားလုံးကို စုစည်းထားတာ မြင်ရပါတယ်...
ဆွေးနွေး ပြောကြားမှုတွေနဲ့ ပါတ်သက်ပြီး... ဟိုဘက်ဒီဘက် လိုအပ်ချက်ဆိုတာကတော့ ရှိနေမှာပါပဲ... ဒီထဲကနေပြီးတော့မှ ကောင်းမွန်တိကျတဲ့ အဖြေတွေကို ဆွဲထုတ်သွားကြရမှာပါ... ပြုလုပ်သမျှ အကျိုးမဲ့မဖြစ် အရာရာဟာ သက်ရောက်မှု အကျိုးတရားတွေ ရှိနေပါတယ်... ဒါဟာ မြတ်ဗုဒ္ဓဟောကြားတဲ့ ကံ ကံ၏အကျိုး ဆိုတာပါပဲ...
ဘုန်းကြီးတစ်ပါး သိက္ခာသုံးပါး မလေးစားပဲ ၀ိနည်းကို ဖေါက်ချင်သလိုဖေါက် အဓမ္မကို ဓမ္မ... ဓမ္မကို အဓမ္မပါလို့ ပြောဟော နေထိုင်လာတဲ့အတွက်... အသိပညာရှိတဲ့လူတွေ မြတ်ဗုဒ္ဓရဲ့ဓမ္မကို မြတ်နိုးသူတွေက ပြောဆို အပြစ်ပြလာပြီဆိုရင်... ***ဘုန်းကြီးတို့ အနိုင်ယူတဲ့စကားလုံးကတော့... မင်းတို့ ငါ့ကို အပြစ်မပြောကြနဲ့နော် ငါက ရဟန်း မင်းတို့က လူ... ဆူးပေါ်ဖက်ကျ ဖက်ပေါက်... ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက်ပဲနော် ဟင်းးး ဘာမှတ်နေလဲ... ဆိုပြီး ဒီလိုပဲ ပြောကြ ကာကြတာ သဘာဝပါပဲ...
ကဲ ကြည့်မယ်... ဒို့ ကို မြတ်ဗုဒ္ဓက (၀ိနည်း-စည်းကမ်း) ဒါမလုပ်ရဘူးရယ်လို့ ၂၂၇-ခု ထုတ်ပြန်ထားတယ်... သည်လိုထုတ်ပြန်ရခြင်း အကြောင်းကတော့... ဘိက္ခုအမည်ခံပြီး ဘိက္ခုနဲ့မတူလို့... ရဟန်းတွေ သူတော်ကောင်းတရားနဲ့ မညီလို့ မနေခဲ့လို့... အသိဉာဏ်ရှိတဲ့သူတွေရဲ့ အပြစ်ပြ ကဲ့ရဲ့မှုကြောင့် ဖြစ်ပါတယ်... သည်လူတွေ ကဲ့ရဲ့တာကို မြတ်ဗုဒ္ဓက လက်ခံပြီး သားတပည့် ဘုန်းကြီးများကို ၀ိနည်းစည်းကမ်းတွေ ထုတ်လိုက်ပါတယ်... ၀ိနည်းစည်းကမ်း မထုတ်ခင်ကတောင် သူတော်ကောင်းများက ကဲ့ရဲ့ကြသေးတာဆိုတော့... ၀ိနည်းစည်းကမ်း သတ်မှတ်ချက် ရှိပြီးနောက် ပိုပြီးတော့တောင် တိတိကျကျ ကဲ့ရဲ့ အပြစ်ပြသင့်ပါတယ်... ဒါဟာ မြတ်ဗုဒ္ဓ သာသနာကို ထောက်ပံ့နေခြင်း သာသနာသက်တမ်းရှည်အောင် ပြုလုပ်ကြခြင်း ဖြစ်ပါတယ်...
ပထမ ပါရာဇိက ကျူးလွန်သူ= အရှင်သုဒိန်...
ကဲ့ရဲ့သူ= နတ်နှင့် ရဟန်းများ...
အမှု= ဘိက္ခုနှင့် မလျှော်- မေထုန်မှီဝဲခြင်း...
ဒုတိယ ပါရာဇိက ကျူးလွန်သူ= အရှင်ဓနိယ...
ကဲ့ရဲ့သူ= မင်းနှင့် ပြည်သူ ရဟန်းများ...
အမှု= ဘိက္ခုနှင့် မလျှော်- သစ်ခိုးမှု... (ရွှေတစ်မတ်သား တစ်မတ်တန်ဖိုး အထက်)
တတိယ ပါရာဇိက ကျူးလွန်သူ= ရဟန်းအများ...
ကဲ့ရဲ့သူမရှိ ညီတော်အာနန် တောင်းဆိုမှု...
အမှု= မလုပ်သင့်သော မိမိကိုယ်ကို သတ်သေမှု...
စတုတ္ထ ပါရာဇိက ကျူးလွန်သူ= ရဟန်းဆိုး ကြီးငယ်များ...
ကဲ့ရဲ့သူ= မြတ်ဗုဒ္ဓ ကိုယ်တော်တိုင်...
အမှု= ဘိက္ခုနှင့် မလျှော်- ဈာန် မဂ်ဖိုလ်မရှိပဲ လိမ်လည်မှု...
ဒီသိက္ခာပုဒ်မှာ ကဲ့ရဲ့သူမရှိ ဖြစ်နေတယ် အံသြစရာပါပဲ... မြတ်ဗုဒ္ဓကိုယ်တိုင်က ကဲ့ရဲ့မှပဲ သိကြရတယ်... လူတွေဟာ ကိုယ်အလိမ်ခံရတာကို အလိမ်ခံရမှန်း မသိကြဘူး... ဒီနေရာမှာ ဘုရားမဟုတ်ပဲ တခြားလူကပြောရင် အလိမ်ခံရတဲ့သူတွေက ရန်လုပ်ကြဦးမှာပါ...
သည်လေးခုကိုပဲ ကြည့်မယ်ဆိုရင်တောင် နှစ်ခုက နတ် လူ ရဟန်းများ၏ ကဲ့ရဲ့မှု... မြတ်ဗုဒ္ဓကတော့ ဆောင်ရမဲ့သီလ ရှောင်ရမဲ့သီလ ဖေါက်ဖျက်သူမှန်သမျှကို ကဲ့ရဲ့တော်မူပါတယ်...
စိတ္တသူကြွယ် ကလည်း ကဲ့ရဲ့တော်မူပါတယ်...
ကျောင်းအမကြီး ၀ိသာခါ ကလည်း ကဲ့ရဲ့တော်မူပါတယ်...
အနာထပိဏ် သူဌေးကြီး ကလည်း ကဲ့ရဲ့တော်မူပါတယ်...
ထို့အတူသာပင် သူတော်ကောင်းတွေ အားလုံးက ကဲ့ရဲ့တော်မူကြပါတယ်...
ဒါတွေကိုထောက်လိုက်လို့ ဗုဒ္ဓဘာသာဝင်မှန်သမျှ ဗုဒ္ဓဘာသာကို ဖျက်ဆီးရင် မတော်တာတွေပြုနေရင် အပြစ်ပြပြီး ပြောဆို ဆုံးမလို့ ရပါတယ်... စေတနာရှေ့ထား ပြောကြသည့်အတွက် ဒကာဒကာမများမှာ အပြစ်မဖြစ်သည့်အပြင်... ဗုဒ္ဓသာသနာရဲ့ အဆီအနှစ်တွေကို သုံးဆောင် ခံစား စံစားနိုင်ကြပါလိမ့်မယ်... ဘာလို့ဆို ဒီကလေးတွေ အမှန်တရားသိဖို့ တရားတွေ အများကြီးဖတ်မှတ် ကျင့်နေကြရတယ်... လေ့လာနေကြရပါတယ်...
ရဟန်းတော်များက သာသနာကို စောင့်ရှောက်နေကြသလို လူဝတ်ကြောင် ဒကာဒကာမများကလည်း စောင့်ရှောက်ကြပါလို့ မှာချင်ပါတယ်... မိတ်ဆွေ သူငယ်ချင်းများကိုလည်း အလယ်လမ်းမှန်ပေါ် လျှောက်ကြဖို့ ဖိတ်ခေါ်ကြပါ...
ရပ်ကွက်တစ်ခုမှာ လူဆိုးဝင်ရင် မြင်တဲ့သူက အချက်ပြရပါတယ်... လူစုရပါတယ်... အော်ရပါတယ်... ၀ိုင်းဖမ်းရပါတယ်... ရဲစခန်းပို့ရပါတယ်... နောက်တရားရုံးကို ပို့ရပါတယ်... ဒီတော့မှ တရားသူကြီးက အမှုစစ်လို့ အမိန့်ချမှာပါ...။ တရားသူကြီး လူဆိုးကို ဆင်းမဖမ်းလို့ အပြစ်မတင်ပါနဲ့ သူ့အပိုင်း မရောက်သေးပါဘူး... ဒီတော့ အားလုံး ကိုယ့်အလုပ် ကိုယ့်အပိုင်း ဆက်လက်ပြီးတော့သာ ထမ်းဆောင်ကြပါလေ...
ဦးလောကနာထ
၂.၂၈.၂၀၁၀
26 Feb 10, 14:27
အလှတရား: အရှင်ဘုရား၊ သဒ္ဓမ္မရံသီရိပ်သာ ဆရာတော်ဘုရားကြီးက ယောဂီတချို့ တရားအားထုတ်ရင်း သင်္ခါရုပေက္ခာဉာဏ်လောက် ရောက်ရင် အချို့ရောဂါတွေ ပျောက်ကင်းကုန်တာကို တွေ့ရတယ်လို့ မကြာမကြာ မိန့်တယ်ဘုရား... ၀န်ကြီးချုပ်ဦးနုကတော့ သာသနာ့ ရိပ်သာမှာ သင်္ခါရုပေက္ခာဉာဏ် ရအောင် အားထုတ်လာတယ်လို့ သူ့အထုပ္ပတ္တိမှာ ရေးထားတယ်ဘုရား။ အရှင်ဘုရားကတော့ အာစိဏ္ဏကံ ကုသိုလ်တွေ များများရှိတယ်ဘုရား.. တပည့်တော်တို့က သာပြီးဂရုစိုက်ရမှာပဲဘုရား ကျန်းမာပါစေ။
lknt: ဒကာလေး အလှတရား ရေ... သာဓုပါ... ရအောင် ကြိုးစားကြရမှာ လိုချင်သူများအလုပ်ပေါ့... တရားတော်က အမှန်အားကိုးထိုက်တယ်ဆိုတာ လက်တွေ့ပါပဲ ဒကာလေး... ဒီစကား ဒီတရားလေး စလာတော့ ဒကာမကြီးတစ်ယောက်နဲ့ ပြောတာ သတိရမိတယ်... ကျောင်းလာတဲ့ ဒကာမကြီးက မေးဖူးတယ်... အရှင်ဘုရား အသည်းကင်ဆာလို့ သိရတော့ မကြောက်ဖူးလားတဲ့... ဒီတော့ ဘုန်းကြီးကလည်း အမှန်အတိုင်း ဖြေတာပေါ့ မကြောက်ဖူးလို့... ဒီတော့ သူက ဘုန်းကြီး သင်ခဲ့ဖူးတဲ့အတိုင်း စာပေအတိုင်းသိနေတော့... အရှင်ဘုရားကလည်း မကြောက်တာက အနာဂါမ်ကျမှပဲ... စာသိတဲ့သူက စာနဲ့တော့ တိုက်ပြန်တာပဲနော်... ဒါပေမဲ့ တိုက်ရမှာပါပဲ... စာတစ်လုံး ဘုရားတစ်ဆူ ဒါကမှတ်ကျောက်ပဲကိုး... ဒါဆို အရှင်ဘုရားက အနာဂါမ်လားတဲ့... ဘုန်းကြီးက အားပါးတရ ဖြေလိုက်တယ် မဟုတ်ဖူးလို့... ဒီတော့ ဒကာမကြီး ရယ်ပါလေရော... ဟုတ်တယ်ဒကာလေးရဲ့ ဘုန်းကြီးတို့နဲ့အတူ တရားကျင့်နေသူများအတွက် ရိုးသားမှုက အရေးကြီးလှပါတယ်... ဘုန်းကြီးက အနာဂါမ် မဟုတ်ပဲပေါ့ မှိန်းနေမယ်ဆိုရင် တရားတက်ဖို့ ဝေးသွားပြီကွဲ့... ရဟန်းများအနေနဲ့ဆို ရဟန်းမဟုတ်တော့ဘူးလို့ ခေါ်ဆိုရတဲ့ ဥတ္တရိမနုဿဓမ္မ ပါရာဇိကကျသွားနိုင်တယ်...( No.4)... ဒီလိုပြောင်ကြီးမေးလာရင် အရင်းရှုံးခံပြီး မနေရဲပါဘူး...
ဒီတော့ ဒကာမကြီးဘက်က မေးစရာရှိလာတယ်... အရှင်ဘုရားက ဘယ်လို မကြောက်တာလဲတဲ့...
ဘုန်းကြီးမှာက ခုစာရေးနေချိန်လေးထိ မကြောက်တာလဲ အမှန်ပဲ...
ခုစာရေးနေချိန်လေးထိ အနာဂါမ် မဟုတ်တာလည်း သေချာလောက်ပါတယ်...
အနာဂါမ်တို့ မကြောက်ခြင်းကတော့ ဒေါသကုန်လို့ မကြောက်ခြင်းဖြစ်တဲ့အတွက် ဘယ်တော့မှ ဘယ်လိုမှကို ဆိုတာလို မကြောက်တော့ဘူး ပြောရမယ်ထင်တယ်... အတိုင်းအတာ မရှိတော့ဘူးပေါ့... ကိုယ့်ဟာကိုယ် အဖြေထည့်ကြမယ်... ဥပမာ... ခန္ဓာကိုယ်မှာ ဗုံးတွေ ချည်ပြီး လူအများကို လုပ်ကြံတဲ့သူတွေလည်း မကြောက်တဲ့သဘော ရှိတာပဲ... မီးနင်းတဲ့ကုလားတွေလည်း မကြောက်တဲ့သဘောရှိတာပဲ... အကုသိုလ်ပြုနေတဲ့ သူတွေလည်း မကြောက်တဲ့သဘောရှိတာပဲ... မကြောက်ခြင်းတွေကတော့ အများကြီး ရှိဦးမှာပါ... ခရီးရှည်တစ်ခုကို သွားခါနီး ကိုယ့်ရှိတဲ့ ရိက္ခာလေးနဲ့ သည်ခရီး လုံလောက်ပါတယ်လေဆိုပြီး မကြောက်မရွံ့ သွားရဲတဲ့သူလည်း ရှိတာပဲ... ရိက္ခာမလုံလောက်သူများကတော့ သွားရမှာ ကြောက်သွားပြန်ရော... မိမိသီလလေးဆင်ခြင်ပြီး ကိုယ့်သတ်မဲ့မြွေကို ကိုယ်ကမသတ်တော့ပဲ မကြောက်မရွံ့ သေခြင်းရင်ဆိုင်ရဲတဲ့သူတွေ.... အမျိုးမျိုးသော အကြောင်းကြောင့် မကြောက်ကြဘူး... ဒါပေမဲ့ အတိုင်းအတာ တစ်ခုအထိသာပါ... ဒါတွေကတော့ ကိလေသာတောထဲကနေ မှန်ကန်စွာကော မှားယွင်းစွာကော မကြောက်တဲ့ သဘောတွေ... အနာဂါမ်တို့ မကြောက်ခြင်းနဲ့တော့ လုံးဝ မတူဘူးပေါ့လေ... မှာလိုက်ပါသည်... သံသရာခရီးခဲ သွားနေကြတဲ့ သတ္တ၀ါတွေအားလုံး ကိုယ့်ရိက္ခာ ကိုယ်စုထားပါ... ရိက္ခာနည်းရင် ကြောက်ရွံ့စိတ်တွေ ပိုများပါလိမ့်မယ်... ရင်ဆိုင်ရပါလိမ့်မယ်... အရပ်လေးမျက်နှာကနေ ဘယ်သူမှ ရှောင်လွှဲမရတဲ့ ဘေးမျိုးစုံတွေ လာနေပါပြီ... ခုဒီဘက်မှာတော့ သဘာဝဘေးဖြစ်တဲ့ ငလျှင်တို့ ဆူနာမီဘေးတို့ ကြောက်လို့ ရိက္ခာတွေ လုဝယ်နေကြပြီ.... ကိုယ်စီကိုယ်ငှ အပ္ပမာဒတရား လက်ကိုင်ထားလို့ သူတောင်ကောင်းတရားတွေ ကျင့်နိုင်ကြစေ မြတ်ဗုဒ္ဓအမွေ...
ဦးလောကနာထ
၂.၂၈.၂၀၁၀
25 Feb 10, 23:32
crystal: ဘုန်းဘုန်း နေကောင်းသွားမှာပါလို့ ယုံကြည်နေပါတယ်ဘုရား။ သာသနာအပေါ် ထားရှိတဲ့စေတနာကြောင့် ရုပ်တွင် ခံစားနေရသော ရောဂါများသည် ပိန်းကြာဖက်ပေါ် ရေမတင်သကဲ့သို့ လွင့်စင်ပျောက်ကင်းပါစေ သတည်း။
lknt: လောလောဆည် မျှတပါတယ်... ဒကာမကြီး crystal ရေ... မိသားစု ငြိမ်းချမ်းပါစေ... အမိကိုလည်း ဂရုစိုက်ပါလေ...
25 Feb 10, 20:32
ကြာဖြူ: အရှင်ဘုရား တပည့်တော် မြန်မာပြည် ခဏပြန်သွားသဖြင့်.. ဆရာတော်ဘုရား၏ ဆိုဒ်ကို မလာရောက်တာကြာပါပီ ဘုရား.. ဆရာတော်ဘုရားအမြန်ဆုံး ကျန်းမာပါစေဘုရား... ကိုယ်၏ ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံပါစေဘုရား တပည့်တော်ကို ရိုသေလေးစားစွာ ရှိခိုးလိုက်ပါတယ် ဘုရား... ဆရာတော်ဘုရား အမြန်ဆုံး ကျန်းမာစွာနဲ့ သာသနာ အကျိုး ဒီ့ထက်ပိုပြီး ဆောင်ရွက်နိုင်ပါစေ ဘုရား.....
lknt: ဒကာမကြီး ကြာဖြူ ရေ... မမြင်တာကြာတာ ဒါ့ကြောင့်ကို... ၀မ်းသာပါတယ် ကိုယ်ရောစိတ်ပါ မျှတပါစေ...
25 Feb 10, 02:46
ညခင်း: ဘုန်းဘုန်းစာလာဖတ်ပါတယ်။ ဘုန်းဘုန်း ကျန်းမာစွာနဲ့ သာသနာဝန်ကို ဆောင်ရွက်နိုင်ပါစေ။
lknt: ကောင်းပါတယ်... ဒကာမကြီး ညခင်း ရေ... ဒကာမကြီးတို့ တူအရီး စိတ်ချမ်းသာပါစေ...
tint: အရှင်ဘုရား ရုပ်ကိုဆောင်တာ ကံစိတ်ဥတု အဟာရပါဘုရား။ ကံဆိုတာမှာလဲ အရှင်ဘုရား ခုနေခါ ကုသိုလ်တွေသာ လုပ်နေတာမို့  ပစ္စုပ္ပန်ကံ ကောင်းပြီးပါဘုရား။ ဆေးရုံကလဲ သူတို့ တာဝန်ကျေမဲ့ အရပ်ပါ ဘုရား ။ဥတုကလဲ ခုနေခါနွေပေါက်လာပြီမို့  နွေးစလေး ပြုလာပြီဘုရား စိတ်နဲ့  အဟာရသာ မျှတအောင် နေတော်မူပါဘုရား ။ မပျောက်ကင်းစရာ မရှိပါဘုရား
lknt: ဒကာလေး tint ရေ... ကံ စိတ် ဥတု အာဟာရာ ကြောင်းလေးဖြာတို့ ပေါင်းကာပြုပြင် စီရင်အပ်ကုန်သော ခန္ဓာငါးပါး သင်္ခတတရားတို့သည် ဖြစ်ပြီးလျှင်ပျက်ရ မမြဲလှသဖြင့် အနိစ္စ သဘောရှိကုန်၏... လို့... ဆိုထားတာပဲလေ... ဒီတော့ ဒကာလေးပြောသလိုပဲ... စိတ်ရယ် ဥတုရယ် အာဟာရရယ် ပြုပြင်နိုင်ရင် ကောင်းကံအသစ်တွေ ဖြစ်လိမ့်မယ်... အတိတ်က အကုသိုလ်အကျိုးပေးကတော့ သူ့အတိုင်းပေါ့... အသစ်ကံတွေ ကောင်းအောင် ပြုပြင်သွားပါ့မယ်... အားလုံး စိတ်ချမ်းသာကြပါစေ...
24 Feb 10, 22:51
kyawswar: ဆရာတော်ဘုရား အမြန်ကျမ်းမာပြီး သာသနာအကျိုး ဆထက်ပိုးပြီး ဆောင်ရွက်နိုင်ပါစေ ဘုရား။
lknt: ဒကာလေး kyawswar ရေ... ကောင်းပါပြီ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
24 Feb 10, 21:19
ဗုဒ္ဓဘာသာဝင်: ဆရာတော်ဘုရား အမြန်ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာ ပို့ပေးနေပါတယ်ဘုရား ။ ဆရာတော်ဘုရား အပါအဝင် အဓမ္မ၀ါဒတွေ ရှင်းပျောက်အောင် သာသနာပြုနေတဲ့ဆရာတော်များကို ရိုသေလေးစားစွာ ရှိခိုးကန်တော့ပါတယ်ဘုရား ။
lknt: ဗုဒ္ဓဘာသာဝင် ရေ... မေတ္တာပို့သံတွေ ကြားရတာ အေးချမ်းလှပါတယ်... ကိုယ်ရောစိတ်ပါ အေးချမ်းပါစေ...
24 Feb 10, 18:58
Nyein Nyein Htwe: ဘုန်းဘုန်းဘုရား။ ဝေဒနာမှ အမြန်ဆုံး ပျောက်ကင်းချမ်းသာပါစေ။
lknt: ဒကာမကြီး Nyein Nyein Htwe ရေ... မျှတပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
24 Feb 10, 15:43
တပည့်တော်: အရှင်ဘုရား blog မှာအငြင်းပွားဖို့ လုံးဝမရည်ရွယ်ပါ ဘုရား။ ခွင့်လွှတ်တော်မူပါလို့ တောင်းပန်ပါတယ်။ သို့ သော်လည်း ပြောစရာကရှိနေလို့ ပါ... ယင်ကောင်အုံနေတာကို လက်ပိုက်ကြည့်ပြီး တာဝန်မဲ့သူတယောက်အဖြစ်နေပါလို့  ဆိုလိုတာမဟုတ်ပါ.. ထက်ဆိုသူက ကိုယ်လိုရာဆွဲတွေးပြီး ပြောတာတော့ မသင့်တော်ပါ... လောကမှာ ဘုရားတောင်မှ မချွတ်နိုင်တဲ့ ဒေ၀ဒတ်လိုလူတွေ အများကြီးပါ... ဒါကြောင့် ဘုရားရှင်က ဥပေက္ခာတရားထားဖို့  ဟောခဲ့တာပဲ...
lknt: တပည့်တော်ရေ... တပည့်တော်ရေးတဲ့အဓိပ္ပါယ်ကို ဘုန်းကြီးသဘောပေါက်ပါတယ်... သာဓုခေါ်ပါတယ်... စိတ်ချမ်းသာပါစေ...
24 Feb 10, 11:25
ထက်: ယင်ကောင်အုံတာကို လက်ပိုက်ကြည့်နေရင် ဝမ်းရောဂါနဲ့ အကုန်ဒုက္ခများကုန်မှာစိုးလို့ပါ။ အသိဥာဏ်မရှိသူကို အသိဥာဏ်ဖြန့်ဝေဖို့ တာဝန်က လူတိုင်းမှာ ရှိပါတယ်။ ပြောပြလို့ အချိန်မှီ ပြုပြင်နိုင်ရင် အဲဒါအကျိုးအမြတ်ပါ တာဝန်မဲ့ မသိသလို နေသူများလာရင် လောကကြီး ပျက်စီးဖို့ ဖြစ်လာပါလိမ့်မယ်။ အသိဥာဏ်ရှိသူက လောကတာဝန်မယူနိုင်ရင် အသိဥာဏ်မဲ့သူများ၏ လောက ဖျက်ဆီးမှုကို အပြစ်ဆိုလို့ မရနိုင်ပါဘူး။ ပညာမရှိသူ အယောက် ၁၀၀ ချီးမွမ်းတာထက် ပညာရှိ တယောက် အကဲ့ရဲ့မခံဖို့က ပိုအရေးကြီးပါတယ်.။
24 Feb 10, 08:44
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ဘာသာရေးနဲ့ ပတ်သက်ပြီး ပြဿနာတခုကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ အရာရာကို ထည့်တွက်စဉ်းစားပြီး ချင့်ချင့်ချိန်ချိန် လုပ်ဖို့ တော့ လိုပါတယ်ဘုရား... ဘာသာရေးပြဿနာဟာ ကင်ဆာရောဂါမဟုတ်သလို နှလုံးရောဂါလည်း မဟုတ်ပါ (တပည့်တော်အမြင်ပါ) လူတိုင်းမှာ ကိုယ်ပိုင်အသိဥာဏ်ကိုယ်စီ ရှိကြပါတယ်... အညှီရှိရာကို ယင်ကောင်အုံမှာ ဖြစ်သလို... ပျားဆိုတာက ပန်းဥယျာဉ်ရှိရာကို သွားမှာပဲ.
23 Feb 10, 21:35
tit oo: တပည့်တော်နဲ့  အရှင်ဘုရားတို့ဘုရား ဒီလိုအခြေမျိုးမှာ တပည့်တော်အမြင်ကို တင်လျှောက်ပရစေ ။ ဘာသာခြားကဲ့ရဲ့ တာသည် ယင်အုံတာနဲ့ တူပါတယ်ဘုရား ။ ခု စူနာမီဆိုတာသည် ကင်ဆာပါဘုရား ယင်အုံတာကို ကြောက်လို့ ကင်ဆာကို ဖုံးထားမယ်ဆိုရင် လူနာသေရပါလိမ့်မယ် ။ ဒီတော့ ဘာသာခြားကဲ့ ရဲ့ တာကို ကြောက်နေလို့ မရပါဘုရား ။ မြတ်စွာဘုရားမျက်နှာသာ ကြည့်နိုင်ပါတယ် ။ ကင်ဆာနဲ့ တူသော ဒီစူနာမီကို မသိသေးသောသူများ သိအောင် သိပြီးသောသူများ ထပ်အလိမ်မခံရအောင် ဖွင့်ချတဲ့  အလုပ်ကိုလျှော (စာလိုသည်ထင်) တခုမေးစရာရှိပါတယ်။ ဒါတွေမင်းအလုပ်မဟုတ်ပါဘူး ပလိပ်နဲ့ တရားရုံးအလုပ်ပါလို့  ။
(တခါတလေမှာ ဖြစ်တတ်တာက ဥပမာဘုရား)
နှလုံးရောဂါကို နှလုံးအထူးကုဘဲနိုင်တယ်ဆိုတာမှန်ပါတယ် ။ သို့ သော် ကိုယ့်ရှေ့ မှာ AMI ဖြစ်နေ တာကို ကဲနှလုံးအထူးကုခေါ်ထားတယ် ငုတ်တုတ်ထိုင်စောင့်ဆို ဒီလူနာ သေမသေ ။ ဒီတော့ ကိုယ်တတ်သလောက် မော်ဖင်းလေးထိုး ။ သက်သာရာလေးတော့ လုပ်ရတာဘဲဘုရား ။ ခုလဲ ဒီသဘောပါဘဲ မဟာနာယက ဆရာတော်များသည် (ခုဆို ၃ကြိမ်သတိပေးပြီးလို့  သိရပါတယ်) ဆောင်ရွက်ထိုက်သည်ကို မျက်နှာမလိုက်ဆောင်ရွက်မယ်လို့  ယုံကြည်ပြီးပါ သို့သော်သူတို့  ဆောင်ရွက်ဆဲမှာ အလိမ်ခံလုဆဲလူများအတွက် ဆက်လက် မျှဝေတောာ်မူပါ့ ဘုရား တပည့်တော် အပြစ်မကင်းတာတခု ၀န်ခံပရစေဘုရား ။
တော်တော်စောစောထဲက ဒီစူနာမီတရားဆိုတာတွေကို နာကြည့်မေးကြည့် ပြီး မဟုတ်ကြောင်းစာပို့ ခဲ ဒါပေမဲ့  ဓါတ်ပုံကြည့်တဲ့ အလုပ်ဆိုပျင်းလွန်းလို့  တခါမှ သူ့ဆိုက်ကပုံတွေ သေချာမကြည့်မိဘူး ဘုရား ။ ဒါကြောင့် ခုအရှင်ဘုရားထုတ်ပြမှ ဒီပုံတွေ သေချာမြင်ဘူးတာပါ ဘုရား ဒီတော့ တပည့်တော်လိုဘဲ မျက်စိရှန်းနေတဲ့ သူတွေ ဘယ်လောက်များမလဲ မှန်းကြည့်ရပါတယ်ဘုရား (ဓမ္မလောမှာ ထက်စုတင်တော့လဲ တပည့်တော် မကြည့်မိဘူးဘုရား ၊ အဲလောက်ကို ပုံကြည့်ရမှာ ပျင်းတာ )
23 Feb 10, 17:39
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ဆူနာမီဆရာတော်အကြောင်း အရှင်ဘုရား blog မှာဖတ်ရတာ စိတ်မချမ်းသာ ဖြစ်ရပါတယ်... တပည့်တော်ရဲ့  ထင်မြင်ချက်ကို ပြောရရင်တော့ ဒီကိစ္စတွေဟာ Private အနေနဲ့  သက်ဆိုင်သူကို တိုက်ရိုက်ပဲ ပြောသင့်ပါတယ်... အခုလို Public တော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်... ဘာကြောင့်လည်းဆိုတော့ အခြားဘာသာဝင်တွေရဲ့ အမြင်မှားမူကို အားလုံးခံကြရလိမ့်မယ်.. ရှက်စရာ ကောင်းပါတယ် ဘုရား။
23 Feb 10, 20:23
lknt: တပည့်တော်ရေ... သည်ပုံတွေ သည်ဆွေးနွေးပွဲတွေ ကြားရတာ ကျောတောင်ပူလာပါတယ်... ငြိမ်းချမ်းပါစေ...
lknt:
တပည့်တော်
tit oo
ထက် - တို့...
ပြောတာတွေထဲမှာ အမှန်တရားတွေ သတိထားသင့်တာတွေ လုပ်သင့်တာတွေ ပါတယ်လို့ ခံယူပါတယ်... အားလုံးကို ကျေးဇူးတင်ပါတယ်... ပထမ တပည့်တော်ကပြောတော့ စိတ်ချမ်းသာအောင် ပို့စ်ကို ပိတ်ထားပေးလိုက်ပါတယ်... ဒုတိယ tit oo ပြောတော့ စိတ်ချမ်းသာအောင် ပြန်ဖွင့် ပေးမလို့ စဉ်းစားနေဆဲ... တစ်ခါ- တပည့်တော်က ပြောလာပြန်တယ်... မကြာခင်... ထက် ဆိုသူက ပြောပြန်ရော... အော် ငါရေးတဲ့ပို့စ်လေး ဖွင့်လိုက် ပိတ်လိုက်နဲ့ ဖြစ်တော့မယ်လို့ တွေးမိတယ်... (အာဠာဝကနဲ့ မြတ်စွာဘုရား ဇာတ်တော်ကို သတိရမိပါတယ်...)
သူများခိုင်းတာ လုပ်တတ်တဲ့အကျင့်တော့ မဟုတ်ပါဘူး... ကောင်းမွန်စွာနဲ့ ထောက်ပြ ပြောပြတာကို စိတ်ချမ်းသာစေလိုတဲ့စိတ်နဲ့ ဖြစ်နိုင်တာတွေ လိုက်လျောတဲ့သဘောပါ... ဘယ်သူပဲဖြစ်ဖြစ် ပြောဆိုနိုင်ပါတယ်... စဉ်းစားဆင်ခြင်ပြီး... လိုက်နာပါတယ်... တပည့်တော်ဘက်က စိတ်မကောင်းဖြစ်လွန်းလို့ စေတနာနဲ့ ပြောတယ်ဆိုတာ ဘုန်းကြီး သဘောပေါက်ပါတယ်...
ခုရေးမှာက အားလုံးအတွက် ရေးမှာဖြစ်ပါတယ်...
မြတ်ဗုဒ္ဓရဲ့ ရွှေမျက်နှာတော် မော့ဖူးပြီး စဉ်းစားကြည့်မိပါတယ်... ဗုဒ္ဓဘာသာဝင်အားလုံးဟာ သံဃာတော်များအတွက် ပစ္စည်းလေးပါး ထောက်ပံ့နေကြတာမို့ ကျေးဇူးကြီးလှပါလား... တို့မှာ တာဝန်တွေရှိတယ်... ကျေးဇူးရှိသူများကို ကျေးဇူးဆပ်ရမှာ သဘာဝပါပဲ... ကျေးဇူးဆပ်ရာမှာလဲ အမြင့်မြတ်ဆုံး အကျိုးအကြီးဆုံးကတော့ ဓမ္မနဲ့ ကျေးဇူးဆပ်ခြင်း ဖြစ်တယ်လို့ မြတ်ဗုဒ္ဓက ဆုံးမထားပါတယ်... ဒါကြောင့်လည်း သံဃာတော်များဘက်က တရားဓမ္မနဲ့ ကျေးဇူးတွေ ဆပ်နေကြပါတယ်...
ခု ဆူနာမီ ဆရာတော် ကိစ္စနဲ့ပါတ်သက်ပြီး ဒကာဒကာမတို့ သိသင့်သလောက်လည်း သိကြပါပြီ... ဆရာတော်ဟာ ကျေးဇူးရှင် အလှူရှင်များကို ဓမ္မနဲ့ဆိုပြီး ကျေးဇူးဆပ်ပါတယ်... ဒါပေမဲ့ ပရိယတ် အားနည်းမှုကြောင့် (မိမိမှာ ပြည့်စုံတယ် မဆိုလိုပါ) ဓမ္မမဟုတ်ပဲ တဖြည်းဖြည်း အဓမ္မ တရားတွေ ဖြစ်လို့လာပါတယ်... သူ့ဘက်ကကြည့်တော့ မှန်ပါတယ် အရှင်ဘုရားရယ်လို့တော့ မပြောကြပါနဲ့ ဗုဒ္ဓဟောကြား အမှန်တရားဆိုတာ တစ်ခုပဲရှိသင့်ပါတယ်... ဆူနာမီဆရာတော် ဟောတရား မှန်သလား... သံဃာမဟာနာယက ဆရာတော်များ ပြောစကားက မှန်မလား ဆိုခဲ့သည်ရှိသော်... ဒကာဒကာမတို့ စဉ်းစားကြည့်ကြပါ... ဆူနာမီဆရာတော် ဟောတရားမှန်တယ်ဆိုရင် သံဃာမဟာနာယက ဆရာတော်ကြီးများရဲ့ ဆုံးမစကား မှားနေပါတယ်လို့ ပြောရာ ရောက်သွားနိုင်ပါတယ်...
ဟောတရားများ လွဲမှားနေမှုကြောင့် သံဃာမဟာနာယကအဖွဲ့က ဆရာတော်ကို ခေါ်ယူဆုံးမပြီးနောက် တရားအမှားတွေ ဆက်လက် မဖြန့်ဖြူးဖို့ ဆရာတော်က ၀န်ခံလက်မှတ် ရေးထိုးထားတယ်လို့ သိရပါတယ်... ဒါပေမဲ့ ဆရာတော်ဟာ မလိုက်နာပဲ ဆက်လက်ဖြန်ဖြူး ဟောကြားနေခဲ့တယ်... အဓမ္မ၀ါဒ ထွန်းကားလာတာနဲ့အမျှ ဓမ္မတွေ မှေးမှိန်သွားနိုင်ပါတယ်... ဒါကြောင့် အဓမ္မ၀ါဒတွေ မထွန်းကားမီ အားမကောင်းမီ စောစောစီးစီး ၀ိုင်းဝန်းဖေါ်ထုတ်ဖို့ သံဃာတော်များနှင့်အတူ ဒကာဒကာမများကိုလည်း ဒီနေရာကနေ အလေးအနက် လျှောက်ထား တိုက်တွန်းပါတယ်... ဗုဒ္ဓဘာသာဝင်အများ မိမိတို့ ဆွေတော်မျိုးတော်များ မိစ္ဆာဒိဋ္ဌိဘေးကနေ ကင်းလွတ်ဖို့ရာအတွက် တတ်သိနားလည်တဲ့ ဆရာတော်များ လူပညာရှိများမှ ၀ိုင်းဝန်းကယ်ကြရမှာ ဖြစ်ပါတယ်... ခုပြောနေခြင်းဟာ ဆူနာမီဆရာတော်ရဲ့ တရားကိုတင် မဟုတ်ပါဘူး... ဗုဒ္ဓဘာသာဝင်တွေထဲက အဓမ္မ၀ါဒလို့ ပြောရမဲ့ ၀ါဒမှန်သမျှကို ပြောနေခြင်းပါ...
အားလုံးဟာ ကိုယ်လက်လှမ်းမှီရာ တာဝန်တွေ လုပ်ကြရမှာပါ... ဒါကြောင့်လည်း ဆရာတော်နဲ့ ပါတ်သက်တဲ့ ပုံတွေ တင်ပါတယ်... တင်တဲ့ပုံတွေ အားလုံးဟာ ဆရာတော်ကိုယ်တိုင် တင်ထားတဲ့ ဆိုက်က ဓါတ်ပုံတွေသာ ဖြစ်ပါတယ်... ဆရာတော်နဲ့ ပါတ်သက်တဲ့ သီးသန့် ကိုယ်ရေးကိုယ်တာ ဘာမှ မတင်လိုပါဘူး... ဓမ္မ... ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်းပေါ်မှာ တက်ပြီး တရားထိုင်တဲ့ပုံတွေဟာ အမြင်မတော်တဲ့ပုံတွေ မလုပ်သင့်တဲ့ အပြုအမူတွေပါ... လူတွေ မမြင်ကြ နားမလည်ကြ မျက်စိလျံနေကြတဲ့ သဘောရှိပါတယ်... ဒါတွေကို ပထမဖေါ်ပြဖို့ စိတ်ကူးမရှိသေးပါဘူး... ဆရာတော်အဖြေ ကြားပြီးတော့မှ အမုန်းခံပြီး ဇွတ်မလုပ်ရင် မရတော့ဘူးဆိုတာ မြင်လို့ လုပ်ပါတယ်... သာသနာကို ကာကွယ်ဖို့် တင်ပါတယ်... ဆရာတော်နဲ့ ဒကာလေးရဲ့ တရားဝင်ဆွေးနွေးပွဲမှာ ဒီကိစ္စနဲ့ ပါတ်သက်လို့လည်း အားလုံးနီးပါး နာကြားပြီးလို့ ထင်ပါတယ်... ထပ်ပြီး ဒီကိစ္စဟာ ဆရာတော်နဲ့ ပြောစရာ မရှိတော့ပါဘူး... လူအများသိအောင် ချပြဖို့ပဲ ရှိပါတော့တယ်... လူအများ အမှားအမှန် သိသွားပြီးနောက် အမှားကြောက်တဲ့သူတွေ တရားအမှားကို ရှောင်သွားပါလိမ့်မယ်... ဒါဟာ တရားအမှန် ဖေါ်ထုတ်သူများ ရရှိမဲ့ အကျိုးတရားတွေထဲက ရလာဘ်တစ်ခုပါ... အမှားကြိုက်တဲ့ သူများကတော့ သူထိုက်နဲ့သူ့ကံ သူသာခံရတော့မှာပါ...
ပစ္စုပ္ပန်လိုဝါဒမျိုး... ဓမ္မစေတီလိုဝါဒမျိုး... ဆူနာမီလိုဝါဒမျိုး... တိုင်းပြည်ရဲ့ သားကောင်းရတနာ ပညာတတ်လူငယ်တွေ ဒီလိုတရားမျိုးတွေကို နှစ်သက်နေကြတဲ့အတွက် နှမြောစရာ ကောင်းလှပါတယ်... တိုင်းပြည်အတွက်လည်း နစ်နာပါတယ်... အဓမ္မ၀ါဒဟောင်းတွေဟာ နေရာတကာမှာ ပေါ်ပေါက်လို့လာနေပါပြီ... မြန်မာပြည်က မိတ်ဆွေ တစ်ချို့ဆီ ဖုံးဆက်ပါတယ်... ဘာပြောလဲဆို အရှင်ဘုရား ဒီမှာတော့ တစ်ချို့ဘုန်းကြီး (အစစ်မဟုတ်) အမည်ခံများဟာ အရည်းကြီးတွေလို ဖြစ်နေပါပြီတဲ့... ဒီတော့ စောစောမရှင်းကြရင်တော့ တို့အမျိုးတွေ အရည်းကြီးတွေ လက်အောက်မှာ အင်း... မပြောတော့ဘူး...
မနက်ဖြန် ဆေးရုံကို ဘုန်းကြီးသွားပါမယ်... ပြန်မလာရင်တော့... ဦးလောကတော့ တွေ့လား အရိယာတွေကို ပြစ်မှားလို့ ကံကြီးထိုက်ပြီလို့ မပြောကြပါနဲ့...
လာရောက်လေ့လာသူများ မြတ်ဗုဒ္ဓရဲ့ဓမ္မကို တွေ့ကြပါစေ...
ဦးလောကနာထ
၂.၂၄.၂၀၁၀
21 Feb 10, 21:42
motka22: thank you ၀ိမုတ္တိသုခ. I just listened the dhamma dialougue between Ta nyin tawya sayadaw and Sayagyi U kyi, so I just want to confirm.
lknt: motka22 ရေ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ ...
21 Feb 10, 02:49
ညခင်း: ဘုန်းဘုန်း အတုဂိုဒေါင်လာဖတ်ပါတယ်။ ဦးချကန်တော့ပါတယ်။ ဘုန်းဘုန်းကျန်းမာပါစေ။
lknt: ကောင်းပါပြီ ဒကာမကြီး ညခင်း ရေ... စိတ်ချမ်းသာပါစေ...
20 Feb 10, 18:53
information: http://universaltruthplace.blogspot.com/2010/02/blog-post.html
lknt: information ရေ... စိတ်ချမ်းသာပါစေ... ဘေးကင်းပါစေ...
20 Feb 10, 01:10
ကိုဖြိုး: မိတ်ဆွေများခင်ဗျား မြတ်စွာဘုရားကိုလဲ ဘယ်သူမှ စော်ကားလို့မရပါဘူး။ ခွေးဟောင်တိုင်း ထကြည့်နေရင် အအိပ်ပျက်ရုံပဲရှိမှာပါ ဗုဒ်ဓအမြင်ချင်ဆုံးအရာဖြစ်တဲ့ နိတ်ဗာန်ရောက်အောင်သာ ကြိုးစားပီး ကိုယ်ဇတ်ကိုယ် သိမ်းကြပါစို့လား
lknt: ဒကာလေး ကိုဖြိုး စိတ်ချမ်းသာပါစေ... ဒကာလေးစာကို ဒါပဲကြိုက်လို့ ဒါပဲထည့်ပေးထားတယ်...
18 Feb 10, 23:05
honeylily2009@gmail.com: မင်္ဂလာပါရှင်။ သရဏဂုံ သုံးပါးကို အဲမြဲ ရိုသေကိုင်းရှိုင်းပါတယ်။
lknt: ဒကာမကြီး honeylily2009 ရေ... သာဓု... သာဓု... သာဓု... စိတ်ချမ်းသာ ပါစေ...
18 Feb 10, 11:05
ကိုယ်တော်ချော: ×××××××××
lknt: ကိုယ်တော်ချောရေ... ပြန်တွေရတာ ၀မ်းသာလိုက်တာ... ဒကာလေး လူသတ်ခံရလို့ သေပြီဆိုပြီး သတင်းထွက်လာလို့ ဘုန်းကြီးမှာ စိတ်မကောင်းဖြစ်နေရတယ်... အများစိတ်ချမ်းသာရေးအတွက် ဒကာလေးရေးတာတွေ ဖျက်ပေးလိုက်ပါတယ်... ဘန်းတော့ မဘန်းပါဘူး.. ကောင်းတဲ့စာ ကောင်းတဲ့စကားတွေ ရေးမယ်ဆို ရေးနိုင်အောင်လို့ပါ... ဒကာလေးကို အရင်ကလည်း စိတ်မဆိုးပါဘူး... ဒကာလေးထက်ဆိုးတဲ့သူတွေကို ထပ်တွေ့လိုက်ရလို့ စိတ်တော့ မကောင်းပါဘူး... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
18 Feb 10, 14:57
ဝိမုတ္တိသုခ: သံလျင်တောရ မှာ သန်လျင်တွင်ရှိသော တရားရိပ်သာ ဘုန်းကြီးကျောင်းနာမည်ဖြစ်ပါသည်။ သံလျင်တောရဆရာတော်ကြီးမှာ ဓမ္မ၀ါဒီ ဆိုတဲ့နာမည်ဖြင့် ကျမ်းပေါင်းများစွာရေးသားခဲ့သူဖြစ်ပါသည်။ ၁၉၇၆ ခုနှစ်က ပျံလွန်တော်မူခဲ့ပြီ ဖြစ်ပါတယ်။ ယခုလက်ရှိတွင် ဆရာတော်ကြီး၏ တပည့်များဖြစ်သော ပထမဆရာတော် ဦးဇ၀နနှင့် ဒုတိယဆရာတော် ဦးနိပုဏ (အေးငြိမ်းချမ်းသာ ဆရာတော်) တို့ မှ သန်လျင်ရိပ်သာ ဆိုတဲ့ အသုံးအနှုန်းမျိုးကို သံလျင်တောရ က သုံးတာတော့ လက်လှမ်းမီသလောက် တခါမှ မတွေ့ ဖူးပါ။ တခြားအဖွဲ့ အစည်းများမှ သုံးတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မည် ထင်ပါသည်။ ဦးစီးလျက်ရှိနေပါတယ်။
lknt: ဒကာလေးဝိမုတ္တိရေ... မိသားစုစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
15 Feb 10, 02:25
motka: Are Ta Nyin Tawya Sayadaw and Ta Nyin Yeiktha Sayadaw the same?
lknt: motka ရေ... မသေချာပါ... စိတ်ချမ်းသာပါစေ...
13 Feb 10, 17:15
တပည့်တော်: ရိုသေစွာဖြင့်ဦးချကန်တော့ပါတယ်အရှင်ဘုရား။ Undertaker ဆီကိုတော့ မသွားလိုက်ပါနဲ့ ဘုရား... တပည့်တော်တို့ မှာအားကိုးစရာဆိုလို့  အရှင်ဘုရားပဲရှိတာမို့ ပါ။ အရှင်ဘုရား နေကောင်းကျန်းမာပါစေလို့ ဆုတောင်းလိုက်ပါတယ်။
lknt: တပည့်တော်ရေ... ဒကာဒကာမများ ပို့သသော မေတ္တာကြောင့် အေးချမ်းပါတယ်... မဆိုးသေးပေါ့လေ... မိသားစုစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သတ္တာဝါအများကို စောင့်ရှောက်နိုင်ကြပါစေ...
11 Feb 10, 06:35
Undertaker: ဘုရားရှင်မှလွဲ၍ ရဟန္တာအရှင်မြတ်များသည်ပင်လျှင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ကျုးလွန်နိုင်ကြသေးသည်ဆိုပြီး နာမည်ကျော် ဓမ္မကထိက ဆရာတော်တစ်ပါးဟောတာ နာဖူးပါသည်ဘုရား အဆိုပါ ဆရာတော်မှလည်း ကျမ်းအကိုးအကားနှင့် အဋ္ဌကထာ၊ ဋီကာမှာ ပါကြောင်း ပြပါတယ် တပည့်တော်တို့လို လူသားတွေအနေနဲ့ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာဆိုတာဝေးလွန်းလှပါတယ် ဘုရား တပည့်တော်တို့ လက်လှမ်းမီသလောက်ကတော့ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ဆိုတာ ကိလေသာရှိသူတွေမှာသာရှိတယ်လို့ ဆင်ခြင်မိပါတယ် မှန်၊ မမှန် သိပါရစေဘုရား၊
အရင်မေးတာတာဖြေပေးတဲ့အတွက်လည်း ခြေတော်ဦးခိုက် ကြည်ညိုလျှက်ပါဘုရား။
အနုပါဒါနက္ဓန္ဓာဆိုတာနဲ့ ပတ်သက်ပြီး ဘုရားဟော ဘယ်သုတ်တော်တွေမှာ ပါတယ်ဆိုတာလည်း သိပါရစေဘုရား ဝိပဿနာနှလုံးသွင်းတဲ့ နေရာမှာသင်္ခတပရမတ်တွေ ဖြစ်တဲ့စိတ်၊ စေတသိက်၊ ရုပ် တွေကို နှလုံးသွင်းရမယ်လို့ဆရာတော်ကြီးတွေရဲ့ စာအုပ်တွေမှာ ဖတ်ရပါတယ်ဘုရား အဲဒီ သင်္ခတပရမတ်တွေ ဖြစ်တဲ့စိတ်၊ စေတသိက်၊ ရုပ် တွေဟာ ဖြစ်ခြင်း (ဥပါဒ်)၊ တည်ခြင်း(ဌီ)၊ ပျက်ဖြင်း(ဘင်)ဆိုတဲ့ ခဏငယ်၃ချက်ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဝိပဿနာနှလုံးသွင်းတဲ့အချိန်မှာတော့ တည်ခြင်း(ဌီ)ဟာ အလွန်လျှင်မြန်တဲ့အတွက် ဘုရားရှင်နဲ့ သာဝကကြီးတွေရဲ့ အရာလို့ သုံးသပ်ထားပါတယ်။ စိတ်၊ စေတသိက်၊ ရုပ်တွေဟာ ဖြစ်ခြင်း၊ တည်ခြင်း၊ ပျက်ခြင်းရှိသော်ငြားလည်း ဝိပဿနာနှလုံးသွင်းတဲ့အချိန်မှာတော့ ဖြစ်ခြင်းနဲ့ ပျက်ခြင်းသာလိုတယ်လို့ဆရာတော်ကြီးတွေ ရေးသားသလို နားလည်မိပါတယ်။ နိုင်ငံကျော် ဓမ္မကထိကတစ်ပါး ဟောတဲ့တရားတွေမှာတော့ဖြစ်၊တည်၊ပျက် ခန္ဓာကို မရှုရဘူး၊ ရှုရင် တရားမရဘူးဖြစ်ခြင်း၊ ပျက်ခြင်းမျှသာ ရှိတဲ့ ဥပါဒါနက္ခန္ဓာကိုသာ ရှုမှ တရားရမယ်လို့ ဆိုထားပါတယ်။ ပြီးတော့ ဥပါဒါနက္ခန္ဓာဟာ တည်ခြင်း(ဌီ) လုံးဝမရှိကြောင်း၊ဖြစ်ခြင်း နဲ့ ပျက်ခြင်းမျှသာ ရှိတယ်လို့ ဆိုထားပါတယ်ဘုရား။ မှန်၊ မမှန် သိပါရစေဘုရား။
11 Feb 10, 07:16
lknt: Undertaker ရေ... လောလောဆယ် ဆေးရုံသွားဦးမယ် အခြေအနေမကောင်းရင်တော့ သင့်ဆီလာရမှာပဲ... မြတ်စွာဘုရားမှာ ဒေါသရှိသေးတယ်လို့ ဆရာတော်တစ်ပါး ဟောတာ ကြားဖူးသေးတယ်... အခြေအနေပေးရင်တော့ အဖြေတွေ ရှာကြည့်ပေးပါ့မယ်... အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
((အဲဒီ ဒေါသကတော့ ဆရာတော်ရဲ့ရှင်းတမ်းမှာက မြတ်စွာဘုရား ၀မ်းချုပ်တာကို ရည်ညွှန်းပြီး ပြောဆိုခြင်းသာ ဖြစ်ပါတယ်တဲ့... သူလိုကိုယ်လိုမှာရှိတဲ့ ဒေါသကိုပြောတာ မဟုတ်ပါဘူး...)))
11 Feb 10, 08:56
အလှတရား >Undertaker: အဲဒီအဖြေတွေကို ဒီကစာအုပ်ကလေးမှာ ရှင်းလင်းထားတယ် ထင်တာပဲ http://www.scribd.com/doc/24805365/MaS0eYein-1
12 Feb 10, 01:51
kyawswar: undertaker ရေ dhammalaws.org မှာသွားဖတ်ကြည့်ရင် အားလုံး ရှင်းသွားမယ်ထင်တယ်
12 Feb 10, 10:52
lknt: တရားစကားတွေက အစအဆုံး ရှေ့နောက် သုံးသပ်ပြီးမှ အဖြေထုတ်ရတာကတော့ ပိုကောင်းပါတယ်။ (ဘုရားရှင်မှလွဲ၍ ရဟန္တာအရှင်မြတ်များသည်ပင်လျှင် ကာယဒုစရိုက်၊ ဝစီဒုစရိုက်၊ မနောဒုစရိုက် ကျုးလွန်နိုင်ကြသေးသည်ဆိုပြီး နာမည်ကျော် ဓမ္မကထိက ဆရာတော်တစ်ပါးဟောတာ နာဖူးပါသည်ဘုရား။) ခု လက်သဲကွင်းထဲက စာကြောင်းလေးကိုပဲ သုံးသပ်ရမယ်ဆိုရင်တော့ မှားပါတယ်။ စွပ်စွဲမှုတစ်ခုသာဖြစ်ပါတယ်။ လူအများ အမြင်လွဲမှားစရာ စကား ဖြစ်သည့်အတွက်ကြောင့်လည်း မပြောသင့်ပါဘူး... ရဟန္တာတွေ ကိလေသာမပါပဲ အာပတ်သင့်တာလောက်... ကိလေသာမပါပဲ ၀သီ-အထုံ ဖြစ်တာမျိုးလောက်ကို ဒုစရိုက်လို့လည်း မသုံးသင့်ဘူးလို့ မြင်ပါတယ်... ဒုစရိုက်ဆိုတာ အပါယ်ရောက်ကြောင်း အကျင့် ကံမျိုးကိုသာ သုံးသင့်ပါတယ်... သောတာပန်တောင် အပါယ်ရောက်ကြောင်း အကျင့်ကို ပယ်ပြီးဖြစ်ပါတယ်... မိမိတို့က ကိလေသာဗလပွနဲ့ အာပတ်သင့် အပြစ်ပြု လုပ်ချင်တာလုပ်တာတွေကို ကာဖို့ရာအတွက်လည်း ကိလေသာ ချုပ်ငြိမ်းပြီးတဲ့ ရဟန္တာအရှင်ကောင်းတွေကို ကာဘာလုပ်ပြီး မစွပ်စွဲသင့်ပါဘူး...
ရတနာ့သုတ်မှာကိုပဲ အရိယာ သံဃာတော်များရဲ့ဂုဏ်ကို ကြည့်ညိုနိုင်ပါတယ်...
((ဖြစ်၊ တည်၊ ပျက် ခန္ဓာကို မရှုရဘူး၊ ရှုရင် တရားမရဘူး။ ဖြစ်ခြင်း၊ ပျက်ခြင်းမျှသာ ရှိတဲ့ ဥပါဒါနက္ခန္ဓာကိုသာ ရှုမှ တရားရမယ်လို့ ဆိုထားပါတယ်။)) ဆိုတဲ့နေရာမှာ ဖြစ်၊ တည်၊ ပျက် ခန္ဓာကို မရှုရဘူး ဆိုတာ ဘယ်ခန္ဓာကိုပြောမှန်းမသိပါ... ဥပမာပြ၍ပဲ ပြောပေးပါ့မယ်... ပန်းလေးတစ်ပွင့်ကို မြင်တယ်... မြင်မိတဲ့ ပန်းလေးကိုစွဲလမ်းတယ် ဆိုပါစို့... ပန်းကလေးမှာရှိတဲ့ ဖြစ်တည်ပျက် ခန္ဓာကို လှမ်းပြီး ရှုစရာ မလိုပါ... ပန်းကလေးအပေါ်မှာ စွဲလမ်းတဲ့ ခန္ဓာ ဥပါဒါန်ကြောင့် ဖြစ်တဲ့ခန္ဓာကို ရှုရပါ့မယ်... ပန်းကလေးကို ပုံဖေါ်စရာလည်း မလိုပါ... စွဲလမ်းနိုင်ရာ ငါးခန္ဓာ မှန်စွာရှု၍ နေရမည်...
ခန္ဓာမှန်သမျှမှာ ဥပါဒ် ဌီ ဘင် ဆိုတဲ့ ဖြစ်တည်ပျက် ရှိနေတယ်လို့ မှတ်သားဖူးပါတယ်...
ရှင်းပေးထားတာလေးထဲက အယူအဆလွဲတာလေးတွေရှိရင် ပါခဲ့ရင် ပြင်သွားပါ့မယ်... အားလုံးပဲ ပြောပြနိုင်ပါတယ်... လေးနက်တဲ့တရားတွေ ဖြစ်လို့ သေချာလေ့လာကြဖို့ လိုပါတယ်... ကုသိုလ်လိုချင်လို့ တရားစာတွေရေး တရားတွေဟောကြ... ရေးတော့ ဟောတော့မှ အကုသိုလ်တွေ ဖြစ်ကြဆို အရင်းရှုံးလှတယ်လို့... မြင်မိပါတယ်... ခံစားနေရတယ်... သတိတရားလက်ကိုင်ထားလို့ အမှန်မြင်နိုင်ကြပါစေ...
ဒကာဒကာမအားလုံး စိတ်ချမ်းသာကြပါစေ ဒုက္ခဆင်းရဲ ကင်းဝေးကြပါစေ...
11 Feb 10, 04:31
မောင်ကောင်း: မမောမပန်းနဲ့ သာသနာပြုနေတဲ့ အရှင်ဘုရားလည်း.. မမောမပန်းနဲ့ ရည်မှန်းရာပန်းတိုင်ကို ဆိုက်ရောက်နိုင်ပါစေ..။
lknt: ဒကာလေး မောင်ကောင်း ရေ... ဗုဒ္ဓသာသနာနဲ့တွေ့တုန်း သမ္မာဒိဋ္ဌိနဲ့ ယှဉ်တဲ့ ကောင်းမှုကို ပြုခွင့်ရတာ ၀မ်းသာစရာပါပဲ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
9 Feb 10, 11:50
အောင်ဦး: စာအုပ်တွေ ကူးယူသွားပါတယ် ဘုန်းဘုန်း... သာသနာအကျိုးကို ဆထက်တိုး၍ ထမ်းရွက်ရင်း ရည်မှန်းချက်ကို ရနိုင်ပါစေ... အရှင်ဘုရား..
lknt: ဒကာလေး အောင်ဦး ရေ... ကောင်းပါပြီ ဒကာလေး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
9 Feb 10, 06:29
Undertaker: အရှင်ဘုရားဘုရား၊ ရဟန္တာ တို့ရဲ့ ခန္ဓာဟာ ဥပါဒါနက္ဓာ (ဥပါဒါနက္ခန္ဓာ-မှန်) လို့ သိရပါတယ်။အဲဒါ မှန်တယ်လို့ဆရာတော်ကြီးတွေက ဆိုကြပါတယ်။မှန်၊ မမှန် သိပါရစေဘုရား အရှင်ဘုရား ဝိပဿနာရှုတဲ့နေရာမှာ ရုပ် ရှုချင် ရုပ်ရှု၊စိတ်ရှုချင် စိတ်ရှု၊ ခန္ဓာ ၅-ပါး တစ်ပါးပါးကို ကြိုက်ရာ ရှုရင် တရားရလိမ့်မယ်လို့ မိုးကုတ်ဆရာတော်ကြီးရဲ့ တရားတော်တွေမှာ နာရပါတယ်ဘုရား။ ဒီလိုနဲ့ တခြား ဝိပဿနာနည်းလမ်းစာအုပ်တွေ ဖတ်တဲ့အခါမှာ ရုပ် သီးသန့်၊ နာမ်သီးသန့် ခန္ဓာငါးပါးထဲက တစ်ပါးသာ ရှုရုံမျှနဲ့ တရားမရနိုင်ကြောင်း ရေးထားတာဖတ်ရပါတယ်ဘုရား။ ခန္ဓာငါးပါးလုံး ရှုမှ တရားရနိုင်မယ်လို့ ဆိုထားပါတယ်ဘုရား။ မှန်တာကို သိပါရစေဘုရား
lknt: Undertaker ရေ... လေးနက်တဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်... လေးနက်တဲ့အတွက် မဖြေတော့ပါဘူး... ခု... အောက်မှာရေးတာလေးကို ဖြေတယ်လို့ သဘောမထားပဲ သိသလောက်ကလေး အနည်းငယ်တော့ ပြောပြတယ်လို့ပဲ သဘောထားပါ... ထပ်ပြီးလေ့လာပါ နာနာနှလုံးသွင်းပါ... တဏှာ မာန ဒိဋ္ဌိနဲ့ စွဲယူတာကို ဥပါဒါနက္ခန္ဓာလို့ခေါ်ပါတယ်... ဘ၀အဆက်ဆက်က စွဲယူလို့ ဖြစ်ပေါ်လာတဲ့ ဥပါဒါနက္ခန္ဓာ(လက်ရှိခန္ဓာ)ကတော့ ရဟန္တာတွေမှာလည်း ရှိနေပါတယ်... ဒါကြောင့် ရဟန္တာတို့ရဲ့ ခန္ဓာဟာ ဥပါဒါနက္ခန္ဓာလို့ခေါ်တာ မှန်ပါတယ်... ခေါ်လို့ရပါတယ်... ဒါပေမဲ့ ရဟန္တာဖြစ်ပြီးနောက် တဏှာ မာန ဒိဋ္ဌိတို့နဲ့ စွဲယူမှု မရှိတော့တဲ့အတွက် မဂ်ဖိုလ် ၀င်စားနေတဲ့အချိန်မှာ ဖြစ်နေတဲ့ ခန္ဓာကိုတော့ ဥပါဒါနက္ခန္ဓာလို့ မခေါ်တော့ပါလို့ မှတ်သားဘူးပါတယ်... လောကီစိတ်ဖြစ်နေတဲ့အချိန်မှာ ဥပါဒါနက္ခန္ဓာ ခေါ်တဲ့သဘောပါပဲ...
ခန္ဓာငါးပါးလုံးကို ရှုမှ တရားရမယ်ဆိုတာလည်း မှန်ပါတယ်... တစ်ပါးပါးကြိုက်ရာရှု ဆိုတာလည်း မှန်တာပါပဲ... ရုပ်သီးသန့် နာမ်သီးသန့် ခန္ဓာငါးပါးထဲက တစ်ပါးသာ ရှုရုံမျှနဲ့ တရားမရနိုင်ဘူးဆိုတာကလည်း အခြေအနေ တစ်မျိုးမျိုးကြောင့် ဆိုတယ်လို့ထင်ပါတယ်... တစ်ချို့ ဆရာတော်များက ရွေးမနေစေချင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်... ခန္ဓာငါးပါးကို ရှုတယ်ဆိုပေမဲ့ စိတ်တစ်ခုမှာ သိနိုင်တဲ့စွမ်းရည်က တစ်ခုကိုပဲ သိနိုင်ပါတယ်... ဒါကြောင့် သည်စိတ်ကလေးဟာ ခန္ဓာတစ်ခုကိုပဲ သိလိုက်ပါတယ်... သညာဖြစ်ချင်ဖြစ်မယ်... ဝေဒနာဖြစ်ချင်ဖြစ်မယ်ပေါ့... နောက်တစ်စိတ်ကျရင် နောက်တစ်ခန္ဓာကို သူသိနိုင်ပါတယ်... နောက်ဆုံး အရိယာဖြစ်မဲ့ မဂ်စိတ်လေးမှာလည်း တစ်ခုလေးကိုပဲသိပြီး မဂ်ကျသွားမှာပါ... ပြီး နောက်တစ်စိတ်ကတော့ ဖိုလ်စိတ်ဖြစ်သွားပါပြီ...
ဒီလောက်ဆို အဆင်ပြေလောက်မယ်ထင်ပါတယ်... ကိုယ်သိတာကနဲနဲ များများလည်း မပြောရဲဘူး... တော်ကြာအမှားတွေ ဖြန့်ဝေမိရင် အကုသိုလ်တွေ ဖြစ်ဦးမယ်... ဆရာတော်တစ်ပါးက ပထ၀ီဓာတ်ကို ရုပ်မဟုတ်ဖူးလို့ ပြောတာ ကြားလိုက်ရတယ်... ဘုန်းကြီးလည်း မျက်စိတော့ အတော်လည်သွားပါတယ်... ဆက်လက်ပြီး လေ့လာကြပါ ကောင်းပါတယ်... များများလေ့လာနိုင်မှ တော်ကာကျပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
9 Feb 10, 03:59
မောင်အောင်ကျော်စိုး: တပည့်တော်ဆရာတော်ဟောတော်မူတဲ့ တရားတော်များကို VCD' DVD များနှင့် မှတ်သားနာယူနေလျှက်ပါဘု၇ား
lknt: ကောင်းပါတယ် ဒကာလေး မောင်အောင်ကျော်စိုး ရေ... ဆရာတော်တွေ ဟောတရား များများလေ့လာကြ ဒါမှ အသိဉာဏ်တွေ ရင့်ကျက်ပါတယ်... ဆင်းရဲငြိမ်းပါစေ...
7 Feb 10, 18:07
မောင်စနေ (ဆေး ၁): အရှင်ဘုရား Blog လေးကိုအခုလိုပြန်တွေ့ရတာ အလွန်ပဲဝမ်းသာကြည်နူးမိပါတယ် တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ပါ “ အရှင်ဘုရား အရှင်ဘုရား စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် သာသနာအကျိုး ဆတက်တပိုး ထမ်းရွက်နိုင်ပါစေဘုရား
lknt: ဒကာလေး မောင်စနေ(ဆေး ၁) ရေ... ဘုန်းကြီးလည်း ပြန်တွေ့ရတာ ၀မ်းသာပါတယ်ကွယ်... စိတ်ချမ်းသာပါစေ...
7 Feb 10, 15:36
ကိုကိုမောင်: ဇွန်မ ညွန်ပြလို့ လိုက်လာကြည့်တာ။ ရတနာသိုက်တွေ့လိုက်ရသလိုပါဘဲ။ လင့်ခ်ယူသွားလိုက်ပါတယ်ဘုရား။
lknt: ကောင်းပါပြီ ဒကာလေး ကိုကိုမောင် ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
7 Feb 10, 15:15
ဇွန်မ: သာသနာအတွက် တန်ဖိုးရှိတဲ့ နေရာလေးတစ်ခုကို အာရုဏ်ဦးမှာ ရောက်လာခဲ့တာ မင်္ဂလာပါပဲ ဘုရား။ ဘုန်းဘုန်း ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာပါစေ။
lknt: ဒကာမကြီး ဇွန်မ ရေ... သာဓု... သာဓု... သာဓု... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
6 Feb 10, 12:03
ရန်ကုန်သား: ရိုသေစွာ ရှိခိုးပါ၏ အရှင်မြတ်ဘုရား ကျေးဇူးကြီးလှကြောင်းပါဘုရား
lknt: ကောင်းပါပြီ ရန်ကုန်သား ရေ... အဆင်ပြေပါစေ... ငြိမ်းချမ်းပါစေ...
6 Feb 10, 09:50
ဖြတ်သန်းခြင်း: ဆရာတော်ဘုရားရေ မုသာဝါဒနှင့်ပက်သက်ပြီး တပည့်တော် မေးထားတာလေးတွေကို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ကြောင်း ပြောမလို့ဟာ CBox ပိတ်ထားတာနဲ့ကြုံနေလို့ အခုမှပဲ ပြောရပါသည်ဘုရား။ ကျေးဇူးအထူးတင်ပါသည် ဘုရားး။
lknt: ဖြတ်သန်းခြင်း ရေ... ဟုတ်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
5 Feb 10, 13:58
WhoAmI?: အရှင်ဘုရား... ကျေးဇူးကြီးမားလှပါတယ်ဘုရား.. အမေးအဖြေများကို မသိသေးတဲ့လူများမသိသေးတဲ့လူများအတွက် ပြန်လည်မျှဝေပါ့မယ် ဘုရား ..ဘုန်းဘုန်းကျန်မာချမ်းသာစွာဖြင့် သာသနာတော်ကို စောင့်ရှောက်နိုင်ပါစေဘုရား.. အရှင်ဘုရား .. အမေးအဖြေများကို ဤသို့ ပြင်ဆင်ပြီး member များအား မျှဝေလိုက်ပါတယ်ဘုရား http://problemclean.ning.com/group/buddhistlungal/forum/topics/2257474:Topic:538293
lknt: ကောင်းပါပြီ WhoAmI? ရေ... စိတ်ချမ်းသာကြပါစေ...
5 Feb 10, 09:36
ညီမြတ်: ကျေးဇူးအထူး တင်၇ှိပါတယ် ဘုရား .. နောက်ထပ် တပည့်တော်တို့ကို အသိဥာဏ်ပွင့်အောင် ဟောပြတော်မူပါ ဘုရား ..
lknt: ဒကာလေး ညီမြတ်ရေ ကောင်းပါပြီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
5 Feb 10, 02:24
ချယ်ရီတံခွန်: လာရောက် ဖတ်မှတ်သွားပါတယ်ဘုရား ........ ဆက်လက်အောင်မြင်နိုင်ပါစေ
lknt: ချယ်ရီတံခွန် ရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
4 Feb 10, 21:48
ဘုန်းဘုန်းလေး: အရှင်ဘုရား-- ဘိက္ခုနီဝိနိစ္ဆယ စာမျက်နှာ ၈-၉ ပြန်တင်ပေးတာ အထူးကျေးဇူးတင်ပါတယ်ဘုရား၊ print ထုတ်လို့ စုံသွားပါပြီ၊ ဆထက်တံပိုးတိုးလို့ သာသနာပြုနိုင်ပါစေ၊
lknt: အဆင်ပြေတာသိရလို့ ၀မ်းသာပါတယ်ဘုရား... လိုတာလေးထောက်ပြပေးလို့ ကျေးဇူးတင်နေပါတယ်ဘုရား... ကိုယ်ရောစိတ်ပါမျှတပါစေ...
4 Feb 10, 06:52
ညီမြတ်: အရှင်ဘုရား တပည့်တော် မသိသေးသော အရာ တခု ရှိပါသည် .. ဝေသန္တရာမင်းကြီး ၏ သားသမီး အလှူအား ပြန်လည်ရှင်းပြစေချင် ပါသည် .. တပည့်တော်နားမလည်သေးလို့ပါ ဘုရား ...
lknt: ဒကာလေး ညီမြတ်ရေ... ဒီနေရာမှာ ရေးပေးထားလိုက်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
4 Feb 10, 01:47
ဘုန်းဘုန်းလေး: အရှင်ဘုရား-- ဘိက္ခုနီ ၀ိနိစ္ဆယ စာအုပ်မှာ စာမျက်နှာ ၈- ၉ ကျနေပါတယ်ဘုရား၊ ထပ်တင်ပေးနိုင်လျှင် ပိုကောင်းပါလိမ့်မည်၊ ကိုယ်စိတ်ကျန်းမာ သာသနာ မှန်စွာပြုနိုင်ပါစေသတည်း၊
4 Feb 10, 08:31
lknt: အရှင်ဘုရား ဘိက္ခုနီ ၀ိနိစ္ဆယ စာမျက်နှာ ၈- ၉ ယခုထည့်ပေးလိုက်ပါပြီဘုရား... ကျေးဇူးတင်ပါတယ်ဘုရား... ဘိက္ခုနီ ၀ိနိစ္ဆယ စာမျက်နှာ ၈- ၉ http://2.bp.blogspot.com/_DpNeE1DuRVY/S2rm40_2_xI/AAAAAAAALJs/3UVHvjNZeuk/s1600-h/Bhikkhuni__0013_8-9.jpg ဘိက္ခုနီ ဝိနိစ္ဆယ စာအုပ်... http://www.nartha.org/books/Bhikkhuni_Vineiksaya01-b.pdf
4 Feb 10, 00:23
flowerpoem: တပည့်တော် အလည်ရောက်ပါတယ် ဘုန်း၂ ဘုရား
lknt: ဒကာမကြီး flowerpoem ရေ... မိသားစုစိတ်ချမ်းသာကြပါစေ...
3 Feb 10, 21:51
E S: မှန်ပါ့ ဘုရား။ တပည့်တော် ဒေါင်းလုပ်ယူသွားခဲ့ပါဘီ ဘုရား။ တပည့်တော် အခု PDF ဖိုင်အဖြစ်ဘယ်လိုပြောင်းပြီး သိမ်းရတယ်ဆိုတာကို လုပ်ကြည့်ပြီးသိသွားပါဘီ ဘုရား။ ဆရာတော်ဆိုဒ်မှ အချို့သော တရားတော်များကို ယခုလို စုဆောင်း သိမ်းဆည်းခွင့်ပြုတော်မူပါရန် လျောက်ထားအပ်ပါသည် ဘုရား
lknt: ကောင်းပါပြီ E S ရေ... ခွင့်ပြုပါတယ်... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
3 Feb 10, 21:50
WhoAmI?: ဘုန်းဘုန်းဘုရား ပြန်ပြီ; Sing In လုပ်ကြည့်ပါဘုရား .. တပည့်တော် အဲဒိဆိုက် က အက်ဒမင်ပါ ဘုရား အဆင်မပြေရင် တပည့်တော် အကောင့် အသစ်တစ်ခု လုပ်ပေးပါ့မယ် ဘုရား
lknt: WhoAmI? ရေ... ရောက်ခဲ့တယ် ၀င်လို့မရဘူး... စာတိုက်သေတ္တာနံပါတ်တောင်းတယ်... ဘုန်းကြီးတို့ဆီမှာ မရှိဘူးလေ... လျှောက်ရေးတော့ လက်မခံဘူးတဲ့... အတော်တိကျတယ်... မွေးနှစ်ကိုတော့ ၁၉၉၉ ရေးထားတယ်... လိမ်တာမဟုတ်ဖူး ရေးချင်တာလျောက်ရေးတာပါ... ၀၀၀ အဆင်ပြေကြပါစေ... စိတ်ချမ်းသာကြပါစေ...
3 Feb 10, 14:20
WhoAmI?: အရှင်ဘုရား.. တပည့်တော် ကို ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်း အကြောင်း ရှင်းပြပေးစေလိုပါတယ် ဘုရား သိုမဟုတ်.. အကျယ်တ၀င့် ဘယ်မှာများ ဖတ်ရှုလို့ ရနိုင်မလဲဆိုတာ ညွှန်ပြပေးစေလိုပါတယ် ဘုရား.. ဘုန်းဘုန်းဘုရား ကျန်းမာချမ်းသာပြီး သာသနာ အကျိုးကို သယ်ပိုးနိုင်ပါစေ ဘုရား ဘုန်းဘုန်းဘုရား http://problemclean.ning.com/group/buddhistlungal ဆိုတဲ့ နေရာလေးမှာလည်း လာရောက် သာသနာ ပြုပေးဖို့ လျှောက်ထားအပ်ပါတယ် ဘုရား
3 Feb 10, 17:48
lknt: ရောက်ခဲ့တယ်... WhoAmI? ရေ... မေးခွန်းလေးဖြေမလို့ လုပ်နေတာ မှတ်ပုံတင်တောင်းလို့ ပြန်လာပါတယ်... စိတ်ချမ်းသာပါစေ... လာခဲ့ပါဦးမယ်...
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ်မှောက်ရာ၏။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
ရဟန်းတို့အား လာဘ်မရစိမ့်သောငှါ အားထုတ်၏၊
ရဟန်းတို့အား အကျိုးမဲ့ ဖြစ်စိမ့်သောငှါ အားထုတ်၏၊
ရဟန်းတို့အား နေရာမရ စိမ့်သောငှါ အားထုတ်၏၊
ရဟန်းတို့ကို ဆဲရေး၏၊ ရေရွတ်၏၊ ခြိမ်းခြောက်၏၊
ရဟန်းအချင်းချင်း ကွဲပြားစေ၏၊
မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကို ဆို၏၊
တရားတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ဆို၏၊
သံဃာတော်၏ ဂုဏ်ကျေးဇူးမဲ့ကို ဆို၏။
ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ်မှောက်ရာ၏။
ရဟန်းတို့ အင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ် လှန်ရာ၏။
အဘယ်ရှစ်မျိုးတို့နည်းဟူမူ -
ရဟန်းတို့အား လာဘ် မရစိမ့်သောငှါ အားမထုတ်၊
ရဟန်းတို့အား အကျိုးမဲ့ဖြစ် စိမ့်သောငှါ အားမထုတ်၊
ရဟန်းတို့အား နေရာ မရစိမ့်သောငှါ အားမထုတ်၊
ရဟန်းတို့ကို မဆဲရေး၊ မရေရွတ်၊ (မခြိမ်းခြောက်)၊
ရဟန်းအချင်းချင်း မကွဲပြားစေ၊
မြတ်စွာဘုရား၏ ဂုဏ်(ကျေးဇူး)ကို ဆို၏၊
တရားတော်၏ ဂုဏ် (ကျေးဇူး)ကို ဆို၏၊
သံဃာတော်၏ ဂုဏ်(ကျေးဇူး)ကို ဆို၏။
ရဟန်းတို့ ဤအင်္ဂါရှစ်မျိုးတို့နှင့် ပြည့်စုံသော ဥပါသကာအား အလိုရှိလတ်သော် သံဃာသည် သပိတ် လှန်ရာ၏ ဟု (မိန့်တော်မူ၏)။ 87
၇ - ပတ္တနိကုဇ္ဇနသုတ်၊ သတိဝဂ်၊ အဋ္ဌကနိပါတ်၊ အင်္ဂုတ္တိုရ်။
သတ္တ၀ါအများ ငြိမ်းချမ်းကြပါစေ...
3 Feb 10, 09:38
lknt: E S ရေ... ကံနှင့် ကံ၏အကျိုးတရားများ... pdf ဖိုင်လုပ်ပေးလိုက်ပါတယ်... http://www.nartha.org/books/Kamma.pdf စိတ်ချမ်းသာကြပါစေ...
3 Feb 10, 06:30
tit oo: အရှင်ဘုရား တပည့်တော်အလုပ်မှာ ကွန်ပြူတာက ဆိုက်ကိုဝင်မရလို့ ခုမှရောက်တာပါဘုရား .။ အရှင်ဘုရား အလုပ်မပျက်တာဝမ်းသာပါတယ်ဘုရား သို့ သော် တခုလျှောက်ပရစေဘုရား ။ ဒီ messenger ဆိုသာဟာ ဘာသာရေးဆွေးနွေးရန် မဟုတ်ဘဲ ရန်ပွဲဖြစ်အောင် သက်သက်သာလိုက်လုပ်နေသူ ဖြစ်ပါတယ် ဘုရား ။သူလဲအကျိုးမရှိ လာဖတ်သူတွေလဲ အကျိုးမရှိမို့ ဆရာတော်မေတ္တာမပျက်သော်လဲ စာဖတ်သူ အကျိုးရည်လို့  ဘန်းသင့်ပါတယ်ဘုရား ။ သူ့ ရေးသားချက်တွေရှင်းဘို့ ဆိုတာလဲ ရှင်းလောက်တဲ့  အဆင့်ကို မရှိတာပါဘုရား ။ ဥပေက္ခာတရားကိုသာ လက်ကိုင်ထားသင့်တယ်လို့ မြင်မိပါတယ်ဘုရား
lknt: ကောင်းပါပြီ tit oo ရေ... ခုတော့ ip တစ်ခုကို cbox ကနေ ဘန်းထားလိုက်ပါတယ်... ip ၄-ခုလောက်တော့ လာနိုင်ပါတယ်... အားလုံး စိတ်ချမ်းသာကြပါစေ...
2 Feb 10, 22:42
E S: တပည့်တော် ဆရာတော်ဘုရားက ဖတ်ရန်ရည်ညွှန်းထားသောစာပိုဒ်များကို ဖတ်ရှု့လေ့လာခဲ့ပြီးပါဘီဘုရား။ 7/24/2009 နေ့တွင် ဆရာတော်ဘုရားတင်ထားခဲ့သော "ကံ ကံ၏အကျိုးနှင့်၃၁ ဘုံ." ပို့စ် အား PDF ဖိုင်ဖြင့်ရလိုပါသည်ဘုရား။ ဘာသာရေးကို စိတ်ပါပြီး လေ့လာချင်သူ မိတ်ဆွေများကိုလည်း မျှဝေပေးချင်လို့ပါဘုရား။ ဆရာတော် ကိုယ်ရော စိတ်ပါ ကျန်းမာစေရန် ရိုသေစွာ ဦးညွှတ်ဂါရ၀ပြု၍ ဆန္ဒပြုပါသည်ဘုရား။
3 Feb 10, 09:38 lknt: E S ရေ... ကံနှင့် ကံ၏အကျိုးတရားများ... pdf ဖိုင်လုပ်ပေးလိုက်ပါတယ်... http://www.nartha.org/books/Kamma.pdf စိတ်ချမ်းသာကြပါစေ...
2 Feb 10, 21:20
ညီမြတ်: သို့.messanger .သတိပေးချင်ပါတယ် .ဆရာတော်ထက် ဖိုးသူတော်မေတ္တာ ပိုစွမ်း သလိုပဲ .ဆရာတော်က မေတ္တာထားနိုင်ပေမယ့် .မင်းကိုတော့ နည်းနည်း တင်းနေပြီနော် . မင်းဘာသာ ဘာသာရေး ရေးချင်ရေး .လာပြီးတော့ မနှောင့်ယှက်ပါနဲ ဘာမဟုတ်တဲ့ blogspot လေးမတတ်တခေါက်ရေး .မြန်မာနိုင်ငံမှာနေပြီး . ဗုဒ္ဓကို စော်ကားနေတာ အငြိမ်မခံ ဘူးနော် ကောင်ကလေး messanger .. အေးပေါ့လေ messanger မင်းလို လူမျိုးရှိမှပဲ တို့ ရဲ့ဗုဒ္ဓ ဘာသာကို ဘယ်လောက် တို့ ယုံကြည်ကိုးကွယ်လဲဆိုတာ ပိုသိရတာပေါ့ ..မေတ္တာ ဘယ်လောက် ထားနိုင်လဲ ဆိုတာ မုန်းဆ လို့ ရတာပေါ့ ..
lknt: ဒကာလေး ညီမြတ် ရေ... အသိ အလိမ္မာ ဉာဏ်ပညာနဲ့ ချင့်ချိန်ပြီး သင့်သလိုသာလုပ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
2 Feb 10, 16:41
မောင်ကောင်း: အရှင်ဘုရားရဲ့ မေတ္တာဓါတ်တွေကို ကြည်ညိုဦးခိုက်ရင်းပါပဲဘုရား...။ ဓါးသွေးကျောက်လေးလည်း အချိန်တန်လို့ သွေးပါများရင် သူ့အလိုလို ကုန်သွားမယ်ထင်ပါတယ်ဘုရား..း).. ဓါးကတော့ ထက်ပြီးရင်ထက်သွားမှာပါ့.။
lknt: ဒကာလေး မောင်ကောင်း ရေ... မှန်ပါတယ်... သီချင်းတပုဒ်ရှိတယ်နဲ့တူတယ်... နားစွန်နားဖျားဆိုတော့လည်း မသေချာပါဘူး... ဓားသွေးကောင်းတဲ့ တို့ကိုကိုပါ ဆိုတာလားပဲ... ဟုတ်လားမသိဘူး... ကိုယ်စိတ်နှစ်ပါး မျှပါစေ...
2 Feb 10, 12:24
အောင်ဦး: ပါဠိစာပေ လေ့လာဖို့ အတွက် စာအုပ်တင်ပေးတာ ကျေးဇူးများပါတယ် ဘုရား။ ဆက်လက်တင်မယ့် စာအုပ်တွေကိုလည်း စောင့်မျှော်နေပါတယ်။ ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေ...
lknt: ဒကာလေး အောင်ဦး ရေ... ဆက်လက်ပြီး တင်ပေးသွားပါ့မယ်... စိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ ဆက်လက် လေ့လာနိုင်ပါစေ...
1 Feb 10, 17:32
messenger: အခြားသောဘာသာဝင်များ၊ ဘာသာမဲ့ ကို အထူးသတိပေးပါသည်.. စီဘောက်ထဲတွင် ကျွန်တော်နာမည်အား ယူသုံးရုံမက ကျွန်တော် အီးမေးလိပ်စာ messenger နာမည်ကိုပါ ထင်ယောင် ထင်မှား ရေးသားလျက်ရှိပါတယ်.. ကွန်မန်များအောက်တွင် ရေးသားသမျှ စီဘောက်ထဲတ� (အခြားသော ဘာသာဝင်များ အပေါ်မှာ ကျွန်တော်တိုက်ခိုက်လိုစိတ် လုံးဝမရှိပါဘူး ဒါပေမယ့် မဟုတ်မမှန်သော ဗုဒ္ဓဘာသာကိုတော့ တိုက်ခိုက်မယ်) http://messengerforbuddhist.blogspot.com/
1 Feb 10, 18:09
lknt: ဒကာလေး ကိုယ်တော်ချော ရေ... ဘာသာရေးတိုက်တာကတော့ ကိစ္စမရှိပါဘူးကွယ်... ဒီနေရာမှာ ဆဲဆိုတာတွေတော့ မပါစေလိုပါ ကျေးဇူးတင်ပါတယ်... စိတ်ချမ်းသာပါစေ... ဘာသာရေးကတော့ ရှင်းချင်သူတွေ ရှင်းနိုင်သူတွေ ရှင်းကြရမှာပေါ့... ကိုယ်တော်ချောနဲ့အတူ ကမ္ဘာသူ ကမ္ဘာသားအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
1 Feb 10, 11:56
အောင်ဦး: တပည့်တော် လာရောက်ခဲ့ပါတယ် ဘုန်းဘုန်း... ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေ...
lknt: ကောင်းပါပြီ ဒကာလေး အောင်ဦး ရေ... စိတ်ချမ်းသာပါစေ...
31 Jan 10, 20:34
flowerpoem: ဘုန်း၂ ကျန်းမာပါစေ ဘုရား
lknt: ဒကာမကြီး flowerpoem ရေ... မိသားစု စိတ်ချမ်းသာပါစေ...
31 Jan 10, 19:36
HsHs: တပည့်တော် စာလာဖတ်ပါတယ်. အရှင်ဘုရား ကိုယ်ကျန်းမာ စိတ်ချမ်းသာပါစေ.
lknt: HsHs ရေ... ကောင်းပါပြီ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
31 Jan 10, 18:57
ညခင်း: ဘုန်းဘုန်း မျှတပါရဲ့လား။ ဒီနေ့ဘလောလေး သက်တမ်း(၂)နှစ် ပြည့်ပါပြီ။ ဘုန်းဘုန်းလည်း ကျန်းမာပါစေလို့ မေတ္တာပို့ပါတယ်။
lknt: ညခင်းနဲ့ လမင်း ရေ... အလည်လာခဲ့ပါ့မယ်... စိတ်ချမ်းသာပါစေ...
30 Jan 10, 08:45
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား... သူတော်ကောင်းတွေကို အခုလိုပြန်တွေ့ရတာ ၀မ်းသာပါတယ်... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေ...။
ဦးလောကနာထ: တပည့်တော် ရေ.. ကျေးဇူးတင်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
30 Jan 10, 01:56
crystal: ဘုန်းဘုန်းရေ- နေကောင်းပါစေဘုရား။ တပည့်တော်တို့ဆီမှာ မြတောင်ဆရာတော်ဘုရားကြီး ဆေးကုသဖို့ ရောက်ရှိနေပါတယ်ဘုရား။ ဆေးကုသမှု တိုးတက်ကောင်းမွန်ပါတယ် ဘုရား။
ဦးလောကနာထ: ဆရာတော်ဘုရားသတင်းကြားရတာ ၀မ်းသာပါတယ် crystal: ရေ... စိတ်ချမ်းသာပါစေ...
29 Jan 10, 19:11
uzin: အကောင်းဆုံး သာသနာပြုနည်း (မစိုးရိမ်စာသင်သား)... လို့ ပေးထားသော လင့်ခ်က တည်တောဆရာတော်၏ အရိယာဟူသည် ဖြစ်နေပါတယ်ဘုရား။
lknt: ကျေးဇူးပါပဲ လင့်ခ်ပြင်လိုက်ပါပြီ အရှင်ဘုရား...
29 Jan 10, 16:24
မောင်ကောင်း: သာသနာအတွက် တန်ဖိုးရှိတဲ့ နေရာလေးတစ်ခုကို ဆိုက်ရောက်ခဲ့ပြန်ပါတယ်..။ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် သာသနာ့အကျိုး ဆောင်ရွက်ရင်း ရည်မှန်းရာပန်းတိုင်သို့ ဆိုက်ရောက်နိုင်ပါစေ အရှင်ဘုရား...။
ဦးလောကနာထ: ဒကာလေး မောင်ကောင်း ရေ... အများကောင်းကျိုးအတွက် ကိုယ်တတ်နိုင်သလောက် ပြုလုပ်ကြတာ မင်္ဂလာတစ်ပါးပါပဲ... ဒကာလေးလည်း ကိုယ်အကျိုး သူ့အကျိုး သည်ပိုးနိုင်ပါစေ... စိတ်ချမ်းသာပါစေ...
24 Jan 10, 13:34
မြတ်ရောင်နီ: ဘိက္ခုနီ ၀ိနိစ္ဆယ ဖတ်လိုက်ရတာ။ တော်တော် တော်တော်လေးကို အသုံး ၀င်ပါတယ်။ ခုလောလောလတ်လတ် အနောက်နိုင်ငံတွေ ထေရ၀ါဒ ဘိက္ခနီ ရောဂါထချိန် ဆေးကုပေးဖို့  ဆေးစွမ်းကောင်း တစ်လက် ရလိုက်သလို ခံစာမိပါတယ်။ စိတ်ပါလက်ပါ ရင်ထဲလာသည့် အတိုင်း ပြောလိုက်ပါတယ်။
ဦးလောကနာထ: မြတ်ရောင်နီ ရေ... မှန်ပါတယ်... မဟာယာန ဘိက္ခုနီကနေ ထေရ၀ါဒဘိက္ခုနီ လုပ်ချင်တာ များလာတယ်... ကြာရင်တော့မလွယ်ဘူး... ထေရ၀ါဒ အမှန်တရားတွေ ဖေါ်ထုတ်ပြီး တောင့်ခံထားနိုင်မှ ရလိမ့်မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
23 Jan 10, 08:52
တပည့်တော်: Cbox မှာ စိတ်မကောင်းစရာတွေ ပြည့်နေပါလားနော်... ငရဲသွားမယ့်လူတွေ.. တန်ဘိုးရှိတဲ့သူတို့ ရဲ့  အချိန်ကို အသုံးချပြီး အလုအယက် ကျိုးစားနေကြပါလားနော်... ဘာကြောင့်များဒီလောက် မောဟတွေများနေကြပါလိမ့်...
ဦးလောကနာထ: တပည့်တော်ရေ... စိတ်မကောင်းမဖြစ်နဲ့ကွဲ့... ခုမှာ lknt11ရဲ့ဒဿနကို လူတွေအများကြီး သိသွားတာ... ကျေးဇူးတုန့်ပြန်သောအားဖြင့် ငြိမ်းချမ်းစွာနဲ့ မေတ္တာပို့ပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
23 Jan 10, 08:46
မောင်စနေ(ဆေး ၁): ကိုမောင်မောင်အောင်ခင်ဗျား ကျွန်တော်ဟာ မောင်စနေ(ဆေး ၁) အစစ်ဖြစ်ပါတယ် ကျွန်တော့် blog က http://magicbag666.blogspot.com/ ဖြစ်ပါတယ် ဒီ cbox မှ မိုက်ရိုင်းစော်ကားစွာ ရေးနေသည့်တစ်ယောက်မှာ ကျွန်တော့် nick ကို အလွဲသုံးစား လုပ်နေတာပါ အတုအယောင်တွေဖြစ်ပါတယ် ကျွန်တော်ဟာ ဗုဒ္ဓဘာသာကို အသက်နှင့်ထပ်တူ ယုံကြည်သူဖြစ်ပါတယ် ကျွန်တော်ဟိုတစ်နေ့တည်းက မောင်သောကြာ(ဆေး၂) ဇာဇာ(ဆေး၁) ဆိုပြီး သူတို့ ရေးထားတာတွေ တွေ့ရပါတယ် ဒီနေ့မှ ကျွန်တော့် Nick နဲ့ ဝင်ရေးထားတာတွေ တွေ့ရလို့ ဝင်ဖြေရှင်းရပါတယ် ဘုန်းဘုန်းအနေနဲ့ မောင်စနေ အစစ်နဲ့ အတုကို အပြောအဆို အရေးအသားကိုကြည့်ပြီး ခွဲခြားနိုင်မယ်လို့ ယုံကြည်ပါတယ် အမှားပါယင်ခွင့်လွှတ်ပါ..။ မောင်စနေဘုန်းဘုန်း cbox မှာ ဝင်ရေးမှာမဟုတ်တော့ပါ နောက် မောင်စနေ(ဆေး ၁)နဲ့ ဗုဒ္ဓဘာသာကို ရိုင်းပြစော်ကားလာပါက မောင်စနေမဟုတ်ပဲ အတုအယောင်များအဖြစ် လျစ်လျူရှု (သို့) ဖော်ထုတ်ပေးကြပါခင်ဗျား...။
ဦးလောကနာထ: ကောင်းပါပြီဒကာလေး မောင်စနေ(ဆေး ၁) ရေ... ရှင်းပြလိုက်တော့ ဖတ်ရတဲ့သူတွေ ရှင်းသွားပါတယ်... Cbox တွေမှာကတော့ ဒါမျိုးတွေ ဖြစ်နေကြပါပဲ... လည်ပတ်သူများအားလုံး သဘောပေါက်ကြမှာပါ... ဘုန်းကြီးကတော့ ဘယ်လိုမှ သဘောမထားပါ... သူတို့တစ်တွေကြောင့် တုန်လှုပ်မှု မရှိဘူးဆိုရင်တော့ ရေးသင့်တာ ဆက်သာရေးပါ... ကောင်းတာရေးရင် ဒီစနေ... မကောင်းတာရေးတော့ ဟိုစနေပေါ့... သတ်သတ်စီပဲလေ... ပြီးတော့လည်း ပြီးသွားကြတာပါပဲလေ... အားလုံး အချိန်တန်တော့ ဖြစ်ပြီး ပျက်ကြပြန်တာပါပဲ... စိတ်ချမ်းသာပါစေ...
23 Jan 10, 08:05
မောင်မောင်အောင်: အရှင်ဘုရား တပည့်တော်တို့သာသနာအတွက် တပည့်တော်တို့ ကာကွယ်ရန် တာဝန်ရှိပါသည်။ အရှင်ဘုရားတို့၏မေတ္တာ သူတို့မုချစူးပါမည်။ အရှင်ဘုရားတို့ကမူ သီးခံသော်လည်း လောက က သီးမခံ၍ ဖြစ်ပါသည်။ ၄င်းအပြင် ကာကွယ်ရန်အလို့ငှါ မောင်စနေ နှင့် ttc ၏ အိုင်ပီနံပါတ် ၊ နီူင်ငံတို့ကို ကြေငြာပေးစေချင်ကြောင်း ရိုသေစွာ တပည့်တော် လျှောက်ထား တောင်းပန်ပါသည် ဘုရား။ အရေးကြီးးပါသည် ဘုရား။
ဦးလောကနာထ: ဒကာလေး မောင်မောင်အောင် ရေ... မြတ်ဗုဒ္ဓသာသနာအတွက် ဗုဒ္ဓဘာသာဝင်တွေမှာ တာဝန်ရှိတာမှန်ပါတယ်... ဒါကြောင့်လည်း တာဝန်သိသူများက နည်းမျိုးစုံနဲ့ လှုပ်ရှားနေကြမယ် ထင်ပါတယ်... ဒီနေရာကတော့ ဘာမှ မဖေါ်ထုတ်ချင်ပါဘူး ဒကာလေး... မတတ်တာလည်းပါတယ်... အေးချမ်းနေတဲ့ မေတ္တာကနေ ဒေါသ အာဃာတတွေဘက်လည်း မသွားချင်ဘူး... တခြားနေရာတွေက ဖေါ်ထုတ်ကြပါလိမ့်မယ်... အရာရာဟာ မကြာပါဘူး... ရေပွက်ပမာ တခဏမျှသာပါ... ဒကာလေးတို့လို ကြိုးစားနေသူများအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
23 Jan 10, 06:26
ashinthaw: စွန်းလွန်းဝိပဿနာအားထုတ်နည်း စာအုပ်များကို ဖတ်လိုသူများကို ညွှန်ပြပေးတော်မူပါဘုရား http://ashinthaw.blogspot.com/ 23 Jan 10, 00:32
ဦးလောကနာထ: ကောင်းပါပြီ အရှင်ဘုရား မျှတပါစေ...
23 Jan 10, 00:18
မောင်စနေ(ဆေး ၁): အရှင်ဘုရား တပည့်တော်နာမည်သုံးပြီး အတုအယောင်တွေ ဝင်ရေးနေပါတယ်ဘုရား သည်းခံပါဘုရား အထင်အမြင်မှားမှုများကို ရှောင်ရှားနိုင်ရန် တပည့်တော် ဘုန်းဘုန်း cbox မှာ comment ဝင်မပေးတော့ပါဘုရား အရှင်ဘုရား ကျန်းမာချမ်းသာစွာဖြင့် သာသနာအကျိုး ဆောင်ရွက်နိုင်ပါစေ...။ ဗုဒ္ဓသာသနာအဓွန့်ရှည် တည့်တံ့ပါစေ ရန်သူမိတ်ဆွေ မည်သူပင်ဖြစ်ပါစေ နာမည်ဖျက်ချင်သူအပါအဝင် အားလုံးကိုခွင့်လွှတ်ပါတယ် အားလုံး ကျန်းမာချမ်းသာကြပါစေ.... မောင်စနေ(ဆေး ၁) ၂၃.၁.၂၀၁၀ စနေနေ့
ဦးလောကနာထ: ဒကာလေး မောင်စနေ(ဆေး ၁) ရေ... ကိစ္စမရှိပါ... ဒကာလေးရဲ့တည်ငြိမ်မှုနဲ့ ရန်သူမိတ်ဆွေ အားလုံးအပေါ် မေတ္တာထားမှုလေးကို ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်... ဆက်လက်ပြီးတော့လည်း သည်အတိုင်း နေပါကျင့်ပါ... သူတော်ကောင်းဓာတ်ဆိုတာ ရခဲ ဖြစ်ခဲပါတယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
22 Jan 10, 23:44
myochitpeacock: yes, sayadaw u lknt, you are lucky, you are getting a chance to pay back your debt from the past. It is a great opportunity. Well done, well done, well done. you should thank to them.
ဦးလောကနာထ: myochitpeacock ရေ... ကောင်းပါပြီ... ပြုသင့် ပြုထိုက်တာတွေကို ပြုကြရပါတယ်... ပြုပြီးတိုင်းလည်း အကျိုးအာနိသင်လေးတွေက ကျန်ခဲ့ပါတယ်... ကောင်းသောအမှုပြုဖို့လည်း အမြဲ အာရုံထားတယ်ပေါ့... ရဟန်းတစ်ပါး လုပ်သင့်တာတွေ လုပ်သွားပါ့မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
22 Jan 10, 16:04
T.W: တရားတော်များကို PDF ဖိုင်လုပ်ပြီး တင်ပေးမှာ သိရသည့်အတွက် ၀မ်းမြောက်မိပါတယ်ဘုရား။
ဦးလောကနာထ: T.W ရေ... ကောင်းပါပြီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
22 Jan 10, 15:39
မောင်ကောင်း: ဓါးသွေးကျောက်နဲ့ ထက်သထက်ထက်အောင် သွေးနိုင်ပါစေဘုရား..။ အရှင်ဘုရား ကျန်းမာရေးလည်း ဂရုစိုက်ပါဘုရား။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...။
ဦးလောကနာထ: ဒကာလေး မောင်ကောင်း ရေ... ဓားဆိုတာ သတိ ၀ိရိယနဲ့ ခဏခဏ သွေးပေးရတယ်လေ... ဓားသွေးကျောက် ကျောက်ကောင်းလေးကလည်း ရခဲသား... မြတ်ဗုဒ္ဓသာသနာနဲ့ တွေ့တုန်း ကြိုးစားရမှာပါပဲ... ဒကာလေးတို့လည်း မမေ့ကြနဲ့... ငြိမ်းချမ်းသာယာပါစေ...
22 Jan 10, 11:06
ကလျာ: သောကြာ၊ စနေ အပါအဝင် ၇ ရက် သားသမီးများ စိတ်ချမ်းသာကြပါစေ.
ဦးလောကနာထ: မှန်ပါတယ် ဒကာမကြီး ကလျာ ရေ... မေတ္တာပို့ခြင်းက မင်္ဂလာတစ်ပါးပါပဲ... မိသားစု ငြိမ်းချမ်းသာယာ ရှိပါစေ...
22 Jan 10, 10:36
မောင်သောကြာ (ဆေး ၂): အရှင်ဘုရား၊ လူတိုင်း လူတိုင်းဟာ များသောအားဖြင့် မြင်းမိုရ်တောင်ကို ယူဇနာ ရှစ်သောင်းလေးထောင် ရှိ၏ဟု ပြောကြပါသည်။ သဒ္ဒါကြီး ပုဒ်စစ်စုံကျမ်း(၁၃၄)၌ ပြထားတာကတော့ ဂီရိရာဇာ- မြင်းမိုရ်တောင်မင်းသည် အဋ္ဌသဋ္ဌိသတသုဗ္ဗေဓော- ယူဇနာ တယူဇနာ တသိန်းခြောက်သောင်း အစောက်ရှိ၏- ဟု ပြဆိုထားရာ အထက်ပါစကားနှင့် ဆန့်ကျင်နေပါသဖြင့် ဘုရားတပည့်တော်အား ဖြေကြားပေးတော်မူပါဘုရား။ သဘာဝက ဖြစ်လာတယ်လို့ လက်ခံရင် နိဗ္ဗာန်မလို ငရဲမရှိဆိုရင် မှန်ပါသလား
ဦးလောကနာထ: ဒကာလေး မောင်သောကြာ (ဆေး ၂) ရေ... စာရှာဖွေလိုက်ပါဦးမယ်ကွယ်... စိတ်ချမ်းသာပါစေ...
22 Jan 10, 07:50
ခရစ်တလ်: ဘုန်ဘုန်းဘုရား-နေကောင်းပါစေလို့ တပည့်တော်တို့ ဇနီးမောင်နှံမှ ဆုတောင်းမေတ္တာပို့သလျှက်ရှိပါတယ်ဘုရား။
ဦးလောကနာထ: ဒကာတိ သာဓု... သာဓု... သာဓု... အေး... မိသားစု စိတ်ချမ်းသာကြပါစေ...
22 Jan 10, 06:27
မောင်စနေ(ဆေး ၁): ဆရာတော်နှင့်တကွ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာကြပါစေ..။ တပည့်တော်ရဲ့ “ကိုယ်စောင့်နတ်”နှင့်ပတ်သတ်သောမေးခွန်းကို ပြည့်စုံစွာ နားလည်သဘောပေါက်အောင် ပြန်လည်ဖြေကြားပေးတဲ့အတွက် ဘုန်းဘုန်းကို ကျေးဇူးအထူးတင်ရှိပါသည်ဘုရား။ အရှင်ဘုရားကို တပည့်တော်ထပ်မံ လျောက်ထားချင်တဲ့ ကိစ္စတစ်ခုကတော့ ဥပုသ်သီလစောင့်တည်ခြင်းနဲ့ ပတ်သတ်ပါတယ်ဘုရား တပည့်တော်ဟာ ပြည်ပမှာပညာသင်ယူနေတဲ့ ဆရာဝန်တစ်ယောက် ဖြစ်ပါတယ်ဘုရား အခုတပည့်တော်ဟာ တခြားအခန်းဖော်နှစ်ယောက်နှင့်အတူ တစ်ခန်းတည်းနေရပါတယ်ဘုရား အခန်းဟာ အလွန်ကျဉ်းမြောင်းပြီး သုံးယောက်စာကုတင်သုံးလုံးနှင့် ပြည့်နေပါတယ်ဘုရား တပည့်တော်ဟာ ငါးပါသီလကို ခါးဝတ်ပုဆိုးပမာ မကျိုးမပေါက်ရအောင် သတိနဲ့ထိန်းသိမ်းပါတယ်ဘုရား နေ့စဉ် အချိန်ရယင်ရသလို တရားရှုမှတ်ပါတယ်ဘုရား တပည့်တော်ဟာ ရံဖန်ရံခါ ဥပုသ်ဆောက်တည်ချင်ပါတယ်ဘုရား သို့သော်လည်း နေရာထိုင်ခင်း အခက်အခဲကြောင့် “ဥစ္စာသယန မဟာသယန” သီလကို မဆောက်တည်နိုင် ဖြစ်နေရပါသည်ဘုရား တပည့်တော် ဤပြသနာကိုမည်သို့ ဖြေရှင်းရမည်ကို သနားသဖြင့် မိန့်တော်မူပါဘုရား ဆရာတော်ဘုရား ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်အကျိုးကို ဆထက်တပိုးတောင်ရွက်နိုင်ပါစေ စိတ်အေးချမ်းသာစွာဖြင့် တရားအားထုတ်နိုင်ပါစေဘုရား...။
ဦးလောကနာထ: ဒကာလေး မောင်စနေ(ဆေး ၁) ရေ... ငါးပါးသောသီလကို ကြိုးစားစောင့်ထိမ်းပြီး... ဥပုသ်ဆောက်တည်ချင်တဲ့အတွက် သာဓုခေါ်ပါတယ်... ဥစ္စာသယန မဟာသယန သိက္ခာပုဒ်အတွက်ကတော့... စောင့်ထိမ်းလိုတယ်ဆိုရင်... စာပေအရ မြင့်သောနေရာ မြတ်သောနေရာမှာ နေထိုင်ခြင်းမှ ရှောင်မှုဆိုတော့... ရှောင်ကြဉ်ရမှာပါပဲ... ဒါပေမဲ့ မိမိစိတ်ထဲမှာလည်း စောင့်ထိမ်းလိုတယ် နေရာအခက်အခဲအရလည်း အနိမ့်မှာ ဆင်းအိပ်ဖို့ မလွယ်ဘူးရင်တော့ အမြင့်မှာပဲအိပ်... ကုတင်ပေါ်မှာ အမာပစ္စည်း တစ်ခုခုခင်းပြီးအိပ်ပါ... အမာခင်းစရာမရှိခဲ့ မရခဲ့ရင် သည်အတိုင်းပဲ အိပ်ပါ... သည်ပေါ်မှာ အိပ်ရလို့ဆိုပြီး ကာမခံစားလိုတဲ့စိတ် မဖြစ်ပေါ်အောင်အိပ်ပါ... အဓိကတော့ သည်သိက္ခာပုဒ်က ကာမဂုဏ် ခံစားလိုတဲ့စိတ်တွေ မတိုးပွားအောင် ပြုတဲ့သဘောပါပဲ... နိုင်ငံခြားရောက်နေတဲ့ ဆရာတော်တွေ ထိုင်ကြ ကျိန်းကြရတာလည်း သိပ်မထူးပါဘူး... မွေ့ယာတွေ ဆိုဖာတွေချည့်ပါပဲ... ဆရာတော်တစ်ပါးကတော့ ထိုင်ခုံပေါ်မှာ အထပ်သားခင်းပြီး ပိတ်စလေးဖုံးထိုင်တာ တွေ့ဖူးပါတယ်... ဒကာလေးမှာ သီလစောင့်ထိမ်းလိုတဲ့ သူတော်ကောင်းဓာတ်ကလေး ရှိနေတဲ့အတွက် တစ်ချိန်ကျရင် သီလနဲ့ ပြီးပြည့်စုံသူ ဖြစ်လာမှာပါ... ကောင်းတဲ့အမှု လုပ်ချင်တဲ့စိတ်ကလေးက အဓိကပါပဲ... သူတော်ကောင်းဓာတ်တွေ မွေးမြူထားပါ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
22 Jan 10, 01:05
သီတဂူစတား: လာဖတ်မှတ်သွားပါတယ်။
ဦးလောကနာထ: မှန်ပါ့ အရှင်ဘုရား ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ ဘုရား...
21 Jan 10, 22:58
kyawswar: ဘယ်လိုလူတွေလဲ စိတ်ရှုပ်လိုက်တာ
ဦးလောကနာထ: ဒကာလေ ကျော်စွာ ရေ... တစ်ခါတစ်ရံဖြစ်တတ်ပါတယ်... သည်းခံခြင်းတရားနဲ့ မေတ္တာတရား များများထား... စိတ်ချမ်းသာပါစေ...
21 Jan 10, 20:35
myochitpeacock: ဘာသာရေးပဋိပက္ခဖြစ်အောင် တိုက်ခိုက်နေတဲ့ ဘလော့တွေ၊ မေးလ်တွေ ဘယ်ကလာသလဲ။ ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးနေတာတွေကို သတိမူကြပါ။ http://www.niknayman-niknayman.co.cc/2010/01/blog-post_21.html All sayadaws, please keep filling your Parami(s). Wonderful, you do not accept their gift. so all things will be going back to senders. Sadu, Sadu, Sadu. We, from US are distributing our Metta too.
ဦးလောကနာထ: ကောင်းပါပြီကွယ် စိတ်ထဲကပဲ မေတ္တာပို့ပါ့မယ်...
21 Jan 10, 15:15
iol: ×××××
ဦးလောကနာထ: ရောက်ရှိလာကြတဲ့ ဒကာဒကာမတွေ စိတ်ချမ်းသာပါစေ... ကောင်းသော လိုရာဆန္ဒ ပြည့်ဝပါစေ...
21 Jan 10, 09:12
kyawswar: တရားတော်များကို လာရောက်ဖတ်ရှု မှတ်သားသွားပါတယ်ဘုရား....
ဦးလောကနာထ: ဒကာလေး kyawswar ရေ... ကောင်းပါပြီ... စိတ်ချမ်းသာပါစေ...
21 Jan 10, 08:29
အလှတရား: ခန္တီ မေတ္တာ ပါရမီများ ဖြည့်ခွင့်ရနေပါပေါ့ဘုရား စာတွေလာဖတ်သွားပါတယ်ဘု၇ား ကျန်းမာပါစေ
ဦးလောကနာထ: မှန်ပါတယ် ဒကာလေး အလှတရား ရေ... ရှေးရေစက်ကြောင့်ပေါ့ကွယ်... တစ်ဦးနဲ့တစ်ဦး ပါရမီဖြည့်ကြရတာ... စိတ်ချမ်းသာစွာနဲ့ ခန္ဓာ့ဝန်ကို ထမ်းရွက်နိုင်ပါစေ...
21 Jan 10, 08:08
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ်အရှင်ဘုရား... ဗာလနံတွေကို မေတ္တာနဲ့ ဥပေက္ခာတရား ပြည့်ဝစွာထားရှိတဲ့ အရှင်ဘုရားရဲ့ ပါရမီတော်ကို အလွန်လေးစား အတုယူမိပါတယ်ဘုရား... အရှင်ဘုရား ကျန်းမာ၍ စိတ်ရွှင်လန်းချမ်းမြေ့ပါစေ။
ဦးလောကနာထ: ကောင်းပါပြီ တပည့်တော် ရေ... အရင်က သူ့ကို မသိပါဘူး ခုတော့သိသွားပြီဆိုတော့ မေတ္တာပို့ခွင့် ရသွားတာပေါ့... တပည့်တော်တို့ မိသားစုလည်း ငြိမ်းချမ်းပါစေ...
21 Jan 10, 07:43
moon(ksdh): ဘုန်းဘုန်းဘုရား...တပည့်တော် ဓမ္မဒူတအရှင်ပညာဇောတရဲ့ ဓါရဏပရိတ်ကို MTBGမှာတင်ချင်လို့ ခွင့်ပြုပါဘုရား.... တရားတော်များနှင့်တကွ ခန္တီမေတ္တာနှင့်ပြည့်စုံသော သံဃာတော်ကို ကြည်ညိုဦးတင်ပါတယ် ဘုရား.....
ဦးလောကနာထ: moon(ksdh) ရေ... သာဓု... ယူသွားလို့ရပါတယ်... ဆင်းရဲကင်းအောင် လုပ်တဲ့ တရားတွေဆိုတော့ ဖြန်ဝေပေးတာ ကုသိုလ်ဖြစ်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
21 Jan 10, 01:07
အလ္လာဟ်အရှင်မြတ်: ဇာဇာ (ဆေး ၁) - ×××××××××××
ဦးလောကနာထ: အလ္လာဟ်အရှင်မြတ် ရေ... သင်ကျန်းမာပါစေ... စိတ်ချမ်းသာပါစေ...
20 Jan 10, 22:27
bang: ဟားဟား အရှင်ဘု၇ာဆီ ငပွကြိးရောက်လာတာကိုးဘု၇ား ကန်တော့ပါတယ်ဘုရား သူထံသွားလိုက်အုန်းမယ်ဘုရာ
ဦးလောကနာထ: ဒကာလေး bang ရေ... ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...
20 Jan 10, 21:36
ညခင်း: ဘုန်းဘုန်း လာရောက်ဦးချကန်တော့ပါတယ်။ ဘုန်းဘုန်း အဆုံးအမတွေ ကျေးဇူးကြီးပါတယ်။ ဘေးရန်ကင်းပါစေ။ မသူတော်များဘေး။ မသူတော်တရားဘေးမှ ကင်းဝေးပါစေ။
ဦးလောကနာထ: ဒကာမကြီး ညခင်း ရေ... ကောင်းပါပြီ... မိသားစုစိတ်ချမ်းသာကြပါစေ...
20 Jan 10, 21:10
မောင်စနေ(ဆေး ၁): ဆရာတော် ဦးလောကနာထဘုရား အရှင်ဘုရားရဲ့ မေတ္တာရိပ်ကြောင့် တပည့်တော်တို့ နှလုံးသားတွေ အေးချမ်းလှပါတယ် အရှင်ဘုရားလဲ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေဘုရား တပည့်တော် တစ်ခုလောက် လျောက်ထားပါရစေဘုရား ကိုယ်စောင့်နတ်ဆိုတာနဲ့ပတ်သတ်ပြီး နဲနဲလောက် သိချင်လို့ပါဘုရား ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါသလားဘုရား (တပည့်တော် ဗဟုသုတနဲလို့ မေးခွန်းမှားယင် သည်းခံပါဘုရား) ကိုယ်စောင့်နတ်ဟာ သုဂတိဘုံသား နတ်ဖြစ်သော်ငြားလဲ အဘယ်ကြောင့် ဒီ အပုပ်ကိုယ်ခန္ဓာကို စောင့်ရပါသလဲဘုရား မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတော်ထဲမှာ ကိုယ်မကောင်းတာလုပ်ယင် ကိုယ်သိတယ် ကိုယ့်ကိုယ်စောင့်နတ်လဲသိတယ် ကိုယ့်ကိုယ်စောင့်နတ်ကတဆင့် အခြားသောနတ်ဗြဟ္မာတွေလဲ သိကြတာမို့ တကယ်တမ်းမှာ မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာမရှိလို့တော့ မှတ်သားဖူးပါတယ် ဘုရား တပည့်တော်တို့ ဗဟုသုတ ရစိမ့်သောငှာ သနားသဖြင့် မိန့်တော်မူပါဘုရား..။
ဦးလောကနာထ: ဒကာလေး မောင်စနေ(ဆေး ၁) ရေ... ကိုယ်စောင့်နတ်ဆိုတာ တကယ်ရှိပါတယ်... ကိုယ်စောင့်နတ် ဘယ်မှာနေတယ်... ဘယ်လိုလူကို စောင့်ရှောက်တယ်... ဘယ်နည်းဘယ်ပုံ စောင့်ရှောက်တယ် ဆိုတာကတော့ အမျိုးမျိုးဖြစ်ပါတယ်... ကိုယ်စောင့်နတ်များသည် နတ်ဘုံ ခြောက်ထပ်မှာ နေထိုင်ကြကုန်သော နတ်များထဲမှ ဖြစ်ပါတယ်... တခြားဘုံ သီးသန့်မရှိပါ... လူတိုင်းကိုလည်း စောင့်ရှောက်သည် မဟုတ်ပါ... အထက်နတ်မင်းကြီးများက အမိန့်ပေးထားလို့ စောင့်ရှောက်ရတာမျိုးလည်း ရှိပါတယ်... မိမိကိုယ်တိုင်က သူ့အပေါ်မှာ ချစ်ခင်လို့ စောင့်ရှောက်တာမျိုးလည်း ရှိပါတယ်... မုန်းလို့ အမြင်ကပ်လို့ ချောက်တွန်းတာမျိုးလည်း ရှိပါတယ်...
တာဝန်အရ စောင့်ရှောက်ပေးတာမျိုး ချစ်လို့ စောင့်ရှောက်ခံရတာမျိုးကတော့ ကောင်းကျိုးချမ်းသာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်... နတ်က မုန်းလို့ ချောက်တွန်းခံရတဲ့အခါ ကျရင်တော့ မဟုတ်တာ မှန်သမျှ အကောင်းထင်ပြီး လျှောက်လုပ်တတ်ပါတယ်... ဒီလိုပြုမိတဲ့အခါ မိမိပြုတဲ့အမှုကြောင့် ဆင်းရဲဒုက္ခတွေ ခံစားကြရပါလိမ့်မယ်... ဘုန်းတော်ကြီးတစ်ပါး အဖြစ်အပျက်ကို တစ်ချို့ ကြားဖူးပြီးသား ဖြစ်မယ်လို့ ထင်ပါတယ် စာရှည်နေမှာစိုးလို့ ချန်လှပ်ထားခဲ့ပါ့မယ်...
လူတွေရဲ့ ဒီ အပုပ်ကိုယ်ခန္ဓာကို နတ်တွေ စောင့်ရတာနဲ့ ပတ်သက်လို့ ကတော့... ဘုန်းကြီးတို့တစ်တွေဟာ သာမန်အားဖြင့် ပုပ်စော်နံ ညှီစော်နံတာတွေကို မကိုင်တွယ်လိုပါဘူး... ဟိုဟာဒီဟာတွေ ကိုင်တွယ်လိုတဲ့သူ ရှိပါ့မလား... ဒါပေမဲ့ လိုအပ်လာပြန်တော့လည်း ကိုင်ကြရပြန်ရော ကိုင်ချင်ကြပြန်ရော မဟုတ်လား... စဉ်းစားကြည့်ပါ... ဥပမာ လူမျိုးခြား အတော်များများဟာ ငါးပိ ငါးချောက် ပဲပုတ်တို့ဆို ဝေးဝေးက ရှောင်ကြပါတယ်... တို့မြန်မာတွေကတော့ နည်းနေရင် လုတောင် စားကြသေးတယ်နော်... ဒါလေးကို ချိန်ထိုးပြီး လူတွေကို စောင့်ရှောက်ဖို့ လိုအပ်လို့ ချစ်လို့ ဆိုတဲ့ အကြောင်းတရားတွေကြောင့် နီးနီးနားနား လာရောက်ကြ စောင့်ရှောက်ကြပါတယ်... လိုအပ်တဲ့အခါ ခန္ဓာတွေမှာလည်း ၀င်ပူးကြပါတယ်... ကိုယ်ခန္ဓာအပေါ်မှာတော့ အမြဲမှီပြီး မနေဘူးပေါ့...
မကောင်းမှုပြုသူအတွက် ဆိတ်ကွယ်ရာမရှိ ဆိုသလို ကောင်းမှုပြုနေသူအတွက်လည်း ဆိတ်ကွယ်ရာ မရှိပေါ့... မျက်စိကွယ်ရာမှာ ဆိတ်ကွယ်ရာပဲလေဆိုပြီး ပြုလုပ်တဲ့ အမှုကို အဘိညာဏ်ရ နတ်များ လူများက သိနိုင်ပါတယ်... ထို့အတူပဲ မိမိကိုယ်တိုင်ကတော့ သိနေပါတယ်... သိနေပါတယ်... ဒါကြောင့်လည်း ဆိတ်ကွယ်ရာမရှိလို့ ဆိုလိုတယ်... နောက်တစ်ခုကတော့ အကျိုးတရားပေါ့... ပြုမိသမျှ အလုပ်မှန်သမျှမှာ အကျိုးတရားတွေက ရှိနေကြပါတယ်... ကောင်းမှုနဲ့ မကောင်းမှုမှာလည်း မကောင်းမှုကို ပိုပြီး သတိရတတ်ပါတယ်...
ကိုယ်စောင့်နတ် ၁၁-ပါး ရှိတယ်လို့ ပုဂ္ဂိုလ်တစ်ဦးက ပြောခဲ့ဘူးပါတယ် မှားပါတယ်... ထေရ၀ါဒ ဗုဒ္ဓဘာသာ အယူအရ မှားပါတယ်... ကျန်သောအယူအရ မပြောလိုပါ...
၁။ သတ္တဘာဂနတ်မင်း- နဖူးစာကိုရေးသည်။
၂။ သူရဿတီနတ်မင်း- ပညာကိုတိုးစေသည်။
၃။ သကျနတ်မင်း- စည်းစိမ်ဥစ္စာကို တိုးစေသည်။
၎။ မဟိရာဇာနတ်မင်း- အိမ်မက်ကိုပေးသည်။
၅။ ၀ါမပူရနတ်မင်း- နိမိတ်ကိုပြသည်။
၆။ ဇနသူရနတ်မင်း- ကောင်းမှုပြုသည်ကို မှတ်သားသည်။
၇။ ကရ၀ါနတ်မင်း- ကာမသုခကိုပေးသည်။
၈။ ဃောတကနတ်မင်း- သွားလေရာသို့ လိုက်၍ စောင့်ရှောက်သည်။
၉။ ကလျာဏာမိတ္တနတ်မင်း - ကောင်းသောစကားကို ပြောဆိုရာ၌ မှတ်သားသည်။
၁၀။ စန္ဒဒေ၀ီနတ်မင်း- ကျက်သရေကို စောင့်ရှောက်သည်။
၁၁။ နရိန္ဒာနတ်မင်း- အိပ်သောအခါ ဦးခေါင်းရင်းက စောင့်ရှောက်သည်။
မြတ်ဗုဒ္ဓအယူအရ ဒါဟာ အားလုံး အမှားတွေပါပဲ...
ဒီ ၁၁-ခုကို တစ်နေရာက ယူလာပါတယ်... ဘယ်ကလို့မပြောတော့ပါဘူး... ထေရ၀ါဒ ဗုဒ္ဓတရားတော်များကို စောင့်ရှောက်လိုတဲ့သူများ မိမိတို့ဌာနတွေမှာ ရှိနေခဲ့ရင် ပယ်ဖျက်ဖို့ သင့်ပါတယ်... မသိလို့ ရေးမိကြ တင်မိကြတာ များပါတယ်... ဒီတစ်ခုတည်းတင် ပြောနေတာ မဟုတ်ပါဘူး... တရားတွေ စာတွေ ထေရ၀ါဒနဲ့ မညီဘူးလို့ သိတာနဲ့တပြိုင်နက် ပယ်ဖျက်သင့်ပါတယ်... မပယ်ဖျက်ခဲ့ရင် မှားယွင်းသောတရားတွေ အဆုံးအမတွေ ဖြန့်ဝေမိတဲ့အတွက် အကုသိုလ်တွေ ဆက်တိုက် ဖြစ်ပေါ်လာနိုင်ပါတယ်...
မိမိတို့ပြုနေတာ ကုသိုလ်ရရှိရေးအတွက် ဖြစ်တယ် ဆိုခဲ့ရင်... ပုဂ္ဂိုလ်ရေးအတွက် မဟုတ်ဖူး ဆိုခဲ့ရင် မှားယွင်းတယ်လို့ သိတာနဲ့ ပယ်ဖျက်ကြပါလို့ တိုက်တွန်း မေတ္တာရပ်ခံပါတယ်... မှန်ကန်သော ဆိုဆုံးမမှုတွေအောက်မှာ သူတော်ကောင်းအပေါင်း ရပ်တည်နိုင်ကြပါစေ... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ... ၂၀၁၀.၀၁.၂၂
20 Jan 10, 18:45
myochitpeacock: Dear Sayadaw U lknt, you do not need to respond to foolish person. He will go to hell with his expense. We all true buddhists see his future. Goes around, comes around. Let's see his fortune.
ဦးလောကနာထ: myochitpeacock ရေ... ကောင်းပြီလေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
20 Jan 10, 11:16
ကလျာ: လူတယောက် အဆင့်အတန်းက သူပြောတဲ့စကား သူပြောတဲ့အရေးနဲ့ ဆုံးဖြတ်လို့ရပါတယ်. ဘာသာတရားအဆုံးအမ ရှိမရှိကြည့်ပြီးလဲ သူ့ဘာသာ အဆင့်အတန်းကို အကဲခတ်လို့ရတယ်..
ဦးလောကနာထ: ဒကာမကြီး ကလျာ ရေ... သူ့မှာလည်း သူ့ခံစားချက်လေးတွေ ရှိတော့ ဒီလိုပါပဲ ဖြစ်တတ်ပါတယ်... သူ့အလုပ်သူလုပ်တာပဲလေ... သည်းခံတာ မေတ္တာထားတာ ဘုန်းကြီးတို့အလုပ်ပါပဲ... မေတ္တာပို့လိုက်ပါတယ်... အားလုံးပဲ ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ...
20 Jan 10, 08:15
http://messengerforbuddhist.blogspot.com/း ××××××××××××
lknt: ရေးချင်တာရေးနိုင်ပါတယ် ဒကာလေးရယ်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ... မေတ္တာပို့ပါတယ်... အေးချမ်းပါစေ...
20 Jan 10, 07:00
ကိုမော်: အရှင်ဘုရား တရားတော်တွေနာရဖတ်ရတာ အလွန်ပီတိဖြစ်ရပါတယ်။ တရားအမှားပြောဟောတွေကို ပြန်လည်ရှင်းလင်းပြီးလမ်းကြောင်းမှန်ပြပေးတာလည်း ကောင်းလှပါတယ်။ ဖြစ်နိုင်ရင် စာအုပ်ဖွဲ့ပြီးတင်ပေးစေချင်ပါတယ်။ ဒီလိုလမ်းမှန်ပြ လမ်းမှန်ပြ ရေးသားးထားတာတွေကို ပြန့်ပွားအောင် ဖြန့်ချိသင့်ပါတယ်။ မက်ဆင်ဂျာဆိုတဲ့ ကုလားမွတ်ဆလင် မင်းကိုဖြေရှင်းပေးဖို့အကြောင်းမရှိ မင်းထက်မေးခွန်း ကပ်သပ်မေးနိုင်တဲ့ သူကိုတောင် ငါလိုလူတောင်ဖြေရှင်းပြနိုင်တယ် မင်းတို့ဘာသာကိုပဲ မင်းတို့ အကျိုးအကြောင်းသင့်မှုရှိ မရှိပြန်စစ် ငါတို့ကိုးကွယ်တာဟာလည်း မှန်ကန်မှု အစစ်ဆေးခံနိုင်မှု ကြောင်းကျိုးခိုင်လုံမှုတွေစီစစ်ပြီးမှကိုးကွယ်တာ အတင်းဘာသာဝင်ခိုင်း ထွက်ရင်သတ်မှာဆိုတာ ငါ့ပဲမစစ်ဆေးပဲယုံ ဆိုတာတွေ တို့ဆီမှာမရှိဘူး ဇတ်တော်တွေနဲ့ ငြင်းမနေနဲ့ ငါတို့နားလည်သဘောပေါက်သလို မင်းတို့မပေါက်နိုင်ဘူး တရားကိုသာစီစစ်လိုက်ပါ အစမ်းသပ်ခံတယ်ပြောပြီးသား သာကီဝင်ဆိုတာဘာလဲ မင်းတို့ပြောနေတဲ့ ကုလားဟုတ် မဟုတ်ပြန်စစ် အိန္ဒိယတိုက်ထဲပါတာတော့ ဟုတ်ပါတယ် ထပ်မပြောဘူးမင်းနေ
ဦးလောကနာထ: ဒကာလေး ကိုမော် ရေ... တရားတော်တွေ pdf ဖိုင်လုပ်ပြီး တင်ပေးလိုက်ပါ့မယ်... သာဓု... သာဓု... သာဓု... ဘုန်းကြီးကတော့ ဒီဒကာကို တရားမဟောပါဘူး.. သူကတရားသိချင်တာမှ မဟုတ်တာပဲ... ဘုန်းကြီးအလုပ်ဖြစ်တဲ့ မေတ္တာကိုတော့ပို့သပါတယ်... ဘုန်းကြီးမေတ္တာ သူရရှိရင်တော့ သူနားလည်သွားမှာပါ...
20 Jan 10, 03:59
conaylin: အရှင်ဘုရား ဦးတင်ပါတယ်ဘုရား..
ဦးလောကနာထ: ကောင်းပါပြီ conaylin ရေ... မိသားစု စိတ်ချမ်းသာပါစေ...
20 Jan 10, 02:23
E S: မှန်ပဘုရား တပည့်တော်သေချာဖတ်ရှု့ပါမယ်။ ၀မ်းနည်းစရာကောင်းတာက ဆရာတော်ရဲ့ ဆိုဒ်မှာ အင်မတန် မနှစ်သက်ဖွယ်ကောင်းတဲ့ အဓမ္မ၀ါဒတွေနဲ့ လာပြီး အမှိုက်ရှုပ်သွားတာ မြင်လိုက်ရလို့ စိတ်မချမ်းမြေ့ပါ။
ဦးလောကနာထ: ဖြစ်တတ်တယ်လေ E S ရေ... ပြီးတော့လည်း အားလုံး ပြီးသွားပြန်တာပါပဲ... မပြီးခင်တော့ တမျိုးလေးနေကြမှာပေါ့... ဘုန်းကြီးကိုတရားစစ်တာပါ... ဒီစာမေးပွဲအောင်ရင် သံသရာအတွက် ရိက္ခာကောင်းကောင်း ပါသွားပါပြီ...
20 Jan 10, 02:08
http://messengerforbuddhist.blogspot.com/း ××××××××××××
lknt: သတ္တ၀ါအားလုံး စိတ်ချမ်းကိုယ်ကျန်းမာနဲ့ ကောင်းသော လိုရာဆန္ဒပြည့်ဝနိုင်ပါစေ...
အလှတရား: ပြောတာဒကာလေးဆန္ဒပါပဲတဲ့... ယောကျာ်းကောင်း ယောကျာ်းမြတ် အရှင်ကောင်း အရှင်မြတ်များ တယ်စိတ်ထားတတ်တယ် ဘာသာရေး အတွေးအခေါ်ရေးရာ ထက်ပိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ထောင်ချောက်ဆင်နေတာပါ ကျန်းမာပါစေဘုရား
ဦးလောကနာထ: ဒကာလေး အလှတရား ရေ... တို့ဘုရားကိုလည်း ပုဏ္ဏားတွေ လာလာဆဲကြတယ်လေ... ဘုရားက သည်းခံခြင်းတရားနဲ့ နေခဲ့တာမို့လား... ပြီးတော့ သည်ပုဏ္ဏားတွေ ဘုရားတရားသဘောကျပြီး ဘုန်းကြီးဝတ်သွားကြရောလေ... ဘုရားစကားနားထောင်သွားတဲ့ ပုဏ္ဏားတွေ ကိလေသာကင်းလို့ ဆင်းရဲတွေ ချုပ်ငြိမ်းသွားတယ်... ဘုန်းကြီးတို့လည်း ဘုရားသားတော်အမည်ခံထားတော့ ဘုရားအဆုံးအမအတိုင်း မေတ္တာတရား သည်းခံခြင်းတရားတွေနဲ့ နေကြရမှာပဲလေ... သူ့မှာများ ပါရမီလေးပါခဲ့ရင်တော့... အပူတွေကင်းလို့ ဆင်းရဲတွေ ချုပ်ငြိမ်းသွားနိုင်ပါတယ်... သူ့မှာ ဒီကိစ္စတွေနဲ့ ပါတ်သက်ပြီး အတော့ပူနေမှာပဲလို့ တွေးမိပါတယ်... သည်းခံတာရယ် သိအောင်ရှင်းပေးတာရယ် မတူဘူးပေါ့... တကယ်သိချင်စိတ်တွေနဲ့ဆို ဘုန်းကြီးတွေအားလုံးက စေတနာရှေ့ထားပြီး ပြောပြပေးကြ ရှင်းပြကြမှာပါလေ... ကမ္ဘာသူကမ္ဘာသားအားလုံး ငြိမ်းချမ်းကြပါစေ...
19 Jan 10, 17:03
http://messengerforbuddhist.blogspot.com/: A: ဗုဒ္ဓဂါယာကိုလည်း မအေ -ိုးကုလားတွေချည်းနေတဲ့ ကုလားပြည်ကနေ ကြပ်ပြေးနေပြည်တော်ကိုရွှေ့ကွာ -ီးဘဲ တကမ္ဘာလုံးက ဗုဒ္ဓတွေကို -ီးဘဲလို့ ပြောနေတာနော်
19 Jan 10, 21:26
lknt: ပြောတာဒကာလေးဆန္ဒပါပဲ... ဘုန်းကြီးကတော့ မေတ္တာပို့ပါတယ်... စိတ်ချမ်းသာပါစေ...
17 Jan 10, 23:26
E S: တရားတော်များကို လာရောက်ဖတ်ရှုသွားပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ E S ရေ... ဒုတိယမေးခွန်းအတွက် လာအသိပေးတာနဲ့ တူတယ်... ရထားတဲ့စာအုပ် လေ့လာနိုင်ရင်တော့ အားလုံးပြည့်စုံသွားမှာပါ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
17 Jan 10, 04:21
tit oo: အရှင်ဘုရား ဒီမှာ လယ်တီဆရာတော်ဘုရားရဲ့  မဟာ ဥတ္တမပုရိသဒီပနီပါဘုရား http://www.ledidapani.com/?p=112 ။ အလောင်းတော်တို့  ရဲ့  သဘောကို ပြထားပါတယ်ဘုရား၊ ဒီလင့်မှာ လယ်တီဆရာတော်ကြီးရဲ့  ဒီပနီ တော်တော်စုံစုံ ရှိပါဘုရား www.ledidapini.com
ဦးလောကနာထ: ကျေးဇူးတင်ပါတယ် tit oo ရေ... အတော်များများတော့ ယူလာခဲ့တယ်... ကိုစိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
16 Jan 10, 12:41
ဖြတ်သန်းခြင်း: မှန်လှပါဘုရား ဆရာတော် အချိန်ရရင် ကြိုးစားပေးပါဦး ဘုရား။
ဦးလောကနာထ: ဖြတ်သန်းခြင်း ရေ... ဘုရားလောင်း ဗျာဒိတ်ခံပြီး မည်သည့်ဘ၀တွင်မျှ မုသာဝါဒကို အသုံးမပြုကြောင်း ကိုတော့... ဒီနေရာတွေမှာ ကြည့်ရင်ရမယ်... (ဇာ-ဋ္ဌ-တ-၄၇၅) (ဇာ-ဋ္ဌ-ဒု-၄၇၅) (ဇာ-ဋ္ဌ-ပဉ္စမ-၅၂၀) (ဇာ-ဋ္ဌ-သ-၁၈၅)။ ကျန်သိက္ခာပုဒ်တွေ လွန်ကျူးမိသေးတယ် ဘယ်ကျန်းဂန်ဆိုတာကိုတော့ သေချာနားမလည် မပြောတတ်ဖူး... သိတာတစ်ခုကတော့ ဗျာဒိတ်ရပြီးနောက် ဘုရားမဖြစ်ခင်စပ်ကြား အပါယ်ဘုံကို ရောက်ရခြင်းကတော့ များသောအားဖြင့် ကျန်သိက္ခာပုဒ်တွေ ပျက်လို့ပါလို့ ပြောရင် ရနိုင်ပါတယ်... ဒီလောက်ဆိုရင် ရမယ်ထင်တယ်... tit oo ပြောပြတဲ့ လယ်တီဆရာတော်ရဲ့ ဒီပနီထဲမှာလည်း ပါဦးမယ် ဒကာလေး... လေ့လာသင့်ပါတယ်... ကိုယ်စိတ်နှစ်ပါး ချမ်းသာပါစေ... ပိဋကတ်လမ်းညွှန်မှာ လျှောက်ကြည့်ရင်းနဲ့ မသိသေးတဲ့ စိတ်ဝင်စားစရာ တရားနှစ်ပုဒ်ထပ်တွေ့တယ်... ကြမ်းညွှန်းတော့ မပြောတော့ပါဘူး...
15 Jan 10, 18:22
ယမင်း: ဘုန်းဘုန်း- နေကောင်းလား။ တပည့်တော်လာလည်ပါတယ်ဘုရား။ ရိုသေစွာဖြင့် ဦးချကန်တော့သွားပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ယမင်း... ငြိမ်းချမ်းပါစေ...
ဒကာဒကာမတို့... ဘုန်းကြီးအတွက်တော့ ကျန်းမာရေး မကောင်းခြင်းဟာ မိတ်ဆွေတွေကို ၁-၂-၃-ဆိုပြီး ခွဲထုတ်လို့ ရလာပါတယ်... မိမိမှာရှိတဲ့ အရာအားလုံး တန်ဖိုးမြင်အောင်ကြည့်ပြီး တန်ဖိုးရှိစွာ အသုံးချတတ်ကြပါစေ... အသုံးချတတ်ဖို့ လိုပါတယ်...
15 Jan 10, 10:41
ဖြတ်သန်းခြင်း: ဆရာတော်ဘုရား တစ်ခုလောက်မေးပါရစေ။ နိယတဗျာဒိတ်ရပြီး ဘုရားလောင်းတော်တွေဟာ မုသာဝါဒမှတစ်ပါး ကျန်သိက္ခာတွေကို လွန်ကျူးမိကြသေးတယ်ဆိုတာ ဘယ်ကျမ်းဂန် ဘယ်စာမျက်နှာမှာ ပါပါသလဲဘုရား ရိုသေစွာဖြင့်....
ဦးလောကနာထ: ဒီနေ့အချိန်ရရင် ထပ်ရှာပေးပါမယ်ဒကာလေး...
15 Jan 10, 08:42
မောင်စနေ(ဆေး ၁): တပည့်တော် ရိုသေစွာ ဦးချကန်တော့ပါတယ် ဘုရား ။ အရှင်ဘုရား ကျန်းမာချမ်းသာစွာဖြင့် သာသနာတော်အကျိုး ဆတက်တပိုး ဆောင်ရွက်နိုင်ပါစေ ဘုရား..။
ဦးလောကနာထ: ဒကာလေး မောင်စနေ(ဆေး ၁) ရေ... ကောင်းပါပြီ... ဒကာလေးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ အများအကျိုး သည်ပိုးနိုင်ပါစေ... သုမေဓာရှင်ရသေ့ အများအကျိုး သည်ပိုးလိုတဲ့ ဆန္ဒကို အရင်းတည်လို့ ကိုယ်အကျိုးလည်းပြည့် အများအကျိုးလည်း သည်ပိုးနိုင်သွားတယ်လေ...
14 Jan 10, 01:13
kyawswar: “ဗုဒ္ဓသာသနာ အတွက် အန္တရာယ် ပေါ်ပေါက်နေသည်ကို တွေ့ရှိပါလျက် ငါသည် ကိုယ်ရေးကိုသာ ဥိးစားပေးပြီး သာသနာရေးကို လျစ်လျူရှူရန် မတော်ပေ။ သာသနာ့ အာဇာနည် သူရဲကောင်းသည် သာသနာအတွက် ပေါ်ပေါက်နေသည့် ရန်စွယ်ကို မခုတ်၊ မ
ဦးလောကနာထ: ကောင်းတယ်ဒကာလေး kyawswar ကောင်းတယ်... သာသနာဆိုတာ အဆုံးအမဆိုတော့ မြတ်ဗုဒ္ဒ အဆုံးအမတွေအတိုင်းနေမှ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြမှာ... အားလုံး နေနိုင်ကြပါစေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
13 Jan 10, 20:45
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် ဘုရား။ အရှင်ဘုရားကျန်းမာပါစေ ဆုတောင်းပါတယ်။
ဦးလောကနာထ: ကောင်းပါပြီ တပည့်တော် ရေ... မျှတပါတယ်... တပည့်တို့ မိသာစုလည်း ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
13 Jan 10, 03:41
flowerpoem: ဘုန်း၂ တပည့်တော် တရားစာများလာဖတ်ပါတယ်ဘုရား
ဦးလောကနာထ: ဒကာမကြီး flowerpoem ရေ... မိသားစု စိတ်ချမ်းသာကြပါစေ...
11 Jan 10, 20:52
ဘယ်ရောက်နေလဲ မရွှေဖဲ:း
ဦးလောကနာထ: မိသားစုအားလုံးပဲ စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးကြပါစေ...
10 Jan 10, 09:45
maungmaung: သာသနာတော်ပြန်.ပွားရေးတွက် ကြိုးစားအားထုတ်နေကြသော ဆရာတော် သံဃာတော်အပေါင်း ကျန်းမာချမ်းသာကြပါစေ သာသနာအကျိုး ဆထက်တိုးလို့ သယ်ပိုးနိုင်ကြပါစေဘုရား တပည့်တော်လည်း အရှင်ဘုရားရဲ. တရားတော်တွေကို ဆည်းပူးလေ့လာလျက်ပါ ဘုရား
ဦးလောကနာထ: ဒကာလေး maungmaung ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လွယ်ကူစွာ လေ့လာနိုင်ပါစေ...
10 Jan 10, 09:29
ထွန်းထွန်း: တပည့်တော် ဒီနေ့မှ စတွေ့တာပါဘုရား။ တရားတော်များ download လုပ်ပြီး မိတ်ဆွေများကိုလည်း အသိပေးပါမယ်ဘုရား။
ဦးလောကနာထ: ဒကာလေး ထွန်းထွန်း ရေ... ကောင်းပါတယ် ဓမ္မဒါန ကုသိုလ်တစ်ခု ဖြစ်သွားတာပေါ့... စိတ်ချမ်းသာပါစေ...
7 Jan 10, 15:07
ခွန်သီရိ: ဘုန်းဘုန်းဘုရား တစ်ပည့်တော် ကပ္ပိယအကြောင်း လာဖတ်သွားပါတယ်ဘုရား
ဦးလောကနာထ: ဒကာလေး ခွန်သီရိ ရေ... ကောင်းတယ်ဒကာလေး သေချာလေ့လာပါ စောင့်ရှောက်ပါ...
7 Jan 10, 09:19
sobhanalankara: ဦးလောကဘုရား အရှင်ဘုရားတင်ထားတဲ့စာတွေကို pdf ဖတ်ပြီးဘယ်လိုတင်ရပါသလဲဘုရား၊ နောက်တော့ pdf ဖတ်တဲ့အခါ file size တွေကို ဘယ်လိုသတ်မှတ်ရပါသလဲဘုရား တပည့်တော့်ကို ပြန်လည်ဖြေကြားပေးပါ အရှင်ဘုရား
ဦးလောကနာထ: မှန်လှပါအရှင်ဘုရား... နည်းတွေကတော့ မျိုးစုံ ရှိလိမ့်မယ်ထင်ပါတယ်ဘုရား...
တစ်ခါတစ်ရံ...
ဖိုင်ကို .jpg နဲ့ဖတ်ပြီး ဖိုတိုရှော့မှာ စိတ်ကြိုက်ပြင်ပြီးမှ .pdf ဖိုင် လုပ်ပါတယ်...
ဖိုင်သေးချင်ရင်တော့ 75.dpi နဲ့ဖတ်ပါတယ်ဘုရား သိပ်တော့ မကြိုက်ပါ...
တပည့်တော်ကတော့ 150.dpi နဲ့ဖတ်ပါတယ်ဘုရား ...
.pdf ဖိုင် တစ်ခါတည်းလည်း ဖတ်ပါတယ်...
ဖိုင်တွေကြီးနေတဲ့အခါ ဒီနေရာမှာရေးထားတာလေး တွေ့ဘူးပါတယ်ဘုရား...
တပည့်တော်ဖိုင်တွေကိုတင်တာကတော့ ငှားထားတဲ့ နေရာမှာတင်လို့ ဖိုင်အကြီးအသေး ပြဿနာမရှိပါဘူးဘုရား...
ယူတဲ့သူဘက်ကတော့ ဖိုင်တွေကြီးနေရင် အခက်အခဲရှိနိုင်ပါတယ်...
အဆင်ပြေ ချောမွေ့ပါစေဘုရား ...
6 Jan 10, 18:49
tit oo: တပည့်တော်နေစဉ်ရောက်ပါတယ်ဘုရား
ဦးလောကနာထ: tit oo ရေ... သာဓု ခေါ်ပါတယ်... စိတ်ချမ်းသာပါစေ...
4 Jan 10, 20:47
ယမင်း: မရောက်တာကြာလို့ တရားစာများကို လာရောက်ဖတ်ရှူရင်း ဘုန်းဘုန်းကို ကျန်းမာစေကြောင်း မေတ္တာပို့သလိုက်ပါတယ်ဘုရား။ ရိုသေစွာဖြင့် ကန်တော့ပန်း ပန်ဆင်လိုက်ပါတယ်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး ယမင်း ရေ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
4 Jan 10, 03:52
ထက်စုနှင်းဆီ: အရှင်ဘုရား.. ပြောလေဆိုးလေ မာန်လေကဲလေ လူစားတွေကို ဘုရားရှင်ချွတ်တောင် ကျွတ်မယ် မထင်တော့ပါဘူးဘုရားး
ဦးလောကနာထ: ဒကာမကြီး ထက်ဆုနှင်းဆီ ရေ... အမှန်မမြင်သေးသူအားလုံး အမှားတွေနဲ့ လုံးချာလည်တာ သဘာဝပါပဲလေ... ဆင်းတုတော်ရှေ့မှာထိုင်ပြီး ဘုရားမျက်နှာတော် မော့ဖူးမယ်ဆိုတော့ နောက်ကလူတွေအားလုံးကို ကျောပေးရတော့မလိုပဲ... စဉ်းစားကြည့်မိပါတယ် ဘုရားကိုကျောပေးမလား လူတွေကိုကျောပေးမလားပေါ့... အားလုံးအမြင်မှန်လို့ အမှန်မြင်ကြပါစေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
2 Jan 10, 17:37
ဦးလောကနာထ: ပုဂ္ဂိုလ်ရေးတွေ မထည့်ချင်ဘူး ဒကာလေးရယ်... စိတ်ချမ်းသာကြပါစေ...
2 Jan 10, 08:28
အလှတရား : အရှင်ဘုရားဆီက ဆောင်းပါးတွေ ကူးသွား သေးတယ်ဘုရား များလွန်းလို့ ခွင့်မတောင်းတော့ဘူးနော် ဘုရား
ဦးလောကနာထ: ဒကာလေး အလှတရား ရေ... အများသတ္တဝါ ငြိမ်ချမ်းရေးအတွက် ဘာလုပ်လုပ် ခွင့်ပြုပါသည်... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
1 Jan 10, 07:37
lynn: http://www.thumingala-deou.com/ ဆရာတော် ဦးသုမင်္ဂလ ရဲ့ website ပါဘုရား
ဦးလောကနာထ: ကောင်းပါပြီ lynn ရေ... စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ...
1 Jan 10, 02:39
သစ္စာအလင်း: ကျန်းမာချမ်းသာစွာ သာသနာ့ဝန်ကို ဆထက်ထမ်းပိုး ထမ်းဆောင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သ ကန်တော့ပါတယ် ဘုရား။
ဦးလောကနာထ: သစ္စာအလင်း မိသားစု ရေ... ကောင်းပါပြီ... နှစ်သစ်ဦးမှစ၍ ဆင်းရဲဒုက္ခ ချုပ်ငြိမ်းရာ လမ်းကြောင်းပေါ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ...
1 Jan 10, 00:40
E S: ဘုန်းဘုန်းဘုရား တပည့်တော် နားမလည်သဘောမပေါက်တဲ့ ဘာသာရေးဆိုင်ရာမေးခွန်းများ မေးလိုပါ၍ ဆရာတော်၏ e-mail ကိုသိလိုပါသည်ဘုရား. မေးခွန်းများမှာ အချို့ မသိ၍မေးခြင်း ဖြစ်သော်လည်း ငြိစွန်း စရာများပါခဲ့လျှင် ဆရာတော်၏ဆိုဒ် ထိခိုက်မည်စိုး၍ e-mail ဖြင့် မေးမြန်းလိုခြင်းဖြစ်ပါသည် ဘုရား။
ဦးလောကနာထ: E S ရေ... မေးချင်ရင် C box အပေါ်မှာ e mail လိပ်စာ ပေးထားပါတယ်... ဒါပေမဲ့ ဘုန်းကြီးလည်း မေးလိုရာမေးဆိုပြီး ပြောနိုင်လောက်အောင် များများ မသိပါဘူး... များများ မသိလို့လည်း သိပ်ပြီး ရေးတာတွေ ဟောတာတွေ ပြောတာတွေ မလုပ်ပါဘူး... မမှားဘူးလို့ ထင်ရတဲ့ ဆရာတော်များရဲ့စာတွေကိုဘဲ သိစေလိုတဲ့ စေတနာရှေ့ထားပြီး တင်ပြပေးနေပါတယ်... လိုချင်ကြတာကုသိုလ်ပါ ဒါကြောင့်လည်း အားလုံးဟာ ဓမ္မဒါနဆိုပြီး ဟောကြပြောကြ ရေးနေကြပါတယ်... ဒါပေမဲ့ အမှားတစ်ခုပါသွားခဲ့ရင်တော့ ကိုယ့်အတွက် အပါယ်ရိက္ခာပါသွားပါပြီ... မရေးပဲထိုင်နေတာကမှ ကောင်းပါသေး ဆိုတာလိုပါပဲ... ၀ိနိစ္ဆယ မဖြစ်လောက်ဖူးထင်ရသော ဘုန်းတော်ကြီးများ၏ တရား အမေး အဖြေတွေ ရှာပြီးဖြေပေးပါ့မယ်... မတွေ့ရင်တော့ မဖြေပါ... ဆဋ္ဌမူပါဠိတော် မြန်မာပြန်မှာ ပါတာဆို ရှာပြီး တင်ပေး ဖြေပေးပါမယ်... သေသေချာချာ မသိသေးလို့ ထင်တာတွေ လျှောက်ရေးပြီးတော့ အကုသိုလ်မယူရဲပါ... နွံနစ်နေသူများကိုကြည့်ပြီး ကြောက်မိလို့ပါ... ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပါစေ...
31 Dec 09, 07:41
ခရစ်တလ်: ဘုန်းဘုန်း-ချမ်းမြေ့ပါစေ။ ရိုသေစွာဖြင့် ကန်တော်ပန်းဆင်လိုက်ပါတယ်ဘုရား။
ဦးလောကနာထ: ဒကာမကြီး ခရစ်တယ် ရေ… ကိုယ်စိတ်နှစ်ပါး မျှတကြပါစေ…
31 Dec 09, 03:53
အောင်မြင့်: ရိုသေစွာ ရှိခိုး ကန်တော့ပါတယ်ဘုရား.. တပည့်တော် မစိုးရိမ်စာသင်သားရဲ့ အဓမ္မ၀ါဒီ ရှင်းတမ်း တရားတော်များကို နာကြား သိရှိခွင့် ရတဲ့အတွက် ကျေးဇူးများ လှပါတယ်ဘုရား. ထေရ၀ါဒ သာသနာတော်အတွက် ဆထက်တိုး ထမ်းဆောင်နိုင်ပါစေ.....
ဦးလောကနာထ: ဒကာလေး အောင်မြင့် ရေ… ကောင်းပါပြီ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ…
26 Dec 09, 11:43
သီဟမောင်: အရှင်ဘုရား... တပည့်တော် စာတွေလာဖတ်သွားပါတယ်ဘုရား... ရေစက်ချတဲ့ အဓိပ္ပာယ်ကို တပည့်တော် အခုမှ ရှင်းရှင်းလင်းလင်း နားလည်သွားပါတယ်ဘုရား...
ဦးလောကနာထ: ဒကာလေး သီဟမောင်ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
25 Dec 09, 20:15
moon: စာလာဖတ်ပါတယ်ဘုရား ဘုန်းဘုန်းကျန်းမာချမ်းသာပါစေ
ဦးလောကနာထ: moon ရေ... ကောင်းပါပြီ... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
25 Dec 09, 14:42
suway-www: တရားတော်များနာကြားသွာပါတယ်ဘုရားးး
ဦးလောကနာထ: ဒကာမကြီး suway-www ရေ... မမြင်တာကြာပြီ... ဒကာလေးကော နေထိုင်မျှတပါရဲ့လား... မိသားစု စိတ်ချမ်းသာကြပါစေ...
22 Dec 09, 19:37
ဓမ္မဂင်္ဂါ: http://dhammaganga.blogspot.com/2009/12/blog-post_22.html အဲဒါရဟန်းတဲ့လား ဆိုတာလေးကို ဖတ်ပြီးပြုံးမိရာက ရေးမိတဲ့စာပါ။ ကျေးဇူးတင်ပါတယ်
ဦးလောကနာထ: မှန်ပါ ဓမ္မဂင်္ဂါ ရေ... ပြုံးမိစရာလေးပါ... အရှင်ဘုရား ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ ဓမ္မဂင်္ဂါ ဗုဒ္ဓဘာသာကောလိပ်ကြီး ဖြစ်မြောက် အောင်မြင်ပါစေ ဘုရား...
22 Dec 09, 12:33
အရှင်ဉာဏဒီပ: တပည့်တော် blog မှာ link လုပ်ထားပါတယ် ဘုရား။ ထေရ၀ါဒ သာသနာတော်အတွက် ဆထက်တိုး ထမ်းဆောင်နိုင်ပါစေ.....
ဦးလောကနာထ: မှန်လှပါအရှင်ဘုရား... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ သာသနာတာဝန် ထမ်းရွက်နိုင်ပါစေဘုရား...
22 Dec 09, 02:56
ကြာဖြူ: အရှင်ဘုရား တပည့်တော်မ သိချင်နေတာတွေကို ခုလို ရှင်းလင်းစွာ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘုရား. တပည့်တော်မ ဆရာတော်ဘုရားဆိုဒ်မှာ တင်ထားသော စာများလာရောက် ဖတ်ရှုသွားပါတယ်ဘုရား.. ဆရာတော်ဘုရား ကျန်းမာပါစေ ဘုရား။ ကိုယ်စိတ် နှစ်ဖြာ အေးချမ်းပါစေ ဘုရား။ ကြာဖြူ
ဦးလောကနာထ: ဒကာမကြီး ကြာဖြူ ရေ... တရားတော်များ လာရောက် လေ့လာနေတာ သိရလို့ ဝမ်းသာပါတယ်... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
21 Dec 09, 23:39
flowerpoem: ဘုန်း၂ တပည့်တော် တရားစာများ နာယူမှတ်သားပါတယ် ဘုရား
ဦးလောကနာထ: ကောင်းပါပြီ flowerpoem ရေ... စိတ်ချမ်းသာပါစေ...
21 Dec 09, 17:27
T.W: ဗုဒ္ဓသာသနာတော် ၂၅၀၀ ခရီး ဘယ်မှာ ဒေါင်းလုဒ်လုပ်လို့ ရနိုင်ပါသလဲဘုရား။
ဦးလောကနာထ: T.W ရေ... ebook တော့ မရှိပါ စာရွက်အုပ်ပဲ ရှိပါတယ်... လိုအပ်ရင်တော့ တစ်ဖြေးဖြေး ကူးပြီး တင်ပေးသွားပါ့မယ်... စိတ်ချမ်းသာပါစေ...
21 Dec 09, 12:55
အလှတရား: ရောက်လာပါတယ်ဘုရား နေကောင်း ကျန်းမာပါစေဘုရား
ဦးလောကနာထ: ဒကာလေး အလှတရား ရေ... မတွေ့ရတာကြာပြီ... ခုမှမြင်ရတော့တယ်... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ မြတ်ဗုဒ္ဓ သာသနာကို စောင့်ရှောက်နိုင်ပါစေ...
19 Dec 09, 00:22
ကြာဖြူ: တပည့်တော်မကို ခုလို သိုက်၊ ပဋ္ဌာန်း သဘောကို ရှင်းလင်းအောင် ဟောပြပေးတဲ့အတွက် အထူးကို ကျေးဇူးတင်ရှိပါတယ်ဘုရား တပည့်တော် မေးချင်တာလေး ရှိပါသေးတယ်ဘုရား... စိတ်ဆိုးအရမ်းလွယ်တဲ့ စိတ်ဆတ်တဲ့ လူကို ဘယ်လို စိတ်အေးချမ်းအောင် လုပ်ပေးနိုင်ပါသလဲ..ဘုရား ခုလိုမေးရတာက တပည့်တော် အစ်ကိုက အဲလိုဖြစ်နေလို့ပါ ဘုရား။ သူ့ကို စိတ်အေးချမ်းစေချင်ပေမယ့်... တပည့်တော်မက အငယ်မလို့ ဘယ်လိုလုပ်ရမှန်းကို မသိပါဘူး ဘုရား၊ သူစိတ်က အမြဲ ပူလောင်နေသလိုပါပဲ ဘုရား။ နိုင်ငံခြားမှာ အနေများလို့ စိတ်မရှည်တာလို့ တစ်ချို့က ပြောကြပါတယ်ဘုရား.။ တပည့်တော်မကတော့ သူစိတ်အေးချမ်းအောင် အမြဲ မေတ္တာပို့ပါတယ် ဘုရား.။ အဲလိုလုပ်ရင် ရပါသလား ဘုရား။
ဦးလောကနာထ: ဒကာမကြီး ကြာဖြူ ရေ... သူတစ်ပါးကို မေတ္တာပို့ရင် မိမိလည်းအေးချမ်း သူတစ်ပါးလည်း အေးချမ်းပါတယ်... မေတ္တာပို့သူမှာ အကျိုးတရား တွေရသလို အပို့ခံရသူမှာလည်း တူညီတဲ့ အကျိုးတရားတွေ ရရှိခံစားနိုင်ပါတယ်... သူကိုယ်တိုင် ကျင့်သုံးနိုင်ရင် ပိုပြီး ပြည့်စုံပါတယ်... တရားဆိုတာ ကိုယ်တိုင်ကျင့်သုံး လိုက်နာရမှာ ဖြစ်ပါတယ်... သူများတွေပြောသလို နိုင်ငံခြားမှာ အနေများလို့ စိတ်မရှည် အလိုမကျတာလည်း ပါသင့်သလောက်ပါနိုင်ပါတယ်... အဓိကတော့ မိမိစိတ်ပေါ့လေ... စရိုက်ရှိတယ်ထင်ရင် ဒီတရားလေးလည်း သိထားရ ကျင့်ရမယ်... (ရှိတယ်လို့ မပြောပါဘူးနော်...)
စိတ် ဘာကြောင့်ဆိုးသလဲ... ဒေါသ ဘာကြောင့်ဖြစ်သလဲ... အဖြေရှာကြည့်ပါလား... လိုချင်တာမရလို့ မလိုချင်တာရလို့ ဒီလိုပဲ ပြောရမယ် ထင်ပါတယ်... မြတ်ဗုဒ္ဓကတော့ အမျက်ထွက်ကြောင်းတရား ၁၀-ပါးဆိုပြီး ပြတယ်လေ... ဘာကြောင့်ပဲ အမျက်ထွက်ထွက်ပေါ့...
စိတ်ဆိုး ဒေါသထွက်တဲ့သူဟာ အရှုံးနဲ့ ရင်ဆိုင်ရတတ်ပါတယ်... နောက်တစ်ခုကတော့ ဒေါသအမျက်ထွက်တဲ့သူဟာ တရားမရနိုင် ဖြစ်တတ်ပါတယ်... ဒေါသထွက်ရင် ကျန်းမာရေးလည်း ဖေါက်ပြားတတ်ပါတယ်... သလိပ် သည်းခြေ လေ ဒီသုံးပါးကိုလည်း ဒေါသလို့ခေါ်ပါတယ်... ဒီသုံးပါးဖေါက်ပြီဆိုရင် ကျန်းမာရေးကတော့ မလွယ်တော့ဘူးနော်... နှလုံးရောဂါနဲ့ သွေးတိုးကတော့ သေချာတော့မယ်...
ကောဓကသုတ်မှာ ဒီလိုပြပါသေးတယ်...
အမျက်ဒေါသ ထွက်သောသူသည် ကိစ္စတစ်ခုကို အလွယ်တကူ မှားယွင်းစွာ ပြုလုပ်တတ်တယ်... ဒေါသထွက်နေတော့လည်း ပူလောင်ပါတယ်... ပြေပျောက်သွားတဲ့အခါမှာလည်း
မီးလောင်သကဲ့သို့ နောင်တဖန် ပူပန်ခြင်း ဖြစ်ရပါတယ်... အမျက်ဒေါသ ထွက်လျက်ရှိသူ၏ မျက်နှာဟာ ကြည်လင်ခြင်း မရှိဘူး... လှပ တင့်တယ်ခြင်းလည်း မရှိဘူးပေါ့... မီးခိုးတအူအူ ထွက်နေတဲ့ မီးဖိုကြီးနဲ့ တူပါတယ်တဲ့... ဒေါသထွက်နေသူဟာ မိမိ၏ အကျိုးစီးပွားကိုလည်း ဖျက်စီးတတ်သေးတယ်... သူတစ်ပါးကိုလည်း ဖျက်ဆီးတတ်ပါတယ်... ကိုယ့်ကိုယ်ကို သေကြောင်းကြံတဲ့အဆင့်ထိ ရောက်တတ်ပါတယ်... တကယ်တော့ ဒေါသဟာ သေမင်းရဲ့ ကျော့ကွင်းပါ...
ကျောင်းကိုလာတဲ့ ဒကာဒကာမတွေကိုတော့ တည်တောဆရာတော်ကြီးရဲ့ ဒေါသအမျက်လွှမ်းတက်သောအခါဆိုတဲ့ ကဗျာလေး အမြဲဆိုခိုင်းပါတယ်... အလွန်ကောင်းပါတယ်... ကမ္ဘာလောကကြီး ပျက်စီးတာ ဒီဒေါသပါပဲ... ဒကာမကြီးတို့ မောင်နှမ အပူတွေငြိမ်းလို့ အေးချမ်းကြပါစေ... သတ္တဝါအားလုံး ငြိမ်းချမ်းကြပါစေ...
18 Dec 09, 22:37
အရှင်ကောဝိဒ (ယော): ဆရာတော်ဘုရား၊ တပည့်တော် စာလာဖတ်ပါတယ်။ တရားဟောတဲ့ ဆရာတော်က မစိုးရိမ် စာသင်သားပါဘုရား။
ဦးလောကနာထ: ကောင်းပါပြီ အရှင်ဘုရား သာသနာအတွက် ထောက်ပံ့ ဖေါ်ထုတ်မှုတွေကို ဝမ်းသာပါတယ်ဘုရား... အွန်လိုင်ပေါ်ကနေ သာသနာအတွက် လုပ်နိုင်တာ လုပ်ချင်တာရှိရင် ပြောနိုင်ပါတယ်ဘုရား... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ သာသနာ့အကျိုး သည်ပိုးနိုင်ပါစေဘုရား...
17 Dec 09, 21:57
ကြာဖြူ: အရှင်ဘုရား တပည့်တော်မ ဆရာတော်ဘရားရဲ့ ဆိုဒ်ကို ခုပထမဆုံးကြိမ် လာရောက် ဖတ်ရှုဖူးသူ ဖြစ်ပါတယ်ဘုရား.... မေးလိုသည်များကို မေးလျှောက်ချင်ပါတယ် ဘုရား... မခင်ဝင်း(ဇလွန်)ရဲ့ ပဋ္ဌာန်းဆက် သမီးတော်အကြောင်းဖတ်ပြီး တပည့်တော်မ မေးချင်တာတွေ ရှိနေပါတယ်ဘုရား လူ့လောကမှာ သိုက်တို့ ပဋ္ဌာန်းတို့ဆိုတာ မရှိဘူးလား ဘုရား။ တပည့်တော်မ၏ မိခင်က ယုံကြည်သောသူ ဖြစ်သောကြောင့် ခုလိုမေးရတာပါဘုရား တပည့်တော်မ မေးတာ အမှားများပါရင် သည်းခံ ခွင့်လွှတ်ပေးပါဘုရား.. ဆရာတော်ဘုရား ကိုယ်စိတ်နှစ်ဖြာကျန်းမာ ချမ်းသာပါစေ ဘုရား.. ကြာဖြူ
ဦးလောကနာထ: ဒကာမကြီး ကြာဖြူ ရေ... သိုက်ဆိုတာ ရှိပါတယ်... သူ့အဓိပ္ပါယ်က အသိုက်အမြုံ... အရိပ်အာဝါသ... ရှေ့ပြေးစကား... စသည်တို့ဖြစ်ပါတယ်... ဒါကြောင့် သိုက်ဆိုတာ ရှိပါတယ်... ဒါပေမဲ့ များသောအားဖြင့် လူလိမ်တွေက ဒါတွေကို အကြောင်းပြုပြီး လိမ်ကြပါတယ်... ပဋ္ဌာန်းဆိုတာလည်း ရှိပါတယ်... မြတ်ဗုဒ္ဓ ဟောကြားခဲ့တဲ့ အဘိဓမ္မာ တရားတော်တွေပေါ့... ပဋ္ဌာန်းတရားဆိုတာက လွယ်လွယ်ပြောရမယ်ဆို အဘိဓမ္မာနည်းနဲ့ အကြောင်းအကျိုး တရားတွေပါ... ဘယ်အကြောင်းတရားက ကျေးဇူးပြုသောကြောင့် ဘယ်အကျိုးတရားတွေ ဖြစ်ပေါ်တယ် စသည်ဖြင့်ပေါ့... ဒီတော့ ခုခေတ်မှာ လိမ်ညာစားမဲ့သူများက မသိနားမလည်သူများနဲ့... လောဘ မောဟ အားကြီးသူများကို... သိုက်နဲ့ ပဋ္ဌာန်းပေါင်းပြီး သမီးတော်ကလေ သိုက်ကလာတဲ့ ပဋ္ဌာန်းဆက် ဆိုပြီး လုပ်ကြရောမဟုတ်လား... ဒီတော့ ဒကာဒကာမတို့က သဘောတွေ ကျတယ်လေ... ဒကာဒကာမတို့ သဘောကျမှ လိမ်မဲ့ညာမဲ့သူရဲ့လက်ထဲကို သူတို့လိုလားတဲ့ အထုပ်ရောက်မှာကိုး... အဲဒီတော့ ခုခေတ် သူတို့ပြောနေကြတဲ့ သိုက်ဆိုတာကတော့ ပြိတ္တာဘုံကို ပြောကြတာပါ... သူက သိုက်ကလာတယ်ဆိုတာ အကောင်းမမှတ်ကြနဲ့ ပြိတ္တာဘဝက လာတာလို့ ပြောလိုက်တာပဲ... တကယ်သိလို့လား ဆိုရင်လည်း ရမ်းတုတ် မှန်းအုပ်က များမှာပါပဲ...
လူတိုင်း သတ္တဝါတိုင်းဟာ ပဋ္ဌာန်းဆက်ကင်းလို့ မရပါ... ပထမဆုံးလာတဲ့ ပဋ္ဌာန်းက ဟေတုပစ္စည်းတဲ့... ဟေတုဆိုတာ အကြောင်းတရား ၆-ပါးကိုခေါ်တယ်... ဒီ ၆-ပါးက မကောင်းတရား ၃-ပါး ကောင်းတရား ၃-ပါး... မကောင်းသုံးပါးက လောဘ၊ ဒေါသ၊ မောဟပေါ့... ကောင်းတရား ၃-ပါးက အလောဘ၊ အဒေါသ၊ အမောဟလို့ ခေါ်ပါတယ်... ဒကာမကြီးတို့ ခု လူ့ဘဝကိုရတာဟာ ကောင်းတဲ့ပဋ္ဌာန်းက ဆက်လိုက်လို့ပါ... ဒီတရား ၆-ပါးကြောင့် သံသရာ ကျင်လည်နေကြရတယ် ပြောရင် ရမယ်ထင်ပါတယ်... ဒါကြောင့် သူ့ကို သစ်တစ်ပင်ရဲ့ ရေသောက်မြစ်လို တင်စားပါတယ်... နိဗ္ဗာန်မရခင်စပ်ကြား လူချမ်းသာ နတ်ချမ်းသာ ဘ၀မျိုးနဲ့ ကျင်လည်ချင်တယ် ဆိုလျှင်တော့ ကောင်းတဲ့ပဋ္ဌာန်းလေးနဲ့ ဆက်ပေးပါ... နေ့စဉ်နေ့တိုင်း လောဘ ဒေါသ မောဟနဲ့ ဆက်နေကြမယ် ဆိုလျှင်တော့ လာမဲ့ဘဝဟာ အပါယ်ဘုံ အသိုက်အမြုံကို ပြန်ကြရပါလိမ့်မယ်... သတိအသိတွေရှိလို့ ကောင်းမှုကုသိုလ် အစုစုကို ပြုနိုင်ကြပါစေ...
17 Dec 09, 16:28
koko: ဆရာတော်ဘုရား မိုးပြာဂိုဏ်းနဲ့ ပတ်သတ်တာ ရေးပေးပါဘုရား
ဦးလောကနာထ: ဒကာလေး koko ရေ လောလောဆယ် ဓမ္မဥပဒေ ပြန့်ပွားရေး အသင်းချုပ် ဒီနေရာမှာ ရှိတာတွေ ကြည့်လိုက်ပါ ပြည့်စုံပါတယ်... အဆင်ပြေတဲ့အခါလည်း တင်ပေးပါဦးမယ်... စိတ်ချမ်းသာပါစေ...
17 Dec 09, 13:14
ဖိုးသား: ၁၉ ရက်နေ့ သီတဂူဆရာတော် တရားပွဲ တိုက်ရိုက်လွှင့်မည်၊ စင်္ကာပူ မနက် ၉ နာရီ၊ မော်စကို မနက် ၄ နာရီ http://live.dhammathukha.com/
ဦးလောကနာထ: ဒကာလေး မောင်မောင်ပြည့်စုံ ရေ... သာဓု... သာဓု... သာဓု... စိတ်ချမ်းသာပါစေ...
17 Dec 09, 01:39
flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ်ဘုရား
ဦးလောကနာထ: ဒကာမကြီး flowerpoem ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
16 Dec 09, 23:06
ဆရာလေး: တပည့်တော် လာလည်သွားပါတယ်ဘုရား စာတွေဖတ်ရတာ အားရကျေနပ် ဝမ်းသာပါတယ် ဘုရား- ဘုန်းဘုန်း ကျမ္မပါစေ။ ခေတ္တ ကိုရီးယား
ဦးလောကနာထ: ကောင်းပါပြီ ဆရာလေး ရေ... ဆရာလေးလည်း ကိုရီးယားကနေ သာသနာ့အကျိုး ကိုယ့်အကျိုး အေးချမ်းစွာနဲ့ ရွက်ဆောင်နိုင်ပါစေ...
15 Dec 09, 01:23
flowerpoem: မိဘကျေးဇူးအကြောင်း လာဖတ်ပါတယ် ဘုန်း၂ ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး flowerpoem ရေ... စိတ်ချမ်းသာပါစေ...
15 Dec 09, 00:29
အောင်မြင့်: ရိုသေစွာ ရှိခိုးကန်တော့ပါတယ် အရှင်ဘုရား.။ သာသနာ့အမွေခံ ဗုဒ္ဓနည်းကျရှင်ပြုပွဲ အကြောင်းသိရှိခွင့်ရစေတဲ့ အတွက် များစွာအကျိုး ကျေးဇူးဖြစ်စေပါတယ် အရှင်ဘုရား..
ဦးလောကနာထ: ဒကာလေး အောင်မြင့် ရေ... ဝမ်းသာပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
14 Dec 09, 23:02
လပြည့်ဝန်းလေး: တောင်ပေါက်ဆရာတော်ဘုရားကြီး ရေးသားခဲ့တဲ့ “ဗုဒ္ဓသာသနိကပဌ၀ီဝင်ကျမ်း” စာအုပ် ဖိုင်များ ကူးယူသွားပါတယ်ဘုရား ကျန်းမာ ချမ်းသာစွာ သာသနာနှင့် လူမျိုးအကျိုး ဆက်လက် ထမ်းဆောင်နိုင်ပါစေ ဘုရား
ဦးလောကနာထ: လပြည့်ဝန်းလေးရေ... ကောင်းပါပြီ အရှင်ဘုရား... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေဘုရား...
14 Dec 09, 06:09
ထက်စုနှင်းဆီ: အရှင်ဘုရား တပည့်တော် သိချင်တာ အနာဂါမ်အမျိုးသမီးက ဘုရားသားတော် အရှင်ရဟန်းတွေနဲ့ တန်းတူအရိုအသေခံယူသင့် ပါသလား.. အဆင့်အနိမ့်ဆုံး ကိုရင်လေးတပါးကိုတောင် ဦးချကန်တော့သင့်ပါတယ်လို့ ထင်ထားတာ ဟုတ်ပါသလားဘုရား . ရတနာသုံးပါးမှာ ပါဝင်တဲ့ သံဃာရတနာနဲ့ တန်းတူထားနေတာ သင့်လျော်ပါသလား ဖြေကြားပေးတော်မူပါဘုရား..
ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... အနာဂါမ်အမျိုးသမီး အနာဂါမ်လူမှန်ရင် ဘုရားသားတော် ရဟန်းတော်များ သာမဏေများနဲ့ ရင်ဘောင်တန်းပြီး တန်းတူ မနေလောက်ဖူး မထိုင်လောက်ဖူး၊ အတူထိုင်ပြီး အရိုအသေ မခံယူလောက်ဖူးလို့ ဘုရားရှင်လက်ထက်က အနာဂါမ်လူများရဲ့ ဇာတ်လမ်းတွေကိုထောက်ပြီး ဘုန်းကြီးထင်မိပါတယ်... သောတာပန် အဆင့်တောင်မှ ရတနာသုံးပါးအပေါ်မှာ အသက်အသေခံ ကြည်ညိုကြတယ်လို့ သိရပါတယ်... အနာဂါမ် အမျိုးသမီးဟာ သည်နေ့ဝတ်စ ကိုရင်လေးကို တွေ့ရင်တောင် ရှိခိုးဦးချမှာ အသေအချာပါပဲ... ဘာကြောင့်လည်းဆို အနာဂါမ်ဟာ ကိလေသာ ၁၀-ပါးထဲက ဒိဋ္ဌိ ဝိစိကိစ္ဆာ ဒေါသ စသည်တရားများ ပယ်ပြီးနောက် ကျန်ကိလေသာများကလည်း ပါးပါးလျပ်လျပ်ပဲ ရှိတော့တဲ့အတွက် ဖြစ်ပါတယ်... ဒါကြောင့် ကိုယ်ရင်လေးကိုတွေ့ရင် ရှိခိုးဦးချသင့်ပါတယ်...
ရတနာသုံးပါးနဲ့ ပါတ်သက်တာ အနည်းငယ် ရှင်းပြပါ့မယ်...
သံဃ= အပေါင်းအစုလို့ အဓိပ္ပါယ်ရပါတယ်...
အရိယာသံဃာ= ပရမတ္ထသံဃာ= မဂ်ရပုဂ္ဂိုလ် ၄-ဦး ဖိုလ်ရပုဂ္ဂိုလ် ၄-ဦး ဒီ ၈-ဦးကတော့ လူ၊ နတ်၊ ဗြဟ္မာ၊ ရဟန်း တွေထဲက ဖြစ်နိုင်ပါတယ်။
သမ္မုတိသံဃာ= မြတ်ဗုဒ္ဓအမိန့်နဲ့ သတ်မှတ်လိုက်တဲ့ ဘုန်းကြီးများကို ခေါ်ပါတယ်...
ဒီတော့ ရတနာသုံးပါးဆိုတဲ့အသုံးမှာ အရိယာသံဃာကိုကောက်မယ်ဆိုရင် လူအရိယာ၊ နတ်အရိယာ၊ ဗြဟ္မာအရိယာ၊ ရဟန်းအရိယာ အားလုံးပါပါတယ်... သမ္မုတိသံဃာပဲ ဆိုရင်တော့ ဘုန်းကြီးတွေပဲပါပါတယ်...
အနာဂါမ်လူသာဆိုရင်တော့ ဘုရားသားတော် ရဟန်းတော်များနဲ့ တန်းတူမနေ... သာမာန်ပုထုဇဉ် လူသားတွေထက် ပိုပြီး သံဃာတော်များ (သီလမစင်ကျယ်သောသူများ မပါပေါ့) အပေါ်မှာ ကြည်ညိုလေးစားပါတယ်လို့ အဖြေပေးလိုက်ပါတယ်... ကိုယ်စိတ်ဆင်းရဲ ကင်းဝေးအောင် ကျင့်ကြံနိုင်ကြပါစေ...
ဒီနေရာမှာ ကြုံလို့ပြောချင်တာကတော့ သံဃာဆိုတာ အစုအပေါင်းပဲဆိုပြီး လူ့အဖွဲ့အစည်းတွေမှာတော့ မသုံးသင့်ပါဘူး... ဒါပေမဲ့လည်း မကြာခင်တော့ လုပ်လာကြတော့မယ် ထင်ပါရဲ့လေ...
ဗဟုသုတ တည်တောဆရာတော် အရိယာသံဃာနှင့် သမ္မုတိသံဃာ...
13 Dec 09, 19:41
motka22: I have question for you. Who is Yeiktha Sayadaw?
ဦးလောကနာထ: motka22 ရေ... ရိပ်သာဆရာတော်ဆိုတာ မိုးညှင်းမြို့ မဟာသတိပဋ္ဌာန်ရိပ်သာ ဆရာတော် ဦးခေမိန္ဒ ဖြစ်ပါတယ်... စာတစ်မျက်နှာ စကားပြောကောင်း တရားဟောကောင်းတယ် ဒါပေမဲ့ တရားတွေက မှားနေတာဆိုးတယ်... စိတ်ချမ်းသာပါစေ...
13 Dec 09, 08:10
လပြည့်ဝန်းလေး: လယ်တီဆရာတော်ဦးဝိလာသရဲ့ တရားတော်ကို ဒေါင်းလော့ဒ်ယူသွားပါတယ် ... ကျေးဇူးအထူးတင်လျက်... ကျန်းမာချမ်းသာပါစေ။
ဦးလောကနာထ: လပြည့်ဝန်းလေး ရေ... ကောင်းလှပါပြီ... အရှင်ဘုရားလည်း ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေဘုရား...
13 Dec 09, 05:04
အောင်ဦး: တပည့်တော် လာရောက်ကြည်ညိုပါတယ် အရှင်ဘုရား၊ ကျန်းမာစွာဖြင့် သာသနာအကျိုး ဆက်လက်ဆောင်ရွက်နိုင်ပါစေဘုရား
ဦးလောကနာထ: ဒကာလေး အောင်ဦး ရေ... ကိုယ်စိတ်နှစ်ပါး ချမ်းမြေ့ပါစေကွယ်...
13 Dec 09, 01:24
ထေရဝါဒမှတ်ကျောက် Download: ဆရာတော် အရှင်ဇဝန(မေတ္တာရှင်-ရွှေပြည်သာ) ရေးသားသော ထေရဝါဒမှတ်ကျောက် (e-book) ဓမ္မဒါနပြုပါသည်။
ဦးလောကနာထ: သာဓု... သာဓု... သာဓု... စိတ်ချမ်းသာကြပါစေ...
10 Dec 09, 23:56
flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ်ဘုရား ဘုန်း၂ ကျန်းမာပါစေ ဘုရား
ဦးလောကနာထ: ဒကာမကြီး flowerpoem ရေ... ကောင်းပါပြီ စိတ်ချမ်းသာပါစေ...
10 Dec 09, 06:48
Bsf: အသံရှင်ဆရာတော်က မစိုးရိမ် စာသင်သား ဆရာတော်လို့ ထင်ပါတယ် ဘုရား
ဦးလောကနာထ: Bsf ရေ... ဒါလဲ ဖြစ်တော့ဖြစ်နိုင်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
9 Dec 09, 22:58
ညခင်း: ဘုန်းဘုန်း.. သိုက်ဘုရား သမိုင်းနဲ့သုံးသပ်ချက်ကို လာဖတ်ပါတယ်။ ကျေးဇူးကြီးပါတယ်။ ဘုန်းဘုန်းကျန်းမာပါစေ။
ဦးလောကနာထ: ဒကာမကြီး ညခင်း ရေ... ကိုယ်နဲ့နီးစပ်ရာမှာ အမှားတွေ အမှန်ဖြစ်ဖို့ ဒါမျိုးတွေ ဖြန့်ဝေဖို့လိုတယ်နော်... စိတ်ချမ်းသာပါစေ...
8 Dec 09, 22:11
flowerpoem: ဘုန်း၂ တပည့်တော် စာလာဖတ်ပါတယ်ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာမကြီး flowerpoem ရေ... မိသားစု စိတ်ချမ်းသာပါစေ...
8 Dec 09, 07:56
ကျော်စည်သူ: ဖတ်လို့  အဆင်ပြေသွားပါပြီဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး ကျော်စည်သူ ရေ... စိတ်ချမ်းသာပါစေ...
7 Dec 09, 20:11
မင်းဒင်: ပစ္စုပ္ပန်ကမ္မဝါဒ နှင့် ဓမ္မစေတီ ရှင်းတမ်း အသံတရားတော် ၁ မှ အသံရှင် ဆရာတော်၏ ဘွဲ့ကို သိလိုပါသည်ဘုရား
ဦးလောကနာထ: ဒကာလေးမင်းဒင်ရေ... အသံတရားတော်နဲ့ပါတ်သက်လို့ ဘယ်ဆရာတော်လဲဆိုတာ ထုတ်ဖေါ်ပြောတာ မပါလာတဲ့အတွက် မသိပါဘူး... ရှေ့နောက် တရားရှင်းတမ်းများကို လေ့လာရခြင်းအားဖြင့် ထင်တာလောက်ပြောရရင်တော့ ဆရာတော် ဦးကောဝိဒ(ယော) လို့ ထင်မိပါတယ်... ထင်တာကိုသာပြောတာပါ... ဆရာတော် ဦးကောဝိဒ(ယော) ကလည်း မှားခဲ့ရင် သည်းခံပါ... ပြင်ပေးပါ့မယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ... သေချာသိတဲ့သူရှိရင်လည်း ပြောပြပေးပါ...
7 Dec 09, 17:36
motka22: How can I donate to this association?
ဦးလောကနာထ: motka22 ရေ... ဝမ်းသာပါတယ်... ဒဿနခရီးစဉ်နဲ့ပါတ်သက်လို့ အထွေအထူး ကုန်ကျစားရိတ် မရှိသေးလို့ အလှူခံတာ မရှိသေးပါဘူး... လိုအပ်လာတဲ့အခါ ဆိုက်ပေါ်မှာ တင်ပြီး အကြောင်းကြားပါ့မယ်... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
5 Dec 09, 03:35
thandarsoe: ဖတ်ရှုမှတ်သားသွားပါတယ်ဘုရား....ကျန်းမာပါစေ ဦးဇင်း...
ဦးလောကနာထ: ဒကာမကြီး thandarsoe ရေ... ကောင်းပါပြီ... ဒကာမကြီးလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
5 Dec 09, 01:00
ကျော်စည်သူ: တပည့် တော် အကြောင်းတရားထဲက စွမ်းအားများ...(မစိုးရိမ်စာသင်သား) ရေးထားတာကို ဖတ်လို ပါတယ်ဘုရား ဖတ်လို့ မရဘဲ ဖြစ်နေပါတယ်ဘု၇ား
ဦးလောကနာထ: ဒကာလေး ကျော်စည်သူ ရေ... ဘုန်းကြီးတို့ဘက်မှာတော့ ဖတ်လို့ရနေတယ်... ကိစ္စမရှိဘူး ဘုန်းကြီး pdf ဖိုင် လုပ်ပြီး တင်ပေးလိုက်မယ်... ဒီမှာ အကြောင်းတရားထဲက စွမ်းအားများ..." ကိုယ်ရောစိတ်ပါ ချမ်းသာပါစေ...
4 Dec 09, 20:59
အောင်မြင့်: အရှင်ဘုရား..။ တပည့်တော် သိလိုသည် ကိုရှင်းလင်းစွာ သိခွင့်ရစေသော အရှင်ဘုရား၏ မေတ္တာတော် ကျေးဇူးတော်တို့ တပည့်တော် ရိုသေစွာ ရှိခိုးကန်တော့ လိုက်ပါတယ် အရှင်ဘုရား..။
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး အောင်မြင့် ရေ... စိတ်ချမ်းသာပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
4 Dec 09, 11:23
motka22: Phon Phone, Thank you very much for reading. All are very good. I would like to read "Bawana Wut Hu" Thank you Phon Phone. I come and read everyday. I'd like to read "Bawana" by U Pyinnyazawta Sayadaw.
ဦးလောကနာထ: ကောင်းပါပြီ motka22 ရေ... သူတော်ကောင်းတရားတွေ လေ့လာနေတာသိရလို့ ဝမ်းသာပါတယ်... စိတ်ချမ်းသာပါစေ...
2 Dec 09, 21:31
ပပ: အရှင်ဘုရားတပည့်တော်မ ဗုဒဘာသာအကြောင်း ပြည့်စုံစွာသိလိုပါတယ်ဘုရား
ဦးလောကနာထ: ဒကာမကြီး ပပ ရေ... ဗုဒ္ဓသာသာအကြောင်းကတော့ ဒီမှာတင်ထားတဲ့စာတွေ ဖတ်လို့ ပြောရမလိုပါပဲ... ဒါပေမဲ့ ဒီလို မပြောတော့ပါဘူး... နောက်တစ်နေ့ အဆင့်သင့်ရှိနေတာလေး ထပ်ပြီးတင်ပေးပါဦးမယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
2 Dec 09, 03:14
အောင်ဦး: ဆရာတော် ဦးဝိလာသ (လယ်တီ) ဟောကြားသော တရားတော်များကို ကူးယူပါတယ် အရှင်ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး အောင်ဦး ရေ... ကိုယ်စိတ်နှစ်ပါးငြိမ်းချမ်းပါစေ...
1 Dec 09, 04:08
အောင်မြင့်: နတ်တော်လပြည့်နေ့မှာ အရှင်ဘုရားကို ရိုသေစွာရှိခိုးကန်တော့လိုက်ပါတယ်..ဘုရား။ အရှင်ဘုရား တပည့်တော် သိချင်သည့်သဘော တစ်ခု ကိုမေးလျှောင်ခွင့် ပြုပါဘုရား..။ လူတစ်ဦးထံသို့ တစ်ခြား ဘုံ ဘ၀ မှ တစ်ဦးဦးက ပူးဝင် စကားပြောသည့် သဘောကို တပည့်တော်အား သနားသောအားဖြင့် သိခွင့်ပေးပါ ဘုရား..။
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး အောင်မြင့် ရေ... ဝင်ပူးတဲ့သူများဟာ ချစ်လို့လည်း ဝင်ပူးတတ်တယ်... မုန်းလို့လည်း ဝင်ပူးတတ်တယ်... တခြားအကြောင်းကိစ္စရှိလို့လည်း ဝင်ပူးတတ်ပါတယ်... ဝင်ပူးနိုင်တဲ့ စွမ်းရည်တော့ သူ့မှာရှိရမယ်ပေါ့... ဘုရားရှင်လက်ထက်ကလည်း အရှင်မဟာမောဂ္ဂလာန်က စလို့ပေါ့လေ ဝင်ပူးတာတွေ ရှိခဲ့ပါတယ်... ခုခေတ်ထဲမှာလည်း ကြားနေရတာပဲ... ဒီနေရာမှာ တကယ်ဝင်ပူးတာ ဟုတ်တယ် မဟုတ်ဖူးဆိုတာကတော့ ဝင်ပူးခံရတဲ့သူ ကိုယ်တိုင်မှပဲ သိလိမ့်မယ်... ဒါတောင် ပုံမှန်စိတ်နဲ့ အသိဉာဏ်ရှိဦးမှ... သို့မဟုတ် ဘေးကလူက ယုံလို့ သိချင်သိနိုင်ပါတယ်... ဘုန်းကံညံ့တာနဲ့တော့ မဆိုင်ဘူးဆိုတာကို မှတ်စေချင်ပါတယ်... ဘုန်းကြီးအနေနဲ့ကတော့ ဒီကိစ္စမျိုးတွေမှာ စိတ်မဝင်စားတတ်ဘူး... ဖျာပုံတိုက်သစ်ဆရာတော်ရဲ့ နတ်ဖမ်းစားခြင်း ဆိုတာလည်း ဖတ်ကြည့်ဦးပေါ့ ကြုံနေလို့ ထည့်ပေးလိုက်ပါတယ်... ဒီမှာပါ... ဘုန်းကြီးကျောင်းကို လာနေတဲ့ ဒကာမကြီးတစ်ယောက်ဆိုလည်း အမြဲဝင်ပူးတယ် ပြောနေတာပဲ... တစ်ခါတရံ ဘာတွေပြောမှန်းကို မသိဘူး... တစ်ခါတရံကျတော့လည်း မြန်မာလိုပဲပြောပါတယ်... သူပြောချင်တာပြောပြီး ပြန်ထွက်သွားတာပဲ... ဟုတ်တယ်မဟုတ်ဖူးကတော့ မပြောတတ်ဖူးလေ... သူကတော့ တကယ်ဝင်ပူးခံရတယ် ဆိုတာပါပဲ... သူ့ကိုဝင်ပူးနေတဲ့အချိန်မှာ ငါ့ကိုရွှေတုံးတစ်တုံးပေး ဆိုတော့လည်း မပေးပါဘူး... လောဘကုန်အောင် လုပ်ပေးဆိုတော့လည်း လုပ်မပေးနိုင်ပါဘူး... ဒီတော့ ဘုန်းကြီးအနေနဲ့တော့ ကိုယ်ပြုတဲ့ကံသာ အားကိုးရာ ကိုးကွယ်ရာလို့ သဘောပေါက်တယ်... ဒကာဒကာမအားလုံးလည်း အချိန်ရှိတုန်း ကောင်းသောကံတွေကို ပြုကြဖို့ သတိပေးလိုက်ပါတယ်... မေ့မနေကြပါနဲ့... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းကြပါစေ...
30 Nov 09, 21:30
shwezinu: တပည်တော် သိချင်တာတွေ သိခွင့်ရလိုက်တဲ့ အတွက် ကျေးဇူးကြီးပါတယ် ဘုရား။ စာတွေ ကူးယူခွင့် ပြုပါဘုရား။
ဦးလောကနာထ: ဒကာလေး shwezinu ရေ... ကောင်းပါပြီ... ယူနိုင်ပါတယ်... စိတ်ချမ်းသာပါစေ...
29 Nov 09, 13:32
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ အရှင်ဘုရား နေကောင်း ကျန်းမာပါစေလို့ ဆုတောင်းပါတယ်။
ဦးလောကနာထ: တပည့်တော်ရေ ကောင်းပါပြီ... ကိုယ်စိတ်နှစ်ပါး ငြိမ်းချမ်းပါစေ...
27 Nov 09, 06:47
မောင်စိုးလင်း: အရှင်ဘုရားနဲ့ တပည့်တော် အရမ်းတွေ့ချင်ပါတယ်ဘုရား တပည့်တော် အရှင်ဘုရားကို မျက်နှာချင်းဆိုင် ဖူးတွေ့ချင်ပါတယ်ဘုရား အရှင်ဘုရားရဲ့ ကျေးဇူးတွေကများ လှပါတယ် တပည့်တော် အရှင်ဘုရားကို မျက်နှာချင်းဆိုင် ဖူးတွေ့ချင်ပါတယ်ဘုရား မေးချင်တာတွေက အများကြီးမို့လို့ပါ။
ဦးလောကနာထ: ဒကာလေး မောင်စိုးလင်း ရေ... အကြောင်းဆုံခဲ့ရင် တွေ့ကြရဦးမှာပါ... သံသရာဆိုတာ အရှည်ကြီးပဲလေ... ဆန္ဒပြင်းပြရင် တစ်နေ့နေ့ တွေ့နိုင်ပါတယ်... စိတ်ချမ်းသာပါစေ...
25 Nov 09, 00:11
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ တရားတော်များ တင်ထားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ် ဘုရား အရှင်ဘုရားရဲ့ ကျေးဇူးတွေ များလွန်းလို့ တပည့်တော် ဘယ်လိုပြန်ဆပ်ရမှန်း မသိဘူး။ ဆပ်ရင်လည်း ဒီဘ၀ ကုန်မယ်မထင်ဘူး ဘုရား။ အရှင်ဘုရား ရွှင်လန်း ချမ်းမြေ့ပါစေ....။
ဦးလောကနာထ: ကောင်းပါပြီ တပည့်တော် ရေ... ကျေးဇူးဆပ်ဖို့ရာက သူတော်ကောင်းတွေ နှစ်သက်တဲ့ တရားတွေနဲ့ နေသွားပါ... သူတော်ကောင်းတွေ လိုချင်တာက ဒါပါပဲ... သွန်သင်ရကျိုး နပ်ပါတယ်... သံသရာရှိကြသေးရင် တစ်ဦးနဲ့တစ်ဦး ဆုံးမကြသေးတာပေါ့... မိသားစုအားလုံး စိတ်ချမ်းသာကြပါစေ... ဒုက္ခဆင်းရဲကင်းဝေးပါစေ...
24 Nov 09, 12:09
ထက်စုနှင်းဆီ: တရားတော်တွေ တင်ပေးတာ ကျေးဇူးကြီးလှပါတယ်ဘုရား.. အရှင်ဘုရားကျန်းမာပါစေ..
ဦးလောကနာထ: ဒကာမကြီး ထက်စုနှင်းဆီ ရေ... ကောင်းပါပြီ မိသားစု စိတ်ချမ်းသာကြပါစေ...
24 Nov 09, 09:41
တပည့်တော်: ရိုသေစွာဖြင့် ဦးချကန်တော့ပါတယ် အရှင်ဘုရား။ ဖြူးဆရာတော်ဟောကြားတဲ့ "သွေးနဲ့ရေးတဲ့သာသနာ" အရှင်ဘုရားမှာရှိရင် blog မှာ တင်ပေးဖို့ ရိုသေစွာဖြင့် လျှောက်ထားပါတယ်ဘုရား အရှင်ဘုရား နေမကောင်းတော့ တပည့်တော် အရမ်းအားနာပါတယ်... ဒါပေမဲ့အားကိုးစရာ အရှင်ဘုရားပဲရှိတာမို့ ပါ။
ဦးလောကနာထ: တပည့်တော်ရေ... စိတ်ချမ်းသာပါစေ... ဆရာတော်ဘုရားရဲ့ အသံတရားတော် ရှိနေလို့ တင်ပေးလိုက်ပါတယ်... ဆရာတော်ကြီးကို ပိုပြီး သတိရစေတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
22 Nov 09, 19:09
ဇွန်မ: ဓမ္မစာပေများ ဖတ်ရှုခွင့်ရပြီးတဲ့နောက် သာသနာတော်အတွက် တစိတ်တဒေသဖြစ်စေ ဖြည့်စွမ်းခွင့် ရရပါလို၏ ဘုရား
ဦးလောကနာထ: ဒကာမကြီး ဇွန်မ ရေ... ဒကာမကြီးလည်း ဆုံးမစာပေတွေ ရေးသားနေတာသိရလို့ သာဓုခေါ်ပါတယ်... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
22 Nov 09, 07:51
ကိုညီ: လာလည်ပါတယ်ဘုရား။ အရှင်ဘုရား ကျန်းမာချမ်းသာပါစေဘုရား
ဦးလောကနာထ: ဒကာလေးကိုညီ ရေ... စိတ်ချမ်းသာပါစေ ဒုက္ခဆင်းရဲကင်းဝေးပါစေ...
19 Nov 09, 16:21
အောင်ဦး: မိဘကျေးဇူးနှင့် ရှင်ဥပဂုတ္တ ဆိုသည်မှာ... ပိုစ့်များကို ကူးယူပါတယ် ဘုန်းဘုန်း။ ကျေးဇူးများပါတယ် ဘုရား။
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေးအောင်ဦး ရေ... စိတ်ချမ်းသာပါစေ... ကိုယ်ကျန်းမာပါစေ...
19 Nov 09, 09:44
တပည့်တော်: ရိုသေစွာဖြင့် ဦင်္းချကန်တော့ပါတယ် အရှင်ဘုရား။ လူဖြစ်ကောင်းသောငါ ဆိုတဲ့ ကဗျာလေးကြိုက်လို့ ကူးသွားပါတယ် တခြားသူများကိုလည်း မျှဝေချင်လို့ ခွင့်ပြုတော်မူပါဘုရား...။ အရှင်ဘုရား ရွှင်လန်းချမ်းမြေ့ပါစေ....။
ဦးလောကနာထ: ကောင်းပါပြီ တပည့်တော် ရေ... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ အများအကျိုး သည်ပိုးနိုင်ပါစေ...
19 Nov 09, 03:58
tit oo: ♫ http://dhammaanalysis.multiply.com/journal/item/61/61
ဦးလောကနာထ: သွားလိုက်ပါပြီ tit oo ရေ... တိုးတက်လာပြီပေါ့ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
18 Nov 09, 22:11
ဦးကောဝိဒ: တပည်တော်ရောက်ခဲ့ပါတယ်ဘုရား
ဦးလောကနာထ: အရှင်ကောဝိဒ ရေ... ကိုယ်စိတ်နှစ်ပါး မျှတစွာနဲ့ သာသနာအကျိုး သည်ပိုးနိုင်ပါစေ...
16 Nov 09, 18:01
အောင်ဦး: ဘုန်းဘုန်... တပည့်တော် စာတွေ ကူးယူပါတယ် ဘုရား။ စာတွေ စုစည်းပြီး စာအုပ်ဖန်တီးထားတာက ကျေးဇူးကြီးပါတယ်။
ဦးလောကနာထ: ဒကာလေးအောင်ဦး ရေ... ၁၁ လပိုင်း ၁၈- ရက်နေ့မှာကျရောက်တဲ့ မွေးနေ့မှစ၍ ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းစွာနဲ့ မြတ်ဗုဒ္ဓသာသနာကို စောင့်ရှောက်နိုင်ပါစေ...
14 Nov 09, 13:02
အလှတရား: အရှင်ကောဝိဒ(ယော) ရဟန္တာ စစ်တမ်း တင်ထားတာလည်း ကောက်နုတ်ချက်များဘလော့မှာ ကူးမှတ်ထားတယ် ဘုရား အရှင်ဘုရားဆီမှာလည်း ယူသွားစရာတွေ များနေသေး၊ ဖြည်းဖြည်းမှ လာတောင်းယူတော့မယ် ဘုရား
ဦးလောကနာထ: ကောင်းပါပြီ ဒကာလေး အလှတရား ရေ... စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ...
14 Nov 09, 03:51
tit oo: အရှင်ဘုရား လူသေလူဖြစ်ဝိနိစ္ဆယ စာမျက်နှာ ၈၂၃-၈၂၄မှာ သင်္ကန်းကို တန်ဆာဆင်ခြင်းရဲ့ အပြစ်ကို ပြထားပါတယ်ဘု၇ား။
ဦးလောကနာထ: ကောင်းတယ် ဒကာလေး tit oo ရေ... သာဓု... အများလေ့လာကြရအောင် လင့်ပါ တင်ပေးထားလိုက်ပါတယ်... (၈၂၃ - ၈၂၄) စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...
12 Nov 09, 22:44
uzin: ဘုန်းဘုန်း ရဟန်းတော်များ သင်္ကန်းကို မီးပူတိုက်ကောင်းပါသလားဘုရား၊ မတိုက်ကောင်းပါက အာဂမယုတ္တိနှင့်တကွ ဖြေကြားပေးတော်မူပါမည့်အကြောင်း ရိုသေစွာလျှောက်ထားပါသည် ဘုရား။
ဦးလောကနာထ: အရှင်ဘုရား... တပည့်တော် လေ့လာကြည့်သလောက်တော့ သင်္ကန်းကို မီးပူမတိုက်ရဘူး တိုက်ရမယ်လို့ မတွေ့မိပါ... အဲဒီခေတ်မှာ မီးအိုး မီးကြွေ ပေါ်ပေါက်ပုံလည်း မပေါ်သေးပါ... မီးပူပေါ်ခဲ့ ရှိခဲ့ရင်တော့ အဲဒီခေတ်က ကျောင်းအမကြီးတွေက ဘုန်းကြီးတွေကို မီးပူတိုက်ပေးတယ်လို့ တွေရလောက်မှာပါပဲ... လုပ်ပေးခဲ့ရင်လည်း မြတ်ဗုဒ္ဓက တားမယ်လို့ ထင်မိပါတယ်... မနှံ့စပ်တာလည်း ဖြစ်နိုင်ပါတယ်ဘုရား... သန့်ရှင်းသပ်ယပ်စွာ နေဖို့ရာ ညွှန်ပြမှုတွေတော့ တွေ့ရပါတယ်... လှချင်ပချင်စိတ်နဲ့ ပြုပြင်တာမျိုးကိုလည်း မြတ်ဗုဒ္ဓ မနှစ်သက်တာ အမှန်ပါပဲ... ဒီတော့ သင်္ကန်းကို မီးပူတိုက်သူ ရဟန်းရဲ့စိတ်ထဲ ဘယ်လိုစိတ်နဲ့များ တိုက်သလဲအပေါ်မှာ မူတည်ပြီး ပြောစရာလေးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်ဘုရား... ရာခိုင်နှုန်းများများကတော့ လှပချင်စိတ် ရှိမယ်ထင်ပါတယ်... အလှပြင်ခြင်းဟာ ရဟန်းအလုပ် မဟုတ်ပါဘုရား... ဝိနည်းအပြစ်ထက် ကိလေသာအပြစ်တွေ ဖြစ်ပေါ်တာ များမယ်လို့တော့ ထင်မိပါတယ်ဘုရား... တစ်ချို့ ဒကာမများကလည်း ဘုန်းကြီးတွေအပေါ် သဒ္ဓါလွန်ပြီး မီးပူတိုက်ပေးတာတွေ ရှိနိုင်ပါတယ် မသင့်တော်ပါ... ဘုန်းတော်ကြီးများနဲ့ အပ်စပ်တဲ့ လုပ်ငန်းများမှာသာ သဒ္ဓါတရားထားတာ ကောင်းပါတယ်... တပည့်တော်ကတော့ အညစ်အကြေး ကင်းစင်အောင် လျော်ဖွတ်ပြီး သည်အတိုင်း ဝတ်တာကိုပဲ နှစ်သက်ပါတယ်ဘုရား... အရှင်ဘုရားလည်း သာသနာတာဝန် ကိုယ့်တာဝန် ကျေပွန်စွာ ရွက်ဆောင်နိုင်ပါစေဘုရား...
12 Nov 09, 16:46
သုခ: တပည့်တော် ဦးတင်ပါတယ်ဘုရား။ စာအုပ်တွေ ဒေါင်းလုပ်ယူသွားပါတယ်ဘုရား။ ဘုန်းဘုန်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ.
ဦးလောကနာထ: ဒကာလေး သုခ ရေ... ကောင်းပါပြီ... ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းပါစေ...
12 Nov 09, 09:10
zunmaungmaung: အရှင်ဘုရားတပည့်တော် သိချင်တာလေး လျှောက်ပရစေ တပည့်တော် တစ်နေ့တစ်နေ့ ပြေးလိုက် လွားလိုက် အလုပ်လုပ်လိုက် မျော်လင့်ချက်တွေနဲ့ တစ်ကုန်သွားလိုက်နဲ့ ဘ၀ရဲ့အဓိပ္ပါယ်ဆိုတာ ဘာလဲလို့ သိချင်လာတယ် ဂုဏ် ငွေတွေလား? ပိုင်ဆိုင်မူတွေလား။ တပည်တော် သိချင်လာမိတယ်ဘုရား တပည့်တော်ရင်ထဲက တကယ်သိချင်တာပါဘုရား အရှင်ဘုရား ကျန်းမာပါစေ
ဦးလောကနာထ: ဒကာလေး zunmaungmaung ရေ... ဝမ်းသာလိုက်တာ... ဘုန်းကြီးလည်း ဒီလိုတွေးမိပြီး လူ့လောကကို ငြီးငွေ့လာတာ... ငြီးငွေ့ပြီးနောက် လွတ်ရာလွတ်ကြောင်း ရှာဖို့ရာ ရဟန်းဝတ်လာတာပါ... ဒီတော့ ဒကာလေးလည်း နီးပြီနဲ့တူတယ်... အင်း... ဒါပေမဲ့ ရခဲ ဖြစ်ခဲလှတဲ့ ဘဝပါလေ... ထားတော့... မိုးလင်းရင် မျက်နှာသစ်... စားသောက် အလုပ်သွား... အလုပ်လုပ် နေ့လယ်စာစား... ညနေပြန်လာ ဈေးဝယ် အိမ်ရောက်တော့ ချက်စား... ရေချိုး တီဗီကြည့် ဂျီးတော်နဲ့ချက် ညအိပ်... နောက်တစ်နေ့... မိုးလင်းရင် မျက်နှာသစ်... စားသောက် အလုပ်သွား... အလုပ်လုပ် နေ့လယ်စာစား... ညနေပြန်လာ ဈေးဝယ် အိမ်ရောက်တော့ ချက်စား... ရေချိုး တီဗီကြည့် ဂျီးတော်နဲ့ချက် ညအိပ်... လွယ်လွယ်ပြောရရင်တော့ အိပ် စား ကာမ ပါပဲ... ဒီကြားထဲမှာ လောဘနဲ့ပျော်... ဒေါသနဲ့ဆော်... ပျော်တာဆော်တာ မောဟနဲ့ပါနော်... ဆိုသလိုပဲ ကောင်းတာတစ်ခုမှ မပါသေးဘူး... ဒကာလေးရေ... ဘဝတန်ဖိုးဆိုတာကို ကိုယ့်အတိုင်းအတာနဲ့ကိုယ် အဓိပ္ပါယ်မျိုးစုံ ဖွင့်နေကြတဲ့ထဲမှာ... ဘုန်းကြီးကတော့ လူ့ဘဝကို တိရစ္ဆာန်ဘဝထက်သာမှ ဖြစ်မယ်လို့ ခံယူပါတယ်... လူတွေဟာ အိပ် စား ကာမ ထက်တော့ ပိုသင့်တယ်ပေါ့... ဒီတော့ သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ်တွေ ပြည့်စုံအောင် ကျင့်သင့်ပါတယ်... ဒီတရားသုံးပါး ပြည့်စုံလာတာနဲ့အမျှ သတ္တ၀ါအများအတွက် တကယ်ထိရောက်တဲ့ ကောင်းကျိုးချမ်းသာ ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေ ပါလာမှာ အသေအချာပါ... မိမိကိုယ်တိုင်လည်း လူ့ဘဝတစ်ခု အရင်းပြုပြီး ဆင
0 comments:
Post a Comment